Klopp

ယာဂန္ကေလာ့ က သူ႕အေနနဲ႕ မုိဟာမက္ဆာလား ကို ဂိုးေရွ႕မွာ တစ္ကိုယ္ေကာင္း သိပ္မဆန္ဖို႕ ေတာင္းဆုိ သြားမွာ မဟုတ္ဘူးလို႕ ဆိုလိုက္ျပီး ဂ်ာမန္ နည္းျပဟာ လီဗာပူး ရဲ႕ တုိက္စစ္ပိုင္းမွာ အက္ကြဲေၾကာင္းေတြ စတင္ ေနျပီ ဆုိတဲ့ ေျပာဆုိမွဳေတြကို ေခါင္းထဲထည့္ထားဟန္ မတူပါဘူး။

 

ဆာဒီယိုမာေနး ဟာ ျပီးခဲ့တဲ့ စေနေန႕က လီဗာပူး အသင္း ဘန္ေလကုိ ၃-၀ နဲ႕ အႏုိင္ ရရွိ ခဲ့တဲ့ ပြဲစဥ္မွာ လူစားလဲခံရျပီးျပီးခ်င္း မွာပဲ ကြင္းေဘးစည္းမွာ ေပါက္ကြဲ ခဲ့ပါတယ္။ ကေလာ့ ကေတာ့ မာေနးဟာ လူစားလဲခံ ရျခင္းေၾကာင့္ ဒီလို ေဒါသထြက္ ခဲ့တာ မဟုတ္ဘူးလို႕ အတည္ျပဳ ခဲ့ျပီး ျဖစ္ႏုိ္င္ေျခ အမ်ားဆံုး ကေတာ့ မာေနးဟာ လူစားလဲျခင္း မခံရမီ ေနရာေကာင္းမွာ ရွိေနတဲ့ သူ႕ကို ေဘာလံုး ေပးပုိ႕ရမယ့္ အစား ကိုယ္တုိင္ ကုိယ္သြင္းဖို႕ အားထုတ္ခဲ့တဲ့ မိုဟာမက္ဆာလားရဲ႕ တစ္ကိုယ္ေကာင္းဆန္မွဳကို ေဒါသထြက္ ေနဟန္ ရွိပါတယ္။

လီဗာပူး နည္းျပ ကုိယ္တုိင္ ကလည္း မာေနးရဲ႕ ျဖစ္ရပ္ မတုိင္မီ ဂိုးသြင္းႏို္င္ဖို႕ ေနရာေကာင္းမွာ ရွိေနတဲ့ ဖာမီႏို ကို ေဘာလံုးေပးရန္ ပ်က္ကြက္ ခဲ့တဲ့ ဆာလား ကို ေဒါသေပါက္ကြဲ ေနခဲ့ပါေသးတယ္။

အဆုိပါ အေျခအေနနဲ႕ ပက္သက္ျပီး ေမးျမန္း ရာမွာေတာ့ ကေလာ့ က “လူတိုင္း လူတိုင္း ေဘာလံုး ေပးပို႕လိုက္သင့္တယ္လို႕ ေတြးခဲ့တဲ့ အေျခအေန ငါးခု ေျခာက္ခုေလာက္မွာ သူဂုိးသြင္း ႏုိင္ခဲ့ပါတယ္။ ဒါ့ေၾကာင့္ ဒါဟာ ကစားသမား တစ္ဦးရဲ႕ လြတ္လပ္ခြင့္ ပါပဲ။ ေဘာလံုး ေပးမလား ၊ မေပးဘူးလား ဆုိတာကို ေကာင္ေလးေတြ ကပဲ ဆံုးျဖတ္ခ်က္ ခ်မွတ္ ရတာပါ။

ဒီလိုလုပ္ရာမွာ အမွားေတြ က်ဴးလြန္ ႏိုင္ပါတယ္။ ေဘာလံုး ဆံုးရွံဳး ႏိုင္သလို ၊ ေဘာလံုး ေခ်ာ္သြားတာတုိ႕ ဒါမွမဟုတ္ တစ္ခါတစ္ရံ ကိုယ့္ရဲ႕ အသင္းေဖာ္ကို မျမင္တာတုိ႕ ျဖစ္ႏုိင္ပါတယ္။ ဒါဟာ သူ႕ကို လ်စ္လ်ဴရွဳ ခဲ့တာေတာ့ မဟုတ္ပါဘူး။ တစ္ခါတစ္ရံ အျပင္ဘက္က ကၽြန္ေတာ္တုိ႕ အတြက္ သူရဲ႕ အသင္းေဖာ္ကို ျမင္ေကာင္း ျမင္ႏုိင္ ေပမယ့္ ဒါေပမယ့္ ကြင္းထဲမွာ မျမင္တာလည္း ရွိပါတယ္။

ဒါဟာ ၾကီးမားတဲ့ စိန္ေခၚမွဳေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ တုိက္စစ္မွဳး တစ္ဦးနဲ႕ တြဲဖက္ ကစားရတဲ့ အခါ ဒါမ်ိဳး ရွိႏုိ္င္တာေတာ့ အမွန္ပါပဲ။ အေျခအေန အရ လုပ္ရတာပါ။ ကၽြန္ေတ္ာတုိ႕ ကေတာ့ ဒီကိစၥကို ၁၀၀% ခ်န္ထား ခဲ့လိုက္ ပါျပီ။ ဘာလို႕လဲ ဆုိေတာ့ ကၽြန္ေတာ္တုိ႕ ၃-၀ နဲ႕ အႏုိင္ ရခဲ့လို႕ ျဖစ္ျပီး အားလံုးဟာ အခုဆုိရင္ ႏုိင္ငံ အသင္း ပြဲေတြ အတြက္ ေနရာစံု ထြက္ခြာရေတာ့ မွာပါ။ ေနာက္တစ္ပတ္ ဆုိရင္ေတာ့ လူေတြ ဒီကိစၥကို ထပ္ေျပာ ၾကလိမ့္မယ္လို႕ ကၽြန္ေတာ္ မထင္ပါဘူး။” လို႕ ဆုိသြား ပါတယ္။

အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ ကလည္း “ဆာဒီယိုမာေနး ရဲ႕ အေျခအေန ေကာင္းပါတယ္။ သူဟာ တကယ္ေကာင္းတဲ့ သူတစ္ဦးပါ။ ဒါဟာ ကြၽန္ေတာ္တို႔ တစ္ဦးနဲ႔ တစ္ဦး တစ္ခ်ိန္လံုး တြန္းအားေပးတဲ့ သေဘာပါပဲ။ ကြၽန္ေတာ္ကေတာ့ ဒါဟာ အေရးႀကီးတယ္လို႔ ထင္ပါတယ္။ ကြၽန္ေတာ္တို႔ အားလံုး တိုးတက္ ခ်င္ၾကပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ဟာ အရမ္းကို ရင္းႏွီးတဲ့ ဆက္ဆံေရး ႐ွိတာေၾကာင့္ ကြၽန္ေတာ္တို႔ ဒီကိစၥကို ေျဖ႐ွင္း ႏိုင္တယ္လို႔ ထင္ပါတယ္။

စစခ်င္း တုန္းကေတာ့ သူ ဘာျဖစ္ေနသလဲ ဆိုတာ ကြၽန္ေတာ္ လံုးဝ နားမလည္ႏိုင္ေအာင္ ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ သူ အဝတ္လဲခန္း အတြင္းကို ဝင္လာခ်ိန္ မွာေတာ့ သူဟာ ရယ္ေမာ ေနၿပီး ဟာသေတြေတာင္ ေျပာေနပါတယ္။ အေရး အႀကီးဆံုး အရာကေတာ့ ကြၽန္ေတာ့္တို႔ ရလဒ္ေကာင္း ရ႐ွိဖို႔ပါ။ ဒါကို ဆာဒီယုိ နားလည္ပါတယ္ ။

ဆာဒီယုိဟာ ဘန္ေလနဲ႔ ပြဲမွာလည္း ေနာက္ထပ္ အေကာင္းဆံုး ေျခစြမ္း ျပခဲ့ ျပန္ပါတယ္။ သူနဲ႔ ေဘာ္ဘီတို႔ဟာ ဒုတိယပုိင္းမွာ ပြဲကို ႀကီးႀကီးမားမား လႊမ္းမိုး ခဲ့ၾကပါတယ္။ သူဟာ ဒီပြဲမွာ အေကာင္းဆံုး ကစား ႏိုင္ခဲ့ပါတယ္။ ကြၽန္ေတာ္ ခုနက ေျပာခဲ့သလိုပဲ..ကြၽန္ေတာ္တို႔ဟာ တစ္ဦးနဲ႔ တစ္ဦး တြန္းအားေပး ခ်င္ၾကပါတယ္။ ကြၽန္ေတာ္တို႔ တစ္ခ်ိန္လံုး တိုးတက္ ခ်င္ၾကပါတယ္။ ကြၽန္ေတာ္ကေတာ့ ဒီလိုမ်ိဳးေတြကို ႀကိဳက္ပါတယ္။ ကြၽန္ေတာ္တို႔ ဒါမ်ိဴး လိုအပ္တယ္လို႔ ထင္ပါတယ္။” လို႔ ေျပာခဲ့ပါတယ္။

SM

Unicode

မာနေး ဒေါသပေါက်ကွဲခဲ့ပေမယ့် ဆာလား ကို သူတောင်းဆို သွားမှာ မဟုတ်တဲ့ အရာကို ပြောပြလိုက်တဲ့ ယာဂန်ကလော့

ယာဂန်ကလော့ က သူ့အနေနဲ့ မိုဟာမက်ဆာလား ကို ဂိုးရှေ့မှာ တစ်ကိုယ်ကောင်း သိပ်မဆန်ဖို့ တောင်းဆို သွားမှာ မဟုတ်ဘူးလို့ ဆိုလိုက်ပြီး ဂျာမန် နည်းပြဟာ လီဗာပူး ရဲ့ တိုက်စစ်ပိုင်းမှာ အက်ကွဲကြောင်းတွေ စတင် နေပြီ ဆိုတဲ့ ပြောဆိုမှုတွေကို ခေါင်းထဲထည့်ထားဟန် မတူပါဘူး။

ဆာဒီယိုမာနေး ဟာ ပြီးခဲ့တဲ့ စနေနေ့က လီဗာပူး အသင်း ဘန်လေကို ၃-၀ နဲ့ အနိုင် ရရှိ ခဲ့တဲ့ ပွဲစဉ်မှာ လူစားလဲခံရပြီးပြီးချင်း မှာပဲ ကွင်းဘေးစည်းမှာ ပေါက်ကွဲ ခဲ့ပါတယ်။ ကလော့ ကတော့ မာနေးဟာ လူစားလဲခံ ရခြင်းကြောင့် ဒီလို ဒေါသထွက် ခဲ့တာ မဟုတ်ဘူးလို့ အတည်ပြု ခဲ့ပြီး ဖြစ်နို်င်ခြေ အများဆုံး ကတော့ မာနေးဟာ လူစားလဲခြင်း မခံရမီ နေရာကောင်းမှာ ရှိနေတဲ့ သူ့ကို ဘောလုံး ပေးပို့ရမယ့် အစား ကိုယ်တိုင် ကိုယ်သွင်းဖို့ အားထုတ်ခဲ့တဲ့ မိုဟာမက်ဆာလားရဲ့ တစ်ကိုယ်ကောင်းဆန်မှုကို ဒေါသထွက် နေဟန် ရှိပါတယ်။

လီဗာပူး နည်းပြ ကိုယ်တိုင် ကလည်း မာနေးရဲ့ ဖြစ်ရပ် မတိုင်မီ ဂိုးသွင်းနို်င်ဖို့ နေရာကောင်းမှာ ရှိနေတဲ့ ဖာမီနို ကို ဘောလုံးပေးရန် ပျက်ကွက် ခဲ့တဲ့ ဆာလား ကို ဒေါသပေါက်ကွဲ နေခဲ့ပါသေးတယ်။

အဆိုပါ အခြေအနေနဲ့ ပက်သက်ပြီး မေးမြန်း ရာမှာတော့ ကလော့ က “လူတိုင်း လူတိုင်း ဘောလုံး ပေးပို့လိုက်သင့်တယ်လို့ တွေးခဲ့တဲ့ အခြေအနေ ငါးခု ခြောက်ခုလောက်မှာ သူဂိုးသွင်း နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ဒါဟာ ကစားသမား တစ်ဦးရဲ့ လွတ်လပ်ခွင့် ပါပဲ။ ဘောလုံး ပေးမလား ၊ မပေးဘူးလား ဆိုတာကို ကောင်လေးတွေ ကပဲ ဆုံးဖြတ်ချက် ချမှတ် ရတာပါ။

ဒီလိုလုပ်ရာမှာ အမှားတွေ ကျူးလွန် နိုင်ပါတယ်။ ဘောလုံး ဆုံးရှုံး နိုင်သလို ၊ ဘောလုံး ချော်သွားတာတို့ ဒါမှမဟုတ် တစ်ခါတစ်ရံ ကိုယ့်ရဲ့ အသင်းဖော်ကို မမြင်တာတို့ ဖြစ်နိုင်ပါတယ်။ ဒါဟာ သူ့ကို လျစ်လျူရှု ခဲ့တာတော့ မဟုတ်ပါဘူး။ တစ်ခါတစ်ရံ အပြင်ဘက်က ကျွန်တော်တို့ အတွက် သူရဲ့ အသင်းဖော်ကို မြင်ကောင်း မြင်နိုင် ပေမယ့် ဒါပေမယ့် ကွင်းထဲမှာ မမြင်တာလည်း ရှိပါတယ်။

ဒါဟာ ကြီးမားတဲ့ စိန်ခေါ်မှုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တိုက်စစ်မှုး တစ်ဦးနဲ့ တွဲဖက် ကစားရတဲ့ အခါ ဒါမျိုး ရှိနို်င်တာတော့ အမှန်ပါပဲ။ အခြေအနေ အရ လုပ်ရတာပါ။ ကျွန်တေ်ာတို့ ကတော့ ဒီကိစ္စကို ၁၀၀% ချန်ထား ခဲ့လိုက် ပါပြီ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ ၃-၀ နဲ့ အနိုင် ရခဲ့လို့ ဖြစ်ပြီး အားလုံးဟာ အခုဆိုရင် နိုင်ငံ အသင်း ပွဲတွေ အတွက် နေရာစုံ ထွက်ခွာရတော့ မှာပါ။ နောက်တစ်ပတ် ဆိုရင်တော့ လူတွေ ဒီကိစ္စကို ထပ်ပြော ကြလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။” လို့ ဆိုသွား ပါတယ်။

အသင်းခေါင်းဆောင် ဟန်ဒါဆန် ကလည်း “ဆာဒီယိုမာနေး ရဲ့ အခြေအနေ ကောင်းပါတယ်။ သူဟာ တကယ်ကောင်းတဲ့ သူတစ်ဦးပါ။ ဒါဟာ ကျွန်တော်တို့ တစ်ဦးနဲ့ တစ်ဦး တစ်ချိန်လုံး တွန်းအားပေးတဲ့ သဘောပါပဲ။ ကျွန်တော်ကတော့ ဒါဟာ အရေးကြီးတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အားလုံး တိုးတက် ချင်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ အရမ်းကို ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတာကြောင့် ကျွန်တော်တို့ ဒီကိစ္စကို ဖြေရှင်း နိုင်တယ်လို့ ထင်ပါတယ်။

စစချင်း တုန်းကတော့ သူ ဘာဖြစ်နေသလဲ ဆိုတာ ကျွန်တော် လုံးဝ နားမလည်နိုင်အောင် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူ အဝတ်လဲခန်း အတွင်းကို ဝင်လာချိန် မှာတော့ သူဟာ ရယ်မော နေပြီး ဟာသတွေတောင် ပြောနေပါတယ်။ အရေး အကြီးဆုံး အရာကတော့ ကျွန်တော့်တို့ ရလဒ်ကောင်း ရရှိဖို့ပါ။ ဒါကို ဆာဒီယို နားလည်ပါတယ် ။

ဆာဒီယိုဟာ ဘန်လေနဲ့ ပွဲမှာလည်း နောက်ထပ် အကောင်းဆုံး ခြေစွမ်း ပြခဲ့ ပြန်ပါတယ်။ သူနဲ့ ဘော်ဘီတို့ဟာ ဒုတိယပိုင်းမှာ ပွဲကို ကြီးကြီးမားမား လွှမ်းမိုး ခဲ့ကြပါတယ်။ သူဟာ ဒီပွဲမှာ အကောင်းဆုံး ကစား နိုင်ခဲ့ပါတယ်။ ကျွန်တော် ခုနက ပြောခဲ့သလိုပဲ..ကျွန်တော်တို့ဟာ တစ်ဦးနဲ့ တစ်ဦး တွန်းအားပေး ချင်ကြပါတယ်။ ကျွန်တော်တို့ တစ်ချိန်လုံး တိုးတက် ချင်ကြပါတယ်။ ကျွန်တော်ကတော့ ဒီလိုမျိုးတွေကို ကြိုက်ပါတယ်။ ကျွန်တော်တို့ ဒါမျိူး လိုအပ်တယ်လို့ ထင်ပါတယ်။” လို့ ပြောခဲ့ပါတယ်။

SM