မေန႔ညက ယွဥ္ျပိဳင္ ကစားခဲ့တဲ့ စေကာ့တလန္ ဒါဘီ ပြဲစဥ္မွာေတာ့ ဂ်ရတ္ ရဲ႕ ရိန္းဂ်ား အသင္းဟာ အိမ္ကြင္းမွာ ယွဥ္ျပိဳင္ ကစားခဲ့ရသည့္တိုင္ေအာင္ ၊ မဟာျပိဳင္ဘက္ၾကီး ဆဲလ္တစ္ကို 0-2 နဲ႔ အရႈံးေပးလိုက္ရပါတယ္။

ဆဲလ္တစ္ဟာ ျပီးခဲ့တဲ့ ႏွစ္ရာသီ အတြင္း ရိန္းဂ်ားကြင္းကို လာေရာက္ ယွဥ္ျပိဳင္ ကစားတိုင္း ရႈံးပြဲေတြ နဲ႔ ၾကံဳေတြ႔ခဲ့ရေပမယ့္ ၊ ဒီပြဲမွေတာ့ အက္ဒူယာ့ဒ္ ၊ ဟာရက္ တို႔ရဲ႕ သြငး္ဂိုးေတြ နဲ႔ အႏိုင္ယူ သြားခဲ့တာ ျဖစ္ပါတယ္။ နည္းျပ ဂ်ရတ္ အတြက္ေတာ့ သူ႔ရဲ႕ ရိန္းဂ်ား နည္းျပဘ၀မွာ ပထမဆံုး အၾကိမ္ အိမ္ကြင္း ရႈံးပြဲကို ၾကံဳေတြ႔ သြားခဲ့တာ ျဖစ္ျပီး ၊ အမွတ္ေပးဇယားကိုလဲ ဆဲလ္တစ္ကို ဦးေဆာင္ခြင့္ ေပးလိုက္ရတာ ျဖစ္ပါတယ္။

ဆဲလ္တစ္ဟာ ပထမပိုင္း မီးနစ္ 30 မွာ ကတည္းက ဦးေဆာင္ ဂိုးသြင္းယူခဲ့တာ ျဖစ္ျပီး ၊ ပြဲ ျပီးခါနီးမွာေတာ့ ေခ်ပဂိုး ရဖို႔ တစ္ရစပ္ တိုက္စစ္ဆင္ေနတဲ့ ရိန္းဂ်ား ရဲ႕ ေနာက္တန္း ေနရာလြတ္ေတြကို အခြင့္ေကာင္းယူကာ ဒုတိယ ဦးေဆာင္ဂိုးသြင္းယူ ခဲ့တာ ျဖစ္ပါတယ္။

နည္းျပ ဂ်ရတ္ ကေတာ့ ဒီပြဲ အရႈံးရလာဒ္ဟာ သူ႔ရဲ႕ ခ်ဥ္းကပ္ပံု မွားယြင္းေတြလဲ ပါတယ္လို႔ ၀န္ခံသြားခဲ့သလုိ ၊ ပြဲကို ျပန္လည္ သံုးသပ္ရင္း အေကာင္းဆံုး သင္ခန္းစာေတြ ျပန္လည္ ရွာေဖြသြားမယ္လို႔ ပြဲအျပီးမွာ ထုတ္ေဖာ္ ေျပာဆုိသြားခဲ့ ပါတယ္။

“ က်ေနာ့္ ကစားသမားေတြ ခ်ည္းပဲ အျပစ္ေတြ မေျပာခ်င္ပါဘူး။ ဒီပြဲမွာ က်ေနာ္ ခ်မွတ္ခဲ့တဲ့ Game Plans ေတြကိုလဲ ျပန္လည္ သံုးသပ္ရမွာပါ။ အ၀တ္လဲခန္း ထဲက အေနအထားေတြကို က်ေနာ္က ေက်နပ္ျပီးသားမို႔ ၊ ဒီပြဲရဲ႕ အရႈံးဟာ က်ေနာ္နဲ႔လဲ အမ်ားၾကီး ဆိုင္မယ္ ထင္ပါတယ္။

ဒါဘီ ပြဲမွာ ရႈံးလို႔ စိတ္ပ်က္မိေပမယ့္ ၊ အားလံုး တည္ျငိမ္သြားရင္ေတာ့ သင္ခန္းစာေတြ ျပန္လည္ ဆြဲထုတ္မွာပါ။ ေရွ႕ဆက္ျပီး ပြဲေတြ အမ်ားၾကီး ကစားရဦးမွာ ျဖစ္လို႔ စိတ္ပ်က္ေနစရာ မလုိပါဘူး။ မႏွစ္က အေနအထား နဲ႔ ျပန္ယွဥ္ၾကည့္လုိက္ရင္ က်ေနာ္တို႔ရဲ႕ ရမွတ္ အေနအထားက 4 မွတ္ေတာင္ ပိုေနပါေသးတယ္” လို႔ ထုတ္ေဖာ္ ေျပာဆုိသြားခဲ့ ပါတယ္။

စေကာ့တလန္ အမွတ္ေပး ျပိဳင္ပြဲဟာလဲ ပြဲစဥ္ 4 အထိ ယွဥ္ျပိဳင္ ကစားလာခဲ့ျပီ ျဖစ္ျပီး ဆဲလ္တစ္ ကေတာ့ ရာႏႈန္းျပည့္ ႏိုင္ပြဲနဲ႔ အမွတ္ေပးဇယားကို ဦးေဆာင္ေနကာ ၊ ရိန္းဂ်ားက ရမွတ္ 9 မွတ္ နဲ႔ ဒုတိယ ေနရာမွာ ရပ္တည္လွ်က္ ရွိေနပါတယ္။

ဆဲလ္တစ္ နီးလ္လင္ႏြန္ ကေတာ့ ရိန္းဂ်ားကို အႏိုင္ရတဲ့ ပြဲစဥ္ဟာ ၊ မျဖစ္ႏိုင္တာေတြကို ျဖစ္ေအာင္ လုပ္လို႔ ရတယ္ ဆိုတာ သက္ေသျပလိုက္တာ ျဖစ္တယ္္လို႔ ၾကံဳး၀ါးသြားခဲ့ျပီး ၊ သူ႔ အသင္းကို ဘယ္ေတာ့မွ ေလွ်ာ့မတြက္ထားဖို႔ သတိေပး သြားခဲ့ပါတယ္။

“ ဂ်ရတ္ ရဲ႕ အိမ္ကြင္းရလာဒ္ေကာင္းေတြ ေၾကာင့္ ၊ ဒီပြဲမွာ က်ေနာ္တို ႔ အေနနဲ႔ အခြင့္အေရး မရွိႏိုင္ဘူး ဆိုျပီး ဂ်ာနယ္ေတြကေရာ ၊ ေဘာလံုး ေ၀ဖန္ သံုးသပ္သူေတြ ကပါ ခန္႔မွန္းခဲ့ၾကတာပါ။

အခုေတာ့ အားလံုးက ေျပာင္းျပန္ေတြ ျဖစ္သြားခဲ့ပါျပီ။ ယံုၾကည္မႈသာ တကယ္ ခိုင္မာတယ္ ဆိုရင္ ၊ အရာအားလံုးကို ေျပာင္းျပန္လွန္ပစ္လို႔ရတယ္ ဆိုတာ က်ေနာ္တို႔က သက္ေသျပလိုက္ျပီေလ။ တစ္သင္းလံုးဟာ တည္တည္ျငိမ္ျငိမ္ နဲ႔ အေကာင္းဆံုး စြမ္းေဆာင္ ျပႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ေျပာရရင္ ပြဲအစ ကေန အဆံုးထိကို ေျပာစရာ အျပစ္ လံုး၀ မရွိခဲ့တာပါ။ အသင္းလိုက္ စုစည္းမႈက တကယ္ကို အံ့မခန္းပါပဲ။ သူတို႔ ကြင္းထဲမွာ ႏိုင္ပြဲ မရဘူးတာ 2 ရာသီ ရွိခဲ့ျပီေလ။

အခုေတာ့ ဆဲလ္တစ္ဟာ ဘယ္လို စိတ္ဓါတ္ေတြ ပိုင္ဆိုင္ထားတဲ့ ကလပ္လဲ ဆုိတာ စေကာ့တလန္ တစ္ခုလံုး သိေအာင္ ေျပာျပႏိုင္ခဲ့ပါျပီ” လို႔ ထုတ္ေဖာ္ ေျပာဆုိသြားခဲ့ ပါတယ္။

SPORTS MYANMAR

Unicode

ဂျရတ် ရဲ့ 12 ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကို ၊ ရပ်တန့်ပစ်လိုက်တဲ့ မဟာပြိုင်ဘက်ကြီး ဆဲလ်တစ်
****************************************************

မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ စကော့တလန် ဒါဘီ ပွဲစဉ်မှာတော့ ဂျရတ် ရဲ့ ရိန်းဂျား အသင်းဟာ အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ရသည့်တိုင်အောင် ၊ မဟာပြိုင်ဘက်ကြီး ဆဲလ်တစ်ကို 0-2 နဲ့ အရှုံးပေးလိုက်ရပါတယ်။

ဆဲလ်တစ်ဟာ ပြီးခဲ့တဲ့ နှစ်ရာသီ အတွင်း ရိန်းဂျားကွင်းကို လာရောက် ယှဉ်ပြိုင် ကစားတိုင်း ရှုံးပွဲတွေ နဲ့ ကြုံတွေ့ခဲ့ရပေမယ့် ၊ ဒီပွဲမှတော့ အက်ဒူယာ့ဒ် ၊ ဟာရက် တို့ရဲ့ သွငး်ဂိုးတွေ နဲ့ အနိုင်ယူ သွားခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ဂျရတ် အတွက်တော့ သူ့ရဲ့ ရိန်းဂျား နည်းပြဘဝမှာ ပထမဆုံး အကြိမ် အိမ်ကွင်း ရှုံးပွဲကို ကြံုတွေ့ သွားခဲ့တာ ဖြစ်ပြီး ၊ အမှတ်ပေးဇယားကိုလဲ ဆဲလ်တစ်ကို ဦးဆောင်ခွင့် ပေးလိုက်ရတာ ဖြစ်ပါတယ်။

ဆဲလ်တစ်ဟာ ပထမပိုင်း မီးနစ် 30 မှာ ကတည်းက ဦးဆောင် ဂိုးသွင်းယူခဲ့တာ ဖြစ်ပြီး ၊ ပွဲ ပြီးခါနီးမှာတော့ ချေပဂိုး ရဖို့ တစ်ရစပ် တိုက်စစ်ဆင်နေတဲ့ ရိန်းဂျား ရဲ့ နောက်တန်း နေရာလွတ်တွေကို အခွင့်ကောင်းယူကာ ဒုတိယ ဦးဆောင်ဂိုးသွင်းယူ ခဲ့တာ ဖြစ်ပါတယ်။

နည်းပြ ဂျရတ် ကတော့ ဒီပွဲ အရှုံးရလာဒ်ဟာ သူ့ရဲ့ ချဉ်းကပ်ပုံ မှားယွင်းတွေလဲ ပါတယ်လို့ ၀န်ခံသွားခဲ့သလို ၊ ပွဲကို ပြန်လည် သုံးသပ်ရင်း အကောင်းဆုံး သင်ခန်းစာတွေ ပြန်လည် ရှာဖွေသွားမယ်လို့ ပွဲအပြီးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

“ ကျနော့် ကစားသမားတွေ ချည်းပဲ အပြစ်တွေ မပြောချင်ပါဘူး။ ဒီပွဲမှာ ကျနော် ချမှတ်ခဲ့တဲ့ Game Plans တွေကိုလဲ ပြန်လည် သုံးသပ်ရမှာပါ။ အဝတ်လဲခန်း ထဲက အနေအထားတွေကို ကျနော်က ကျေနပ်ပြီးသားမို့ ၊ ဒီပွဲရဲ့ အရှုံးဟာ ကျနော်နဲ့လဲ အများကြီး ဆိုင်မယ် ထင်ပါတယ်။

ဒါဘီ ပွဲမှာ ရှုံးလို့ စိတ်ပျက်မိပေမယ့် ၊ အားလုံး တည်ငြိမ်သွားရင်တော့ သင်ခန်းစာတွေ ပြန်လည် ဆွဲထုတ်မှာပါ။ ရှေ့ဆက်ပြီး ပွဲတွေ အများကြီး ကစားရဦးမှာ ဖြစ်လို့ စိတ်ပျက်နေစရာ မလိုပါဘူး။ မနှစ်က အနေအထား နဲ့ ပြန်ယှဉ်ကြည့်လိုက်ရင် ကျနော်တို့ရဲ့ ရမှတ် အနေအထားက 4 မှတ်တောင် ပိုနေပါသေးတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

စကော့တလန် အမှတ်ပေး ပြိုင်ပွဲဟာလဲ ပွဲစဉ် 4 အထိ ယှဉ်ပြိုင် ကစားလာခဲ့ပြီ ဖြစ်ပြီး ဆဲလ်တစ် ကတော့ ရာနှုန်းပြည့် နိုင်ပွဲနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေကာ ၊ ရိန်းဂျားက ရမှတ် 9 မှတ် နဲ့ ဒုတိယ နေရာမှာ ရပ်တည်လျှက် ရှိနေပါတယ်။

ဆဲလ်တစ် နီးလ်လင်နွန် ကတော့ ရိန်းဂျားကို အနိုင်ရတဲ့ ပွဲစဉ်ဟာ ၊ မဖြစ်နိုင်တာတွေကို ဖြစ်အောင် လုပ်လို့ ရတယ် ဆိုတာ သက်သေပြလိုက်တာ ဖြစ်တယ််လို့ ကြံုးဝါးသွားခဲ့ပြီး ၊ သူ့ အသင်းကို ဘယ်တော့မှ လျှော့မတွက်ထားဖို့ သတိပေး သွားခဲ့ပါတယ်။

“ ဂျရတ် ရဲ့ အိမ်ကွင်းရလာဒ်ကောင်းတွေ ကြောင့် ၊ ဒီပွဲမှာ ကျနော်တို ့ အနေနဲ့ အခွင့်အရေး မရှိနိုင်ဘူး ဆိုပြီး ဂျာနယ်တွေကရော ၊ ဘောလုံး ဝေဖန် သုံးသပ်သူတွေ ကပါ ခန့်မှန်းခဲ့ကြတာပါ။

အခုတော့ အားလုံးက ပြောင်းပြန်တွေ ဖြစ်သွားခဲ့ပါပြီ။ ယုံကြည်မှုသာ တကယ် ခိုင်မာတယ် ဆိုရင် ၊ အရာအားလုံးကို ပြောင်းပြန်လှန်ပစ်လို့ရတယ် ဆိုတာ ကျနော်တို့က သက်သေပြလိုက်ပြီလေ။ တစ်သင်းလုံးဟာ တည်တည်ငြိမ်ငြိမ် နဲ့ အကောင်းဆုံး စွမ်းဆောင် ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြောရရင် ပွဲအစ ကနေ အဆုံးထိကို ပြောစရာ အပြစ် လုံးဝ မရှိခဲ့တာပါ။ အသင်းလိုက် စုစည်းမှုက တကယ်ကို အံ့မခန်းပါပဲ။ သူတို့ ကွင်းထဲမှာ နိုင်ပွဲ မရဘူးတာ 2 ရာသီ ရှိခဲ့ပြီလေ။

အခုတော့ ဆဲလ်တစ်ဟာ ဘယ်လို စိတ်ဓါတ်တွေ ပိုင်ဆိုင်ထားတဲ့ ကလပ်လဲ ဆိုတာ စကော့တလန် တစ်ခုလုံး သိအောင် ပြောပြနိုင်ခဲ့ပါပြီ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

SPORTS MYANMAR