Solskjaer

မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ ဂႏၶဝင္ ကစားသမား ေဟာင္း ျဖစ္သူ ရီယို ဖာဒီနန္ က လက္ရွိ နည္းျပ ျဖစ္သူ အိုလီ ဂန္နား ဆိုးလ္ရွား မွ လူငယ္ ကစားသမား ေလး ျဖစ္တဲ့ မာဆြန္ ဂရင္းဝုဒ္ အေပၚ ယံုၾကည္ မွဳ ထားခဲ့ ျပီး ကစား ခြင့္ေတြ ေပး ခဲ့တဲ့ အေပၚ ေက်နပ္ ေပ်ာ္ရႊင္ ေန ပါတယ္ ။

လက္ရွိ အခ်ိန္ မွာ အသက္ 17 နွစ္ အရြယ္သာ ရွိေန ေသးတဲ့ ယူနုိက္တက္ တုိက္စစ္ ကစားသမား ေလး ဂရင္းဝုဒ္ ဟာ အသင္း ရဲ့ ရာသီသစ္ အစ ပြဲစဥ္ 4 ပြဲ လံုးမွာ လူစားဝင္ ကစားသမား အျဖစ္ ပါဝင္ ကစား ခြင့္ ရရွိ ထားခဲ့ ပါတယ္ ။

အထူးသျဖင့္ ဒီေႏြ အေျပာင္း အေရႊ့ မွာ မန္ခ်က္စတာ ယူနုိက္တက္ အသင္း မွ တုိက္စစ္ ကစားသမား ေတြ ျဖစ္ၾက တဲ့ အလက္ဆစ္ ဆန္းခ်က္ နဲ့ ရိုမီလူ လူကာကူ တုိ႔ အင္တာ မီလန္ အသင္း ဆီ ေျပာင္းေရႊ့ သြားခဲ့ ၾကတဲ့ အတြက္ ဂရင္းဝုဒ္ ဟာ ယူနုိက္တက္ မွာ ပြဲထြက္ ကစား ခြင့္ေတြ ပိုမို ရရွိ လာနုိင္ ေျခ မ်ားျပား ေနခဲ့ ပါတယ္ ။

အခုေတာ့ ဖာဒီနန္ က သူဟာ ဂရင္းဝုဒ္ ကို အားေပး တဲ့ ပရိသတ္ တစ္ဦး ျဖစ္ေၾကာင္း ၊ အကယ္ဒမီ ထြက္ ကစားသမား ေလးဟာ အနာဂတ္ မွာ ထြန္းေပါက္ နုိင္ လိမ့္မယ္ လို့ ယံုၾကည္ ေၾကာင္း ေမ်ွာ္လင့္ ခ်က္ေတြ ထားရွိ ေန ပါတယ္ ။ ဒါ့အျပင္ အိုလီ ကလည္း ဂရင္းဝုဒ္ ဟာ စီနီယာ အသင္း အတြက္ အဆင္သင့္ ျဖစ္ေန ျပီ ဆုိတာ သိရွိ ေနျပီ လို့ ထင္ေၾကာင္း ေျပာၾကား သြားခဲ့ ပါတယ္ ။

” အိုလီ က ဂရင္းဝုဒ္ ဟာ အသင္း အတြက္ အဆင္သင့္ ျဖစ္ေန ျပီလို႔ ေတြးေတာ ေနေလာက္ ပါျပီ ။ ဒါဟာ မာဆြန္ အတြက္ တစ္ကယ့္ ကို အေရးၾကီး လွတဲ့ အခိုက္ အတန့္ ေတြ ပါပဲ ။ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ တုန္းက က်ြန္ေတာ္ လူငယ္ အသင္း ေတြ ကစား ၾကတဲ့ ပြဲ အခ်ိဳ့ ၾကည့္ျဖစ္ ပါ ေသးတယ္ ။ က်ြန္ေတာ္ TV ဖြင့္လိုက္ တဲ့ ပြဲတုိင္း သူဟာ ဂိုးေတြ သြင္းယူ နုိင္ခဲ့ ပါတယ္ ”

” ဒီ ေကာင္ေလး က ပါရမီ ေကာင္းေတြ ပိုင္ဆုိင္ ထားတယ္ ဆုိတာ နဲ့ ပတ္သက္ လို့ သံသယ ဝင္စရာ မလို ပါဘူး ။ အခုေတာ့ သူ့ အေန နဲ့ စီနီယာ အသင္း အတြက္ ပါဝင္ ကစား ေပးနုိင္ ဖုိ႔နဲ့ အက်ိဳး သက္ေရာက္ မွဳေတြ လုပ္ျပ သြားနုိင္ ဖုိ့ပဲ လိုအပ္ ေနပါ ေတာ့တယ္ ”

” အဲ့တာ နဲ့ ပတ္သက္ လို႔ က်ြန္ေတာ္ နွစ္သက္ မိတဲ့ အရာ တစ္ခု က အိုလီ က သူ့ရဲ့ ေျပာစကား ေတြကို တည္တာ ပါပဲ ။ သူဟာ အခု လူငယ္ ကစားသမား ေလးေတြ ကို ေနရာ ေပးေန ပါတယ္ ။ ဒါဟာ အျခား အကယ္ဒမီ ကစားသမား ေလးေတြ အတြက္ ‘ ငါတုိ့ လံုေလာက္စြာ ေကာင္းမြန္ ၾကမယ္ ဆုိရင္ စီနီယာ အသင္း မွာ ေနရာ ရနုိင္ လိမ့္မယ္ ‘ ဆုိျပီး ၾကိဳးစား လိုစိတ္ ေတြ ျဖစ္ေပၚ ေစနုိင္ ပါ လိမ့္မယ္ ”

” ဒါဟာ ေနာင္ လာမယ့္ လူငယ္ မ်ိဳးဆက္ သစ္ ကစားသမား ေလးေတြ အတြက္ လည္း တစ္ကယ့္ ကို ေကာင္းမြန္ လွတဲ့ အရာ တစ္ခု ျဖစ္လာ ေစနုိင္ ပါ လိမ့္မယ္ ။ အခုေတာ့ မာဆြန္ ဟာ အသင္း ၾကီးဆီ ေရာက္ရွိ လာျပီး ေကာင္းမြန္စြာ ကစားျပ ေနတဲ့ အတြက္ က်ြန္ေတာ္ ေက်နပ္ ေပ်ာ္ရႊင္ မိ ပါတယ္ ”

 

” လူကာကူ နဲ့ ဆန္းခ်က္ တုိ့ ထြက္ခြာ သြားျခင္း က ယူနုိက္တက္ တုိက္စစ္ ကို ေပါ့သြား ေစပါ လိမ့္မယ္ ။ အခုေတာ့ အသင္း မွာ က်န္ရွိ ေနတဲ့ ကစားသမား ေတြ အေပၚ ဖိအား ေတြ ပိုမို သက္ေရာက္ လာပါ လိမ့္မယ္ ”

” ဒီ အတြက္ အိုလီ က ” နားေထာင္ ၊ မင္ ဒီ ဖိအား ဒဏ္ေတြ ကို ခံစား နုိင္ မလား ? ဒါေတြ ကို ကိုင္တြယ္ ေျဖရွင္း နုိင္ပါ့ မလား ? ဒီ အတြက္ ခံနုိင္ရည္ ေတြ အျပည့္ ရွိ ေနျပီ လား ? ” ဆုိျပီး ေျပာသြား မွာ အေသအခ်ာ ပါပဲ ။ ဒီ အတြက္ က်ြန္ေတာ္ တုိ႔ အေျဖ ေတြကို ျမင္ေတြ့ ၾကရ ပါ ေတာ့မယ္ ” လို့ ဖာဒီနန္ က အဆံုးသတ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar
Unicode

ဒီရာသီ ဆိုးလ်ရှား ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက် တစ်ခုကို ထုတ်ဖော် ချီးကျူးလိုက်တဲ့ #ဖာဒီနန်

=================

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း ဖြစ်သူ ရီယို ဖာဒီနန် က လက်ရှိ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား မှ လူငယ် ကစားသမား လေး ဖြစ်တဲ့ မာဆွန် ဂရင်းဝုဒ် အပေါ် ယုံကြည် မှု ထားခဲ့ ပြီး ကစား ခွင့်တွေ ပေး ခဲ့တဲ့ အပေါ် ကျေနပ် ပျော်ရွှင် နေ ပါတယ် ။

လက်ရှိ အချိန် မှာ အသက် 17 နှစ် အရွယ်သာ ရှိနေ သေးတဲ့ ယူနိုက်တက် တိုက်စစ် ကစားသမား လေး ဂရင်းဝုဒ် ဟာ အသင်း ရဲ့ ရာသီသစ် အစ ပွဲစဉ် 4 ပွဲ လုံးမှာ လူစားဝင် ကစားသမား အဖြစ် ပါဝင် ကစား ခွင့် ရရှိ ထားခဲ့ ပါတယ် ။

အထူးသဖြင့် ဒီနွေ အပြောင်း အရွှေ့ မှာ မန်ချက်စတာ ယူနိုက်တက် အသင်း မှ တိုက်စစ် ကစားသမား တွေ ဖြစ်ကြ တဲ့ အလက်ဆစ် ဆန်းချက် နဲ့ ရိုမီလူ လူကာကူ တို့ အင်တာ မီလန် အသင်း ဆီ ပြောင်းရွှေ့ သွားခဲ့ ကြတဲ့ အတွက် ဂရင်းဝုဒ် ဟာ ယူနိုက်တက် မှာ ပွဲထွက် ကစား ခွင့်တွေ ပိုမို ရရှိ လာနိုင် ခြေ များပြား နေခဲ့ ပါတယ် ။

အခုတော့ ဖာဒီနန် က သူဟာ ဂရင်းဝုဒ် ကို အားပေး တဲ့ ပရိသတ် တစ်ဦး ဖြစ်ကြောင်း ၊ အကယ်ဒမီ ထွက် ကစားသမား လေးဟာ အနာဂတ် မှာ ထွန်းပေါက် နိုင် လိမ့်မယ် လို့ ယုံကြည် ကြောင်း မျှော်လင့် ချက်တွေ ထားရှိ နေ ပါတယ် ။ ဒါ့အပြင် အိုလီ ကလည်း ဂရင်းဝုဒ် ဟာ စီနီယာ အသင်း အတွက် အဆင်သင့် ဖြစ်နေ ပြီ ဆိုတာ သိရှိ နေပြီ လို့ ထင်ကြောင်း ပြောကြား သွားခဲ့ ပါတယ် ။

” အိုလီ က ဂရင်းဝုဒ် ဟာ အသင်း အတွက် အဆင်သင့် ဖြစ်နေ ပြီလို့ တွေးတော နေလောက် ပါပြီ ။ ဒါဟာ မာဆွန် အတွက် တစ်ကယ့် ကို အရေးကြီး လှတဲ့ အခိုက် အတန့် တွေ ပါပဲ ။ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ကျွန်တော် လူငယ် အသင်း တွေ ကစား ကြတဲ့ ပွဲ အချို့ ကြည့်ဖြစ် ပါ သေးတယ် ။ ကျွန်တော် TV ဖွင့်လိုက် တဲ့ ပွဲတိုင်း သူဟာ ဂိုးတွေ သွင်းယူ နိုင်ခဲ့ ပါတယ် ”

” ဒီ ကောင်လေး က ပါရမီ ကောင်းတွေ ပိုင်ဆိုင် ထားတယ် ဆိုတာ နဲ့ ပတ်သက် လို့ သံသယ ဝင်စရာ မလို ပါဘူး ။ အခုတော့ သူ့ အနေ နဲ့ စီနီယာ အသင်း အတွက် ပါဝင် ကစား ပေးနိုင် ဖို့နဲ့ အကျိုး သက်ရောက် မှုတွေ လုပ်ပြ သွားနိုင် ဖို့ပဲ လိုအပ် နေပါ တော့တယ် ”

” အဲ့တာ နဲ့ ပတ်သက် လို့ ကျွန်တော် နှစ်သက် မိတဲ့ အရာ တစ်ခု က အိုလီ က သူ့ရဲ့ ပြောစကား တွေကို တည်တာ ပါပဲ ။ သူဟာ အခု လူငယ် ကစားသမား လေးတွေ ကို နေရာ ပေးနေ ပါတယ် ။ ဒါဟာ အခြား အကယ်ဒမီ ကစားသမား လေးတွေ အတွက် ‘ ငါတို့ လုံလောက်စွာ ကောင်းမွန် ကြမယ် ဆိုရင် စီနီယာ အသင်း မှာ နေရာ ရနိုင် လိမ့်မယ် ‘ ဆိုပြီး ကြိုးစား လိုစိတ် တွေ ဖြစ်ပေါ် စေနိုင် ပါ လိမ့်မယ် ”

” ဒါဟာ နောင် လာမယ့် လူငယ် မျိုးဆက် သစ် ကစားသမား လေးတွေ အတွက် လည်း တစ်ကယ့် ကို ကောင်းမွန် လှတဲ့ အရာ တစ်ခု ဖြစ်လာ စေနိုင် ပါ လိမ့်မယ် ။ အခုတော့ မာဆွန် ဟာ အသင်း ကြီးဆီ ရောက်ရှိ လာပြီး ကောင်းမွန်စွာ ကစားပြ နေတဲ့ အတွက် ကျွန်တော် ကျေနပ် ပျော်ရွှင် မိ ပါတယ် ”

” လူကာကူ နဲ့ ဆန်းချက် တို့ ထွက်ခွာ သွားခြင်း က ယူနိုက်တက် တိုက်စစ် ကို ပေါ့သွား စေပါ လိမ့်မယ် ။ အခုတော့ အသင်း မှာ ကျန်ရှိ နေတဲ့ ကစားသမား တွေ အပေါ် ဖိအား တွေ ပိုမို သက်ရောက် လာပါ လိမ့်မယ် ”

” ဒီ အတွက် အိုလီ က ” နားထောင် ၊ မင် ဒီ ဖိအား ဒဏ်တွေ ကို ခံစား နိုင် မလား ? ဒါတွေ ကို ကိုင်တွယ် ဖြေရှင်း နိုင်ပါ့ မလား ? ဒီ အတွက် ခံနိုင်ရည် တွေ အပြည့် ရှိ နေပြီ လား ? ” ဆိုပြီး ပြောသွား မှာ အသေအချာ ပါပဲ ။ ဒီ အတွက် ကျွန်တော် တို့ အဖြေ တွေကို မြင်တွေ့ ကြရ ပါ တော့မယ် ” လို့ ဖာဒီနန် က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar