အခုအပတ် ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ မြောက်လန်ဒန် ဒါဘီကတော့ အပြန်အလှန်သွင်းဂိုးတွေ နဲ့ အကြိတ်အနယ်ရှိခဲ့ပြီး ၂ ဂိုးစီသရေ နဲ့ ပြီးဆုံးခဲ့ပါတယ်။ဒီပွဲမှာ ဧည့်သည် စပါး အသင်း ကဦးဆောင်ဂိုး ၂ဂိုးရခဲ့ပေမယ့် အာဆင်နယ် အသင်းက နောက်ကျချေပဂိုးတွေ နဲ့ အမှတ်ခွဲယူသွားခဲ့တာဖြစ်ပါတယ်။

စပါး အသင်းအတွက် ပထမဂိုးကို ပွဲအစဆယ်မိနစ်မှာပဲ အဲရစ်ဆင် က အနီးကပ်ပိတ်သွင်းယူပေးခဲ့တာဖြစ်ပြီး ပွဲချိန် မိနစ် ၄၀မှာလည်း ရှာကာရဲ့အမှားကြောင့်ရခဲ့တဲ့ ပင်နယ်တီကနေ ဟယ်ရီကိန်းက ဒုတိယ ဦးဆောင်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပထမပိုင်း ပြီးဆုံးခါနီး နာကျင် အချိန်ပိမှာတော့ လာကာဇက်က ချေပဂိုးတဂိုး ပြန်သွင်းပေးခဲ့လို့ အာဆင်နယ်တို့ မျှော်လင့်ချက်ပြန်ရှိသွားခဲ့ပါတယ်။ပွဲချိန်ုဒုတိယပိုင်း ကို အကောင်းဆုံး ကစားသွားနိုင် ခဲ့ပြီး ပွဲချိန် ၇၁ မိနစ်မှာ အူဘာမီယန်က ဒုတိယချေပဂိုးသွင်းယူပေးခဲ့ပါတယ်။

နောက်ပိုင်းမှာ နှစ်သင်းလုံး အခွင့်အရေးတွေ ထပ်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ လို့၂ ဂိုးစီ သရေ နဲ့ ပွဲပြီးခဲ့ရတာဖြစ်ပါတယ်။ဒီပွဲ မှာပြောစရာဖြစ်ခဲ့တဲ့ အချက်
တွေကတော့ – – –

၁။ အလုပ်မဖြစ်သေးတဲ့ အူနိုင်းအမ်မရီရဲ့ နည်းဗျူဟာ

လီဗာပူး ကို ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ပွဲမှာ အရံခုံထိုင်ခိုင်းခဲ့တဲ့ လာကာဇက်ကို အခုပွဲမှာ အူဘာမီယန် ၊ နီကိုလက်စ်ပီပီ တို့နဲ့ ဝန်းရံပြီး ပွဲထွက်စေခဲ့ပေမယ့် ထင်သလောက်တော့ တွဲဖက်မမိခဲ့တာဖြစ်ပါတယ်။တော်ရဲယား၊ ဂွမ်ဒူဇီ၊ ရှာကာ တို့လို ကွင်းလယ်အဖျက်၃ယောက်ကို တပြိုင်နက်တည်းပွဲထုတ်လာခဲ့လို့လည်း ဖန်တီးမှုပိုင်း မှာ အတော်လေးအားနည်းသွားခဲ့ရတာဖြစ်ပါတယ်။

စီဘယ်လော့စ် ၊ မစ်ခီတာရန်းတို့ ဝင်ရောက်လာအပြီး မှ အာဆင်နယ် အသင်းရဲ့ ကွင်းလယ်ပိုင်းက တိုက်စစ်ခံစစ်ကစားပုံ မျှခြေဖြစ်သွားခဲ့တာဖြစ်ပါတယ်။၃ယောက်ပေါင်းတန်ကြေး ပေါင်သန်း၁၈၀ ရှိတဲ့ တိုက်စစ်ကြောင့်အာဆင်နယ်တို့ဂိုးတွေ အများကြီးရနိုင်တာမှန်ပေမယ့် ၁-၀ ဂိုးနဲ့ နိုင်တာထက် ၄-၃ ဂိုးလိုရလဒ်နဲ့ နိုင်တာကိုအမ်မရီက ပိုပြီး အလိုရှိနေပုံပါပဲ။

၂။ အံ့အားသင့်စရာကောင်းခဲ့တဲ့ ပိုချက်တီနိုရဲ့ ခံစစ် အစီအမံ

ထရစ်ပီယာထွက်သွားပြီဖြစ်သလို အော်ရီယာကို အသုံးမပြုချင်တဲ့ အချိန်မှာ ဝေါ်ကာပီတာက ဒဏ်ရာရနေလို့ခံစစ်အစွန်အတွက် ပိုချက်တီနိုခေါင်းခဲခဲ့ရပါတယ်။ဒါကြောင့်လည်းဒေဗီဆင် ဆန်းချက်ကို အံ့အားသင့်ဖွယ် အသုံးပြုသွားခဲ့ရတာဖြစ်ပါတယ်။

ဒီကိုလံဘီယာသား ဟာအူဘာမီယန်ကို တားဆီးနိုင်ဖို့ ရုန်းကန်ခဲ့ရသလို ကိုလာစီနက်စ်ရဲ့ဖြတ်ကျော်မှုကို အကြိမ်ကြိမ်ခံခဲ့ရပါတယ်။ဘောလုံးပွဲဝေဖန်သူတဦးဖြစ်တဲ့ နဗီးလ်ကတော့ ဆန်းချက်ဟာ ခြေထောက်မရှိသလို ပဲလို့ ဝေဖန်နေခဲ့ပါတယ်။

၃။ စပါးမှာအရေးပါနေဆဲဆိုတာကိုသက်သေပြလိုက်ပြန်တဲ့ အဲရစ်ဆင်

နွေရာသီဈေးကွက် ပိတ်သိမ်းခါနီးမှာအပြောင်း အရွှေ့သတင်းတွေ လှုပ်ခတ်နေပေမယ့် ဒီ ဒိန်းမတ်သားကတော့ သူ့အလုပ်သူကောင်းကောင်းလုပ်သွားခဲ့ပါတယ်။စပါးတသင်းလုံးရဲ့ ဖန်တီးမှု အကောင်းဆုံးကစားသမားတဦးအဖြစ်ရှိခဲ့သလို ဘောလုံးပေးပို့မှုအကောင်းဆုံးလည်းဖြစ်ခဲ့ပါတယ်။စပါး ကစားသမားဘဝ ပရီးမီးယားလိဂ် ဂိုး ၅၀ ပြည့်သွင်းဂိုးကို လည်း သွင်းယူနိုင်ခဲ့ပြီး အရေးပါနေဆဲဆို တာ သက်သေပြသသွားခဲ့ပါတယ်။

၎။ အမှားတွေ တိုးလာနေတဲ့ လီနို

ပြီးခဲ့တဲ့ ရာသီမှာ ပီတာချက်ရဲ့ ပွဲထွက်ဂိုးသမားနေရာကို စတင်ပြီးရခဲ့တဲ့ လီနိုဟာထိုအချိန်ကစတင်ပြီးရေတွက်ပါက အမှားအများဆုံး ( ၆ကြိမ် ) အထိကျူးလွန်ထားတဲ့ ဂိုးသမားတဦးအဖြစ် ပရီးမီးးလိဂ်မှာ ရပ်တည်နေတယ်လို့ opta ရဲ့မှတ်တမ်းတွေကဖော်ပြပါတယ်။လီဗာပူးနဲ့ပွဲမှာ လက်စွမ်းလိုအပ်ချက်တချို့ရှိခဲ့သလို အခုပွဲစဉ်ရဲ့ ပထမဂိုးကလည်းသူ့ရဲ့ အမှား မကင်းခဲ့တာဖြစ်ပါတယ်။

Leno

၅။ ရှာကာ

အာဆင်နယ် ကွင်းလယ်မှာ ဘောလုံးကို ဦးနှောက်မပါပဲ ကစားခဲ့သူကတော့ ဒီဆွစ်ဇာလန်သားပဲဖြစ်ပါတယ်။မလိုအပ်ပဲ လူချကစားမှုတွေကြောင့် ပြစ်ဒဏ်ဘောတွေ မကြာခဏပေးခဲ့ရသလို သူ့ကြောင်း ပင်နယ်တီပေးလိုက်ရတာဖြစ်ပါတယ်။

၆။ ဂွမ်ဒူဇီ ရဲ့ ခြေစွမ်းပိုင်းတိုးတက်လာမှု

ဂွမ်ဒူဇီကို ကွင်းထဲမှာ မြင်ရတိုင်း မှာ ဒီကောင်လေး ကိုအမ်မရီဘာလို့ ကြိုက်တာလဲ မသိဘူး လို့ ခင်ဗျားတို့ အမြဲပြောတတ်ကြပါတယ်။ဒါပေမယ့် သူဟာ အခုမှ အသက် ၂၀ အရွယ်ပဲ ရှိသေးတာဖြစ်ပြီး အမှားအယွင်းတွေ ကျူးလွန်မိရင်တောင် လက်ခံပေးရမယ့် အချိန်ဖြစ်ပါတယ်။

ဒါပေမယ့် သူ့ရဲ့ စရိုက်လက္ခဏာ ကိုယ်ရည်ကိုယ်သွေးနဲ့ ပတ်သက်ရင်တော့မေးခွန်းထုတ်စရာမလိုအောင်ကို ကောင်းမွန်တာဖြစ်ပါတယ်။ပွဲရဲ့ အခြေအနေဘယ်လိုပဲဖြစ်နေဖြစ်နေ ရှောင်ပုန်း မကစားတတ်သလို ဘယ်တော့မှလည်း ကြိုးစားအားထုတ်မှု ရပ်တန့်လေ့မရှိပါဘူး။

အခုပွဲမှာအာဆင်နယ် အသင်းရခဲ့တဲ့ ၂ဂိုးလုံးမှာ သူ့ရဲ့ ခြေရာလက်ရာတွေ မကင်းခဲ့သလို သူ့ကြောင့် အာဆင်နယ်ကွင်းလယ်ရဲ့ လုပ်အားနှုန်းတိုးတက်ခဲ့တာဖြစ်ပါတယ်။အတိုချုပ်ပြီးပြောရရင်တော့ သူဟာဒီနေ့ ကွင်းအတွင်းရှိနေတဲ့ ကစားသမားတွေထဲမှာ အကောင်းဆုံးဖြစ်ပါတယ်။

၇။ နေရာမှန် မှာကစားရတိုင်းဂိုးမြူးတတ်တဲ့ အူဘာမီယန်

အာဆင်နယ် အသင်းရဲ့ ဒုတိယဂိုးမှာ ဂွမ်ဒူဇီ ရဲ့ အံ့မခန်းဖြတ်တင်ပေးမှုကောင်းခဲ့သလို ဒီဂါဘွန်သားရဲ့ ချိန်သားကိုက် ပြေးဝင်းအဆုံးသတ်မှုကလည်း အရေးပါခဲ့တာဖြစ်ပါတယ်။သူဟာ လာကာဇက် လူစားခဲ့ခံခဲ့ရပြီး မကြာခင်မှာ အထောင်တိုက်စစ်မှူး စစ်စစ်အဖြစ်ပြန်ကစားခဲ့ရပြီး ဂိုးပါသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။သူဟာ အမ်းမရိတ်မှာ ပွဲထွက်ခွင့်ရခဲ့တဲ့ ၇ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်းကောင်းကိုပါပိုင်ဆိုင်သွားခဲ့ပါတယ်။

SM