Lukaku

ဒီေႏြ အတြင္း မန္ခ်က္စတာ ယူနုိက္တက္ မွ အင္တာ မီလန္ အသင္း ဆီ ေျပာင္းေရႊ႔ ခဲ့တဲ့ တုိက္စစ္ ကစားသမား သစ္ ရိုမီလူ လူကာကူ ကေတာ့ အသင္း သစ္ အတြက္ ပြဲထြက္ ကစား ေပး ခဲ့တဲ့ ဒုတိယ ေျမာက္ ပြဲစဥ္ မွာပဲ လူမ်ိဳးေရး ခြဲျခား ခံလိုက္ ရပါျပီ ။

Lukaku

အင္တာ မီလန္ အသင္း ဟာ မေန့ ညက ကတ္ဂလီယာရီ အသင္း နဲ့ စီးရီးေအ ပြဲစဥ္ 2 အျဖစ္ ကစား ခဲ့ ရျပီး ပြဲခ်ိန္ မိနစ္ 70 ေက်ာ္ အထိ တစ္ဖက္ တစ္ဂိုး စီ သေရ ရလဒ္ ထြက္ေပၚ ခဲ့ ပါတယ္ ။ အဲ့ဒီ အခ်ိန္ အင္တာ မီလန္ အသင္း မွ ဆန္စီ ဟာ ဂိုး ဧရိယာ မွာ ပစ္ဒဏ္ က်ဴးလြန္ ခံခဲ့ ရတဲ့ အတြက္ ဧည့္သည္ အသင္း မွ ပင္နယ္တီ ရရွိ ခဲ့ၾက ပါတယ္ ။

အဆုိပါ ပင္နယ္တီ ကို လူကာကူ မွ ကန္သြင္း ဖုိ႔ လုပ္ေဆာင္ ခဲ့ရာ ပင္နယ္တီ မကန္ခင္ ကတ္ဂလီယာရီ ဖက္မွ ပရိသတ္ ေတြက ကစားသမား ျဖစ္သူ အာရံု ေထြျပား သြားဖုိ႔ အတြက္ ကြင္း အတြက္ ‘ ေမ်ာက္ ‘ ဆုိတဲ့ အသံုး အႏွဳန္း ကို သံုးစြဲ ျပီး လူကာကူ ကို ဆြခဲ့ ၾက ပါတယ္ ။

လူကာကူ ကလည္း ပင္နယ္တီ ကို ခ်က္ခ်င္း မကန္ခဲ့ ေသးပဲ ပရိသတ္ ေတြ ဖက္ကို တစ္ခ်က္ စိုက္ၾကည့္ ခဲ့ျပီး ေနာက္ သူ့ အလုပ္ ကို ဆက္လုပ္ ခဲ့ကာ ပင္နယ္တီ ဂိုး ရရွိ ေအာင္ ကန္သြင္း သြားနုိင္ ခဲ့ ပါတယ္ ။ ထို့အတူ အင္တာ မီလန္ အသင္း ဟာလည္း ႏွစ္ပြဲ ဆက္ အနုိင္ ရလဒ္ နဲ့ အတူ လက္ရွိ အခ်ိန္ အမွတ္ေပး ဇယား ကို ဦးေဆာင္ နုိင္ခဲ့ ပါျပီ ။

ကတ္ဂလီယာရီ အသင္း ဖက္မွ ျပိဳင္ဖက္ အသင္း ကို လူမ်ိဳးေရး ခြဲျခား ခဲ့ျခင္း က ဒါဟာ ပထမ ဆံုး အၾကိမ္ မဟုတ္ ခဲ့ရ ပါဘူး ။ ယခင္ ႏွစ္ေတြ တုန္းက လည္း ကတ္ဂလီယာရီ ပရိသတ္ ေတြဟာ ျပိဳင္ဖက္ အသင္း ရဲ့ ကစားသမား ေတြကို လူမ်ိဳးေရး ခြဲျခား ျပီး ကြင္း အတြင္း အေႏွာက္ အယွက္ ျဖစ္ေစ ခဲ့ဖူး ၾကပါ ေသးတယ္ ။

ျပီးခဲ့တ့ဲ ေဘာလံုး ရာသီ တုန္းက ဂ်ဴဗင္တပ္ အသင္း ရဲ့ တုိက္စစ္ ကစားသမား ေလး မြိဳက္စ္ ကင္း ဟာလည္း အသင္း အတြက္ အနုိင္ ဂိုး သြင္းယူ ေပး ခဲ့တဲ့ အခ်ိန္ ကတ္ဂလီယာရီ ပရိသတ္ ေတြရဲ့ လူမ်ိဳးေရး ခြဲျခား တာ ခံခဲ့ ရပါ ေသးတယ္ ။

အဲ့ဒီ တုန္းက ေတာ့ မြိဳက္စ္ကင္း ရဲ့ အသင္း ေဖာ္ မက္တြီဒီ အပါအဝင္ ဂ်ဴဗင္တပ္ အသင္း ဖက္မွ ကစားသမား အေပၚ ေထာက္ခံ အားေပး စကား ကိုယ္စီ ဆုုိခဲ့ ၾကပါ ေသးတယ္ ။ မက္တြီဒီ ကိုယ္တုိင္ ကလည္း အဆုိပါ ႏွစ္ မတုိင္မီ ကတ္ဂလီယာရီ ပရိသတ္ ေတြရဲ့ လူမ်ိဳးေရး ခြဲျခား ျခင္းကို ခံခဲ့ ရပါ ေသးတယ္ ။

2017 ခုႏွစ္ တုန္းက ပက္စ္ကာရာ အသင္း ရဲ့ ကြင္းလယ္ လူ ဆူလီ မြန္တာရီ ကလည္း ကတ္ဂလီယာရီ အသင္း ရဲ့ လူမ်ိဳးေရး ခြဲျခား ျခင္းကို ခံခဲ့ ရဖူး ပါ ေသးတယ္ ။ ကတ္ဂလီယာရီ အသင္း ရဲ့ ပရိသတ္ ေတြ အတြက္ ေတာ့ အခုလုိ လုပ္ေဆာင္ ရျခင္း က ရိုးတဲ့ အရာ တစ္ခု လိုေတာင္ ျဖစ္ေန ခဲ့ ပါျပီ ။

အဆုိပါ ပြဲစဥ္ အတြင္း မွာေတာ့ သူဟာ ကတ္ဂလီယာရီ ပရိသတ္ ေတြကို တိတ္တိတ္ ဆိတ္ဆိတ္ ေနဖုိ႔ ေျပာခဲ့ ေသးတယ္ လို့ ပြဲ အျပီး အင္တာဗ်ဴး မွာ လူကာကူ ရဲ့ အသင္း ေဖာ္ မီလန္ စကၠရီနဲ က ဖြင့္ဟ ခဲ့ပါ ေသးတယ္ ။

အင္တာ မီလန္ အသင္း ရဲ့ နည္းျပ ျဖစ္သူ အန္တုိနီယို ကြန္တီ ကေတာ့ သူဟာ ေအာ္သံ ေတြကို မၾကားခဲ့ ရေၾကာင္း ဝန္ခံ ခဲ့ ေပမယ့္ အီတလီ အေျခစုိက္ ပရိသတ္ ေတြ အေနနဲ့ အားကစား မွာ ျပိဳင္ဖက္ ကစားသမား ေတြကို ေနွာက္ယွက္ ျခင္း မျပဳလုပ္ ၾကဖုိ့ ၊ တုိးတက္ ဖုိ့ လိုျပီ ျဖစ္ေၾကာင္း ေျပာခဲ့ ပါတယ္ ။

လက္ရွိ အခ်ိန္ မွာေတာ့ လူကာကူ ဟာ အသင္း သစ္ အင္တာ မီလန္ အတြက္ 2 ပြဲ ကစား ေပး ထားခဲ့ ျပီးေနာက္ 1 ပြဲ 1 ဂိုးစီ သြင္းယူ ေပးထား နုိင္ခဲ့ ကာ ပံုစံ ေကာင္းေတြ ဆက္တုိက္ ျပသ ေနသူ တစ္ဦး ပဲ ျဖစ္ ပါတယ္ ။

#Sports_Myanmar

Unicode

အီတလီမြေမှာ လူမျိုးရေး ခွဲခြား ခံလိုက်ရပြီ ဖြစ်တဲ့ အနိုင်ဂိုးရှင် #လူကာကူ

=================

ဒီနွေ အတွင်း မန်ချက်စတာ ယူနိုက်တက် မှ အင်တာ မီလန် အသင်း ဆီ ပြောင်းရွှေ့ ခဲ့တဲ့ တိုက်စစ် ကစားသမား သစ် ရိုမီလူ လူကာကူ ကတော့ အသင်း သစ် အတွက် ပွဲထွက် ကစား ပေး ခဲ့တဲ့ ဒုတိယ မြောက် ပွဲစဉ် မှာပဲ လူမျိုးရေး ခွဲခြား ခံလိုက် ရပါပြီ ။

အင်တာ မီလန် အသင်း ဟာ မနေ့ ညက ကတ်ဂလီယာရီ အသင်း နဲ့ စီးရီးအေ ပွဲစဉ် 2 အဖြစ် ကစား ခဲ့ ရပြီး ပွဲချိန် မိနစ် 70 ကျော် အထိ တစ်ဖက် တစ်ဂိုး စီ သရေ ရလဒ် ထွက်ပေါ် ခဲ့ ပါတယ် ။ အဲ့ဒီ အချိန် အင်တာ မီလန် အသင်း မှ ဆန်စီ ဟာ ဂိုး ဧရိယာ မှာ ပစ်ဒဏ် ကျူးလွန် ခံခဲ့ ရတဲ့ အတွက် ဧည့်သည် အသင်း မှ ပင်နယ်တီ ရရှိ ခဲ့ကြ ပါတယ် ။

အဆိုပါ ပင်နယ်တီ ကို လူကာကူ မှ ကန်သွင်း ဖို့ လုပ်ဆောင် ခဲ့ရာ ပင်နယ်တီ မကန်ခင် ကတ်ဂလီယာရီ ဖက်မှ ပရိသတ် တွေက ကစားသမား ဖြစ်သူ အာရုံ ထွေပြား သွားဖို့ အတွက် ကွင်း အတွက် ‘ မျောက် ‘ ဆိုတဲ့ အသုံး အနှုန်း ကို သုံးစွဲ ပြီး လူကာကူ ကို ဆွခဲ့ ကြ ပါတယ် ။

လူကာကူ ကလည်း ပင်နယ်တီ ကို ချက်ချင်း မကန်ခဲ့ သေးပဲ ပရိသတ် တွေ ဖက်ကို တစ်ချက် စိုက်ကြည့် ခဲ့ပြီး နောက် သူ့ အလုပ် ကို ဆက်လုပ် ခဲ့ကာ ပင်နယ်တီ ဂိုး ရရှိ အောင် ကန်သွင်း သွားနိုင် ခဲ့ ပါတယ် ။ ထို့အတူ အင်တာ မီလန် အသင်း ဟာလည်း နှစ်ပွဲ ဆက် အနိုင် ရလဒ် နဲ့ အတူ လက်ရှိ အချိန် အမှတ်ပေး ဇယား ကို ဦးဆောင် နိုင်ခဲ့ ပါပြီ ။

ကတ်ဂလီယာရီ အသင်း ဖက်မှ ပြိုင်ဖက် အသင်း ကို လူမျိုးရေး ခွဲခြား ခဲ့ခြင်း က ဒါဟာ ပထမ ဆုံး အကြိမ် မဟုတ် ခဲ့ရ ပါဘူး ။ ယခင် နှစ်တွေ တုန်းက လည်း ကတ်ဂလီယာရီ ပရိသတ် တွေဟာ ပြိုင်ဖက် အသင်း ရဲ့ ကစားသမား တွေကို လူမျိုးရေး ခွဲခြား ပြီး ကွင်း အတွင်း အနှောက် အယှက် ဖြစ်စေ ခဲ့ဖူး ကြပါ သေးတယ် ။

ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ဂျူဗင်တပ် အသင်း ရဲ့ တိုက်စစ် ကစားသမား လေး မွိုက်စ် ကင်း ဟာလည်း အသင်း အတွက် အနိုင် ဂိုး သွင်းယူ ပေး ခဲ့တဲ့ အချိန် ကတ်ဂလီယာရီ ပရိသတ် တွေရဲ့ လူမျိုးရေး ခွဲခြား တာ ခံခဲ့ ရပါ သေးတယ် ။

အဲ့ဒီ တုန်းက တော့ မွိုက်စ်ကင်း ရဲ့ အသင်း ဖော် မက်တွီဒီ အပါအဝင် ဂျူဗင်တပ် အသင်း ဖက်မှ ကစားသမား အပေါ် ထောက်ခံ အားပေး စကား ကိုယ်စီ ဆုုိခဲ့ ကြပါ သေးတယ် ။ မက်တွီဒီ ကိုယ်တိုင် ကလည်း အဆိုပါ နှစ် မတိုင်မီ ကတ်ဂလီယာရီ ပရိသတ် တွေရဲ့ လူမျိုးရေး ခွဲခြား ခြင်းကို ခံခဲ့ ရပါ သေးတယ် ။

2017 ခုနှစ် တုန်းက ပက်စ်ကာရာ အသင်း ရဲ့ ကွင်းလယ် လူ ဆူလီ မွန်တာရီ ကလည်း ကတ်ဂလီယာရီ အသင်း ရဲ့ လူမျိုးရေး ခွဲခြား ခြင်းကို ခံခဲ့ ရဖူး ပါ သေးတယ် ။ ကတ်ဂလီယာရီ အသင်း ရဲ့ ပရိသတ် တွေ အတွက် တော့ အခုလို လုပ်ဆောင် ရခြင်း က ရိုးတဲ့ အရာ တစ်ခု လိုတောင် ဖြစ်နေ ခဲ့ ပါပြီ ။

အဆိုပါ ပွဲစဉ် အတွင်း မှာတော့ သူဟာ ကတ်ဂလီယာရီ ပရိသတ် တွေကို တိတ်တိတ် ဆိတ်ဆိတ် နေဖို့ ပြောခဲ့ သေးတယ် လို့ ပွဲ အပြီး အင်တာဗျူး မှာ လူကာကူ ရဲ့ အသင်း ဖော် မီလန် စက္ကရီနဲ က ဖွင့်ဟ ခဲ့ပါ သေးတယ် ။

အင်တာ မီလန် အသင်း ရဲ့ နည်းပြ ဖြစ်သူ အန်တိုနီယို ကွန်တီ ကတော့ သူဟာ အော်သံ တွေကို မကြားခဲ့ ရကြောင်း ဝန်ခံ ခဲ့ ပေမယ့် အီတလီ အခြေစိုက် ပရိသတ် တွေ အနေနဲ့ အားကစား မှာ ပြိုင်ဖက် ကစားသမား တွေကို နှောက်ယှက် ခြင်း မပြုလုပ် ကြဖို့ ၊ တိုးတက် ဖို့ လိုပြီ ဖြစ်ကြောင်း ပြောခဲ့ ပါတယ် ။

လက်ရှိ အချိန် မှာတော့ လူကာကူ ဟာ အသင်း သစ် အင်တာ မီလန် အတွက် 2 ပွဲ ကစား ပေး ထားခဲ့ ပြီးနောက် 1 ပွဲ 1 ဂိုးစီ သွင်းယူ ပေးထား နိုင်ခဲ့ ကာ ပုံစံ ကောင်းတွေ ဆက်တိုက် ပြသ နေသူ တစ်ဦး ပဲ ဖြစ် ပါတယ် ။

#Sports_Myanmar