Odoi

ချယ်လ်ဆီး အသင်း ရဲ့ ဆယ်ကျော်သက် လူငယ် ခြေတက် တောင်ပံ တိုက်စစ် ကစားသမား ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကုန်ခါနီး မှာ ခြေကျင်းဝတ် အရွတ် ဒဏ်ရာ ရရှိ ခဲ့ပြီး ကာလရှည် အနားယူ နေခဲ့ရာ အခု အခါ မှာ အသင်း နဲ့ အတူ လေ့ကျင့်မှု တွေ ပြန်လည် စတင် နိုင်ပြီ ဖြစ်ပါတယ် ။

အိုဒွိုင်း ဟာ လေ့ကျင့်ရေး စတင်မှု တချို့ ပြုလုပ် နေပြီ ဖြစ်ပေမယ့် ကြံ့ခိုင်မှု ပုံစံ အနေအထား ကောင်းမှာ မရှိနေတာကြောင့် ပြီးခဲ့တဲ့ ပွဲစဉ် တွေမှာ မပါဝင် နိုင်သေးတာ ဖြစ်ပါတယ် ။ သို့ပေမယ့် လည်း ယခု တပတ် နိုင်ငံ လက်ရွေးစင် ပွဲစဉ် ကာလ အတွင်းမှာ အိုဒွိုင်း ဟာ သူ့ရဲ့ ကြံ့ခိုင်မှု အနေအထား တိုးတက်အောင် ဆက်လက် လုပ်ဆောင် သွားဖို့ ရှိနေပြီး လာမယ့် ၂ပတ် အတွင်း ချယ်လ်ဆီး အသင်း အတွက် ပြန်လည် ကစား ပေးနိုင်တော့မှာ ဖြစ်ပါတယ် ။

နိုင်ငံအသင်း ပွဲစဉ် တွေ ပြီးတာနဲ့ ကလပ် အသင်း ပွဲစဉ် တွေ ပြန်လာတော့မှာ ဖြစ်တဲ့ အပြင် ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် တွေလည်း စတင် တော့မှာ မို့လို့ ချယ်လ်ဆီး အသင်း အနေနဲ့ အဓိက ကစားသမား တချို့ ကို ပြန်လည် လိုအပ် လာတော့မှာ ဖြစ်ပါတယ် ။ ထို အချိန် ရောက်ရင်တော့ အသင်း ရဲ့ အဓိက ကစားသမား တွေ ဖြစ်တဲ့ အိုဒွိုင်း ၊ ရူဒီဂါ ၊ ပတ်ဒရို ၊ ကန်တေ တို့ ကြံ့ခိုင်မှု ပြည့်ဝ လာတော့မယ် လို့ နည်းပြ ဖြစ်သူ လမ်းပတ် က ဆိုထား ခဲ့ပါတယ် ။

Odoi

Sky Sports နဲ့ အင်တာဗျူး မှာတော့ ချယ်လ်ဆီး တောင်ပံ ကစားသမား အိုဒွိုင်း က လက်ရှိ အချိန် မှာ သူ့ရဲ့ ဒဏ်ရာ က လုံးဝနီးပါး ကောင်းမွန် လာတော့မှာ ဖြစ်ကြောင်း ၊ စဖြစ်တုန်းက အနားယူ ရမယ့် ရက် အရမ်း ကြာမှာကို စိုးရိမ် ခဲ့မိကြောင်း နဲ့ အခုအခါ မှာတော့ သူဟာ ချယ်လ်ဆီး အသင်း အတွက် ပြန်ကစား ပေးနိုင်တော့မှာ ဖြစ်လို့ ဝမ်းသာ နေကြောင်း ဆိုပါတယ် ။

အိုဒွိုင်း က ” ဒဏ်ရာ အခြေအနေ က အတော်လေး တိုးတက် လာပါပြီ ။ ကျွန်တော် ကိုယ်တိုင် လည်း ကိုယ့်ကိုယ်ကို အဆင်ပြေ နေတယ် လို့ ခံစား ရပါတယ် ။ နိုင်ငံ လက်ရွေးစင် ပွဲစဉ် တွေ အပြီး မှာတော့ ကျွန်တော် ချယ်လ်ဆီး အသင်း အတွက် ပြန်ကစား ပေးနိုင်မယ် လို့ မျှော်လင့် ထားပါတယ် ။ ဖြစ်သင့်တဲ့ အကြောင်းအရာ တွေက သူ့ဟာသူ ဆက်ဖြစ် နေမှာပါ ။ ကျွန်တော့ ဖက်ကတော့ စီစဉ်ထားတဲ့ အတိုင်း အရာရာ အဆင်ပြေဖို့ မျှော်လင့် ပါတယ် ။ ”

” ကျွန်တော့ ဒဏ်ရာ ဟာ အခုထက် ပိုပြီး အနားယူ ရမယ် လို့တောင် ကျွန်တော့ စိတ်ထဲက ကြောက်ရွံ့ နေခဲ့ပါတယ် ။ ဒါပေမယ့် သက်သာလာတဲ့နှုန်း က အတော်လေး ကောင်းမွန် ခဲ့ပါတယ် ။ အခု အချိန် အထိ အရာရာ ဟာ ကျွန်တော် မျှော်မှန်း ထားတဲ့ အတိုင်း ဖြစ်လာလို့ ဝမ်းသာ ရပါတယ် ။ ချယ်လ်ဆီး အတွက် ပြန်ကစား ပေးနိုင်ဖို့ ၊ ဘောလုံးကွင်း ထဲမှာ ပြန် အခြေချ ဖို့ ကျွန်တော် မစောင့်နိုင်တော့ပါဘူး ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

အိုဒွိုင်း ရဲ့ ချယ်လ်ဆီး အသင်း ကတော့ လက်ရှိ နည်းပြ ဖရန့် လမ်းပတ် အောက်မှာ တိုက်စစ် ကစားပုံ အရမ်း တိုးတက် လာခဲ့ပေမယ့် ခံစစ်ပိုင်း အမှားအယွင်း များစွာ နဲ့ အတူ အဖိုးတန် ရမှတ် တွေ ဆုံးရှုံး ထားဆဲ ဖြစ်ပါတယ် ။ တဖက် မှာလည်း တိုက်စစ် ကစားပုံ တိုးတက် လာတယ် ဆိုပေမယ့် အဆုံးသတ်ပိုင်း မှာ လိုအပ်ချက် တချို့ ရှိနေဆဲ ဖြစ်တာကြောင့် အိုဒွိုင်း တယောက် ချယ်လ်ဆီး အသင်း ကို ဘယ်လို ကူညီ သွားဦးမလဲ ဆိုတာ စောင့်ကြည့် ရမှာ ဖြစ်ပါတယ် ။

နည်းပြ ဖြစ်သူ လမ်းပတ် နဲ့ ပတ်သက်ပြီး အိုဒွိုင်း ကတော့ ” သူဟာ ထိပ်တန်း မန်နေဂျာ တဦးပါ ။ အရင် ကတည်း က ကျွန်တော် ပြောခဲ့ဖူးပါတယ် ။ သူဟာ ချယ်လ်ဆီး အသင်း ကို ကိုင်တွယ်ဖို့ လုံလောက်တဲ့ အရည်အချင်း ရှိနေသလို ၊ လူငယ် ကစားသမား တွေကိုလည်း နေရာ ပေးတတ်ပါတယ် ။ သူဟာ ကျွန်တော် တို့ကို အမြဲတမ်း ကြိုးကြိုးစားစား လေ့ကျင့်ဖို့ ပြောပါတယ် ။ ဒါမှ ကျွန်တော် တို့ အတွက် ကစားခွင့် ဆိုတာ ရလာမှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR