Robertson

ေရာဘတ္တုိဖာမီႏိုဟာ လီဗာပူး ရဲ႕ ၃ ဦးတြဲ တုိက္စစ္မွာ တစ္ခါတစ္ရံ ဆာဒီယုိမာေနး ၊ မုိဟာမက္ဆာလား တုိ႕ေၾကာင့္ တိမ္ျမွပ္မွဳ ရွိခဲ့ေပမယ့္လည္း အမွန္တကယ္ေတာ့ ၎ဟာ လီဗာပူး ရဲ႕ အသက္ တစ္ခုလို ပါပဲ။ အန္ဒီေရာဘတ္ဆန္ လည္း ဖာမီႏို ရဲ႕ အေရးပါမွဳကို ေျပာျပသြား ခဲ့ျပီး သူတုိ႕ဟာ ဖာမီႏိုသာ မရွိရင္ သူတုိ႕ အသင္း လမ္းေပ်ာက္ ေနလိမ့္မယ္လို႕ ဆုိခဲ့ပါတယ္။

ဖာမီႏို ဟာ လီဗာပူး အသင္းမွာ မာေနး ၊ ဆာလား တုိ႕နဲ႕ အတူ ဥေရာပ ရဲ႕ ေၾကာက္စရာ အေကာင္းဆံုး တုိက္စစ္ အတြဲ ျဖစ္ေအာင္ ေပါင္းစပ္ ညွိႏွဳိင္းေပးသူ ျဖစ္ျပီး ဘရာဇီး စတားရဲ႕ ကစားဟန္ဟာ သူ႕ရဲ႕ တြဲဖက္ တုိက္စစ္မွဳးေတြနဲ႕ မတူ ကြဲျပားလွျပီး ဖာမီႏိုဟာ သြင္းဂိုးေတြ ရဖို႕ထက္ စာရင္ အသင္း ေကာင္းဖို႕အတြက္ပဲ အစြမ္းကုန္ ေပးဆပ္ ကစားတဲ့ ပံုစံ ျဖစ္ပါတယ္။

ဖာမီႏုိဟာ ျပီးခဲ့တဲ့ စေနေန႕က လီဗာပူး တုိ႕ တပ္မိုးမွာ ၃-၀ နဲ႕ ႏုိင္ခဲ့တဲ့ ပြဲမွာ မာေနး ရဲ႕ ဂုိးအတြက္ ဖန္တီး ေပးခဲ့တဲ့ အျပင္ သူကိုယ္တုိင္လည္း တစ္ဂုိး သြင္းယူ ေပးခဲ့ျပီး ပရီးမီးယားလိဂ္ မွာ ဂိုး ၅၀ ျပည့္တဲ့ ပထမဦးဆံုး ဘရာဇီး ကစားသမား အျဖစ္ မွတ္တမ္း ၀င္ခဲ့ပါတယ္။

ဖာမီႏုိဟာ ပရီးမီးယားလိဂ္ ၁၄၁ ပြဲ ကစား ထားခဲ့ရာမွာ အသင္းေဖာ္ေတြ အတြက္ ၂၉ ဂိုး ဖန္တီး ေပးႏုိင္ခဲ့တာေၾကာင့္ အသင္းရဲ႕ သြင္းဂုိး ၇၉ ဂိုးမွာ တုိက္ရုိက္ ပါ၀င္ ပက္သက္သူ ျဖစ္ပါတယ္။ လီဗာပူး ဘယ္ေနာက္ခံလူ ေရာဘတ္ဆန္ ျပီးျပည့္စံုတဲ့ အရည္အေသြးေတြဟာ ကမာၻ႕ေဘာလံုးေလာကမွာ သူမတူ တစ္မူထူးကဲတဲ့ ကစားသမား ျဖစ္ေစတယ္လို႕ ဆုိလုိက္ပါတယ္။

ေရာဘတ္ဆန္က “သူ႕ရဲ႕ လုပ္အားႏွဳန္း ၊ သူ႕ရဲ႕ နည္းစနစ္ ၊ သူ႕ရဲ႕ သြင္းဂိုး နဲ႕ သူ႕ရဲ႕ ေနရာစံု လိုက္ပါကစားမွဳ ေတြကို ၾကည့္လိုက္မယ္ ဆုိရင္ သူ႕လို ကစားသမားမ်ိဳး ေနာက္တစ္ဦး ရွိတယ္လို႕ ကၽြန္ေတာ္ မထင္မိပါဘူး။ လူေတြကေတာ့ ဂုိးသြင္းပိုေကာင္းတဲ့ တုိက္စစ္မွဳးေတြ အေၾကာင္း ေျပာၾကမွာ ျဖစ္ေပမယ့္ ကၽြန္ေတာ့္ အတြက္ ကေတာ့ သူလုပ္ျပ ေနတာေတြဟာ ကၽြန္ေတာ္တုိ႕ အသင္း အတြက္ အရမ္းကို အေရးပါလွ ပါတယ္။ သူသာ မရွိရင္ ကၽြန္ေတာ္တုိ႕ လမ္းေပ်ာက္ ေနပါလိမ့္မယ္။ သူဟာ ကမာၻ႕အဆင့္ပါ။ သူဟာ အရာအားလံုးကို အစြမ္းကုန္ အားထုတ္ သူပါ။ ဒါဟာ ေဘာ္ဘီရဲ႕ အလွ ျဖစ္ပါတယ္။ သူဟာ အကုန္လံုး လုပ္ႏုိင္သူ ပါပဲ။” လို႕ ဆိုလို္က္ပါတယ္။

ဖာမီႏုိ ဟာ နည္းျပ ယာဂန္ကေလာ့ ရဲ႕ စပယ္ရွယ္ ကစားသမား ျဖစ္ျပီး ၎ဟာ သူ႕ရဲ႕ ျပင္းထန္တဲ့ လုပ္အားနဲ႕ အတူ လီဗာပူူး ကို high press ေကာင္းတဲ့ အသင္း counter press အရမ္း ေကာင္းတဲ့ အသင္း ျဖစ္ေစ ခဲ့ပါတယ္။

ေရာဘတ္ဆန္ က “သူဟာ ကၽြန္ေတာ္တုိ႕ရဲ႕ ပထမ ခံစစ္စည္းပါ။ ဒီလို လုပ္ရာမွာ သူ႕ထက္ ပိုေကာင္းတဲ့သူကို ကၽြန္ေတာ္ မျမင္ ခဲ့ဖူးပါဘူး။ သူဟာ ျပိဳင္ဘက္ ေနာက္ခံလူေတြကို press လုပ္ျပီး သူတုိ႕ကို ေဘာလံုး ကိုင္ကစားဖို႕ အခ်ိန္ လံုး၀ မေပးပါဘူး။ ျပီးေတာ့ သူဟာ ေနာက္ထိဆင္းကာ ေဘာလံုး ရယူျပီး ကၽြန္ေတာ္တုိ႕ အတြက္ ကြင္းလယ္ ကေန တုိက္စစ္ လမ္းေၾကာင္း ဖန္တီး ေပးပါတယ္။

သူဟာ ခံစစ္ပိုင္းမွာ ကၽြန္ေတာ္တုိ႕ အတြက္ အရမ္း အေရးပါတဲ့ သူပါ။ ဒါေတြ လုပ္ျပီးရင္ သူဟာ ေရွ႕ကို ျပန္တက္ သြားျပီး ဂိုးသြင္းတာေတြ လုပ္သလို ဂိုးဖန္တီးမွဳေတြလည္း လုပ္ေပး ပါတယ္။” လို႕ ဆုိလုိက္ပါတယ္။

ကေလာ့ ကေတာ့ ျပီးခဲ့တဲ့ ရာသီက ဘာစီလုိနာ နဲ႕ ဆီမီးဖိုင္နယ္ ပထမအေက်ာ့မွာ ဖာမီႏုိ ရဲ႕ ေနရာကုိ ၀င္ကစား ေပးခဲ့တဲ့ ကြင္းလယ္လူ ၀ုိင္နယ္ဒန္ဟာ သူ႕အသင္းေဖာ္ရဲ႕ လုပ္အားႏွဳန္းကို အံ့ၾသတၾကီး ျဖစ္ခဲ့တယ္လို႕ ဆုိလိုက္ပါတယ္။

ကေလာ့ က “ဖာမီႏုိ ရဲ႕ ဆံုးျဖတ္ခ်က္ ခ်မွဳေတြ ၊ သူ႕ရဲ႕ နည္းစနစ္ပိုင္း ဆုိင္ရာ ၊ ၾကံ့ခုိင္မွဳပိုင္း ဆုိင္ရာ နဲ႕ သူ႕ရဲ႕ ၾကီးမားလြန္းတဲ့ လုပ္အားႏွဳန္း ေတြဟာ မယံုႏုိင္စရာ ေကာင္းေလာက္ေအာင္ ေကာင္းမြန္လွ ပါတယ္။

ကၽြန္ေတ္ာတုိ႕ ဘာစီလုိနာ နဲ႕ ကစား ခဲ့တဲ့ ပြဲမွာ ဂ်ီနီဟာ သူ႕ေနရာကို ၀င္ကစား ခဲ့တာကို မွတ္မိ ေနပါေသးတယ္။ ပြဲျပီးဆံုးျပီးေနာက္ အ၀တ္လဲခန္း ထဲမွာ ဂ်ီနီဟာ ဖာမီႏိုရဲ႕ ဒီေနရာမွာ ကစားတဲ့ ပံုစံကို အံ့ၾသတၾကီး ျဖစ္ေန ခဲ့ပါတယ္။ ဒါဟာ မယံုႏုိင္စရာပါ! ဒါဟာ အရမ္းကို လုပ္အား ျပင္းထန္လြန္းတယ္လို႕ ေျပာခဲ့ပါတယ္။

တစ္စံုတစ္ဦး ကိုယ့္ေနရာမွာ ၀င္ကစားျပီး ဒီလို ေျပာတာကို ခံရတာဟာ ကိုယ္ရႏိုင္တဲ့ အၾကီးမားဆံုး ေလးစားခံရမွဳ ပါပဲ။” လို႕ ဆုိသြားပါတယ္။

Firmino

ထရန္အလက္ဇန္းဒါး အာႏုိးရဲ႕ ျဖတ္တင္ေဘာဟာ ၀ုဒ္နဲ႕ ထိကာ ဂိုးထဲ တန္း၀င္ သြားခဲ့တာေၾကာင့္ လီဗာပူးတုိ႕ ဦးေဆာင္ဂိုး ရခဲ့ျပီး အဲဒီေနာက္ ဖာမီႏုိ ဟာ သူ႕ရဲ႕ အရည္အေသြးကို ျပသ သြားခဲ့ကာ ဘန္မီးရဲ႕ ေဘာလံုး ေပးပို႕မွဳ အမွားကို အခြင့္ေကာင္း ယူျပီး မာေနး ဂုိးသြင္း ႏုိင္ဖို႕ အတြက္ ဖန္တီးမွဳ လုပ္ေပး ခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၈၀ မွာေတာ့ ဘရာဇီး စတားဟာ ပင္နယ္တီ ဧရိယာ ထိပ္ကေန အျပင္းကန္သြင္းကာ လီဗာပူး အတြက္ ပြဲသိမ္းဂိုးကို ရယူေပးခဲ့ပါတယ္။ လီဗာပူးဟာ ဒီအတြက္ေၾကာင့္ ပရီးမီးယားလိဂ္ မွာ ၁၃ ပြဲဆက္ ႏုိင္ပြဲနဲ႕ အတူ ႏုိင္ပြဲဆက္ စံခ်ိန္ ရသြားခဲ့ျပီး ႏုိင္ငံတကာ ပြဲစဥ္ေတြ မတိုင္မီ ရာႏွဳန္းျပည့္ ႏုိင္ပြဲနဲ႕ အတူ အမွတ္ေပးဇယား ထိပ္မွာ ရပ္တည္ ေနပါတယ္။

SM

Unicode

လီဗာပူးအတွက် မရှိမဖြစ် အရေးပါတဲ့ ကစားသမား တစ်ဦးကို ပြောပြလိုက်တဲ့ ရောဘတ်ဆန်

ရောဘတ်တိုဖာမီနိုဟာ လီဗာပူး ရဲ့ ၃ ဦးတွဲ တိုက်စစ်မှာ တစ်ခါတစ်ရံ ဆာဒီယိုမာနေး ၊ မိုဟာမက်ဆာလား တို့ကြောင့် တိမ်မြှပ်မှု ရှိခဲ့ပေမယ့်လည်း အမှန်တကယ်တော့ ၎င်းဟာ လီဗာပူး ရဲ့ အသက် တစ်ခုလို ပါပဲ။ အန်ဒီရောဘတ်ဆန် လည်း ဖာမီနို ရဲ့ အရေးပါမှုကို ပြောပြသွား ခဲ့ပြီး သူတို့ဟာ ဖာမီနိုသာ မရှိရင် သူတို့ အသင်း လမ်းပျောက် နေလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

ဖာမီနို ဟာ လီဗာပူး အသင်းမှာ မာနေး ၊ ဆာလား တို့နဲ့ အတူ ဥရောပ ရဲ့ ကြောက်စရာ အကောင်းဆုံး တိုက်စစ် အတွဲ ဖြစ်အောင် ပေါင်းစပ် ညှိနှိုင်းပေးသူ ဖြစ်ပြီး ဘရာဇီး စတားရဲ့ ကစားဟန်ဟာ သူ့ရဲ့ တွဲဖက် တိုက်စစ်မှုးတွေနဲ့ မတူ ကွဲပြားလှပြီး ဖာမီနိုဟာ သွင်းဂိုးတွေ ရဖို့ထက် စာရင် အသင်း ကောင်းဖို့အတွက်ပဲ အစွမ်းကုန် ပေးဆပ် ကစားတဲ့ ပုံစံ ဖြစ်ပါတယ်။

ဖာမီနိုဟာ ပြီးခဲ့တဲ့ စနေနေ့က လီဗာပူး တို့ တပ်မိုးမှာ ၃-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲမှာ မာနေး ရဲ့ ဂိုးအတွက် ဖန်တီး ပေးခဲ့တဲ့ အပြင် သူကိုယ်တိုင်လည်း တစ်ဂိုး သွင်းယူ ပေးခဲ့ပြီး ပရီးမီးယားလိဂ် မှာ ဂိုး ၅၀ ပြည့်တဲ့ ပထမဦးဆုံး ဘရာဇီး ကစားသမား အဖြစ် မှတ်တမ်း ၀င်ခဲ့ပါတယ်။

ဖာမီနိုဟာ ပရီးမီးယားလိဂ် ၁၄၁ ပွဲ ကစား ထားခဲ့ရာမှာ အသင်းဖော်တွေ အတွက် ၂၉ ဂိုး ဖန်တီး ပေးနိုင်ခဲ့တာကြောင့် အသင်းရဲ့ သွင်းဂိုး ရ၉ ဂိုးမှာ တိုက်ရိုက် ပါ၀င် ပက်သက်သူ ဖြစ်ပါတယ်။ လီဗာပူး ဘယ်နောက်ခံလူ ရောဘတ်ဆန် ပြီးပြည့်စုံတဲ့ အရည်အသွေးတွေဟာ ကမ္ဘာ့ဘောလုံးလောကမှာ သူမတူ တစ်မူထူးကဲတဲ့ ကစားသမား ဖြစ်စေတယ်လို့ ဆိုလိုက်ပါတယ်။

ရောဘတ်ဆန်က “သူ့ရဲ့ လုပ်အားနှုန်း ၊ သူ့ရဲ့ နည်းစနစ် ၊ သူ့ရဲ့ သွင်းဂိုး နဲ့ သူ့ရဲ့ နေရာစုံ လိုက်ပါကစားမှု တွေကို ကြည့်လိုက်မယ် ဆိုရင် သူ့လို ကစားသမားမျိုး နောက်တစ်ဦး ရှိတယ်လို့ ကျွန်တော် မထင်မိပါဘူး။ လူတွေကတော့ ဂိုးသွင်းပိုကောင်းတဲ့ တိုက်စစ်မှုးတွေ အကြောင်း ပြောကြမှာ ဖြစ်ပေမယ့် ကျွန်တော့် အတွက် ကတော့ သူလုပ်ပြ နေတာတွေဟာ ကျွန်တော်တို့ အသင်း အတွက် အရမ်းကို အရေးပါလှ ပါတယ်။ သူသာ မရှိရင် ကျွန်တော်တို့ လမ်းပျောက် နေပါလိမ့်မယ်။ သူဟာ ကမ္ဘာ့အဆင့်ပါ။ သူဟာ အရာအားလုံးကို အစွမ်းကုန် အားထုတ် သူပါ။ ဒါဟာ ဘော်ဘီရဲ့ အလှ ဖြစ်ပါတယ်။ သူဟာ အကုန်လုံး လုပ်နိုင်သူ ပါပဲ။” လို့ ဆိုလို်က်ပါတယ်။

ဖာမီနို ဟာ နည်းပြ ယာဂန်ကလော့ ရဲ့ စပယ်ရှယ် ကစားသမား ဖြစ်ပြီး ၎င်းဟာ သူ့ရဲ့ ပြင်းထန်တဲ့ လုပ်အားနဲ့ အတူ လီဗာပူူး ကို high press ကောင်းတဲ့ အသင်း counter press အရမ်း ကောင်းတဲ့ အသင်း ဖြစ်စေ ခဲ့ပါတယ်။

ရောဘတ်ဆန် က “သူဟာ ကျွန်တော်တို့ရဲ့ ပထမ ခံစစ်စည်းပါ။ ဒီလို လုပ်ရာမှာ သူ့ထက် ပိုကောင်းတဲ့သူကို ကျွန်တော် မမြင် ခဲ့ဖူးပါဘူး။ သူဟာ ပြိုင်ဘက် နောက်ခံလူတွေကို press လုပ်ပြီး သူတို့ကို ဘောလုံး ကိုင်ကစားဖို့ အချိန် လုံးဝ မပေးပါဘူး။ ပြီးတော့ သူဟာ နောက်ထိဆင်းကာ ဘောလုံး ရယူပြီး ကျွန်တော်တို့ အတွက် ကွင်းလယ် ကနေ တိုက်စစ် လမ်းကြောင်း ဖန်တီး ပေးပါတယ်။

သူဟာ ခံစစ်ပိုင်းမှာ ကျွန်တော်တို့ အတွက် အရမ်း အရေးပါတဲ့ သူပါ။ ဒါတွေ လုပ်ပြီးရင် သူဟာ ရှေ့ကို ပြန်တက် သွားပြီး ဂိုးသွင်းတာတွေ လုပ်သလို ဂိုးဖန်တီးမှုတွေလည်း လုပ်ပေး ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ကလော့ ကတော့ ပြီးခဲ့တဲ့ ရာသီက ဘာစီလိုနာ နဲ့ ဆီမီးဖိုင်နယ် ပထမအကျော့မှာ ဖာမီနို ရဲ့ နေရာကို ၀င်ကစား ပေးခဲ့တဲ့ ကွင်းလယ်လူ ၀ုိင်နယ်ဒန်ဟာ သူ့အသင်းဖော်ရဲ့ လုပ်အားနှုန်းကို အံ့သြတကြီး ဖြစ်ခဲ့တယ်လို့ ဆိုလိုက်ပါတယ်။

ကလော့ က “ဖာမီနို ရဲ့ ဆုံးဖြတ်ချက် ချမှုတွေ ၊ သူ့ရဲ့ နည်းစနစ်ပိုင်း ဆိုင်ရာ ၊ ကြံ့ခိုင်မှုပိုင်း ဆိုင်ရာ နဲ့ သူ့ရဲ့ ကြီးမားလွန်းတဲ့ လုပ်အားနှုန်း တွေဟာ မယုံနိုင်စရာ ကောင်းလောက်အောင် ကောင်းမွန်လှ ပါတယ်။

ကျွန်တေ်ာတို့ ဘာစီလိုနာ နဲ့ ကစား ခဲ့တဲ့ ပွဲမှာ ဂျီနီဟာ သူ့နေရာကို ၀င်ကစား ခဲ့တာကို မှတ်မိ နေပါသေးတယ်။ ပွဲပြီးဆုံးပြီးနောက် အဝတ်လဲခန်း ထဲမှာ ဂျီနီဟာ ဖာမီနိုရဲ့ ဒီနေရာမှာ ကစားတဲ့ ပုံစံကို အံ့သြတကြီး ဖြစ်နေ ခဲ့ပါတယ်။ ဒါဟာ မယုံနိုင်စရာပါ! ဒါဟာ အရမ်းကို လုပ်အား ပြင်းထန်လွန်းတယ်လို့ ပြောခဲ့ပါတယ်။

တစ်စုံတစ်ဦး ကိုယ့်နေရာမှာ ၀င်ကစားပြီး ဒီလို ပြောတာကို ခံရတာဟာ ကိုယ်ရနိုင်တဲ့ အကြီးမားဆုံး လေးစားခံရမှု ပါပဲ။” လို့ ဆိုသွားပါတယ်။

ထရန်အလက်ဇန်းဒါး အာနိုးရဲ့ ဖြတ်တင်ဘောဟာ ၀ုဒ်နဲ့ ထိကာ ဂိုးထဲ တန်းဝင် သွားခဲ့တာကြောင့် လီဗာပူးတို့ ဦးဆောင်ဂိုး ရခဲ့ပြီး အဲဒီနောက် ဖာမီနို ဟာ သူ့ရဲ့ အရည်အသွေးကို ပြသ သွားခဲ့ကာ ဘန်မီးရဲ့ ဘောလုံး ပေးပို့မှု အမှားကို အခွင့်ကောင်း ယူပြီး မာနေး ဂိုးသွင်း နိုင်ဖို့ အတွက် ဖန်တီးမှု လုပ်ပေး ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၈၀ မှာတော့ ဘရာဇီး စတားဟာ ပင်နယ်တီ ဧရိယာ ထိပ်ကနေ အပြင်းကန်သွင်းကာ လီဗာပူး အတွက် ပွဲသိမ်းဂိုးကို ရယူပေးခဲ့ပါတယ်။ လီဗာပူးဟာ ဒီအတွက်ကြောင့် ပရီးမီးယားလိဂ် မှာ ၁၃ ပွဲဆက် နိုင်ပွဲနဲ့ အတူ နိုင်ပွဲဆက် စံချိန် ရသွားခဲ့ပြီး နိုင်ငံတကာ ပွဲစဉ်တွေ မတိုင်မီ ရာနှုန်းပြည့် နိုင်ပွဲနဲ့ အတူ အမှတ်ပေးဇယား ထိပ်မှာ ရပ်တည် နေပါတယ်။

SM