Neville

ဂေရမီေဆာင္းနက္ နဲ႔ ဂယ္ရီနဗီး တို႔ဟာ မေန႔ညက ေျမာက္လန္ဒန္ဒါဘီ ပြဲစဥ္မွာ ေတာ့တင္ဟမ္ကို ၂ဂိုးအသာနဲ႔ ဦးေဆာင္ သြားေစႏိုင္မယ့္ ပင္နယ္တီ ကို ခြင့္ျပဳ ေစခဲ့တဲ့ အဓိကတရားခံ ျဖစ္တဲ့ အာဆင္နယ္ အသင္းေခါင္းေဆာင္ ဂရာနစ္ဇာခါ ရဲ႕ မဆင္မျခင္ ဖ်က္ထုတ္မႈကို ေဝဖန္ျပစ္တင္ သြားခဲ့ပါတယ္။ အာဆင္နယ္ အသင္းဟာ အမ္းမရိတ္မွာ ပြဲကို အေကာင္းဆံုး စတင္ ႏိုင္ခဲ့ၿပီး ဒီပြဲမွာ ေတာ့တင္ဟမ္ ရဲ႕ ညာေနာက္ခံလူ အျဖစ္ ကစားသြားခဲ့တဲ့ ေဒဗာဆင္ဆန္းခ်က္ဟာ ပြဲအစပိုင္းမွာ ႐ုန္းကန္ ေနခဲ့ရပါတယ္။

ဒါေပမယ့္လည္း စပါးအသင္းဟာ ပြဲအစ ၁၀ မိနစ္မွာ ဦးေဆာင္ဂိုး အရင္ ရသြားခဲ့ပါတယ္။ ဟယ္ရီကိန္း ေခါင္းတိုက္ ခ်ေပးခဲ့တဲ့ ေဘာလံုးကို အဲရစ္လာမယ္လာ က ဆြဲေျပးကာ ကန္သြင္းခဲ့ၿပီး ဒီကန္ခ်က္ခ်က္ကို လီႏို ပုတ္ထုတ္ ႏိုင္ခဲ့ေပမယ့္လည္း အဲရစ္ဆင္က ျပန္ထြက္လာတဲ့ ေဘာလံုးကို အသာပိတ္သြင္း သြားခဲ့တာ ျဖစ္ပါတယ္။ အာဆင္နယ္ အသင္းဟာ ဂိုးရဖို႔ ျပန္လည္ အားထုတ္ ခဲ့ေပမယ္လည္း ေနာက္ထပ္ ဂိုးရသြားခဲ့တာကေတာ့ ဧည့္သည္ အသင္းပဲ ျဖစ္ၿပီး ပထမပုိင္း ၿပီးဖို႔ ငါးမိနစ္ အလိုမွာ ဇာခါဟာ ပင္နယ္တီ ဧရိယာ ထဲမွာ ဆြန္ေဟာင္မင္း ကို ေလ်ွာထိုး ဖ်က္ထုတ္ရာမွာ ေဘာလံုး မထိခဲ့တာေၾကာင့္ အာဆင္နယ္ တို႔ ပင္နယ္တီ ေပးခဲ့ရၿပီး ကိန္းက အဆံုးသတ္ ခဲ့ပါတယ္။

ဒါေပမယ့္ လက္ကာဇက္ ဟာ ပထမပိုင္း မၿပီးခင္ေလးမွာ အာဆင္နယ္ အတြက္ ေခ်ပဂိုး တစ္ဂိုး ျပန္သြင္း ေပးခဲ့ပါတယ္။ ဒုတိယပိုင္းမွာေတာ့ အူဘာမီယန္း ဟာ ဂြမ္ဒူဇီရဲ႕ ျဖတ္တင္ေဘာ ကေန ပိတ္သြင္းယူ ခဲ့ကာ ေခ်ပဂိုး ျပန္လည္ ရယူေပး ခဲ့ၿပီး ပြဲဟာ ၂ ဂိုးစီသေရနဲ႔ပဲ ၿပီးသြားခဲ့ကာ လန္ဒန္ၿမိဳ႕ခံ ႏွစ္သင္း တစ္မွတ္စီ ခြဲယူ ခဲ့ၾကပါတယ္။

ဇာခါရဲ႕ ဆိုးရြားတဲ့ ဖ်က္ထုတ္မႈ အေပၚ ေဆာင္းနက္က “ဒီေနရာမွာ ဟယ္ရီဝင့္ အေကာင္းဆံုး လုပ္ခဲ့ကာ မစ္လန္းႏိုင္းကို ေက်ာ္ၿပီး ေကာင္းမြန္တဲ့ ေဘာလံုး ေပးပို႔မႈ လုပ္ႏိုင္ ခဲ့ပါတယ္။ ဂရာနစ္ဇာခါ ရဲ႕ ျပစ္ဒဏ္ က်ဴးလြန္မႈ ကေကာ ဘယ္လိုလဲ?
ပေရာ္ဖက္ရွင္နယ္ ေဘာလံုး ေလာကကို ေျခခ်လာတဲ့ ပထမဦးဆံုး ရက္သတၱပတ္မွာ ေျခလြန္ သြားတာေတြ ၊ ေျခမခုိင္ တာေတြ မျဖစ္ဖို႕ အတြက္ ဒါေတြဟာ ေလ့လာ သင္ယူ ရတဲ့ အရာပါ။ အထူးသျဖင့္ ပင္နယ္တီ ဧရိယာထဲမွာ ျဖစ္ပါတယ္။ ဒီလိုမ်ိဳး ပံုစံဟာ အႏၱရာယ္ကို ၾကီးၾကီးမားမား ဖိတ္ေခၚ လိုက္တာ ပါပဲ။

ဒါဟာ အရမ္းကို သိသာလြန္းတဲ့ ပင္နယ္တီ ။ အကယ္၍ သူ ဆြန္ကို မထိခုိက္ မိခဲ့ဘူး ဆုိရင္ေတာင္ ဒါဟာ ဆြန္ကို ေျမေပၚ လဲက်ေအာင္ ဖိတ္ေခၚ လိုက္သလို ပါပဲ။ ပင္နယ္တီ ကေတာ့ အံံ့ၾသဖြယ္ ေကာင္းေလာက္ေအာင္ ေကာင္းမြန္ ပါတယ္။ ကိန္းရဲ႕ ေထာင့္ထဲကုိ ကန္ခ်က္ က ေနရာယူ မွန္ရင္ေတာင္ ဖမ္းမိ ႏုိင္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ ဇာခါ ကိစၥကို ၾကည့္လိုက္ပါယ။ သူဟာ အသက္ ၂၆ ႏွစ္ အရြယ္ ကစားသမား ျဖစ္ပါတယ္။ ဒါမ်ိဳးဟာ ပေရာ္ဖက္ရွင္နယ္ ကစားသမား ဘ၀ ပထမဦးဆံုး အပတ္မွာ ေလ့လာ ခဲ့ရတဲ့ အရာပါ။ က်က္သေရတုန္း ပါတယ္။” လို႕ ဆုိလုိက္ပါတယ္။

မန္ခ်က္စတာ ယူႏို္္္က္တက္ ဂႏၱ၀င္ ဂယ္ရီနဗီး ကလည္း ေဆာင္းနက္ လိုပဲ ဇာခါရဲ႕ အမွားကို စိတ္ပ်က္ေနျပီး ဆြစ္ဇာလန္ လက္ေရြးစင္ဟာ တူညီတဲ့ အမွားေတြပဲ ထပ္ခါထပ္ခါ က်ဴးလြန္ ေနျပီး သင္ယူမွဳလည္း မရွိဘူးလို႕ ဆုိခဲ့ပါတယ္။

နဗီးက “ဇာခါရဲ႕ ရူးမိုက္မွဳ ပါပဲ။ အေတြ႕အၾကံဳရွိ ကစားသမား တစ္ဦးဟာ လံုး၀ အေတြ႕အၾကံဳ မရွိေသးတဲ့ ကစားသမားလို ျဖစ္ခဲ့ပါတယ္။ ကၽြန္ေတာ္ သူဒီလို အမွားေတြ လုပ္တာကုိ အပတ္တုိင္း အပတ္တုိင္း ရာသီတုိင္း ရာသီတုိင္း ျမင္ေတြ႕ ေနခဲ့ ရပါတယ္။ သူဒါေတြကို ေလ့လာ သင္ယူတဲ့ပံုလည္း မရွိပါဘူး။” လို႕ ဆုိလုိက္ပါတယ္။

ဆက္လက္ျပီး ဂယ္ရီနဗီးက ေတာ့တင္ဟမ္ ရဲ႕ အဖြင့္ဂိုး အတြက္ ဆုိကေရးတီး ရဲ႕ ဆိုးရြားတဲ့ ခံစစ္ ကစားပံုကိုလည္း ေ၀ဖန္ ခဲ့ပါေသးတယ္။ ဟယ္ရီကိန္းဟာ ဂရာနစ္ဇာခါ နဲ႕ အျပိဳင္ေခါင္းတုိက္ ရာမွာ အသာ ရခဲ့ျပီး ေတာ့တင္ဟမ္ တုိ႕ တုိက္စစ္ လမ္းေၾကာင္း ပံုေပၚ သြားခဲ့ေပမယ့္ ဆုိကေရးတီးဟာ မလိုအပ္ဘဲ ေရွ႕တက္ကာ ေခါင္းအျပိဳင္ တုိက္ဖုိ႕ ၾကိဳးစား ခဲ့ျပီး ဒါဟာ ဂန္နားတုိ႕ရဲ႕ ေနာက္တန္းကို ၾကီးမားတဲ့ ေနရာလြတ္ ျဖစ္သြား ေစခဲ့ျပီး ေတာ့တင္ဟမ္ တုိ႕ ဦးေဆာင္ဂုိး ရသြားတဲ့ အေျခအေနထိ ျဖစ္ခဲ့ပါတယ္။

နဗီးက “ဒီေခါင္းတုိက္ခ်က္မွာ ဆုိကေရးတီးရဲ႕ လုပ္ပံုဟာ အေတာ္ ဆုိးရြားတယ္လို႕ ကၽြန္ေတာ္ ထင္ပါတယ္။ အကယ္၍ ဗဟုိေနာက္ခံလူ တစ္ဦး ဒီလိုမ်ိဳး အားထုတ္မွဳကို လုပ္မယ္ ဆုိရင္ သူ႕အေနနဲ႕ အနည္းငယ္ ျပိဳင္ဘက္နဲ႕ ယွဥ္ျပိဳင္ရတဲ့ အေနအထားေတာ့ ရွိခဲ့ သင့္ပါတယ္။ ဇာခါဟာ ကိန္းနဲ႕ ေခါင္းအျပိဳင္ တုိက္ခဲ့ပါတယ္။ ခင္ဗ်ား ဆုိကေရးတီးကို ၾကည့္လိုက္ပါဦး။ ဆုိလိုတာက ဒါဟာ ဗဟိုေနာက္ခံလူ တစ္ဦး လုပ္ရမယ့္ challenge မဟုတ္ပါဘူး။ သူ႕အေနနဲ႕ ဒီလိုလုပ္မယ္ ဆုိရင္ ျပိဳင္ဘက္ကို လႊမ္းမိုး ႏုိင္ရမယ့္ အျပင္ အစြမ္းကုန္ အားထုတ္ သြားရမွာပါ။

ဇာခါဟာ ကိန္းရဲ႕ ေအာက္မွာ ရွိခဲ့ပါတယ္။ ဆုိကေရးတီး လုပ္ပံုကို ၾကည့္လိုက္ပါ။ ဒီလုိ လုပ္လုိ႕ မရပါဘူး။ အဲဒီေနာက္ ရုတ္တရက္ ဆုိသလိုပဲ ကိန္းရဲ႕ အျမင့္ေဘာ အသာရ ခဲ့မွဳဟာ တုိက္စစ္လမ္းေၾကာင္း ပြင့္သြား ေစခဲ့ျပီး က်န္တာကေတာ့ ေတြ႕တဲ့ အတုိင္းပါပဲ။” လို႕ ဆုိလိုက္ပါတယ္။

SM

Unicode

သရေနဲ့ အဆုံးသတ်ခဲ့တဲ့ လန်ဒန်ဒါဘီ ပြီးနောက် ဂရေမီဆောင်းနက် နဲ့ ဂယ်ရီနဗီး တို့ရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ခြင်းကို ခံခဲ့ရတဲ့ အာဆင်နယ် ကစားသမား ၂ဦး

ဂရေမီဆောင်းနက် နဲ့ ဂယ်ရီနဗီး တို့ဟာ မနေ့ညက မြောက်လန်ဒန်ဒါဘီ ပွဲစဉ်မှာ တော့တင်ဟမ်ကို ၂ဂိုးအသာနဲ့ ဦးဆောင် သွားစေနိုင်မယ့် ပင်နယ်တီ ကို ခွင့်ပြု စေခဲ့တဲ့ အဓိကတရားခံ ဖြစ်တဲ့ အာဆင်နယ် အသင်းခေါင်းဆောင် ဂရာနစ်ဇာခါ ရဲ့ မဆင်မခြင် ဖျက်ထုတ်မှုကို ဝေဖန်ပြစ်တင် သွားခဲ့ပါတယ်။ အာဆင်နယ် အသင်းဟာ အမ်းမရိတ်မှာ ပွဲကို အကောင်းဆုံး စတင် နိုင်ခဲ့ပြီး ဒီပွဲမှာ တော့တင်ဟမ် ရဲ့ ညာနောက်ခံလူ အဖြစ် ကစားသွားခဲ့တဲ့ ဒေဗာဆင်ဆန်းချက်ဟာ ပွဲအစပိုင်းမှာ ရုန်းကန် နေခဲ့ရပါတယ်။

ဒါပေမယ့်လည်း စပါးအသင်းဟာ ပွဲအစ ၁၀ မိနစ်မှာ ဦးဆောင်ဂိုး အရင် ရသွားခဲ့ပါတယ်။ ဟယ်ရီကိန်း ခေါင်းတိုက် ချပေးခဲ့တဲ့ ဘောလုံးကို အဲရစ်လာမယ်လာ က ဆွဲပြေးကာ ကန်သွင်းခဲ့ပြီး ဒီကန်ချက်ချက်ကို လီနို ပုတ်ထုတ် နိုင်ခဲ့ပေမယ့်လည်း အဲရစ်ဆင်က ပြန်ထွက်လာတဲ့ ဘောလုံးကို အသာပိတ်သွင်း သွားခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ် အသင်းဟာ ဂိုးရဖို့ ပြန်လည် အားထုတ် ခဲ့ပေမယ်လည်း နောက်ထပ် ဂိုးရသွားခဲ့တာကတော့ ဧည့်သည် အသင်းပဲ ဖြစ်ပြီး ပထမပိုင်း ပြီးဖို့ ငါးမိနစ် အလိုမှာ ဇာခါဟာ ပင်နယ်တီ ဧရိယာ ထဲမှာ ဆွန်ဟောင်မင်း ကို လျှောထိုး ဖျက်ထုတ်ရာမှာ ဘောလုံး မထိခဲ့တာကြောင့် အာဆင်နယ် တို့ ပင်နယ်တီ ပေးခဲ့ရပြီး ကိန်းက အဆုံးသတ် ခဲ့ပါတယ်။

ဒါပေမယ့် လက်ကာဇက် ဟာ ပထမပိုင်း မပြီးခင်လေးမှာ အာဆင်နယ် အတွက် ချေပဂိုး တစ်ဂိုး ပြန်သွင်း ပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အူဘာမီယန်း ဟာ ဂွမ်ဒူဇီရဲ့ ဖြတ်တင်ဘော ကနေ ပိတ်သွင်းယူ ခဲ့ကာ ချေပဂိုး ပြန်လည် ရယူပေး ခဲ့ပြီး ပွဲဟာ ၂ ဂိုးစီသရေနဲ့ပဲ ပြီးသွားခဲ့ကာ လန်ဒန်မြို့ခံ နှစ်သင်း တစ်မှတ်စီ ခွဲယူ ခဲ့ကြပါတယ်။

ဇာခါရဲ့ ဆိုးရွားတဲ့ ဖျက်ထုတ်မှု အပေါ် ဆောင်းနက်က “ဒီနေရာမှာ ဟယ်ရီဝင့် အကောင်းဆုံး လုပ်ခဲ့ကာ မစ်လန်းနိုင်းကို ကျော်ပြီး ကောင်းမွန်တဲ့ ဘောလုံး ပေးပို့မှု လုပ်နိုင် ခဲ့ပါတယ်။ ဂရာနစ်ဇာခါ ရဲ့ ပြစ်ဒဏ် ကျူးလွန်မှု ကကော ဘယ်လိုလဲ?
ပရော်ဖက်ရှင်နယ် ဘောလုံး လောကကို ခြေချလာတဲ့ ပထမဦးဆုံး ရက်သတ္တပတ်မှာ ခြေလွန် သွားတာတွေ ၊ ခြေမခိုင် တာတွေ မဖြစ်ဖို့ အတွက် ဒါတွေဟာ လေ့လာ သင်ယူ ရတဲ့ အရာပါ။ အထူးသဖြင့် ပင်နယ်တီ ဧရိယာထဲမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ပုံစံဟာ အန္တရာယ်ကို ကြီးကြီးမားမား ဖိတ်ခေါ် လိုက်တာ ပါပဲ။

ဒါဟာ အရမ်းကို သိသာလွန်းတဲ့ ပင်နယ်တီ ။ အကယ်၍ သူ ဆွန်ကို မထိခိုက် မိခဲ့ဘူး ဆိုရင်တောင် ဒါဟာ ဆွန်ကို မြေပေါ် လဲကျအောင် ဖိတ်ခေါ် လိုက်သလို ပါပဲ။ ပင်နယ်တီ ကတော့ အံံ့သြဖွယ် ကောင်းလောက်အောင် ကောင်းမွန် ပါတယ်။ ကိန်းရဲ့ ထောင့်ထဲကို ကန်ချက် က နေရာယူ မှန်ရင်တောင် ဖမ်းမိ နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဇာခါ ကိစ္စကို ကြည့်လိုက်ပါယ။ သူဟာ အသက် ၂၆ နှစ် အရွယ် ကစားသမား ဖြစ်ပါတယ်။ ဒါမျိုးဟာ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝ ပထမဦးဆုံး အပတ်မှာ လေ့လာ ခဲ့ရတဲ့ အရာပါ။ ကျက်သရေတုန်း ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

မန်ချက်စတာ ယူနို်််က်တက် ဂန္တဝင် ဂယ်ရီနဗီး ကလည်း ဆောင်းနက် လိုပဲ ဇာခါရဲ့ အမှားကို စိတ်ပျက်နေပြီး ဆွစ်ဇာလန် လက်ရွေးစင်ဟာ တူညီတဲ့ အမှားတွေပဲ ထပ်ခါထပ်ခါ ကျူးလွန် နေပြီး သင်ယူမှုလည်း မရှိဘူးလို့ ဆိုခဲ့ပါတယ်။

နဗီးက “ဇာခါရဲ့ ရူးမိုက်မှု ပါပဲ။ အတွေ့အကြုံရှိ ကစားသမား တစ်ဦးဟာ လုံးဝ အတွေ့အကြံု မရှိသေးတဲ့ ကစားသမားလို ဖြစ်ခဲ့ပါတယ်။ ကျွန်တော် သူဒီလို အမှားတွေ လုပ်တာကို အပတ်တိုင်း အပတ်တိုင်း ရာသီတိုင်း ရာသီတိုင်း မြင်တွေ့ နေခဲ့ ရပါတယ်။ သူဒါတွေကို လေ့လာ သင်ယူတဲ့ပုံလည်း မရှိပါဘူး။” လို့ ဆိုလိုက်ပါတယ်။

ဆက်လက်ပြီး ဂယ်ရီနဗီးက တော့တင်ဟမ် ရဲ့ အဖွင့်ဂိုး အတွက် ဆိုကရေးတီး ရဲ့ ဆိုးရွားတဲ့ ခံစစ် ကစားပုံကိုလည်း ဝေဖန် ခဲ့ပါသေးတယ်။ ဟယ်ရီကိန်းဟာ ဂရာနစ်ဇာခါ နဲ့ အပြိုင်ခေါင်းတိုက် ရာမှာ အသာ ရခဲ့ပြီး တော့တင်ဟမ် တို့ တိုက်စစ် လမ်းကြောင်း ပုံပေါ် သွားခဲ့ပေမယ့် ဆိုကရေးတီးဟာ မလိုအပ်ဘဲ ရှေ့တက်ကာ ခေါင်းအပြိုင် တိုက်ဖို့ ကြိုးစား ခဲ့ပြီး ဒါဟာ ဂန်နားတို့ရဲ့ နောက်တန်းကို ကြီးမားတဲ့ နေရာလွတ် ဖြစ်သွား စေခဲ့ပြီး တော့တင်ဟမ် တို့ ဦးဆောင်ဂိုး ရသွားတဲ့ အခြေအနေထိ ဖြစ်ခဲ့ပါတယ်။

နဗီးက “ဒီခေါင်းတိုက်ချက်မှာ ဆိုကရေးတီးရဲ့ လုပ်ပုံဟာ အတော် ဆိုးရွားတယ်လို့ ကျွန်တော် ထင်ပါတယ်။ အကယ်၍ ဗဟိုနောက်ခံလူ တစ်ဦး ဒီလိုမျိုး အားထုတ်မှုကို လုပ်မယ် ဆိုရင် သူ့အနေနဲ့ အနည်းငယ် ပြိုင်ဘက်နဲ့ ယှဉ်ပြိုင်ရတဲ့ အနေအထားတော့ ရှိခဲ့ သင့်ပါတယ်။ ဇာခါဟာ ကိန်းနဲ့ ခေါင်းအပြိုင် တိုက်ခဲ့ပါတယ်။ ခင်ဗျား ဆိုကရေးတီးကို ကြည့်လိုက်ပါဦး။ ဆိုလိုတာက ဒါဟာ ဗဟိုနောက်ခံလူ တစ်ဦး လုပ်ရမယ့် challenge မဟုတ်ပါဘူး။ သူ့အနေနဲ့ ဒီလိုလုပ်မယ် ဆိုရင် ပြိုင်ဘက်ကို လွှမ်းမိုး နိုင်ရမယ့် အပြင် အစွမ်းကုန် အားထုတ် သွားရမှာပါ။

ဇာခါဟာ ကိန်းရဲ့ အောက်မှာ ရှိခဲ့ပါတယ်။ ဆိုကရေးတီး လုပ်ပုံကို ကြည့်လိုက်ပါ။ ဒီလို လုပ်လို့ မရပါဘူး။ အဲဒီနောက် ရုတ်တရက် ဆိုသလိုပဲ ကိန်းရဲ့ အမြင့်ဘော အသာရ ခဲ့မှုဟာ တိုက်စစ်လမ်းကြောင်း ပွင့်သွား စေခဲ့ပြီး ကျန်တာကတော့ တွေ့တဲ့ အတိုင်းပါပဲ။” လို့ ဆိုလိုက်ပါတယ်။

SM