တနဂၤေႏြ ေန႔ရဲ႕ ေနာက္ဆံုးပရီးမီးယားလိဂ္ ပြဲစဥ္ မွာေတာ့ အာဆင္နယ္နဲ႕ စပါးတို႔ ၂ ဂိုးစီသေရနဲ႔ အမွတ္ခြဲယူသြားခဲ႔ျကပါတယ္။ေျမာက္လန္ဒန္ဒါဘီ တို႕ရဲ႕ ထံုးစံအတိုင္းျပိဳင္ဆိုင္မွဳ ျပင္းထန္ခဲ႔သလို ႏွစ္ဖက္သြင္းဂိုးေတြ နဲ႔ ျမိဳင္ဆိုင္ခဲ႔တဲ႕ ပြဲစဥ္တခုျဖစ္ခဲ႔တာ ျဖစ္ပါတယ္။

ေနာက္ပိုင္း ႏွစ္ေတြ အတြင္း စပါး အသင္းကို အမ္းမရိတ္မွာ ဧည့္ခံကစားရတဲ႔ ပြဲတိုင္း မွာ ရလဒ္ေကာင္းရရွိတတ္တဲ႔ အစဥ္အလာကို အာဆင္နယ္တို႔ ဆက္ထိန္းႏိုင္ခဲ႔တာ ျဖစ္ျပီး ၂ဂိုးအရွံုးအေနအထားက ေန လိုက္လံေခ်ပျပီး ရမွတ္ခြဲယူသြားႏိုင္ခဲ႔တာ ျဖစ္ပါတယ္။ျပီးခဲ႔တဲ႔ အပတ္မွာ ျပိဳင္ဘက္ေတြကို အသီးသီးအေရးနိမ့္ထားခဲ႔တဲ႔ ၂သင္းရဲ႕ ပြဲစဥ္ျဖစ္လို႕ လည္း ၃မွတ္ျပည့္ရေရးအျပိဳင္ျကိုးစားသြားခဲ႔ျကာတာျဖစ္ပါတယ္။

ဧည့္သည္စပါး အသင္း အတြက္ ပထမဦးေဆာင္ဂိုးကို ပြဲအစ ၁၀ မိနစ္ မွာပဲ အဲရစ္ဆင္ကသြင္းယူေပးခဲ့တာျဖစ္ျပီး အာဆင္နယ္ဂိုးသမားလီႏိုရဲ႕ အမွားမကင္းခဲ႔တာလည္းျဖစ္ပါတယ္။ပြဲခ်ိန္ မိနစ္ ၄၀မွာလည္း ရွာကာရဲ႕အမွားေျကာင့္ရခဲ႔တဲ႔ ပင္နယ္တီကေန ဟယ္ရီကိန္းက ဒုတိယဂိုးထပ္မံသြင္းယူေပးခဲ႔ပါတယ္။

ဒါေပမယ့္ ပထမပိုင္းနာက်င္အခ်ိန္ ပိုမွာလာကာဇက္က အာဆင္နယ္ အသင္းအတြက္ ေမွ်ာ္လင့္ခ်က္ေခ်ပဂိုးတ ဂိုးျပန္သြင္းေပးခဲ႕လို႕ ပြဲက ဒုတိယပိုင္းမွာပါ အသက္ဝင္ေနခဲ႔တာျဖစ္ပါတယ္။ဒုတိယပိုင္းမွာ အာဆင္နယ္တို႕ ကစားပံုပိုေကာင္းခဲ႔ေပမယ့္ အူဘာမီယန္ရဲ႕ သြင္းဂိုးတဂိုးသာထပ္ရခဲ႔လို႕ ၂ဂိုးစီသေရနဲ႔ပဲ ပြဲျပီးခဲ႔ရတာျဖစ္ပါတယ္။

အာဆင္နယ္ နည္းျပအမ္မရီဟာဒီပြဲရဲ႕ ပြဲထြက္စာရင္းမွာ ကြင္းလယ္အဖ်က္ ကစားသမားေတြျဖစ္တဲ႔ေတာ္ရဲယား၊ရွာကာ၊ ဂြမ္ဒူဇီ တို႔ကို အျပိဳင္ အသံုးျပဳသြားခဲ႔ လို႕ ပထမပိုင္းအတြင္းဖန္တီးမွဳ အေတာ္ေလးနည္းပါးခဲ႔တာျဖစ္ပါတယ္။ဂြမ္ဒူဇီက ေျခစြမ္းေကာင္းျပသႏိုင္ခဲ႔ေပမယ္႔ ရွာကာ ရဲ႕ ေျခစြမ္းကေတာ့ အေတာ္ေလးကို ဆိုးရြားခဲ႕တာျဖစ္ပါတယ္။

ဒုတိယပိုင္္းမွာ ဆီဘယ္ေလာ့စ္နဲ႔ မစ္ခီတာရန္း တို႔ ဝင္ေရာက္လာခဲ႕လို႔ သာကြင္းလယ္ကေနေဘာလံုးအထြက္မ်ားခဲ႔ျပီး တိုက္စစ္ကစားသမားေတြ အခြင့္အေရးရခဲ႔တာျဖစ္ပါတယ္။လာကာဇက္ဒဏ္ရာေျကာင့္ ထြက္သြားအျပီး အေထာင္တိုက္စစ္ေနရာကိုျပန္ေရာက္လာတဲ႔အူဘာမီယန္က သူ႔ရဲ႕ ေနရာမွန္ကို ေရာက္ေရာက္ခ်င္းမွာပဲ ဂိုးသြင္းႏိုင္ခဲ႔တာလည္းျဖစ္ပါတယ္။

ဒီပြဲမွာ မလိုအပ္ပဲ ျပစ္ဒဏ္က်ဴးလြန္မွဳေတြ မ်ားျပားခဲ႔သလို ဆြန္ေဟာင္မင္ကို တားဆီးပံုျကမ္းတမ္းခဲ့လို႕ ပင္နယ္တီေပးခဲ႕ရတဲ႕ ရွာကာရဲ႕ ကစားပံုအေပၚ အမ္မရီက အျပစ္မတင္ခဲ႔သလို အခ်စ္ဝင္စရာ ေျခစြမ္းေကာင္းေတြ ပါျမင္ခဲ႔ရတယ္လို႕ ကာကြယ္ေျပာဆိုသြားခဲ႔ပါနယ္။ပြဲအျပီးအင္တာဗ်ဴးတခုမွာ အမ္မရီ က —

” မိနစ္ ၉၀ အတြင္း ရွာကာ ကစားသြားခဲ႔တဲ႕ ေျခစြမ္း နဲ႕ ပတ္သက္ျပီး က်ြန္ေတာ္ အမ်ားျကီး ေက်နပ္ ဂုဏ္ယူမိပါတယ္။ အမွား အယြင္းအခ်ိဳ႔ ကေတာ့ ရွိႏိုင္တာျဖစ္ျပီး ပိုျပီး တိုးတက္ ေကာင္းမြန္ လာဖို႕ ဒါေတြကို က်ြန္ေတာ္ အသံုးခ်ခ်င္ပါတယ္။

အသင္းလိုက္ ေျခစြမ္း နဲ႔ ကစားပံုမွာ အေပါင္း လကၡဏာ ေဆာင္တဲ႔ အရာေတြ ပိုျပီး အမ်ားျကီး ရွိထားခဲ႕ပါတယ္။ ရွာကာ အပါအဝင္ တဦးခ်င္းစီတိုင္းရဲ႕ ေျခစြမ္းက လည္း က်ြန္ေတာ့္အတြက္ေတာ့ ေက်နပ္စရာျဖစ္ခဲ႔ ပါတယ္။ပင္နယ္တီ ေပးလိုက္ရတာကေတာ့ အေတာ္ေလးကို စိတ္ပ်က္စရာေကာင္းတဲ႔ လုပ္ရပ္တခုျဖစ္ပါတယ္။

ဒါေပမယ့္ သူဟာ အေတာ္ေလးကို ျကိုးစားခဲ႔ျပီး ေကာင္းေကာင္း ကစားသြားႏိုင္ခဲ႕ပါတယ္။အကယ္၍ သာဒီပြဲကို က်ြန္ေတာ္တို႕ အသင္းအႏိုင္ရခဲ႔ရင္ေတာ့ အမွားေတြ အေျကာင္းကို သိပ္ျပီးေတာင္ ေျပာျဖစ္ျကမွာ မဟုတ္ပါဘူး ” လို႕ ေျပာသြားခဲ႔တာ ျဖစ္ပါတယ္။

အာဆင္နယ္ အသင္းဟာ ပြဲစဥ္ ၄ အျပီးမွာ ရမွတ္ ၇ မွတ္နဲ႔ အဆင့္ ၅ေနရာမွာ ရပ္တည္သြားခဲ႔ျပီး အမွတ္ေပးဇယားထိပ္ဆံုးက လီဗာပူးနဲ႕ ၅မွတ္အထိကြာဟသြားခဲ႔ျပီလည္းျဖစ္ပါတယ္။သူတို႔ဟာႏိုင္ငံတကာပြဲေတြ အျပီး မွာေတာ့ ဝက္ဖိုဒ့္ အသင္းကို အေဝးကြင္းမွာ သြားေရာက္ ရင္ဆိုင္ရမွာျဖစ္ပါတယ္။

SM

Unicode

ကစားပုံဆိုးရွားလွန်းခဲ့သလို စိတ်ပျက်စရာပင်နယ်တီမျိုးကိုခွင့်ပြုခဲ့ရပေမယ့်ရှာကာအပေါ် ကာကွယ်ပြောဆိုခဲ့တဲ့#အူနိူင်းအမ်မရီ
==================================

တနင်္ဂနွေ နေ့ရဲ့ နောက်ဆုံးပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ အာဆင်နယ်နဲ့ စပါးတို့ ၂ ဂိုးစီသရေနဲ့ အမှတ်ခွဲယူသွားခဲ့ကြပါတယ်။မြောက်လန်ဒန်ဒါဘီ တို့ရဲ့ ထုံးစံအတိုင်းပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သလို နှစ်ဖက်သွင်းဂိုးတွေ နဲ့ မြိုင်ဆိုင်ခဲ့တဲ့ ပွဲစဉ်တခုဖြစ်ခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်း နှစ်တွေ အတွင်း စပါး အသင်းကို အမ်းမရိတ်မှာ ဧည့်ခံကစားရတဲ့ ပွဲတိုင်း မှာ ရလဒ်ကောင်းရရှိတတ်တဲ့ အစဉ်အလာကို အာဆင်နယ်တို့ ဆက်ထိန်းနိုင်ခဲ့တာ ဖြစ်ပြီး ၂ဂိုးအရှုံးအနေအထားက နေ လိုက်လံချေပပြီး ရမှတ်ခွဲယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ အပတ်မှာ ပြိုင်ဘက်တွေကို အသီးသီးအရေးနိမ့်ထားခဲ့တဲ့ ၂သင်းရဲ့ ပွဲစဉ်ဖြစ်လို့ လည်း ၃မှတ်ပြည့်ရရေးအပြိုင်ကြိုးစားသွားခဲ့ကြာတာဖြစ်ပါတယ်။

ဧည့်သည်စပါး အသင်း အတွက် ပထမဦးဆောင်ဂိုးကို ပွဲအစ ၁၀ မိနစ် မှာပဲ အဲရစ်ဆင်ကသွင်းယူပေးခဲ့တာဖြစ်ပြီး အာဆင်နယ်ဂိုးသမားလီနိုရဲ့ အမှားမကင်းခဲ့တာလည်းဖြစ်ပါတယ်။ပွဲချိန် မိနစ် ၄၀မှာလည်း ရှာကာရဲ့အမှားကြောင့်ရခဲ့တဲ့ ပင်နယ်တီကနေ ဟယ်ရီကိန်းက ဒုတိယဂိုးထပ်မံသွင်းယူပေးခဲ့ပါတယ်။

ဒါပေမယ့် ပထမပိုင်းနာကျင်အချိန် ပိုမှာလာကာဇက်က အာဆင်နယ် အသင်းအတွက် မျှော်လင့်ချက်ချေပဂိုးတ ဂိုးပြန်သွင်းပေးခဲ့လို့ ပွဲက ဒုတိယပိုင်းမှာပါ အသက်ဝင်နေခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းမှာ အာဆင်နယ်တို့ ကစားပုံပိုကောင်းခဲ့ပေမယ့် အူဘာမီယန်ရဲ့ သွင်းဂိုးတဂိုးသာထပ်ရခဲ့လို့ ၂ဂိုးစီသရေနဲ့ပဲ ပွဲပြီးခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ် နည်းပြအမ်မရီဟာဒီပွဲရဲ့ ပွဲထွက်စာရင်းမှာ ကွင်းလယ်အဖျက် ကစားသမားတွေဖြစ်တဲ့တော်ရဲယား၊ရှာကာ၊ ဂွမ်ဒူဇီ တို့ကို အပြိုင် အသုံးပြုသွားခဲ့ လို့ ပထမပိုင်းအတွင်းဖန်တီးမှု အတော်လေးနည်းပါးခဲ့တာဖြစ်ပါတယ်။ဂွမ်ဒူဇီက ခြေစွမ်းကောင်းပြသနိုင်ခဲ့ပေမယ့် ရှာကာ ရဲ့ ခြေစွမ်းကတော့ အတော်လေးကို ဆိုးရွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင််းမှာ ဆီဘယ်လော့စ်နဲ့ မစ်ခီတာရန်း တို့ ဝင်ရောက်လာခဲ့လို့ သာကွင်းလယ်ကနေဘောလုံးအထွက်များခဲ့ပြီး တိုက်စစ်ကစားသမားတွေ အခွင့်အရေးရခဲ့တာဖြစ်ပါတယ်။လာကာဇက်ဒဏ်ရာကြောင့် ထွက်သွားအပြီး အထောင်တိုက်စစ်နေရာကိုပြန်ရောက်လာတဲ့အူဘာမီယန်က သူ့ရဲ့ နေရာမှန်ကို ရောက်ရောက်ချင်းမှာပဲ ဂိုးသွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီပွဲမှာ မလိုအပ်ပဲ ပြစ်ဒဏ်ကျူးလွန်မှုတွေ များပြားခဲ့သလို ဆွန်ဟောင်မင်ကို တားဆီးပုံကြမ်းတမ်းခဲ့လို့ ပင်နယ်တီပေးခဲ့ရတဲ့ ရှာကာရဲ့ ကစားပုံအပေါ် အမ်မရီက အပြစ်မတင်ခဲ့သလို အချစ်ဝင်စရာ ခြေစွမ်းကောင်းတွေ ပါမြင်ခဲ့ရတယ်လို့ ကာကွယ်ပြောဆိုသွားခဲ့ပါနယ်။ပွဲအပြီးအင်တာဗျူးတခုမှာ အမ်မရီ က —

” မိနစ် ၉၀ အတွင်း ရှာကာ ကစားသွားခဲ့တဲ့ ခြေစွမ်း နဲ့ ပတ်သက်ပြီး ကျွန်တော် အများကြီး ကျေနပ် ဂုဏ်ယူမိပါတယ်။ အမှား အယွင်းအချို့ ကတော့ ရှိနိုင်တာဖြစ်ပြီး ပိုပြီး တိုးတက် ကောင်းမွန် လာဖို့ ဒါတွေကို ကျွန်တော် အသုံးချချင်ပါတယ်။

အသင်းလိုက် ခြေစွမ်း နဲ့ ကစားပုံမှာ အပေါင်း လက္ခဏာ ဆောင်တဲ့ အရာတွေ ပိုပြီး အများကြီး ရှိထားခဲ့ပါတယ်။ ရှာကာ အပါအဝင် တဦးချင်းစီတိုင်းရဲ့ ခြေစွမ်းက လည်း ကျွန်တော့်အတွက်တော့ ကျေနပ်စရာဖြစ်ခဲ့ ပါတယ်။ပင်နယ်တီ ပေးလိုက်ရတာကတော့ အတော်လေးကို စိတ်ပျက်စရာကောင်းတဲ့ လုပ်ရပ်တခုဖြစ်ပါတယ်။

ဒါပေမယ့် သူဟာ အတော်လေးကို ကြိုးစားခဲ့ပြီး ကောင်းကောင်း ကစားသွားနိုင်ခဲ့ပါတယ်။အကယ်၍ သာဒီပွဲကို ကျွန်တော်တို့ အသင်းအနိုင်ရခဲ့ရင်တော့ အမှားတွေ အကြောင်းကို သိပ်ပြီးတောင် ပြောဖြစ်ကြမှာ မဟုတ်ပါဘူး ” လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ ပွဲစဉ် ၄ အပြီးမှာ ရမှတ် ရ မှတ်နဲ့ အဆင့် ၅နေရာမှာ ရပ်တည်သွားခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ၅မှတ်အထိကွာဟသွားခဲ့ပြီလည်းဖြစ်ပါတယ်။သူတို့ဟာနိုင်ငံတကာပွဲတွေ အပြီး မှာတော့ ဝက်ဖိုဒ့် အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာဖြစ်ပါတယ်။

SM