ဘန္ေလ ကို 3 – 0 ဆုိတဲ့ ရလဒ္ နဲ့ ကစား ခဲ့တဲ့ ပြဲစဥ္ အတြင္း အသင္း အတြက္ တတိယ ေျမာက္ ဦးေဆာင္ ဂိုးကို သြင္းယူ ေပးနုိင္ ခဲ့တဲ့ လီဗာပူး အသင္း ရဲ့ တုိက္စစ္မွဴး ေရာဘတ္တုိ ဖာမီနုိ ဟာ ပရီးမီးယား လိဂ္ သမိုင္း တစ္ေလ်ာက္ ဂိုး 50 အထိ သြင္းယူ ေပးနိုင္ ခဲ့တဲ့ ပထမဆံုး ဘရာဇီးသား အျဖစ္ မွတ္တမ္း ေကာင္း တစ္ရပ္ စိုက္ထူ သြားနုိင္ ခဲ့ ပါတယ္ ။

အဆုိပါ ပြဲစဥ္ မွာေတာ့ လီဗာပူး အတြက္ သြင္းဂိုး ေတြကို ခရစ္ ဝုဒ္ ( OG ) ၊ မာေနး နဲ့ ဖာမီနုိ တုိ႔က သြင္းယူ ေပးသြား ခဲ့ၾက ပါတယ္ ။ ဖာမီနုိ ကေတာ့ အသင္းေဖာ္ မာေနး ရဲ့ ဂိုး ကိုပါ ဖန္တီး ေပးနိုင္ ခဲ့တဲ့ အတြက္ 1 ဂိုးသြင္း ၊ 1 ဂို ဖန္တီး ဆုိတဲ့ မွတ္တမ္း နဲ့ ပြဲစဥ္ ရဲ့ အေကာင္းဆံုး ကစားသမား ျဖစ္ခဲ့ ရ ပါတယ္ ။

အခုေတာ့ အသက္ 27 ႏွစ္ ရွိျပီ ျဖစ္တဲ့ လီဗာပူး တုိက္စစ္မွဴး ဟာ ပရီးမီးယား လိဂ္ ပြဲစဥ္ 141 ပြဲ အထိ ကစား ေပးနုိင္ ခဲ့တဲ့ ေနာက္ သြင္းဂိုး 50 အထိ သြင္းယူ ေပးသြား နုိင္ခဲ့ ပါျပီ ။ ထို့ အတူ သူ့ရဲ့ ပ်မ္းမ်ွ သြင္းဂိုး ကေတာ့ တစ္ပြဲ 0.35 ဂိုး အထိ ရွိခဲ့ ရ ပါတယ္ ။

ဖာမီနုိ ဟာ အသင္း အတြက္ 2019 – 20 ေဘာလံုး ရာသီ အတြင္း 4 ပြဲ ကစား ေပးထား ခဲ့တဲ့ ေနာက္ 2 ဂိုး သြင္းယူ ခဲ့ျပီး ဘရာဇီးသား နာမည္ ေက်ာ္ ကစားသမား အခ်ိဳ့ ကို ေက်ာ္ျဖတ္ ခဲ့ကာ အခုလို မွတ္တမ္း ေကာင္း တစ္ရပ္ ပိုင္ဆုိင္ သြားနုိင္ ခဲ့တာ ပဲ ျဖစ္ပါတယ္ ။

အဆုိပါ စာရင္း ရဲ့ ဒုတိယ ေနရာ မွာေတာ့ လီဗာပူး အသင္း အတြက္ 2013 မွ 2018 အထိ ကစား ေပးထား ခဲ့တဲ့ ကြင္းလယ္ ကစားသမား ေဟာင္း ဖိလစ္ပီ ေကာ္တင္ဟို က သြင္းဂိုး 41 နဲ့ ရပ္တည္ ေနခဲ့ ပါတယ္ ။

 

2017 ဇန္နဝါရီ တုန္းက ပါမီးရက္စ္ အသင္း မွ မန္စီးတီး အသင္း ဆီ ေျပာင္းေရႊ့ လာခဲ့တဲ့ တုိက္စစ္မွဴး ေလး ဂါဘရီယယ္ ဂ်ီးဆပ္ ကေတာ့ အသင္း အတြက္ ပြဲ 70 ကစား ေပးခဲ့ ျပီးေနာက္ 28 ဂိုး အထိ သြင္းယူ ရင္း အဆင့္ 4 ေနရာ မွာ ရပ္တည္ နုိင္ခဲ့ ပါတယ္ ။

လီဗာပူး ကစားသမား ( ေဟာင္း ) ေတြ ဦးေဆာင္ ေနတဲ့ ပရီးမီးယား လိဂ္ ျပိဳင္ပြဲ မွာ ဂိုး အမ်ားဆံုး သြင္းယူ ထားနုိင္ ခဲ့ ၾကတဲ့ ဘရာဇီးသား ကစားသမား 10 ေယာက္ ကို ေဖာ္ျပ ေပးလိုက္ ပါတယ္ ။

ေရာဘတ္တုိ ဖာမီနုိ ( 50 ဂိုး )
ဖိလစ္ပီ ေကာ္တင္ဟို ( 41 ဂိုး )
ဂ်ဴနင္ဟို ေပၚလစၥတာ ( 29 ဂိုး )
ဝီလီယံ ( 28 ဂိုး )
ဂါဘရီယယ္ ဂ်ီးဆပ္ ( 28 ဂိုး )
ေအာ္စကာ ( 21 ဂိုး )
ရီခ်ာလီဆင္ ( 18 ဂိုး )
ဖာနန္ဒင္ဟို ( 18 ဂိုး )
ရာမီးရက္စ္ ( 17 ဂိုး )
ဂီလ္ဘာတုိ ေဆးလ္ဗား ( 17 ဂိုး )

မစ္ဒယ္ဘေရာ့ အသင္း ရဲ့ ကစားသမား ေဟာင္း တစ္ဦး ျဖစ္တဲ့ ဂ်ဴနင္ဟို ေပၚလစၥတာ ကေတာ့ အသင္း အတြက္ ကစားေပး ခဲ့တဲ့ 2 နွစ္တာ ကာလ အတြင္း 29 ဂိုး အထိ သြင္းယူ ေပးရင္း တတိယ ေနရာ မွာ ရွိေန ခဲ့ ပါတယ္ ။ အဆုိပါ ထိပ္သီး 10 ေယာက္ စာရင္း မွာေတာ့ ခ်ဲလ္ဆီး အသင္း ရဲ့ ကစားသမား ( ေဟာင္း ) 3 ဦး အထိ ပါဝင္ ခဲ့ျပီး အသင္း တစ္သင္း ထဲမွ အမ်ားဆံုး ျဖစ္ခဲ့ ၾက ပါတယ္ ။

#Sports_Myanmar

Unicode

စံချိန်သစ် တစ်ခုနဲ့ အတူ ဖာမီနို ဦးဆောင် နေတဲ့ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်း အများဆုံး ဘရာဇီးသား 10 ဦး

===============

ဘန်လေ ကို 3 – 0 ဆိုတဲ့ ရလဒ် နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် အတွင်း အသင်း အတွက် တတိယ မြောက် ဦးဆောင် ဂိုးကို သွင်းယူ ပေးနိုင် ခဲ့တဲ့ လီဗာပူး အသင်း ရဲ့ တိုက်စစ်မှူး ရောဘတ်တို ဖာမီနို ဟာ ပရီးမီးယား လိဂ် သမိုင်း တစ်လျောက် ဂိုး 50 အထိ သွင်းယူ ပေးနိုင် ခဲ့တဲ့ ပထမဆုံး ဘရာဇီးသား အဖြစ် မှတ်တမ်း ကောင်း တစ်ရပ် စိုက်ထူ သွားနိုင် ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ လီဗာပူး အတွက် သွင်းဂိုး တွေကို ခရစ် ဝုဒ် ( OG ) ၊ မာနေး နဲ့ ဖာမီနို တို့က သွင်းယူ ပေးသွား ခဲ့ကြ ပါတယ် ။ ဖာမီနို ကတော့ အသင်းဖော် မာနေး ရဲ့ ဂိုး ကိုပါ ဖန်တီး ပေးနိုင် ခဲ့တဲ့ အတွက် 1 ဂိုးသွင်း ၊ 1 ဂို ဖန်တီး ဆိုတဲ့ မှတ်တမ်း နဲ့ ပွဲစဉ် ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ ရ ပါတယ် ။

အခုတော့ အသက် 27 နှစ် ရှိပြီ ဖြစ်တဲ့ လီဗာပူး တိုက်စစ်မှူး ဟာ ပရီးမီးယား လိဂ် ပွဲစဉ် 141 ပွဲ အထိ ကစား ပေးနိုင် ခဲ့တဲ့ နောက် သွင်းဂိုး 50 အထိ သွင်းယူ ပေးသွား နိုင်ခဲ့ ပါပြီ ။ ထို့ အတူ သူ့ရဲ့ ပျမ်းမျှ သွင်းဂိုး ကတော့ တစ်ပွဲ 0.35 ဂိုး အထိ ရှိခဲ့ ရ ပါတယ် ။

ဖာမီနို ဟာ အသင်း အတွက် 2019 – 20 ဘောလုံး ရာသီ အတွင်း 4 ပွဲ ကစား ပေးထား ခဲ့တဲ့ နောက် 2 ဂိုး သွင်းယူ ခဲ့ပြီး ဘရာဇီးသား နာမည် ကျော် ကစားသမား အချို့ ကို ကျော်ဖြတ် ခဲ့ကာ အခုလို မှတ်တမ်း ကောင်း တစ်ရပ် ပိုင်ဆိုင် သွားနိုင် ခဲ့တာ ပဲ ဖြစ်ပါတယ် ။

အဆိုပါ စာရင်း ရဲ့ ဒုတိယ နေရာ မှာတော့ လီဗာပူး အသင်း အတွက် 2013 မှ 2018 အထိ ကစား ပေးထား ခဲ့တဲ့ ကွင်းလယ် ကစားသမား ဟောင်း ဖိလစ်ပီ ကော်တင်ဟို က သွင်းဂိုး 41 နဲ့ ရပ်တည် နေခဲ့ ပါတယ် ။

2017 ဇန်နဝါရီ တုန်းက ပါမီးရက်စ် အသင်း မှ မန်စီးတီး အသင်း ဆီ ပြောင်းရွှေ့ လာခဲ့တဲ့ တိုက်စစ်မှူး လေး ဂါဘရီယယ် ဂျီးဆပ် ကတော့ အသင်း အတွက် ပွဲ 70 ကစား ပေးခဲ့ ပြီးနောက် 28 ဂိုး အထိ သွင်းယူ ရင်း အဆင့် 4 နေရာ မှာ ရပ်တည် နိုင်ခဲ့ ပါတယ် ။

လီဗာပူး ကစားသမား ( ဟောင်း ) တွေ ဦးဆောင် နေတဲ့ ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာ ဂိုး အများဆုံး သွင်းယူ ထားနိုင် ခဲ့ ကြတဲ့ ဘရာဇီးသား ကစားသမား 10 ယောက် ကို ဖော်ပြ ပေးလိုက် ပါတယ် ။

ရောဘတ်တို ဖာမီနို ( 50 ဂိုး )
ဖိလစ်ပီ ကော်တင်ဟို ( 41 ဂိုး )
ဂျူနင်ဟို ပေါ်လစ္စတာ ( 29 ဂိုး )
ဝီလီယံ ( 28 ဂိုး )
ဂါဘရီယယ် ဂျီးဆပ် ( 28 ဂိုး )
အော်စကာ ( 21 ဂိုး )
ရီချာလီဆင် ( 18 ဂိုး )
ဖာနန်ဒင်ဟို ( 18 ဂိုး )
ရာမီးရက်စ် ( 17 ဂိုး )
ဂီလ်ဘာတို ဆေးလ်ဗား ( 17 ဂိုး )

မစ်ဒယ်ဘရော့ အသင်း ရဲ့ ကစားသမား ဟောင်း တစ်ဦး ဖြစ်တဲ့ ဂျူနင်ဟို ပေါ်လစ္စတာ ကတော့ အသင်း အတွက် ကစားပေး ခဲ့တဲ့ 2 နှစ်တာ ကာလ အတွင်း 29 ဂိုး အထိ သွင်းယူ ပေးရင်း တတိယ နေရာ မှာ ရှိနေ ခဲ့ ပါတယ် ။ အဆိုပါ ထိပ်သီး 10 ယောက် စာရင်း မှာတော့ ချဲလ်ဆီး အသင်း ရဲ့ ကစားသမား ( ဟောင်း ) 3 ဦး အထိ ပါဝင် ခဲ့ပြီး အသင်း တစ်သင်း ထဲမှ အများဆုံး ဖြစ်ခဲ့ ကြ ပါတယ် ။

#Sports_Myanmar