အာာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီဟာ မနေ့က ကစားခဲ့တဲ့ မြောက်လန်ဒန် ဒါဘီပွဲမှာပရိသတ်တွေ မျှော်လင့်နေကြတဲ့ နီကိုလပ်စ်ပီပီ-လာကာဇက်-အူဘာမီယန်း တိုက်စစ်အတွဲကို ပထမဆုံး အကြိမ် ပွဲထွက် အသုံးပြုခဲ့ပါတယ်။

လန်ဒန်ဒါဘီမှာ အူဘာမီယန်း နဲ့ လာကာဇက်တို့ နှစ်ဦးစလုံးဟာ ဂိုးသွင်းယူ နိုင်ခဲ့ကြပြီး ကစားသမားသစ် နီကိုလပ်စ် ပီပီ ဟာလည်း လာကာဇက်ရဲ့ သွင်းဂိုးကို ဖန်တီးပေးခဲ့သလို အပိုင် ဂိုးသွင်းခွင့်တွေ အများအပြား ရရှိခဲ့ပြီး အဆုံးသတ် မသေချာမှုကြောင့်သာ ဂိုး ရရှိခဲ့ခြင်း မရှိတာလည်း ဖြစ်ပါတယ်။

Arsenal
Tottenham Hotspur’s English midfielder Dele Alli (R) vies with Arsenal’s Greek defender Sokratis Papastathopoulos (C) during the English Premier League football match between Arsenal and Tottenham Hotspur at the Emirates Stadium in London on September 1, 2019. (Photo by Ben STANSALL / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. /

မန်ယူနိုက်တက် နဲ့ ချဲလ်ဆီး နည်းပြဟောင်း မော်ရင်ဟို က Sky Sports နဲ့ ဘောလုံး ဝေဖန် သုံးသပ်မှု အစီအစဉ်မှာ အာဆင်နယ်အသင်း တိုက်စစ် ကစားသမား သုံးယောက်ရဲ့ အကောင်းဆုံး ပုံစံတွေ မြင်တွေ့ရအောင် နည်းပြ အမ်မရီ ဘယ်လို လုပ်ဆောင် ရမလဲ ဆိုတာ အကြံဉာဏ် ပေးသွားခဲ့ပါတယ်။

မော်ရင်ဟို က အာဆင်နယ်အသင်း တိုက်စစ် ကစားသမား သုံးယောက်နဲ့ ပတ်သက်ပြီး ” သူတို့ သုံးယောက်စလုံးက ကစားသမားကောင်းတွေပါ၊ပုံမှန်အားဖြင့်တော့ သုံးယောက်စလုံးကို ပွဲထွက် အသုံးပြုသင့်ပါတယ်။ကျနော့် အမြင်အရ အူဘာမီယန်းက အထောင်တိုက်စစ်မှာ ကစားရတာ ပိုကြိုက်မယ် ထင်ပါတယ်။အဲ့နေရာမှာ ကစားရရင် သူ ဂိုးပိုသွင်းနိုင်ပါတယ်။ဒါပေမယ့် ဘယ်ခြမ်းတိုက်စစ်မှာ ကစားရရင်လည်း သူဂိုးသွင်းနိုင်ဦးမှာပါပဲ။”

” လီဗာပူးမှာဆို ဖာမီနိုက နောက်အထိ ပြန်ဆင်း ကစားသလို ကွင်းလယ် နဲ့ တိုက်စစ်ကိုလည်း ချိန်ဆက် ကစားပါတယ်။သူ့ကြောင့် ဆာလက်ရှ် နဲ့ မာနေး တို့ နေရာလွှတ်တွေ ပိုရလာခဲ့ပါတယ်။လီဗာပူး နဲ့ပွဲမှာ အူဘာမီယန်း ဘယ်ခြမ်းတိုက်စစ်မှာ ကစားပြီး ဂိုးတွေ သွင်းတာကို မြင်ချင်ခဲ့တာပါ။အာဆင်နယ် အသင်းမှာ လာကာဇက် က ဖာမီနို လို ကစားနိုင်စွမ်း မရှိပါဘူး။”

Players shake hands on the pitch after the English Premier League football match between Arsenal and Tottenham Hotspur at the Emirates Stadium in London on September 1, 2019. – The game ended 2-2. (Photo by Ben STANSALL / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. /

“ဒါပေမယ့် နည်းပြ အမ်မရီမှာ ရွေးချယ် စရာ နှစ်ခု ရှိပါတယ်။ပထမတစ်ခုက ဒီနေ့ပွဲမှာ ပွဲထွက်လာတဲ့ ကွင်းလယ် သုံးယောက်တန်း အစား လာကာဇက်ကို လူစားလဲပြီးတဲ့ အချိန် ပွဲပြီးခါနီး ၁၀မိနစ်၊မိနစ် ၂၀ လောက်မှာ ကစားခဲ့သလို ကွင်းလယ်အထိုင်နှစ်ယောက်ရယ် နံပါတ် ၁၀ နေရာ ကစားသမား တစ်ယောက်ရယ် ထားကစားတာက တိုက်စစ်သုံးယောက်အတွက် ပိုအထောက်အကူ ဖြစ်ပါတယ်။”

” နောက်တစ်ခုကတော့ ပီပီကို ညာတောင်ပံ ထွက်ကစားခိုင်းပြီး အတွင်းထဲကို မကြာခဏ ဘောလုံး ဆွဲပြေးခိုင်းတာပါ။အသင်းတော်တော်များများက နောက်တန်း လေးယောက် ထားကစားကြပေမယ့် တကယ်တမ်း ပွဲမှာ နောက်တန်သုံးယောက်ပဲ ရှိပါတယ်။အဲလို့ ကစားမယ်ဆို ညာနောက်ခံလူက တောင်ပံ နေရာ ရောက်လာပြီး တောင်ပံကလူကတော့ အတွင်းထဲ ရောက်သွားမှာပါ။”

” ပီပီ အတွင်း ဝင်ကစားမယ်ဆိုရင် လာကာဇက် နဲ့ ချိတ်ဆက်ပြီး ကစားနိုင်မှာပါ။ပီပီ က ညာခြမ်းကနေ ဘယ်ခြေနဲ့ ဘောလုံး ဆွဲပြေးလာမယ် ပီးရင် ဓားလွယ်ခုတ် အနေအထားက လာကာဇက် ကို ပေးမယ်ပေါ့ဗျာ။သူတို့ တိုက်စစ်သုံးယောက်စလုံးက အရမ်းကောင်းတော့ ရွေးချယ်စရာ အရမ်း များပါတယ်။” လို့ အမ်မရီကို အကြံဉာဏ်ပေးသွားခဲ့ပါတယ်။

SPORTS MYANMAR