တနင်္ဂနွေ နေ့မှာ ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ဘာစီလိုနာ အသင်းက ရီးရဲလ် အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ဒီပွဲမှာ ရီးရဲလ်တောင်ပံတိုက်စစ် ကစားသမား ဂါရတ်ဘေးလ်ဟာပွဲထွက် ပါဝင်လာခဲ့ပေမယ့် ခြေစွမ်းပြနိုင်ခဲ့ခြင်း မ ရှိလို့ ပွဲချိန်၆၁ မိနစ် မှာ အဆန်စီယို နဲ့ လူစားလဲခြင်းခံခဲ့ရပါတယ်။ဒီ ဝေးလ်သား ကွင်းအတွင်းကနေထွက်ခွာ သွားချိန်မှာတော့ ပွဲကြည့်စဉ်က ပရိတ်သတ်တွေရဲ့ လှောင်ပြောင် အော်ဟစ်သံတွေ ဘာနေဗျူး ကွင်းအတွင်း ကျယ်လောင်ဆူညံသွားခဲ့ပါသေးတယ်။

ရီးရဲလ်တို့ဟာ ဒီပွဲအရှုံးကြောင့် အမှတ်ပေးဇယားကိုဦးဆောင်နေတဲ့ ဘာစီလိုနာနဲ့ ၁၂မှတ်အထိကွာဟသွားခဲ့ပြီ ဖြစ်သလို ကြားရက်အတွင်း တွေ့ဆုံခဲ့စဉ်က ရှုံးနိမ့်မှုကြောင့်လည်း ကိုပါဒယ်ရေးဖလားကနေ ထွက် ထားခဲ့ရသေးတာဖြစ်ပါတယ်။ဘေးလ်အပေါ် ပရိသတ်တွေရဲ့ ဝေဖန် လှောင်ပြောင်နေမှုတွေအပေါ်သူ့ရဲ့အေးဂျင့် ဘားနက်က – – – ” ရီးရဲလ် ပရိတ်သတ် အခုမျိုးဆက် တွေဟာ ဘေးလ်ရဲ့ သွင်းဂိုးတွေအကြောင်းကို လာမယ့် နှစ်တွေ အတော်လေးကြာတဲ့အထိ ပြောဆိုနေကြဦးမှာပါပဲ။ဒီအတွက် လည်း သူတို့ကိုယ်သူတို့ရှက်သင့်ပါတယ်။

သူဟာ ပရိသတ်တွေရဲ့ လေးစားမှုကြီးကြီးမားမားရဖို့ ထိုက်တန်ပါတ်။သူဒီမှာ ရှိနေတာ ၆နှစ်လောက်ကြာနေပြီဖြစ်ပြီး ဆုဖလားတိုင်းကိုလည်း ဆွတ်ခူးပြီးသွားပါပြီ။သူဟာကမ္ဘာ့အ ကောင်းဆုံး ကစားသမားတွေ ထဲက တဦး ဖြစ်လို့ သူရဲ့ ခြေထောက်တွေကို အဲ့ဒီပရိသတ်တွေ အနေနဲ့ နမ်းရှုံ့တာမျိုးတောင် လုပ်သင့်ပါတယ် ” လို့ပြောထားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် လည်း အခုနွေမှာသာ ဂါရတ်ဘေးလ်တယောက် ဘာနေဗျူးကို စွန့်ခွာခဲ့ပါက ဘယ်အသင်းတွေရောက်ဖို့ ရှိနေသလဲ ဆိုတာကို Mirror က အောက်ပါအတိုင်းဖော်ပြသွားခဲ့ပါတယ်။

၁။ယူနိုက်တက် ( ရောက်နိုင်ခြေ7/ 2)

ယူနိုက်တက် အသင်းဟာ ဂါရတ်ဘေးလ် လို ကစားသမား မျိုး အတွက် သင့်တော် အဆင်ပြေမယ့် အသင်းတသင်းဖြစ်ပြီး၊ အသင်းဘက်ကလည်းသူ့ကို မျက်စိကျနေပါတယ်။လက်ရှိတောင်ပံကစားသမားဆန်းချက် ဟာ ရုန်းကန်နေခဲ့ရတာဖြစ်လို့ လာမယ့်ရာသီ မှာဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းလိုနေတာဖြစ်ပါတယ်။

၂။စပါး (ရောက်နိုင်ခြေ 6/1 )

ဘေးလ်ရဲ့ အသင်းဟောင်း စပါးတို့အနေနဲ့ ဒီကြယ်ပွင့်ကစားသမား နဲ့ပြန်ပေါင်းထုတ်ချင်နေတယ်ဆိုတာသံသယတောင် ဝင်စရာမလိုပါဘူး။မြောက်လန်ဒန်မှာ ၆ နှစ်လောက် အဓိ ကကစားသမား တဦးအဖြစ်ရှိနေ ခဲ့ဖူးတဲ့ ဘေးလ် အနေနဲ့ လည်း အသင်းရဲ့ လတ်တလော တိုးတက် မှု အရပ်ရပ်ကြောင့် ပြန်လာဖို့စဉ်းစားဖွယ်ရှိနေပါတယ်။

၃။အင်တာမီလန် (ရောက်နိုင်ခြေ 7/1 )

ဘေးလ်ဟာ ၂၀၁၂ အောက်တိုဘာလ အတွင်း ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ အင်တာမီလန် အသင်းကို ဟက်ထရစ်သွင်းပြီး ကမ္ဘာ့ကျော် ဘောလုံး သမား စာရင်းဝင်လာခဲ့တာဖြစ်ပါတယ်။လွန်ခဲ့တဲ့၉နှစ်လောက်က သူတို့ကို ချေမှုန်းပြခဲ့တဲ့ တိုက်စစ်ကစားသမားကောင်းတယောက်ကို ရရင်တော့ အင်တာမီလန်အသင်းက လိုချင်နေမှာပါပဲ။အင်တာရဲ့လတ်တလောရပ်တည်မှု အဆင့်အနေအထားတွေအရ အပြောင်း အရွှေ့ဖြစ်လာနိုင်ခြေနည်းပါးပေမယ့် အတွေ့အကြုံသစ် လိုချင်နေတဲ့ ဘေးလ်ကြောင့် ဖြစ်လာနိုင်စရာ လည်းရှိနေပါတယ်။

၎။ချဲဆီးလ် ( ရောက်နိုင်ခြေ 10/1)

ရီးရဲလ်အသင်းရဲ့ ကြိုးပမ်းမှုကြောင့် ချဲဆီးလ် အသင်းဟာ သူတို့ရဲ့ ကွင်းလယ် စတား ဟာဇက်ကို နွေရာသီမှာ လက်လွှတ်သွားရဖွယ် ရှိပေါတယ်။အဆိုပါကိစ္စအတွက် ညှိနှိုင်းရာမှာ ဘေးလ်ကို သာရီးရဲလ်ဘက်က ထည့်သွင်းကမ်းလှမ်းခဲ့ပါက အဆင်ပြေလွယ်ကူဖို့လည်း ရှိနေပါတယ်။ဒီဘယ်ဂျီယံသားရဲ့ နေရာအတွက် ဘေးလ်က အစားထိုးနိုင်ဖွယ်ရှိနေပြီး လာမယ့် ရာသီဆုဖလားအောင်မြင်မှုတွေအတွက် လည်းဟတိုက်ပွဲဝင်သွားနိုင်ဖွယ်ရှိနေပါတယ်။

၅။မန်စီးတီး (ရောက်နိုင်ခြေ 33/1 )

ဘဏ္ဍာရေး အင်အားကြောင့် ဘေးလ်ကို ရနိုင်နေတဲ့ အသင်းတွေထဲမှာမန်စီးတီးအသင်းလည်း ပါဝင်နေမယ်ဆိုတာ ပြောစရာမလိုပါဘူး။ဒါပေမယ့် လတ်တလောမှာ မန်စီးတီးအသင်းရဲ့ တောင်ပံတိုက်စစ်မှာ ဆာနေး၊ စတာလင်၊ အဂွေရိုတို့လို ကစားသမားကောင်းတွေ ပြည့်နှက်နေပါတယ်။ဒါပေမယ့် ကစားသမားကောင်းအမြဲ အင်အားဖြည့်တင်းလေ့ရှိတဲ့ အစဉ်အလာကြောင့် ချန်ပီယံလိဂ် ဆုဖလား ၄လုံးကိုင်မြောက်ဖူးတဲ့ ဘေးလ် လည်း ရောက်လာနိုင်ခြေတော့ ရှိနေပါတယ်။

SM