Charrager

ေဂ်မီကာေရဂါက လီဗာပူး ရဲ႕ ဖာဘင္ညိဳ ဟာ လက္ရွိ ပရီးမီးယားလိဂ္ ရဲ႕ အေကာင္းဆံုး ကြင္းလယ္ ခံစစ္ ကစားသမား ျဖစ္တယ္လို႕ ယံုၾကည္ ေနျပီး သူရဲ႕ အသင္းေဟာင္းဟာ ဘရာဇီး ကြင္းလယ္လူ အသင္းမွာ အထိုင္က် သြားခဲ့တာနဲ႕ တစ္ျပိဳင္နက္ ပိုမို ေတာင့္တင္း လာခဲ့တယ္လို႕ ဆုိလိုက္ ပါတယ္။

Fabinho

အသက္ ၂၅ ႏွစ္ အရြယ္ ဖာဘင္ညိဳဟာ ျပီးခဲ့တဲ့ ႏွစ္ ေႏြရာသီက မုိနာကုိ အသင္းမွ လီဗာပူးကို ေျပာင္းေရြ႕ေၾက ေပါင္ ၄၃.၇ သန္းနဲ႕ ေျပာင္းလာ ခဲ့သူ ျဖစ္ျပီး အန္ဖီးကုိ စစေရာက္ျခင္း မွာေတာ့ လိဂ္အေျပာင္းအလဲ ၊ ပတ္၀န္းက်င္ အေျပာင္းအလဲ ၊ ဘာသာစကား အခက္အခဲ နဲ႕ ယာဂန္ကေလာ့ရဲ႕ နည္းစနစ္မွာ အံ၀င္ဖို႕ လုပ္ေဆာင္ ေနရမွဳေတြ ရွိခဲ့ပါတယ္။ ဒါ့ေၾကာင့္ ဖာဘင္ညိဳဟာ ရာသီ အေစာပုိင္း ကာလေတြမွာ ယာဂန္ကေလာ့ ရဲ႕ အသင္းမွာ ပါ၀င္ခြင့္ နည္းပါး ခဲ့ပါတယ္။

ဒါေပမယ့္ ဖာဘင္ညိဳဟာ အသင္းမွာ တျဖည္းျဖည္း အထုိင္က်လာတာနဲ႕ အမွ် ကစားခြင့္ေတြ ရလာခဲ့သလို ေျခစြမ္းေကာင္းေတြ ျပသ ႏုိ္င္ခ့ဲတာေၾကာင့္ ေနရာ တစ္ေနရာကို အမိအရ ဆုပ္ကို္င္ ႏုိင္ခဲ့ပါတယ္။ ဖာဘင္ညိဳ ဟာ လီဗာပူး တုိ႕ ေတာ့တင္ဟမ္ကို ၂-၀ နဲ႕ ႏိုင္ခဲ့တဲ့ ခ်န္ပီယံလိဂ္ ဖိုင္နယ္္မွာ ပြဲထြက္ခြင့္ ရခဲ့သလို ဒီရာသီ ပရီးမီးယားလိဂ္ ၄ ပြဲစလံုး ပါ၀င္ ကစား ထားခဲ့ပါတယ္။

ကာေရဂါ က လီဗာပူး ကို ဖာဘင္ညိဳ ရဲ႕ အက်ိဳးျပဳမွဳ အေပၚ အားရ ေက်နပ္ေနျပီး ၎ဟာ လက္ရွိ အခ်ိန္မွာ ပရီးမီးယားလိဂ္ ရဲ႕ ၾသဇာ အၾကီးမားဆံုး holding midfielder ျဖစ္တဲ့ မန္စီးတီး ရဲ႕ ဖာနန္ဒင္ညိဳ ကိုေတာင္ ေက်ာ္ျဖတ္ သြားျပီလို႕ ယံုၾကည္ ေနပါတယ္။

ကာေရဂါ က “ကြင္းလယ္ ခံစစ္ ေနရာ မွာေတာ့ ဖာဘင္ညိဳ ဟာ ဒီအခ်ိန္ ပရီးမီးယားလိဂ္ ရဲ႕ အေကာင္းဆံုး ကစားသမားလို႕ ကၽြန္ေတာ္ တကယ္ ယူဆပါတယ္။ ဖာနန္ဒင္ညိဳ ရဲ႕ အခန္းက႑ဟာ မန္စီးတီး အသင္းမွာ တစ္ျဖည္းျဖည္း ေမွးမွိန္ လာတဲ့ပံု ရွိေနျပီး ရုိဒရီဟာ ဒီအခ်ိန္မွာ မန္စီးတီးရဲ႕ အဓိက holding midfielder ျဖစ္ေန ပါတယ္။ ဒါေပမယ့္ ျပီးခဲ့တဲ့ ခရစ္စမတ္ ကာလမွာ သူ လီဗာပူး အသင္းမွာ ေနရာ ရလာခဲ့ျပီး ေနာက္ပိုင္းကာလ ကို ၾကည့္မယ္ ဆုိရင္ ဖာဘင္ညိဳ ဟာ ျပီးခဲ့တဲ့ ရာသီ လီဗာပူး ရဲ႕ အေကာင္းဆံုး ကစားသမားလို႕ေတာင္ ျငင္းရင္ ျငင္းလို႕ ရပါတယ္။

အခုအခ်ိိန္မွာေတာ့ သူဟာ ဒီေနရာမွာ အေကာင္းဆံုး ကစားသမား ျဖစ္တယ္လို႕ ကၽြန္ေတာ္ ထင္ပါတယ္။ လီဗာပူးဟာ သူ႕အတြက္ ေပါင္ သန္း ၄၀ ေက်ာ္ ေပးေခ် ခဲ့ပါတယ္။ တကယ္ကို နည္းပါးတဲ့ ေငြေၾကး လို႕ေတာင္ ေျပာလို႕ ရပါတယ္။ သူဟာ ခက္ခဲတဲ့ ပံုစံနဲ႕ လီဗာပူး ကစားသမား ဘ၀ကို စတင္ ခဲ့ရေပမယ့္လည္း ဒီေနရာဟာ ဒီရာသီမွာ လီဗာပူး အသင္း တုိးတက္ ေနတဲ့ ေနရာ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ ရာသီ အစပိုင္း တုန္းက လီဗာပူး အသင္းဟာ အေကာင္းဆံုး ကစား ခဲ့ေပမယ့္လည္း သူတုိ႕မွာ ဖာဘင္ညိဳ လို ကစားသမား မရွိ ခဲ့ပါဘူး။” လို႕ ဆုိလိုက္ပါတယ္။

လီဗာပူး အသင္းဟာ ျပီးခဲ့တဲ့ စေနေန႕ ဘန္ေလ ကို တပ္မိုးမွာ ၃ ဂိုး ဂိုးမရွိနဲ႕ အႏုိင္ ကစားခဲ့ျပီး ဒီရာသီ ပရီးမီးယားလိဂ္ ပြဲစဥ္ ၄ အျပီးမွာ ရာႏွဳန္းျပည့္ ႏုိင္ပြဲနဲ႕ အတူ ထိပ္ဆံုး ေနရာမွာ ဦးေဆာင္ ေနျပီး ဒုတိယေနရာက လက္၇ွိ ခ်န္ပီယံ မန္စီးတီးကုိ ၂ မွတ္ ျဖတ္ထား ခဲ့ပါတယ္။ လီဗာပူးဟာ လာမည့္ တစ္ပတ္ ႏုိ္င္ငံတကာ ပြဲစဥ္ေတြ အျပီး စက္တင္ဘာလ ၁၄ ရက္ေန႕ မွာေတာ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ၅ အျဖစ္ နယူးကာဆယ္ ကို အန္ဖီးမွာ လက္ခံ ကစား ရမွာ ျဖစ္ျပီး အဲဒီပြဲ ျပီးတာနဲ႕ ဗုဒၶဟူးေန႕မွာ ခ်န္ပီယံလိဂ္ အုပ္စု ပြဲစဥ္ အျဖစ္ နာပိုလီ ကို အေ၀းကြင္းမွာ သြားကစား ရမွာပါ။

SM

Unicode

လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ်ကစားသမား က ဘယ်သူလဲ ဆိုတာ ထုတ်ဖော်လိုက်တဲ့ ကာရေဂါ

ဂျေမီကာရေဂါက လီဗာပူး ရဲ့ ဖာဘင်ညို ဟာ လက်ရှိ ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ကွင်းလယ် ခံစစ် ကစားသမား ဖြစ်တယ်လို့ ယုံကြည် နေပြီး သူရဲ့ အသင်းဟောင်းဟာ ဘရာဇီး ကွင်းလယ်လူ အသင်းမှာ အထိုင်ကျ သွားခဲ့တာနဲ့ တစ်ပြိုင်နက် ပိုမို တောင့်တင်း လာခဲ့တယ်လို့ ဆိုလိုက် ပါတယ်။

အသက် ၂၅ နှစ် အရွယ် ဖာဘင်ညိုဟာ ပြီးခဲ့တဲ့ နှစ် နွေရာသီက မိုနာကို အသင်းမှ လီဗာပူးကို ပြောင်းရွေ့ကြေ ပေါင် ၄၃.၇ သန်းနဲ့ ပြောင်းလာ ခဲ့သူ ဖြစ်ပြီး အန်ဖီးကို စစရောက်ခြင်း မှာတော့ လိဂ်အပြောင်းအလဲ ၊ ပတ်ဝန်းကျင် အပြောင်းအလဲ ၊ ဘာသာစကား အခက်အခဲ နဲ့ ယာဂန်ကလော့ရဲ့ နည်းစနစ်မှာ အံဝင်ဖို့ လုပ်ဆောင် နေရမှုတွေ ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ဖာဘင်ညိုဟာ ရာသီ အစောပိုင်း ကာလတွေမှာ ယာဂန်ကလော့ ရဲ့ အသင်းမှာ ပါ၀င်ခွင့် နည်းပါး ခဲ့ပါတယ်။

ဒါပေမယ့် ဖာဘင်ညိုဟာ အသင်းမှာ တဖြည်းဖြည်း အထိုင်ကျလာတာနဲ့ အမျှ ကစားခွင့်တွေ ရလာခဲ့သလို ခြေစွမ်းကောင်းတွေ ပြသ နို်င်ခဲ့တာကြောင့် နေရာ တစ်နေရာကို အမိအရ ဆုပ်ကို်င် နိုင်ခဲ့ပါတယ်။ ဖာဘင်ညို ဟာ လီဗာပူး တို့ တော့တင်ဟမ်ကို ၂-၀ နဲ့ နိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ဖိုင်နယ််မှာ ပွဲထွက်ခွင့် ရခဲ့သလို ဒီရာသီ ပရီးမီးယားလိဂ် ၄ ပွဲစလုံး ပါ၀င် ကစား ထားခဲ့ပါတယ်။

ကာရေဂါ က လီဗာပူး ကို ဖာဘင်ညို ရဲ့ အကျိုးပြုမှု အပေါ် အားရ ကျေနပ်နေပြီး ၎င်းဟာ လက်ရှိ အချိန်မှာ ပရီးမီးယားလိဂ် ရဲ့ သြဇာ အကြီးမားဆုံး holding midfielder ဖြစ်တဲ့ မန်စီးတီး ရဲ့ ဖာနန်ဒင်ညို ကိုတောင် ကျော်ဖြတ် သွားပြီလို့ ယုံကြည် နေပါတယ်။

ကာရေဂါ က “ကွင်းလယ် ခံစစ် နေရာ မှာတော့ ဖာဘင်ညို ဟာ ဒီအချိန် ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ကစားသမားလို့ ကျွန်တော် တကယ် ယူဆပါတယ်။ ဖာနန်ဒင်ညို ရဲ့ အခန်းကဏ္ဍဟာ မန်စီးတီး အသင်းမှာ တစ်ဖြည်းဖြည်း မှေးမှိန် လာတဲ့ပုံ ရှိနေပြီး ရိုဒရီဟာ ဒီအချိန်မှာ မန်စီးတီးရဲ့ အဓိက holding midfielder ဖြစ်နေ ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ခရစ်စမတ် ကာလမှာ သူ လီဗာပူး အသင်းမှာ နေရာ ရလာခဲ့ပြီး နောက်ပိုင်းကာလ ကို ကြည့်မယ် ဆိုရင် ဖာဘင်ညို ဟာ ပြီးခဲ့တဲ့ ရာသီ လီဗာပူး ရဲ့ အကောင်းဆုံး ကစားသမားလို့တောင် ငြင်းရင် ငြင်းလို့ ရပါတယ်။

အခုအချိိန်မှာတော့ သူဟာ ဒီနေရာမှာ အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ လီဗာပူးဟာ သူ့အတွက် ပေါင် သန်း ၄၀ ကျော် ပေးချေ ခဲ့ပါတယ်။ တကယ်ကို နည်းပါးတဲ့ ငွေကြေး လို့တောင် ပြောလို့ ရပါတယ်။ သူဟာ ခက်ခဲတဲ့ ပုံစံနဲ့ လီဗာပူး ကစားသမား ဘဝကို စတင် ခဲ့ရပေမယ့်လည်း ဒီနေရာဟာ ဒီရာသီမှာ လီဗာပူး အသင်း တိုးတက် နေတဲ့ နေရာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီ အစပိုင်း တုန်းက လီဗာပူး အသင်းဟာ အကောင်းဆုံး ကစား ခဲ့ပေမယ့်လည်း သူတို့မှာ ဖာဘင်ညို လို ကစားသမား မရှိ ခဲ့ပါဘူး။” လို့ ဆိုလိုက်ပါတယ်။

လီဗာပူး အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့ ဘန်လေ ကို တပ်မိုးမှာ ၃ ဂိုး ဂိုးမရှိနဲ့ အနိုင် ကစားခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၄ အပြီးမှာ ရာနှုန်းပြည့် နိုင်ပွဲနဲ့ အတူ ထိပ်ဆုံး နေရာမှာ ဦးဆောင် နေပြီး ဒုတိယနေရာက လက်ရှိ ချန်ပီယံ မန်စီးတီးကို ၂ မှတ် ဖြတ်ထား ခဲ့ပါတယ်။ လီဗာပူးဟာ လာမည့် တစ်ပတ် နို်င်ငံတကာ ပွဲစဉ်တွေ အပြီး စက်တင်ဘာလ ၁၄ ရက်နေ့ မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ အဖြစ် နယူးကာဆယ် ကို အန်ဖီးမှာ လက်ခံ ကစား ရမှာ ဖြစ်ပြီး အဲဒီပွဲ ပြီးတာနဲ့ ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် အဖြစ် နာပိုလီ ကို အဝေးကွင်းမှာ သွားကစား ရမှာပါ။

SM