Maguire

ဒီနွေ မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ဆီ ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ ကြေး တစ်ရပ် နဲ့ ရောက်ရှိ လာ ခဲ့တဲ့ ဗဟို နောက်ခံ ကစားသမား ဖြစ်သူ ဟယ်ရီ မက်ဂွားယား က အောင်မြင် မှုတွေ ပြန်လည် ရရှိ နိုင်ဖို့ အသင်း မှာ ဂန္ဓဝင် ကစားသမား ဟောင်း အဲရစ် ကန်တိုနာ လို ဟိတ်ဟန် နဲ့ မာန် အပြည့် ရှိ လှတဲ့ လူစား မျိုး လိုအပ် ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ ပါတယ် ။

ယူနိုက်တက် ပရိသတ် တွေ ကတော့ 1993 ခုနှစ် တုန်းက အသင်း ကို 26 နှစ် အကြာ မှ အမှတ်ပေး ဖလား ပြန်လည် ရရှိ အောင် ဦးဆောင် ကူညီ ပေးထား နိုင် ခဲ့တဲ့ အဲရစ် ကန်တိုနာ အကြောင်း အခု ထက်ထိ ကွင်းထဲ သီးချင်း တွေကို မာန် အပြည့် နဲ့ အော်ဟစ် သီကြွေး နေကြ ဆဲ ပါပဲ ။

ကန်တိုနာ ဟာ ပြီးခဲ့တဲ့ ရက် သတ္တပါတ် ကပဲ UEFA ရဲ့ တစ်နှစ်တာ အကောင်းဆုံး ဆုပေး ပွဲမှာ အထူး ဂုဏ်ပြု ဆု တစ်ခု ကို ရရှိ ထားခဲ့ ပါ သေးတယ် ။ ထို့အတူ ဆောက်သမ်တန် နဲ့ သရေ ရလဒ် ထွက်ပေါ် ခဲ့တဲ့ ပွဲမှာ ယူနိုက်တက် ပရိသတ် တွေက ကန်တိုနာ အကြောင်း အော်ဟစ် သီကြွေး ခဲ့ကြ ပါ သေးတယ် ။

ယူနိုက်တက် ဟာ အဆိုပါ နေ့မှာ ရလဒ် ပိုင်းသာ ဆိုးရွား ခဲ့ ပေမယ့် ကစားသမား သစ်တွေ ဖြစ်ကြ တဲ့ ဂျိမ်းစ် နဲ့ ဘစ်ဆာကာ တို့ အသင်း အတွက် ဆက်လက် ခြေစွမ်း ကောင်း ပြနိုင် ခဲ့ကြ တာကို မြင်တွေ့ ခဲ့ရ ပါ သေးတယ် ။ အခုတော့ ယူနိုက်တက် နောက်ခံလူ မက်ဂွားယား က …

” ဒါဟာ ကျွန်တော် တို့ အနိုင် ရလဒ် နဲ့ ထိုက်တန် ခဲ့တဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ ဖြစ်ခဲ့ ရ ပါတယ် ။ ကျွန်တော် တို့ တွေဟာ အရေး ပါတဲ့ အခွင့် အလမ်း များစွာ ဖန်တီး နိုင်ခဲ့ ကြ ပေမယ့် ရမှတ် 2 မှတ် ဆုံးရှုံး ခဲ့ကြ ပါတယ် ”

” ကျွန်တော် တို့တွေ ဟာ ရာသီ အစ ထဲက ဒီလို ပုံစံ ကြုံတွေ့ နေခဲ့ ကြရ တာပါ ။ ဝုလ်ဗ် နဲ့ ပွဲစဉ် တုန်းက ကျွန်တော် တို့ အနိုင် ရလဒ် နဲ့ ထိုက်တန် ခဲ့ကြ ပြီး ပဲလေ့စ် နဲ့ ပွဲစဉ် မှာတော့ အခွင့် အရေး နှစ်ကြိမ် ပေးခဲ့ရာ ကနေ ကျွန်တော် တို့ အခွင့် အရေး 2 ကြိမ် ကနေ 2 ဂိုး ပေးခဲ့ ရ ပါတယ် ”

” ကျွန်တော် တို့ တွေဟာ ဘောလုံး ကိုင် ကစား ရင်း သေချာ ပေါက် ဆက်လက် တိုးတက် နိုင်ပါ သေးတယ် ။ ဒါပေမယ့် ကျွန်တော် တို့ တွေဟာ ဘောလုံး ကို မလိုအပ် ပဲ လူပေး မှားခဲ့ တာတွေ များခဲ့ ရ ပါတယ် ။ ကျွန်တော် တို့ဟာ ဘောလုံး ကိုင် ကစား တဲ့ အခါ မှာ မာန် အပြည့် ၊ ယုံကြည် မှု အပြည့် နဲ့ ဆက်လက် ကစား ရင်း ဒီထက် တိုးတက် နိုင်ကြ ပါ သေးတယ် ”

” ကျွန်တော် တို့က မန်ချက်စတာ ယူနိုက်တက် ပါ ။ ကျွန်တော် တို့ တွေဟာ ပွဲစဉ် ကို ထိန်းချုပ် လိုကြ ပါတယ် ။ ပွဲစဉ် အတွင်း ကျွန်တော် တို့ ထိန်းချုပ် နိုင်မှု ကင်းမဲ့ ခဲ့တဲ့ အချိန် တွေ ရှိခဲ့ ကြ ပါတယ် ။ ကျွန်တော် တို့ အဲ့ဒီ ကနေ ဒဏ်ခတ် ခံလိုက် ရတာ ပါပဲ ” လို့ မက်ဂွားယား က ပြောကြား သွားခဲ့ ပါတယ် ။

ပြိုင်ဖက် အသင်း မှ နောက်ခံလူ ဒန်ဆို ထုတ်ပယ် ခံခဲ့ ရတဲ့ အချိန် ယူနိုက်တက် ရဲ့ ကစား အား ကောင်းမွန် တိုးတက် လာခဲ့ပြီး ပြိုင်ဖက် ကို ဖိ ကစား နိုင်ခဲ့ ပါ သေးတယ် ။ ဒါပေမယ့် နိုင်ပွဲ ကိုတော့ မရယူ နိုင်ခဲ့ ပါဘူး ။ အခုတော့ မက်ဂွားယား က အသင်း အနေ နဲ့ တစ်ပွဲ လုံး အဲ့ဒီလို ကစား ရမှာ ဖြစ်ကြောင်း ပြောသွား ခဲ့လိုက် ပါတယ် ။

” ကျွန်တော် တို့ တွေဟာ ပွဲစဉ် တစ်လျောက် အဲ့ဒီလို ပုံစံ နဲ့ပဲ ကစား သွား ကြရ မှာပါ ။ ပြိုင်ဖက် အသင်း ဖက်မှ ကစားသမား တစ်ယောက် လျော့နည်း သွားတဲ့ အချိန် မှာ အသင်း သား တွေဟာ ယုံကြည် မှု အပြည့် နဲ့ ကစား ခဲ့ ကြတာ ကို ကျွန်တော် တို့ မြင်တွေ့ ခဲ့ရ ပါ သေးတယ် ”

” သူတို့ တွေဟာ ဘောလုံး ပိုင်ဆိုင် မှု အပြည့် အဝ ရယူ ရင်း ယုံကြည် မှု အပြည့် နဲ့ ကစား လို ကြတာ ကို မြင်တွေ့ ခဲ့ရ ပါတယ် ။ အသင်းသား တိုင်းက အခွင့် အရေး တွေ ဖန်တီး လိုခဲ့ ကြ ပါတယ် ။ အဲ့ဒီ 15 မိနစ် အတွင်း ဂိုး ရရှိ နိုင်ဖို့ ကျွန်တော် တို့ တွေဟာ လုံလောက် တဲ့ ကစားအား ကို ပြသ ခဲ့ကြ ပါတယ် ”

” ကျွန်တော် တို့ အဆုံးသတ် တွေ ပိုမို သေချာ ဖို့ လိုအပ် ခဲ့ကြ ပါတယ် ။ ကျွန်တော် တို့ ဖြတ်တင်ဘော တွေ များစွာ လုပ်နိုင် ခဲ့ကြ သလို ပြိုင်ဖက် ဧရိယာ အတွင်း ဂိုးတွေ များစွာ ရခဲ့ ကြပါ သေးတယ် ။ အဲ့တာ ကို အဆုံးသတ် နိုင်ဖို့ ပဲ လိုအပ် ခဲ့တာ ပါ ။ ကျွန်တော် တို့ အခု ဆက်လက် တိုးတက် ဖို့ အလုပ် ကြိုးစား နေကြ ပါတယ် ” လို့ မက်ဂွားယား က ပြောကြား သွားခဲ့ ပါတယ် ။

#Sports_Myanmar