Morinho

ချဲဆီးလ်၊ ယူနိုက်တက် အသင်းတွေနဲ့ အတူ ပရီးမီးယားလိဂ်မှာကာလရှည် ကျင်လည် ခဲ့ဖူးတဲ့ ပေါ်တူဂီ လူမျိုး နည်းပြကြီး မော်ရင်ဟိုဟာ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလအတွင်း အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာလာခဲ့အပြီးကတည်းက နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်ခြင်းမရှိသေးတာဖြစ်ပါတယ်။သူဟာ အခုချိန်မှာတော့ Sky sport အတွက် ဘောလုံးပွဲဝေဖန်သူအဖြစ်လုပ်ကိုင်ပေးနေပါတယ်။

ယမန် နေ့ က ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီ ပွဲစဉ်ကတော့ အားလုံးသိတဲ့ အတိုင်း ၂ဂိုးစီ သရေနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ဧည့်သည်စပါးအသင်းက အဲရစ်ဆင်၊ ဟယ်ရီကိန်းတို့ရဲ့ ဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် လာကာဇက်၊ အူဘာမီယန်တို့ရဲ့ ဂိုးတွေကြောင့် အာဆင်နယ်အသင်းအမှတ်ခွဲယူနိုင်ခဲ့တာဖြစ်ပါတယ်။

ခါးသီးပြိုင်ဘက် တွေဖြစ်လို့ အကြိတ်အနယ် ကြိုးစားကစားသွားခဲ့ကြပြီး အပြန်အလှန်သွင်းဂိုးတွေ မြင်ခဲ့ရပေမယ့် မော်ရင်ဟိုက တော့ အများနဲ့ အမြင်မတူညီပုံပါပဲ။ ဒီပွဲနဲ့ ပတ်သက်ပြီး အတိုချုံးသုံးသပ်ခိုင်းရာမှာတော့ ” ရယ်စရာကောင်းတဲ့ ပွဲတပွဲပါပဲဗျာ ” ဖြေသွားခဲ့တာဖြစ်ပါတယ်။

Sky sports ရဲ့ အစီအစဉ်တခုမှာမော်ရင်ဟို က – ” ဒီပွဲမှာ နှစ်သင်းလုံး အံ့မခန်း ခြေစွမ်းနဲ့က စားသွားခဲ့ပြီး ကြည့်ရတာတန်တဲ့ ပွဲအဆင့်အတန်းမျိုးဖြစ်ခဲ့ပါတယ်။မိုင်ပေါင်းထောင်ပေါင်းများစွာအဝေးကနေ ကြည့်ရှုနေခဲ့ကြသူတွေကော ဒီမှာ လာရောက်ကြည့်ရှုတဲ့ သူတွေပါ ကျေနပ်စရာဖြစ်ခဲ့တယ်ဆိုတာသေချာပါတယ်။

ဒီလို ပွဲမျိုးမှာ ကိုင်တွယ်ရတဲ့ နည်းပြတွေကတော့ နှလုံးရောဂါ ရနိုင်ပါတယ်။ဘာကြောင့် လည်းဆိုတော့ ပွဲပြီးခါနီး ၁၀-၁၅ မိနစ် လောက်အတွင်းမှာဆိုရင် ဘောလုံးက အာဆင်နယ် ခံစစ်ဇုံအတွင်းနဲ့ စပါး အသင်းရဲ့ ခံစစ်ဇုံ တွေ အတွင်းမှာပဲ ရှိနေလို့ ဖြစ်ပါတယ်။

ဒါကြောင့် လည်း နှစ်ဖက်ကစားသမားတွေ အတွက် ဘောလုံးကစားဖို့ နေရာလွတ် မီတာ ၈၀ လောက် အထိရှိခဲ့ပါတယ်။တန်ပြန်တိုက်စစ်တွေ အပြန်အလှန်ကစားသွားနိုင်ခဲ့ပြီး နေရာလွတ်တွေအများကြီး ပေါ်ခဲ့ပါတယ်။ထိန်းချုပ်မှုအောက်က လုံးဝလွတ်ခဲ့တဲ့ ပွဲမျိုးဖြစ်ခဲ့ပါတယ်။

ကျွန်တော့် အမြင်အရဆိုရင် တော့ ဒီပွဲမှာ ဘောလုံး ဦးနှောက်ပိုကောင်းတဲ့ အသင်းတသင်းက သာပွဲကို ထိန်းချုပ်ကစားပြီး နည်းဗျူဟာ ကျကျ လုပ်ဆောင်နိုင်ခဲ့ရင် ပွဲကို အနိုင်ရရှိ မှာဖြစ်ပါတယ်” လို့ပြောသွားခဲ့ပါတယ်။

အာဆင်နယ် အသင်းအတွက် ဒုတိယချေပဂိုးသွင်းပေးခဲ့တဲ့ အူဘာမီယန်ကလည်း သူတို့ အသင်းဟာ အနိုင်ရဖို့ ထိုက်တန် ခဲ့တယ် လို့ဆိုပါတယ်။ Sky sports နဲ့ အင်တာဗျူး မှာ အူဘာမီယန်က –

” ကျွန်တော်တို့ အသင်းဟာပထမပိုင်းမှာသွင်းဂိုး ၂ဂိုးလောက်ရသင့်ခဲ့တာဖြစ်ပါတယ်။ကောင်းမွန်တဲ့ လုပ်အားနှုန်းနဲ့ ကျွန်တော်တို့ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။မလွယ်ကူတဲ့ ပွဲတပွဲဖြစ်ခဲ့ပေမယ့်အခုထက် ပိုပြီးထိုက်တန်တဲ့အရာတွေရသင့်ခဲ့တယ်လို့ ထင်ပါတယ်။

ပွဲကစားချိန်အတွင်း ဂိုးသွင်းယူနိုင်ခဲ့အပြီး အဝတ်လဲခန်းကို ဝင်ရောက်လာချိန်မှာတော့ အမြဲတမ်း အပေါင်းလက္ခဏာဆန်ပါတယ်။ဒါကြောင့်လည်း ဂိုးသွင်းနိုင်ခဲ့တာ ဟာအတော်လေးကိုအရေးပါပါတယ်။ကျွန်တော့်ရဲ့ဂိုးမှာ ဂွမ်ဒူဇီရဲ့ဖြတ်တင်ပေးပို့မှုက တကယ်ကိုကောင်းခဲ့ပါတယ်။

သူဟာ ကျွန်တော့်ကို လှမ်းကြည့်လိုက်ပြီး ဘယ်ကို ပြေးဝင်နိုင်မယ်ဆိုတာ အကဲခတ်နိုင်ခဲ့ပါတယ်။ကျွန်တော်ဟာ တိုက်စစ်မှုးအဖြစ်ကစားချင်ပေမယ့် ဆခါတလေ အသင်း က တောင်ပံထွက်စေချင်ရင်လည်း အကောင်းဆုံး ကြိုးစားသွားမှာဖြစ်ပါတယ် “လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

SM