Arsenal

အမ်းမရိတ် မှာ ကစားသွားခဲ့တဲ့ မြောက်လန်ဒန် ဒါဘီပွဲစဉ် မှာ အာဆင်နယ် အသင်းနဲ့ စပါးတို့ ၂ဂိုးစီ သရေ ကျခဲ့ပြီး ရမှတ်ခွဲယူသွားခဲ့ကြပါတယ်။အဝေးကွင်းမှာ လာကစားတဲ့စပါး အသင်းဟာ ပထမပိုင်းမိနစ် ၄၀အတွင်း မှာ ၂ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုးတွေ ပြန်ပေးခဲ့ရတာဖြစ်ပါတယ်။

နည်းပြအမ်မရီ ရဲ့ အာဆင်နယ် အသင်းအတွက်တော့ ပွဲစဉ် လေးအပြီးမှာ ရဂိုးပေး ဂိုး အရေအတွက်တူသွားခဲ့ပြီး တိုက်စစ် ပိုင်းလိုအပ်ချက်တွေနဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည် ညံ့ဖျင်းမှုတွေကိုမြင်သာစေခဲ့တာ ဖြစ်ပါတယ်။အာဆင်နယ် အသင်းဟာနွေရာသီအတွင်းမှာ ခံစစ်ကစားသစ် ၂ဦးကို ခေါ်ယူထားပေမယ့် ဒေးဗစ်လုဇ်ကိုပဲအသုံးပြုထားခဲ့သေးတာဖြစ်ပါတယ်။

သူတို့ဟာ ယမန်နှစ် ရာသီပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပေးဂိုး ၅၁ ဂိုးအထိ ခွင့်ပြုထားခဲ့ရပြီး ဒါဟာမန်စီးတီးနဲ့ လီဗာပူး တို့ရဲ့ နှစ်သင်းပေါင်းပေးဂိုး အရေအတွက် ထက်တောင်ပိုများခဲ့တာဖြစ်ပါတယ်။အာဆင်နယ် အသင်းရဲ့ ခံစစ်ကစားပုံဟာအခုရာသီမှာလည်း သိသိသာသာတိုးတက်လာခြင်းမရှိသေးသလို နယူးကာဆယ်နဲ့ ပွဲအပြီး ၃ပွဲလုံးမှာပေးဂိုးတွေခွင့်ပြုထားခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့် လည်း ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်ကစားသမားဟောင်းကြီးတဦးဖြစ်တဲ့ အလန်ရှီးယားက အာဆင်နယ် အသင်းရဲ့ ခံစစ်ဟာ ပြီးခဲ့တဲ့ ရာသီကထက်တောင်ဆိုးနေပြီလို့သတိပေးလိုက်ပါတယ်။ဒါ့အပြင် ဒီကိစ္စဟာ အသင်းအတွက် အဓိက ဖြေရှင်းစရာပြသနာ တခုဖြစ်လာလိမ့်မယ်လို့ လည်းဟောကိန်းထုတ်သွားခဲ့ပါတယ်။

The sun သတင်းစာရဲ့ သူရေးသားနေကျကော်လံ မှာ အလန်ရှီးယားက –
” မြောက်လန်ဒန်ဒါဘီရဲ့ ပထမပိုင်း ပွဲချိန်တွေ အတွင်း အာဆင်နယ်အသင်းရဲ့ ခံစစ် ကစားပုံက ရယ်စရာတောင်ကောင်းပါတယ်။စပါး အသင်းအနေနဲ့ သူတို့ရသွားခဲ့တဲ့ သွင်းဂိုးတွေကို စပြီး ဖန်တီးခဲ့တဲ့ အချိန်ကနေ အဆုံးသတ်ကန်သွင်းတဲ့ အထိဘယ်လောက်လွယ်ကူခဲ့တယ်ဆိုတာ ခင်ဗျားတို့ အမြင်ပါပဲ။

အာဆင်နယ်အသင်းရဲ့ဒီရာသီ ခံစစ်ဟာ ပြီးခဲ့တဲ့ ရာသီက သူတို့ရဲ့ ခံစစ်ပိုင်းထက်တောင် ပိုဆိုးနေပါပြီ။တီယာနေး ပါဝင်ကစားထားခဲ့ခြင်း မရှိသေးတာမှန်ပေမယ့် သူတို့ရဲ ခံစစ်ပိုင်းဟာ ဘာတိုးတက်မှုမှ မရှိထားခဲ့သေးတာဖြစ်ပါတယ်။ဒီကိစ္စ ဟာ အာဆင်နယ် အသင်း ရှေ့ဆက် ကြုံနေရဦးမယ့် စိတ်ရှုပ်စရာကိစ္စ တခုဖြစ်တယ် လို့ ကျွန်တော်ကတော့ ရှုမြင်မိပါတယ်။အတော်လေးကြီးတဲ့ ပြသနာဖြစ်ပါတယ် ” လို့ရေးသားခဲ့တာဖြစ်ပါတယ်။

စပါး အသင်းဟာ ပထမပိုင်း မိနစ် ၄၀ အတွင်း ၂ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ပိုင်း ပွဲချိန်တွေမှာ အာဆင်နယ် အသင်းရဲ့ ဖိအားပေးမှုတွေကို ခံခဲ့ရပြီး ချေပဂိုးတွေပြန်ပေးခဲ့ရတာဖြစ်ပါတယ်။အခုမှ ပွဲစဉ်၎ပွဲသာကစားထားပြီးဖြစ်ပေမယ့် ချန်ပီယံဆုအတွက် အသင်း၂သင်းသာပြိုင်ရတော့မှာဖြစ်ပြီး ဒီ လန်ဒန်မြို့ခံနှစ်သင်းကတော့ Top 4 ဝင်ခွင့်အတွက်ပဲ တိုက်ပွဲဝင်ရမှာဖြစ်တယ်လို့အလန်ရှီးယားက သုံးသပ်ခဲ့ပါတယ်။

ရှီးယားက ဆက်လက်ပြီး – ” ကိန်းရဲ့ ဂိုးကို ရရှိလိုက်အပြီး မှာ ယုံကြည်စိတ်ချသွားရပြီ လို့ စပါး အသင်းက ယူဆသွားခဲ့ကြတာဖြစ်ပါတယ်။ဒါပေမယ့် သူတို့ဟာ ထိပ်ဆုံး လေးသင်းဝင်ဖို့ အတွက်တောင် ကြိုးစားနေရဦးမှာဖြစ်ပါတယ်။

အဲရစ်ဆင်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဥရောပဈေးကွက် ပိတ်မှပဲ ပိုချက်တီနိုအနေနဲ့ ကျေနပ် ဝမ်းသာနိုင်မှာဖြစ်ပါတယ်။စပါးကော အာဆင်နယ်ပါဖြေရှင်းစရာ ပြသနာတွေရှိနေလို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပဲ တိုက်ပွဲဝင်သွားနိုင်ပါလိမ့်မယ်။

မန်စီးတီးအသင်း နဲ့ လီဗာပူး အသင်းတို့ ကတော့အခြား ပြိုင်ဘက် အသင်းအားလုံး ထက် မိုင်ပေါင်း သန်းပေါင်းများစွား ရှေ့ ရောက်နေပြီ ဖြစ်ပါတယ် ” လို့ သုံးသပ်ရေးသားသွားခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် အာဆင်နယ် အသင်းဟာ ရမှတ် ၇မှတ်နဲ့ အဆင့် ၅နေရာမှာ ရပ်တည်သွားနိုင် ခဲ့ပြီး စပါးအသင်းကတော့ရမှတ် ၅မှတ်နဲ့ အဆင့် ၉နေရာမှာရပ်တည်သွားခဲ့ပါတယ်။သူတို့ဟာနိုင်ငံတကာပွဲစဉ်တွေအပြီးမှာတော့ ဝက်ဖို့ဒ်၊ ပဲလေ့စ် တို့နဲ့ ဆက်ပြီးကစားသွားရမှာဖြစ်ပါတယ်။

SM