ပြီးခဲ့တဲ့ စနေနေ့ က ကစား သွားခဲ့တဲ့ တန်းတက် ရှက်ဖီးလ် ယူနိုက်တက် အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ ချယ်လ်ဆီး အသင်း ရဲ့ အကယ်ဒမီ ထွက် လူငယ် ခံစစ်မှူး ဖီကာယို တိုမိုရီ ဟာ ပုံမှန် ပွဲထွက်ခွင့် ရနေကြ ခံစစ်မှူး အန်ဒရီယာစ် ခရစ်တန်ဆန် ကို ကျော်ဖြတ်ပြီး ချယ်လ်ဆီး အသင်း အတွက် ပွဲထွက်ခွင့် ရခဲ့ပါတယ် ။

Tomori

တိုမိုရီ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ က ဒါဘီ အသင်း မှာ ဖရန့် လမ်းပတ် ရဲ့ ကိုင်တွယ် လမ်းညွှန်မှု အောက်မှာ ဖြတ်သန်း လာခဲ့သလို မနှစ်က ဒါဘီ အသင်း ရဲ့ တရာသီစာ အကောင်းဆုံး ကစားသမား ဆုကို ရရှိ ခဲ့ပါတယ် ။ ရာသီကြို ခြေစမ်း ခရီးစဉ် မှာလည်း ချယ်လ်ဆီး အသင်း မှာ ကစားခွင့် တချို့ ရရှိ ခဲ့တဲ့ တိုမိုရီ ဟာ အခုအခါ မှာတော့ ချယ်လ်ဆီး အသင်း အတွက် ပထမဆုံး ပရီးမီးယားလိဂ် ပွဲစဉ် ကို ကစားခွင့် ရရှိ ခဲ့ပြီ ဖြစ်ပါတယ် ။

ပွဲအပြီး ချယ်လ်ဆီး တီဗွီ နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာတော့ တိုမိုရီ က ရှက်ဖီးလ် နဲ့ တဖက် ၂ဂိုးစီ သရေ ကျခဲ့ရခြင်း အတွက် ” ကျွန်တော် တို့ အားလုံး ဒေါသ ထွက်ခဲ့ ကြပါတယ် ။ ကိုယ့် အိမ်ကွင်း မှာ ပထမပိုင်း အတွင်း ၂ဂိုးပြတ် နဲ့ နိုင်နေပြီ ဆိုရင် ဒီပွဲ ဟာ အနိုင်ရလဒ် အတွက် သေချာသလောက် ဖြစ်နေ သင့်ပါပြီ ။ ပထမပိုင်း အပြီးမှာ ကျွန်တော် တို့ဟာ ဒီရလဒ် ထက် ပို ပြတ်သားအောင် လုပ်ဆောင်ဖို့ တိုင်ပင် ခဲ့ကြပေမယ့် မဖြစ်လာခဲ့ပါဘူး ။ ”

” ကျွန်တော် တို့ဟာ ဒုတိယပိုင်း စစချင်းမှာပဲ ပြိုင်ဖက် ကို ချေပဂိုး ခွင့်ပြု ခဲ့ရပါတယ် ။ အဲ့ဒီ အခါမှာ နောက်ထပ် ဂိုးတွေ ထပ်ရဖို့ အတော်ကို ခက်ခဲ လာခဲ့ပါတယ် ။ ဒါဟာ စိတ်ပျက်စရာ ဖြစ်ပေမယ့် ကျွန်တော် တို့ဟာ ဒီနေ့ပွဲ ကနေ သင်ခန်းစာ ရယူ သွားဖို့ လိုပါတယ် ။ ဒါဟာ ချယ်လ်ဆီး အသင်းပါ ။ ကျွန်တော် တို့ဟာ အသင်းကြီး ဖြစ်တာကြောင့် မြင့်မားတဲ့ မျှော်မှန်းချက် တွေ ရှိနေပါတယ် ။ ”

” ကျွန်တော် တို့ဟာ မြင့်မားတဲ့ အဆင့်အတန်း တခုကို ရောက်ရှိဖို့ သတ်မှတ် ထားကြပါတယ် ။ ဒါပေမယ့် အဲ့ဒီ အဆင့်အတန်း အောက် ရောက်နေပြီ ဆိုရင်တော့ ကျွန်တော် တို့ကို မေးခွန်း ထုတ်လာကြတော့မှာပါ ။ ပွဲစဉ်တိုင်း မှာတော့ ကျွန်တော် တို့ရဲ့ ကစားပုံ က ပြီးပြည့်စုံ နေမှာ မဟုတ်ပါဘူး ။ ဒါပေမယ့် ဒီနေ့ ပွဲမှာတော့ ကျွန်တော် တို့က အသာရ နေခဲ့တဲ့ အနေအထား မှာ ရှိခဲ့ပြီးမှ အကုန်လုံး အလကား ပေးပစ် ခဲ့မိပါတယ် ။ ဒါဟာ အတော် စိတ်ပျက်စရာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဆက်လက်ပြီး တိုမိုရီ က ချယ်လ်ဆီး အသင်း အတွက် ပထမဆုံး ပရီးမီးယားလိဂ် ပွဲစဉ် ကို ကစားခွင့် ရရှိ ခဲ့ခြင်း နဲ့ ပတ်သက်ပြီး ” ကျွန်တော် ဟာ ချယ်လ်ဆီး အသင်း မှာ ကျွန်တော် နဲ့ ကစားတဲ့ နေရာချင်း တူညီ နေတဲ့ အသင်းဖော် တွေကိုရော ၊ ကိုယ့်ရဲ့ ခြေစွမ်း တိုးတက်ဖို့ပါ တွန်းအား ပေးဖို့ ရောက်လာ ခဲ့တာ ဖြစ်ပါတယ် ။ ဒါကြောင့်မို့ အခုလို တပွဲလုံး အစအဆုံး ပထမဆုံး အကြိမ် အဖြစ် ကစားခွင့် ရခဲ့တာ အရမ်း ကောင်းပါတယ် ။ ”

 

” ဒီလို ပွဲထွက်ခွင့် တွေ ရရှိဖို့ ဆိုတာ ကျွန်တော် တို့ အားလုံး တနှစ်လုံး ကြိုးစား နေတဲ့ အရာ ဖြစ်ပါတယ် ။ ပွဲထွက်ခွင့် အတွက်တော့ ကျွန်တော် အရမ်း ပျော်ရွှင် မိပါတယ် ။ ဒါပေမယ့် အနိုင် ရလဒ် နဲ့သာ သိမ်းနိုင် ခဲ့မယ် ဆိုရင် ကျွန်တော့ အဖို့ ပိုကောင်းတဲ့ အမှတ်တရ ဖြစ်ခဲ့မှာပါ ။ တမ်မီ နဲ့ ကျွန်တော် ဟာ ချယ်လ်ဆီး ကို အသက် ၇ နှစ် ကတည်းက ရောက်လာ ခဲ့တာ ဖြစ်ပါတယ် ။ မေဆင်လည်း ကျွန်တော် တို့နဲ့ အတူတူပါပဲ ။ ဒါပေမယ့် သူကတော့ ကျွန်တော် တို့ထက် တနှစ် ငယ်ပါတယ် ။ ”

” ကျွန်တော် တို့ အားလုံး ဟာ ချယ်လ်ဆီး အသင်း ရဲ့ လူငယ် စီမံကိန်း မှာ လှုပ်ရှား ဖြတ်သန်း ခဲ့ရပြီး အရှေ့က စီနီယာ ကစားသမား တွေ ဝင်လာလိုက် ၊ ထွက်သွားလိုက် အနေအထား တွေကို အကုန်လုံး တွေ့မြင် ခဲ့ရပါတယ် ။ ဒါကြောင့်မို့ အခုလို ခက်ခဲ တဲ့ အနေအထား မှာ ချယ်လ်ဆီး စီနီယာ အသင်း ကို ထိုးဖောက် နိုင်ခဲ့တာ အရမ်း ပျော်မိပါတယ် ။ ကိုယ် ကစားပေး နိုင်တဲ့ နေရာ တွေ အတွက် ချယ်လ်ဆီး အသင်း အပေါ် ပေးဆပ် သွားချင်ပါတယ် ။ ” လို့ ဖွင့်ဟ ခဲ့ပါတယ် ။

SPORTS MYANMAR