အာဆင္နယ္ အသင္းရဲ့ လူငယ္ ကြင္းလယ္လူ ဂြမ္ဒူဇီဟာ မေန႔ညက ကစားခဲ့တဲ့ ေျမာက္လန္ဒန္ဒါဘီပြဲမွာ အေကာင္းဆုံး ကစားသမား ျဖစ္ခဲ့ၿပီး တစ္ပြဲလုံး ေနရာစုံ ေရြ႕လ်ားကစားသြားသလို ေဘာလုံးလည္း ေကာင္းေကာင္းကိုင္ကစားျပခဲ့ပါတယ္။ ဒါ့အျပင္ ဂြမ္ဒူဇီဟာ အူဘာမီယန္းရဲ့ သြင္းဂိုးကိုလည္း ဖန္တီးေပးနိုင္ခဲ့သလို လာကာဇက္ရဲ့ သြင္းဂိုးကလည္း သူ႔ရဲ့ ၾကားျဖတ္ရယူမွုကေန စတင္ခဲ့တာပါ။

အသက္ ၂၀ အရြယ္ ရွိၿပီျဖစ္တဲ့ ဂြမ္ဒူဇီဟာ ၿပီးခဲ့တဲ့ ရာသီကမွ ေလာ္ရီယန႔္ အသင္းကေန အာဆင္နယ္ အသင္းကို ေျပာင္းေရႊ႕ေရာက္ရွိလာသူပါ။ဂြမ္ဒူဇီ ဟာ အာဆင္နယ္ အသင္းအတြက္ ၿပိဳင္ပြဲစုံ ၅၂ ပြဲ ကစားခြင့္ ရထားသလို ဒီရာသီမွာလည္း အဖြင့္ပြဲစဥ္ ေလးပြဲဆက္ ပြဲခ်ိန္ျပည့္ ပါဝင္ ကစားခြင့္ ရထားပါတယ္။

မေန႔ညမွာေတာ့ ဂြမ္ဒူဇီရဲ့ အေကာင္းမြန္ဆုံး ​​ေျခစြမ္းေတြ ျမင္ေတြ႕ခဲ့ရပါတယ္ ။အာဆင္နယ္ နည္းၿပ အမ္မရီ နဲ႔ ယူနိုက္တက္ နည္းျပေဟာင္း ေမာ္ရင္ဟို တို႔ကေတာ့ အရည္အေသြးေကာင္းေတြ ရွိတဲ့ လူငယ္ ၾကယ္ပြင့္ တစ္ဦးလို႔ ခ်ီးက်ဴး သြားခဲ့ၿပီး ပိုမို တိုးတက္ေကာင္းမြန္လာေအာင္ ျပင္ဆင္ဖို႔ လိုအပ္ေနတဲ့ အရာေတြကို ေထာက္ျပသြားခဲ့ပါတယ္။

အမ္မရီ က ပြဲအၿပီး သတင္းစာ ရွင္းလင္းပြဲမွာ ဂြမ္ဒူဇီရဲ့ ေျခစြမ္းနဲ႔ ပတ္သက္ၿပီး ” သူ(ဂြမ္ဒူဇီ)က အရမ္းအသက္ငယ္ပါေသးတယ္။ဒါေပမယ့္ တိုးတက္မွုကေတာ့ အံ့မခန္းပါပဲ၊ကိိုယ့္ကိုယ္ကို ယုံၾကည္မွု ပိုျမင့္လာသလို ပရီးမီးယားလိဂ္ အေၾကာင္းလည္း အထာနပ္လာပါၿပီ။ဒီရာသီမွာ နည္းစနစ္ပိုင္းအရ ေဘာလုံးကိုင္ကစားတာေကာ အသင္းနဲ႔ ခ်ိတ္ဆက္ကစားတာေကာ ပိုေကာင္းလာပါတယ္။”

” ဒါေပမယ့္ သူ႔အေနနဲ႔ ခံစစ္ကို ကူတဲ့ အပိုင္းမွာ ပိုေကာင္းေအာင္ လုပ္ဖို႔ လိုအပ္ေနေသးသလို ပရီးမီးယားလိဂ္လို ႀကံ့ခိုင္မွု အားျပဳတဲ့လိဂ္မွာ ခႏၶာကိုယ္ ႀကံ့ခိုင္ ေတာင့္တင္းလာဖို႔ အတြက္လည္း ေလ့က်င့္ လုပ္ေဆာင္ ရပါဦးမယ္။သူက အရမ္းလိုခ်င္စိတ္ ရွိတဲ့ ကစားသမား တစ္ဦးပါ။သူ တစ္ပြဲေလာက္ ေျခစြမ္းပိုင္း က်ဆင္းသြားခဲ့ရင္ေတာင္ ပိုမိုေကာင္းမြန္လာတဲ့ ပုံစံနဲ႔ ျပန္လာနိုင္ေအာင္ က်ေနာ့္ဘက္ကကူညီေပးသြားမွာပါ။” လို႔ ဆိုပါတယ္။

ဒါ့အျပင္ ယူနိုက္တက္ နဲ႔ ခ်ဲလ္ဆီး နည္းျပေဟာင္း ေမာ္ရင္ဟို ကလည္း ဂြမ္ဒူဇီရဲ့ ေျခစြမ္းကို ” တစ္ခါတစ္ေလမွာ က်ေနာ္က ေဘာလုံးပြဲေတြကို ေဝဖန္ သုံးသပ္ခ်င္တဲ့စိတ္နဲ႔ ၾကည့္ပါတယ္။ဒါကလည္း သူတို႔ ပိုေကာင္းေစခ်င္တဲ့ စိတ္ဆႏၵ နဲ႔ပါ။နည္းၿပ တစ္ေယာက္ အျမင္နဲ႔ ေျပာရမယ္ဆိုရင္ ဂြမ္ဒူဇီရဲ့ ကစားပုံက ရိုးရွင္းပါတယ္၊ေဘာလုံးကို ပတ္ပတ္လည္ ေပးပို႔ေနတာပါပဲ။”

Guan dozi

” သူ႔အေနဲ႔ အဲ့လို ေပးေနမယ့္ အစား ေရွ႕တန္းကို ေဘာလုံး ေပးပို႔ သင့္ပါတယ္။သူ႔ရဲ့ ကစားပုံကဘေဘာလုံး လက္ခံမယ္ ၊ၿပီးရင္ ေဘးနားက အသင္းေဖာ္ကို ေဘာလုံးေပးမယ္။ဒီေန႔ ေျခစြမ္းကေတာ့ အရမ္းေကာင္းပါတယ္။သူ႔ရဲ့ ကစားနိုင္စြမ္းကို ျပသသြားခဲ့တာပါ။သူ႔မွာ အရည္အေသြးေကာင္းေတြရွိပါတယ္။အူဘာမီယန္း ေျပးထြက္သြားတဲ့ ေဘာလုံးဆို သူ႔ေဘာလုံး ေပးလိုက္တာ သိပ္ေကာင္းပါတယ္။” လို႔ ေျပာၾကား သြားခဲ့ပါတယ္။

SPORTS MYANMAR

Unicode

လန်ဒန်ဒါဘီမှာ ခြေစွမ်းပြခဲ့တဲ့ ဂွမ်ဒူဇီကို ချီးကျူးလိုက်ပေမယ့် လိုအပ်ချက်တွေကို ဝေဖန် ထောက်ပြလိုက်ကြတဲ့ အမ်မရီ နဲ့ မော်ရင်ဟို
=================================

အာဆင်နယ် အသင်းရဲ့ လူငယ် ကွင်းလယ်လူ ဂွမ်ဒူဇီဟာ မနေ့ညက ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲမှာ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပြီး တစ်ပွဲလုံး နေရာစုံ ရွေ့လျားကစားသွားသလို ဘောလုံးလည်း ကောင်းကောင်းကိုင်ကစားပြခဲ့ပါတယ်။ ဒါ့အပြင် ဂွမ်ဒူဇီဟာ အူဘာမီယန်းရဲ့ သွင်းဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့သလို လာကာဇက်ရဲ့ သွင်းဂိုးကလည်း သူ့ရဲ့ ကြားဖြတ်ရယူမှုကနေ စတင်ခဲ့တာပါ။

အသက် ၂၀ အရွယ် ရှိပြီဖြစ်တဲ့ ဂွမ်ဒူဇီဟာ ပြီးခဲ့တဲ့ ရာသီကမှ လော်ရီယန့် အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ရောက်ရှိလာသူပါ။ဂွမ်ဒူဇီ ဟာ အာဆင်နယ် အသင်းအတွက် ပြိုင်ပွဲစုံ ၅၂ ပွဲ ကစားခွင့် ရထားသလို ဒီရာသီမှာလည်း အဖွင့်ပွဲစဥ် လေးပွဲဆက် ပွဲချိန်ပြည့် ပါဝင် ကစားခွင့် ရထားပါတယ်။

မနေ့ညမှာတော့ ဂွမ်ဒူဇီရဲ့ အကောင်းမွန်ဆုံး ​​ခြေစွမ်းတွေ မြင်တွေ့ခဲ့ရပါတယ် ။အာဆင်နယ် နည်းပြ အမ်မရီ နဲ့ ယူနိုက်တက် နည်းပြဟောင်း မော်ရင်ဟို တို့ကတော့ အရည်အသွေးကောင်းတွေ ရှိတဲ့ လူငယ် ကြယ်ပွင့် တစ်ဦးလို့ ချီးကျူး သွားခဲ့ပြီး ပိုမို တိုးတက်ကောင်းမွန်လာအောင် ပြင်ဆင်ဖို့ လိုအပ်နေတဲ့ အရာတွေကို ထောက်ပြသွားခဲ့ပါတယ်။

အမ်မရီ က ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဂွမ်ဒူဇီရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး ” သူ(ဂွမ်ဒူဇီ)က အရမ်းအသက်ငယ်ပါသေးတယ်။ဒါပေမယ့် တိုးတက်မှုကတော့ အံ့မခန်းပါပဲ၊ကိိုယ့်ကိုယ်ကို ယုံကြည်မှု ပိုမြင့်လာသလို ပရီးမီးယားလိဂ် အကြောင်းလည်း အထာနပ်လာပါပြီ။ဒီရာသီမှာ နည်းစနစ်ပိုင်းအရ ဘောလုံးကိုင်ကစားတာကော အသင်းနဲ့ ချိတ်ဆက်ကစားတာကော ပိုကောင်းလာပါတယ်။”

” ဒါပေမယ့် သူ့အနေနဲ့ ခံစစ်ကို ကူတဲ့ အပိုင်းမှာ ပိုကောင်းအောင် လုပ်ဖို့ လိုအပ်နေသေးသလို ပရီးမီးယားလိဂ်လို ကြံ့ခိုင်မှု အားပြုတဲ့လိဂ်မှာ ခန္ဓာကိုယ် ကြံ့ခိုင် တောင့်တင်းလာဖို့ အတွက်လည်း လေ့ကျင့် လုပ်ဆောင် ရပါဦးမယ်။သူက အရမ်းလိုချင်စိတ် ရှိတဲ့ ကစားသမား တစ်ဦးပါ။သူ တစ်ပွဲလောက် ခြေစွမ်းပိုင်း ကျဆင်းသွားခဲ့ရင်တောင် ပိုမိုကောင်းမွန်လာတဲ့ ပုံစံနဲ့ ပြန်လာနိုင်အောင် ကျနော့်ဘက်ကကူညီပေးသွားမှာပါ။” လို့ ဆိုပါတယ်။

ဒါ့အပြင် ယူနိုက်တက် နဲ့ ချဲလ်ဆီး နည်းပြဟောင်း မော်ရင်ဟို ကလည်း ဂွမ်ဒူဇီရဲ့ ခြေစွမ်းကို ” တစ်ခါတစ်လေမှာ ကျနော်က ဘောလုံးပွဲတွေကို ဝေဖန် သုံးသပ်ချင်တဲ့စိတ်နဲ့ ကြည့်ပါတယ်။ဒါကလည်း သူတို့ ပိုကောင်းစေချင်တဲ့ စိတ်ဆန္ဒ နဲ့ပါ။နည်းပြ တစ်ယောက် အမြင်နဲ့ ပြောရမယ်ဆိုရင် ဂွမ်ဒူဇီရဲ့ ကစားပုံက ရိုးရှင်းပါတယ်၊ဘောလုံးကို ပတ်ပတ်လည် ပေးပို့နေတာပါပဲ။”

” သူ့အနေဲ့ အဲ့လို ပေးနေမယ့် အစား ရှေ့တန်းကို ဘောလုံး ပေးပို့ သင့်ပါတယ်။သူ့ရဲ့ ကစားပုံကဘဘောလုံး လက်ခံမယ် ၊ပြီးရင် ဘေးနားက အသင်းဖော်ကို ဘောလုံးပေးမယ်။ဒီနေ့ ခြေစွမ်းကတော့ အရမ်းကောင်းပါတယ်။သူ့ရဲ့ ကစားနိုင်စွမ်းကို ပြသသွားခဲ့တာပါ။သူ့မှာ အရည်အသွေးကောင်းတွေရှိပါတယ်။အူဘာမီယန်း ပြေးထွက်သွားတဲ့ ဘောလုံးဆို သူ့ဘောလုံး ပေးလိုက်တာ သိပ်ကောင်းပါတယ်။” လို့ ပြောကြား သွားခဲ့ပါတယ်။

SPORTS MYANMAR