ခရစ္စတီယာနို ရိုနယ်ဒို အကြောင်း ကို ဘောလုံး ၀ါသနာ ရှင် တိုင်း သိပြီး ဖြစ်မှာပါ ။ ပြင်းပြ တဲ့ ယုံကြည်မှု ကို အခြေခံ ပြီး မဆုတ်မနစ် ကြိုးစား အားထုတ်မယ် ဆိုရင် အမြင့်ဆုံး အောင်ပွဲတွေ ကို အလီလီ ဆွတ်ခူး ရယူနိုင် တယ် ဆိုတာ ကို ပေါ်တူဂီ သားကြီး က သင်ပြ ခဲ့ ပါတယ် ။ ဒါ့အပြင် ရိုနယ်ဒို ဟာ စတား ကစား သမား တစ်ဦး အနေနဲ့ ဘယ်လို တွေ နေထိုင် ပြုမူ လုပ်ဆောင် သင့်တယ် ဆိုတာ ကိုလည်း ကွင်းပြင်ပ က လုပ်ရပ်တွေ နဲ့ ကြိမ်ဖန် များစွာ ရှေ့ဆောင် လမ်းပြ ထားခဲ့ပြီး ဖြစ်ပါတယ် ။

ရိုနယ်ဒို ဟာ ယခု ရာသီ မှာ ယူဗင်တပ် နဲ့ စီးရီအေ ပွဲစဉ် ၂ ပွဲ ကို ပါဝင် ကစားထား ခဲ့ပြီး နာပိုလီ နဲ့ ပွဲမှာ တော့ ဂိုး စတင် ရရှိ ခဲ့ ပါတယ် ။ ဒီ ပွဲ စဉ် ၂ ပွဲ ကို စောင့်ကြည့် ခဲ့ကြ သူတွေ ဟာ ပေါ်တူဂီ သားကြီး ရဲ့ ဂျာစီ မှာ ထူးခြား မှု တစ်ခု ကို မြင်တွေ့ ခဲ့ရ ပါတယ် ။

အဲ့ဒါ ကတော့ ရိုနယ်ဒို ဟာ စီးရီးအေ ရဲ့ အကောင်းဆုံး ကစား သမား အမှတ် တံဆိပ် ကို ဂျာစီ မှာ တပ်ဆင် ထားခြင်း မရှိ ခဲ့တာ ပါပဲ ။ စီးရီးအေ ဘောလုံး အဖွဲ့ချုပ် ဟာ ပြီးခဲ့တဲ့ ရာသီ အကုန် က တစ်နှစ်တာ အကောင်းဆုံး ကစား သမားတွေ ကို နေရာ အလိုက် သတ်မှတ် ထုတ်ပြန် ခဲ့ ပါတယ် ။

အကောင်းဆုံး ဂိုး သမား အဖြစ် အင်တာ ဂိုးသမားကြီး ဟန်ဒါနိုဗစ် က ချီးမြှင့် ခံခဲ့ ရပြီး နောက်တန်း ဆု ကိုတော့ နာပိုလီ ခံစစ်မှုး ကိုလီဘာလေ က ရရှိ ခဲ့ ပါတယ် ။ လာဇီယို ကွင်းလယ်လူ မီလန်ကို ဗစ် ဆာဗစ် က အကောင်းဆုံး ကွင်းလယ်လူ အဖြစ် သတ်မှတ် ခံခဲ့ ရသလို ရိုးမာ ကြယ်ပွင့်လေး ဇာနည်ယိုလို ကတော့ အကောင်းဆုံး လူငယ် ကစား သမား အဖြစ် ရွေးချယ် ခံခဲ့ ရ ပါတယ် ။

ဆမ့်ဒိုးရီးယား တိုက်စစ်မှုး ဖေဘီယို ကွာဂရီရယ်လာ ဟာ မနှစ် က စီးရီးအေ ရဲ့ ဂိုးသွင်း ဘုရင် ဖြစ်ခဲ့ သလို အကောင်းဆုံး တိုက်စစ်မှုး အဖြစ် လည်း သတ်မှတ် ခံခဲ့ရ ပါတယ် ။ ခရစ္စတီယာနို ရိုနယ်ဒို ကတော့ သူ့ရဲ့ ပထမဆုံး စီးရီးအေ ရာသီမှာပဲ တစ်ရာသီ လုံး အကောင်းဆုံး ကစား သမား ဆု ကို ဆွတ်ခူး ရယူနိုင် ခဲ့ ပါတယ်

စီးရီးအေ ဘောလုံး အဖွဲ့ချုပ် ဟာ ယခု ရာသီ မစတင် မီ မှာ ယခင်နှစ် က အကောင်းဆုံး ကစား သမား ဆု ရရှိ သူတွေ ကို အထူး ဂုဏ်ပြုတဲ့ အမှတ် တံဆိပ် ကို ပေးအပ် ခဲ့ပြီး ဂျာစီ မှာ တပ်ဆင် ကစားခွင့် ပြုခဲ့ ပါတယ် ။ ဒါဟာ ဒီ ကစား သမား ဟာ ပြီးခဲ့တဲ့ ရာသီ တုန်းက အကောင်းဆုံး စွမ်းဆောင် နိုင်ခဲ့ကြောင်း သက်သေပြခဲ့ တာပဲ ဖြစ်ပါတယ် ။

ဒါပေမယ့် စီးရီးအေ ပွဲစဉ် ( ၂ ပွဲ ) ပြီးသည် အထိ ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ ဂျာစီမှာတော့ အဆိုပါ အမှတ်တံဆိပ် ကို မမြင်တွေ့ ခဲ့ရ ပါဘူး ။ စပိန် အခြေစိုက် နာမည်ကျော် သတင်းစာ မာကာ ( Marca ) ကတော့ ရိုနယ်ဒို ဟာ ဒီ အမှတ်တံဆိပ် ကို ၀တ်ဆင်ဖို့ ငြင်းဆို ခဲ့တယ် လို့ ဖော်ပြ ခဲ့ ပါတယ် ။

အကြောင်း အရင်း ကတော့ ရိုနယ်ဒို က သူ ဟာ အသင်းဖော်တွေ ရဲ့ အထက်မှာ ရှိနေတယ် လို့ မယူဆ လိုတာ ကြောင့် အခြား သူတွေ ထက် ပိုမို ထူးကဲ နေတယ် လို့ အဓိပ္ပါယ် ဖွင့်ဆို နိုင်တဲ့ အကောင်းဆုံး ကစား သမား အမှတ် တံဆိပ် ကို တပ်ဆင် ဖို့ ငြင်းဆန် ခဲ့တာ ဖြစ်တယ် လို့ Marca သတင်းစာ က ဖော်ပြ သွားခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ ပြီးခဲ့တဲ့ ရာသီ က ယူဗင်တပ် နဲ့ စီးရီးအေ ဖလား ကို ရယူနိုင် ခဲ့ ပေမယ့် ကိုပါ အီတလီ ယာ နဲ့ ချန်ပီယံ လိဂ် တို့မှာ တော့ အရေးနိမ့် ခဲ့ရ သလို စီးရီးအေ ရွှေဖိနပ်ဆု ကို လည်း မရယူ နိုင် ခဲ့ ပါဘူး ။ ယခု ရာသီ မှာတော့ ရိုနယ်ဒို ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက လက်လွှတ် လိုက်ရတဲ့ အောင်မြင်မှုတွေ ကို ရယူနိုင် ဖို့ အားထုတ် ကြိုးစား နေပြီဖြစ် ပါတယ် ။

SPORTS MYANMAR