ပရီးမီးယားလိဂ္ ပြဲစဥ္ ( ၄ ) ရဲ့အေကာင္းဆုံး ပြဲစဥ္တစ္ပြဲ ျဖစ္တဲ့ အာဆင္နယ္ အသင္း နဲ႔ ေတာ့တင္ဟမ္ အသင္းတို႔ရဲ့ ေျမာက္လန္ဒန္ဒါဘီကေတာ့ တစ္ဖက္ ႏွစ္ဂိုးစီ သေရရလဒ္နဲ႔သာ ပြဲၿပီးဆုံးသြားခဲ့ပါတယ္။ဧည့္သည္ စပါးအသင္းဟာ အဲရစ္ဆင္၊ဟယ္ရီကိန္းတို႔ရဲ့ ဂိုးေတြနဲ႔ ပြဲကို ဦးေဆာင္နိုင္ခဲ့ေပမယ့္ အာဆင္နယ္ အသင္းက အေကာင္းဆုံး ေျခစြမ္းေတြနဲ႔ ျပန္လာနိုင္ခဲ့ပါတယ္။

အာဆင္နယ္ အသင္းဟာ ၿပီးခဲ့တဲ့ရာသီ အမ္းမရိတ္မွာ ကစားခဲ့တဲ့ပြဲမွာ တုန္းကလည္း ပထမပိုင္းမွာ ၁-၂ နဲ႔ ရွုံးနိမ့္ ေနေပမယ့္ ဒုတိယပိုင္းမွာ အေကာင္းဆုံးပုံစံနဲ႔ ျပန္လာနိုင္ခဲဲ့ၿပီး ေလးဂိုး ႏွစ္ဂိုး နဲ႔ ဂိုးျပတ္ အနိုင္ ရရွိေအာင္ စြမ္းေဆာင္ နိုင္ခဲ့ပါတယ္။
ဒီရာသီမွာလည္း အာဆင္နယ္ အသင္းဟာ ဒုတိယပိုင္းမွာ ဂိုးရဖို႔ အခြင့္အေရး အမ်ားအျပား ရခဲ့ေပမယ့္ စပါး ဂိုးသမား လိုရစ္ရဲ့ လက္စြမ္းၿပ ကာကြယ္မွု နဲ႔ နီကိုလပ္စ္ပီပီ၊မီခီတာရန္း တို႔ရဲ့ အဆုံးသတ္ပိုင္း အားနည္းမွုေၾကာင့္ သေရရလဒ္နဲ႔သာ ေက်နပ္ ခဲ့ရတာပါ။
အာဆင္နယ္ အသင္းအတြက္ အေရးပါတဲ့ ဒုတိယ ေခ်ပဂိုးကို သြင္းယူ ေပးခဲ့တဲ့ တိုက္စစ္မွုး အူဘာမီယန္းက ပြဲအၿပီး အင္တာဗ်ဴးမွာ လန္ဒန္ ဒါဘီမွာ သေရရလဒ္ထက္ ပိုမို ထိုက္တန္တဲ့ စြမ္းေဆာင္ရည္ကို ျပသနိုင္ခဲ့ေၾကာင္း နဲ႔ သူ႔ရဲ့ ဂိုးကို ဖန္တီးေပးခဲ့တဲ့ လူငယ္ကြင္းလယ္လူ ဂြမ္ဒူဇီကိုလည္း ခ်ီးက်ဴး သြားခဲ့ပါတယ္။
အူဘာမီယန္း က ႏွစ္ဂိုးအရွုံးကေန သေရျပန္ကစားနိုင္ခဲ့တဲဲ့ အေပၚ ” ပထမပိုင္းမွာ က်ေနာ္တို႔ သြင္းဂိုး ႏွစ္ဂိုးေလာက္ ရခဲ့သင့္တာပါ။ဒါေပမယ့္ ရေအာင္ မသြင္းနိုင္ခဲ့တဲ့ အတြက္ မေပ်ာ္ရႊင္မိပါဘူး၊ဒါေပမယ့္ က်ေနာ္တို႔ အားလုံး ဒီလိုခက္ခဲတဲ့ ပြဲမွာ အေကာင္းဆုံး ကစားပုံ ျပသနိုင္ခဲ့ပါတယ္။က်ေနာ္တို႔ သေရရလဒ္ထက္ ပိုမို ထိုက္တန္ခဲ့ပါတယ္။”

” ႏွစ္ဂိုးေပးလိုက္ရတဲ့ အခ်ိန္မွာ က်ေနာ္တို႔ သူတို႔ကို ျပန္လည္ ဖိအားေပး ကစားနိုင္ခဲ့ပါတယ္။လာကာက ပထမ ေခ်ပဂိုး သြင္းယူ ခဲ့ၿပီး ဒုတိယပိုင္းမွာလည္း အခြင့္အေရးတစ္ခ်ိဳ႕ ရခဲ့သလို ေနာက္ထပ္ ေခ်ပဂိုး တစ္ဂိုးလည္း သြင္းယူနိုင္ခဲ့ပါတယ္။တတိယဂိုး ရနိုင္မယ့္ အခြင့္အေရးေတြလည္း ရခဲ့ပါတယ္။ဒါေပမယ့္ က်ေနာ္ ခုနက ေျပာသလိုပဲေပါ့၊က်ေနာ္တို႔အတြက္ ခက္ခဲတဲ့ ပြဲတစ္ပြဲ ျဖစ္ခဲ့ၿပီး သေရက်သြားခဲ့ရပါတယ္။”
ဆက္လက္ၿပီး အူဘာမီယန္းက လာကာဇက္ ရဲ့ သြင္းဂိုးဟာ ျပန္လာနိုင္ဖို႔ အဓိက က်ခဲ့ေၾကာင္း ဆိုပါတယ္။” ပထမပိုင္း အၿပီး အဝတ္လဲခန္း ျပန္တဲ့ အခ်ိန္မွာ က်ေနာ္တို႔ သြင္းဂိုးတစ္ဂိုး ရထားတယ္ဆိုတဲ့ စိတ္ခံစားခ်က္က သိပ္ေကာင္းပါတယ္။ဒုတိယပိုင္းမွာ အေကာင္းဆုံး ပုံစံနဲ႔ ျပန္လာဖို႔ ခြန္အားရလိုက္သလိုပါပဲ။ဒါေၾကာင့္ လာကာ ဂိုးက အရမ္းအေရးပါတယ္လို႔ ျမင္ပါတယ္။”
သူ႔ရဲ့ သြင္းဂိုးကို ဖန္တီးေပးခဲ့တဲ့ ဂြမ္ဒူဇီရဲ့ ေပးပို႔မွုနဲ႔ပတ္သက္ၿပီး ” တကယ့္ကို ေကာင္းမြန္တဲ့ ေဘာလုံး ေပးပို႔မွုပါ။သူ က်ေနာ့္ကို လွမ္းၾကည့္လိုက္တဲ့ အခ်ိန္မွာ က်ေနာ္ အခ်ိန္ကိုက္ ေျပးထြက္ရမယ္ဆိုတာ သိလိုက္ပါတယ္။သူ ေပးလိုက္တဲ့ ေဘာလုံးက လုံးဝ ကြက္တိပါပဲ၊က်ေနာ္ ဂိုးသြင္းနိုင္ခဲ့တာက သူ႔ရဲ့ ေပးပို႔မွု ေကာင္းလို႔ပါဗ်ာ။” လို႔ ေျပာၾကား သြားခဲ့ပါတယ္။
SPORTS MYANMAR
Unicode
” ကျွန်တော်တို့ သရေရလဒ်ထက် ပိုမိုထိုက်တန်ခဲ့ပါတယ်။” နှစ်ဂိုးအရှုံးကနေ ပြန်လာနိုင်ခဲ့တဲ့အပေါ် မှတ်ချက်ပေးလိုက်တဲ့ #အူဘာမီယန်း
=================================
ပရီးမီးယားလိဂ် ပွဲစဉ် ( ၄ ) ရဲ့အကောင်းဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်တဲ့ အာဆင်နယ် အသင်း နဲ့ တော့တင်ဟမ် အသင်းတို့ရဲ့ မြောက်လန်ဒန်ဒါဘီကတော့ တစ်ဖက် နှစ်ဂိုးစီ သရေရလဒ်နဲ့သာ ပွဲပြီးဆုံးသွားခဲ့ပါတယ်။ဧည့်သည် စပါးအသင်းဟာ အဲရစ်ဆင်၊ဟယ်ရီကိန်းတို့ရဲ့ ဂိုးတွေနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် အာဆင်နယ် အသင်းက အကောင်းဆုံး ခြေစွမ်းတွေနဲ့ ပြန်လာနိုင်ခဲ့ပါတယ်။
အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ရာသီ အမ်းမရိတ်မှာ ကစားခဲ့တဲ့ပွဲမှာ တုန်းကလည်း ပထမပိုင်းမှာ ၁-၂ နဲ့ ရှုံးနိမ့် နေပေမယ့် ဒုတိယပိုင်းမှာ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ခဲဲ့ပြီး လေးဂိုး နှစ်ဂိုး နဲ့ ဂိုးပြတ် အနိုင် ရရှိအောင် စွမ်းဆောင် နိုင်ခဲ့ပါတယ်။
ဒီရာသီမှာလည်း အာဆင်နယ် အသင်းဟာ ဒုတိယပိုင်းမှာ ဂိုးရဖို့ အခွင့်အရေး အများအပြား ရခဲ့ပေမယ့် စပါး ဂိုးသမား လိုရစ်ရဲ့ လက်စွမ်းပြ ကာကွယ်မှု နဲ့ နီကိုလပ်စ်ပီပီ၊မီခီတာရန်း တို့ရဲ့ အဆုံးသတ်ပိုင်း အားနည်းမှုကြောင့် သရေရလဒ်နဲ့သာ ကျေနပ် ခဲ့ရတာပါ။
အာဆင်နယ် အသင်းအတွက် အရေးပါတဲ့ ဒုတိယ ချေပဂိုးကို သွင်းယူ ပေးခဲ့တဲ့ တိုက်စစ်မှုး အူဘာမီယန်းက ပွဲအပြီး အင်တာဗျူးမှာ လန်ဒန် ဒါဘီမှာ သရေရလဒ်ထက် ပိုမို ထိုက်တန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ကြောင်း နဲ့ သူ့ရဲ့ ဂိုးကို ဖန်တီးပေးခဲ့တဲ့ လူငယ်ကွင်းလယ်လူ ဂွမ်ဒူဇီကိုလည်း ချီးကျူး သွားခဲ့ပါတယ်။
အူဘာမီယန်း က နှစ်ဂိုးအရှုံးကနေ သရေပြန်ကစားနိုင်ခဲ့တဲဲ့ အပေါ် ” ပထမပိုင်းမှာ ကျနော်တို့ သွင်းဂိုး နှစ်ဂိုးလောက် ရခဲ့သင့်တာပါ။ဒါပေမယ့် ရအောင် မသွင်းနိုင်ခဲ့တဲ့ အတွက် မပျော်ရွှင်မိပါဘူး၊ဒါပေမယ့် ကျနော်တို့ အားလုံး ဒီလိုခက်ခဲတဲ့ ပွဲမှာ အကောင်းဆုံး ကစားပုံ ပြသနိုင်ခဲ့ပါတယ်။ကျနော်တို့ သရေရလဒ်ထက် ပိုမို ထိုက်တန်ခဲ့ပါတယ်။”
” နှစ်ဂိုးပေးလိုက်ရတဲ့ အချိန်မှာ ကျနော်တို့ သူတို့ကို ပြန်လည် ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။လာကာက ပထမ ချေပဂိုး သွင်းယူ ခဲ့ပြီး ဒုတိယပိုင်းမှာလည်း အခွင့်အရေးတစ်ချို့ ရခဲ့သလို နောက်ထပ် ချေပဂိုး တစ်ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။တတိယဂိုး ရနိုင်မယ့် အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။ဒါပေမယ့် ကျနော် ခုနက ပြောသလိုပဲပေါ့၊ကျနော်တို့အတွက် ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပြီး သရေကျသွားခဲ့ရပါတယ်။”
ဆက်လက်ပြီး အူဘာမီယန်းက လာကာဇက် ရဲ့ သွင်းဂိုးဟာ ပြန်လာနိုင်ဖို့ အဓိက ကျခဲ့ကြောင်း ဆိုပါတယ်။” ပထမပိုင်း အပြီး အဝတ်လဲခန်း ပြန်တဲ့ အချိန်မှာ ကျနော်တို့ သွင်းဂိုးတစ်ဂိုး ရထားတယ်ဆိုတဲ့ စိတ်ခံစားချက်က သိပ်ကောင်းပါတယ်။ဒုတိယပိုင်းမှာ အကောင်းဆုံး ပုံစံနဲ့ ပြန်လာဖို့ ခွန်အားရလိုက်သလိုပါပဲ။ဒါကြောင့် လာကာ ဂိုးက အရမ်းအရေးပါတယ်လို့ မြင်ပါတယ်။”
သူ့ရဲ့ သွင်းဂိုးကို ဖန်တီးပေးခဲ့တဲ့ ဂွမ်ဒူဇီရဲ့ ပေးပို့မှုနဲ့ပတ်သက်ပြီး ” တကယ့်ကို ကောင်းမွန်တဲ့ ဘောလုံး ပေးပို့မှုပါ။သူ ကျနော့်ကို လှမ်းကြည့်လိုက်တဲ့ အချိန်မှာ ကျနော် အချိန်ကိုက် ပြေးထွက်ရမယ်ဆိုတာ သိလိုက်ပါတယ်။သူ ပေးလိုက်တဲ့ ဘောလုံးက လုံးဝ ကွက်တိပါပဲ၊ကျနော် ဂိုးသွင်းနိုင်ခဲ့တာက သူ့ရဲ့ ပေးပို့မှု ကောင်းလို့ပါဗျာ။” လို့ ပြောကြား သွားခဲ့ပါတယ်။
SPORTS MYANMAR