မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ ေနာက္ခံ ကစားသမား ေဟာင္း ျဖစ္တဲ့ ဂယ္ရီ နဗီးလ္ ဟာ ျပီး ခဲ့တဲ့ တစ္ပါတ္ ေလာက္က ယူနုိက္တက္ တုိက္စစ္မွဴး ေဟာင္း လူကာကူ ကို ကုိယ္ အေလးခ်ိန္ မ်ား လြန္းသူ ၊ ပေရာ္ဖက္ရွင္နယ္ ဆန္ရဲ့ လား ဆုိတဲ့ ေမးခြန္း ထုတ္ခဲ့ သြားပါ ေသးတယ္ ။

အဲ့ဒီ အတြက္ ယူနိုက္တက္ တုိက္စစ္မွဴး ေဟာင္း လူကာကူ ကလည္း နဗီးလ္ အေန နဲ့ သူ့ရဲ့ ၾကံ့ခိုင္ မွဳ အေၾကာင္း ေျပာလို႔ ရေပ မယ့္ သူ ပေရာ္ဖက္ရွင္နယ္ ဆန္လား ဆိုတဲ့ အေပၚ ေမးခြန္း ထုတ္ စရာ အေၾကာင္း မရွိ ေၾကာင္း ၊ မလုိအပ္ ေၾကာင္း ျပန္လည္ တုန့္ျပန္ ခဲ့ပါ ေသးတယ္ ။

အခုေတာ့ ဂယ္ရီ နဗီးလ္ က လူမွဳ ကြန္ယက္ ျဖစ္တဲ့ တြစ္တာ အေပၚ မွာ လူကာကူ ယူနုိက္တက္ မွ ထြက္ခြာ သြားတဲ့ အတြက္ ၾကည္ႏူး ဝမ္းေျမာက္ မိေၾကာင္း ၊ ယူနုိက္တက္ မွ ဘယ္လို ကစားသမား ေတြကို ထြက္ခြာ ေစလို သလဲ ဆုိတဲ့ အေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” က်ြန္ေတာ္ သူ႔ အေၾကာင္း ၾကားမိ ပါတယ္ ။ သူ အသင္း က ထြက္ခြာ သြားတဲ့ အတြက္ က်ြန္ေတာ္ ၾကည္ႏူး မိ ပါတယ္ ။ က်ြန္ေတာ္ ကေတာ့ သူတုိ႔ ကို သူတုိ့ အသင္း ထက္ ပိုျပီး ၾကီးက်ယ္ ၾကတယ္ ဆုိတဲ့ ပံုစံ နဲ့ ကစားသမား မ်ိဳး ယူနုိက္တက္ မွာ ျမင္ေတြ့ ရရင္ မေပ်ာ္ရႊင္ရ ပါဘူး ။ အဲ့လို ကစားသမား မ်ိဳး အသင္း မွာလည္း မရွိ ေစခ်င္ ပါဘူး ”

” သူ့ရဲ့ နိုင္ငံ့ အသင္း အေနအထား ၊ သူ ကစားသမား ေကာင္း တစ္ေယာက္ မဟုတ္တဲ့ အေၾကာင္း ေတြကို အထူး မေျပာလို ပါဘူး ။ သူက အျမဲတမ္း ဂိုးေတြ သြင္းယူ ေနဦး မွာပါ ” လို႔ ဂယ္ရီ နဗီးလ္ က လူမွဳ ကြန္ယက္ ျဖစ္တဲ့ တြစ္တာ ေပၚမွာ ေရးသား ေဖာ္ျပ သြားခဲ့ လိုက္ ပါတယ္ ။

Lukaku

အဲ့ဒီေနာက္ တြစ္တာ ေပၚမွ ပရိသတ္ တစ္ဦး က ‘ ဒီထက္ ပိုျပီး ဘာေတြ ျမင္ေတြ့ လိုခ်င္ ေနတာ လဲ ဂယ္ရီ ေရ ။ တစ္ ရာသီ 25 ဂိုးေလာက္ သြင္းယူ ေပး နုိင္တဲ့ ကစားသမား မ်ိဳးလား ၊ ဒါမွ မဟုတ္ တစ္ႏွစ္လံုး ေနမွ အမ်ားဆံုး 10 ဂိုးေလာက္ ပဲ သြင္းယူ ေပးနုိင္ တဲ့ ကစားသမား မ်ိဳးလား ? ‘ လို့ ေမးျမန္း သြားတဲ့ အခါ နဗီးလ္ က …

” ဒီ အခိုက္ အတန့္ ေတြမွာ 25 – 10 – 5 ဆုိတဲ့ ဂဏန္း ေတြ အေၾကာင္း ငါ စိတ္ မဝင္စားဘူး ။ ငါတုိ႔ ေတြက အသင္း မွာ ကစား လို ၾကတဲ့ ကစားသမား ေတြကို ပဲ အလုိ ရွိေန ၾကတာ ပါ ။ မလိုအပ္ တဲ့ ကစားသမား ေတြကို ေရာင္းထုတ္ ျပီး လိုတဲ့ သူေတြ နဲ့ အသင္း ကို ျပန္လည္ တည္ေဆာက္ ဖုိ့ အတြက္ ေပါ့ ”

” ငါ လိုခ်င္တာ အဲ့တာ ပါပဲ ။ ဒီ အတြက္ အခ်ိန္ ေတြေတာ့ အနည္းငယ္ ေပးရ မွာပါ ။ ဒါ့ေၾကာင့္ စိတ္ရွည္ ေပးနုိင္ ဖုိ႔ လိုအပ္ လွ ပါတယ္ ။ တြစ္တာ အေပၚ မွာေတာ့ စိတ္ရွည္ တဲ့ သူေတြ မ်ား ပါတယ္ ။ အဲ့တာ ေတြက ေကာင္းမြန္ တယ္ေလ ” လို့ ဂယ္ရီ နဗီးလ္ က ျပန္လည္ ေျဖၾကား သြားခဲ့ ပါတယ္ ။

#Sports_Myanmar

Unicode

သူ့အပေါ် ပြန်လည်တုန့်ပြန် ခဲ့တဲ့ လူကာကူကို နောက်တစ်ကြိမ် ထိုးနှက်သွားတဲ့ #ဂယ်ရီနဗီးလ်

==================

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နောက်ခံ ကစားသမား ဟောင်း ဖြစ်တဲ့ ဂယ်ရီ နဗီးလ် ဟာ ပြီး ခဲ့တဲ့ တစ်ပါတ် လောက်က ယူနိုက်တက် တိုက်စစ်မှူး ဟောင်း လူကာကူ ကို ကိုယ် အလေးချိန် များ လွန်းသူ ၊ ပရော်ဖက်ရှင်နယ် ဆန်ရဲ့ လား ဆိုတဲ့ မေးခွန်း ထုတ်ခဲ့ သွားပါ သေးတယ် ။

အဲ့ဒီ အတွက် ယူနိုက်တက် တိုက်စစ်မှူး ဟောင်း လူကာကူ ကလည်း နဗီးလ် အနေ နဲ့ သူ့ရဲ့ ကြံ့ခိုင် မှု အကြောင်း ပြောလို့ ရပေ မယ့် သူ ပရော်ဖက်ရှင်နယ် ဆန်လား ဆိုတဲ့ အပေါ် မေးခွန်း ထုတ် စရာ အကြောင်း မရှိ ကြောင်း ၊ မလိုအပ် ကြောင်း ပြန်လည် တုန့်ပြန် ခဲ့ပါ သေးတယ် ။

အခုတော့ ဂယ်ရီ နဗီးလ် က လူမှု ကွန်ယက် ဖြစ်တဲ့ တွစ်တာ အပေါ် မှာ လူကာကူ ယူနိုက်တက် မှ ထွက်ခွာ သွားတဲ့ အတွက် ကြည်နူး ဝမ်းမြောက် မိကြောင်း ၊ ယူနိုက်တက် မှ ဘယ်လို ကစားသမား တွေကို ထွက်ခွာ စေလို သလဲ ဆိုတဲ့ အကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော် သူ့ အကြောင်း ကြားမိ ပါတယ် ။ သူ အသင်း က ထွက်ခွာ သွားတဲ့ အတွက် ကျွန်တော် ကြည်နူး မိ ပါတယ် ။ ကျွန်တော် ကတော့ သူတို့ ကို သူတို့ အသင်း ထက် ပိုပြီး ကြီးကျယ် ကြတယ် ဆိုတဲ့ ပုံစံ နဲ့ ကစားသမား မျိုး ယူနိုက်တက် မှာ မြင်တွေ့ ရရင် မပျော်ရွှင်ရ ပါဘူး ။ အဲ့လို ကစားသမား မျိုး အသင်း မှာလည်း မရှိ စေချင် ပါဘူး ”

” သူ့ရဲ့ နိုင်ငံ့ အသင်း အနေအထား ၊ သူ ကစားသမား ကောင်း တစ်ယောက် မဟုတ်တဲ့ အကြောင်း တွေကို အထူး မပြောလို ပါဘူး ။ သူက အမြဲတမ်း ဂိုးတွေ သွင်းယူ နေဦး မှာပါ ” လို့ ဂယ်ရီ နဗီးလ် က လူမှု ကွန်ယက် ဖြစ်တဲ့ တွစ်တာ ပေါ်မှာ ရေးသား ဖော်ပြ သွားခဲ့ လိုက် ပါတယ် ။

အဲ့ဒီနောက် တွစ်တာ ပေါ်မှ ပရိသတ် တစ်ဦး က ‘ ဒီထက် ပိုပြီး ဘာတွေ မြင်တွေ့ လိုချင် နေတာ လဲ ဂယ်ရီ ရေ ။ တစ် ရာသီ 25 ဂိုးလောက် သွင်းယူ ပေး နိုင်တဲ့ ကစားသမား မျိုးလား ၊ ဒါမှ မဟုတ် တစ်နှစ်လုံး နေမှ အများဆုံး 10 ဂိုးလောက် ပဲ သွင်းယူ ပေးနိုင် တဲ့ ကစားသမား မျိုးလား ? ‘ လို့ မေးမြန်း သွားတဲ့ အခါ နဗီးလ် က …

” ဒီ အခိုက် အတန့် တွေမှာ 25 – 10 – 5 ဆိုတဲ့ ဂဏန်း တွေ အကြောင်း ငါ စိတ် မဝင်စားဘူး ။ ငါတို့ တွေက အသင်း မှာ ကစား လို ကြတဲ့ ကစားသမား တွေကို ပဲ အလို ရှိနေ ကြတာ ပါ ။ မလိုအပ် တဲ့ ကစားသမား တွေကို ရောင်းထုတ် ပြီး လိုတဲ့ သူတွေ နဲ့ အသင်း ကို ပြန်လည် တည်ဆောက် ဖို့ အတွက် ပေါ့ ”

” ငါ လိုချင်တာ အဲ့တာ ပါပဲ ။ ဒီ အတွက် အချိန် တွေတော့ အနည်းငယ် ပေးရ မှာပါ ။ ဒါ့ကြောင့် စိတ်ရှည် ပေးနိုင် ဖို့ လိုအပ် လှ ပါတယ် ။ တွစ်တာ အပေါ် မှာတော့ စိတ်ရှည် တဲ့ သူတွေ များ ပါတယ် ။ အဲ့တာ တွေက ကောင်းမွန် တယ်လေ ” လို့ ဂယ်ရီ နဗီးလ် က ပြန်လည် ဖြေကြား သွားခဲ့ ပါတယ် ။

#Sports_Myanmar