ဒီတစ်ပါတ် ရလဒ်များ …

အိုဆာဆူနာ 2 – 2 ဘာစီလိုနာ
အေတီကို 3 – 2 အီဘာ
ဗီလာရီးယဲ 2 – 2 ရီးယဲ မက်ဒရစ်

အမှတ်ပေး ဇယား ရပ်တည်မှု …

(1) အေတီကို – 9 မှတ်
(5) ရီးယဲ မက်ဒရစ် – 5 မှတ်
(8) ဘာစီလိုနာ – 4 မှတ်

ဘာစီလိုနာ အသင်း ရဲ့ စူပါ စတား လီယွန်နယ် မက်ဆီ ကတော့ ဖီဖာ ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆု ၊ တစ်နှစ်တာ အကောင်းဆုံး သွင်းဂိုး ဆု တွေရဲ့ ဆန်ကာတင် 3 ဦး စာရင်း မှာ ရွေးချယ် ခံခဲ့ ရ ပါတယ် ။

ဖီဖာ ရဲ့ တစ်နှစ်တာ အကောင်းဆုံး ဂိုးသမား ဆန်ကာတင် စာရင်း မှာတော့ ဘာစီလိုနာ အသင်း ရဲ့ ဂိုးသမား ဖြစ်သူ တာစတီဂျန် က လီဗာပူး မှ အလီဆွန် ၊ မန်စီးတီး မှ အီဒါဆင် တို့နဲ့ အတူ ရွေးချယ် ခံခဲ့ ရ ပါတယ် ။

ဘာစီလိုနာ အသင်း ကတော့ ဒီ တစ်ပါတ် သရေ ရလဒ် သာ ထွက်ပေါ် ခဲ့ပြီး အမှတ်ပေး ဇယား အထက် ပိုင်းကို တက်လှမ်း နိုင်ဖို့ ရုန်းကန် နေရဆဲ ပါပဲ ။

အဆိုပါ ပွဲစဉ် မှာ ဘာစီလိုနာ အတွက် လူငယ် ကစားသမား လေးတွေ ဖြစ်ကြ တဲ့ ဖာတီ နဲ့ အာသာ တို့က သွင်းယူ ပေးခဲ့ ကြပြီး ကားလပ်စ် ပီးရက်ဇ် က နှစ်ဂိုး လုံး ဖန်တီး ပေးနိုင် ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာ ပထမဆုံး ခြေပဂိုး ကို သွင်းယူ ပေး ခဲ့တဲ့ ဖာတီ က ဘာစီလိုနာ အသင်း ရဲ့ သမိုင်း တစ်လျောက် စီနီယာ အသင်း အတွက် ဂိုး သွင်းယူ ပေးတဲ့ အသက် အငယ်ဆုံး ကစား သမား ဆိုတဲ့ မှတ်တမ်း ကို ပိုင်ဆိုင် ခဲ့ပြီး လာလီဂါ သမိုင်း တစ်လျောက် ရဲ့ တတိယ မြောက် အသက် အငယ်ဆုံး ဂိုး သွင်းသူ ဖြစ်လာ ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီး မှာတော့ ဘာစီလိုနာ အသင်း ရဲ့ ပရိသတ် တွေနဲ့ သတင်း အချို့ က နေမာ ကို မေ့လိုက် ပြီး လာမာစီယာ ( အကယ်ဒမီ ) အပေါ် ယုံကြည်မှု ထားဖို့ အသင်း ကို တိုက်တွန်း သွားခဲ့ ကြ ပါတယ် ။

ပွဲစဉ် အပြီး မှာတော့ ဘာစီလိုနာ အသင်း ရဲ့ နောက်ခံလူ ပီကေး က အဆိုပါ ပွဲမှ ဖောင်းဘော ကို ပင်နယ်တီ ပေးဖို့ မလိုအပ် ခဲ့ကြောင်း ထုတ်ဖော် ငြီးတွား သွားခဲ့ လိုက် ပါတယ် ။

ဆာဂျီ ရောဘတ်တို ကတော့ ပွဲစဉ် အပြီး အသင်း သား အားလုံး က သရေ ရလဒ် အတွက် စိတ်ပျက် ၊ ဒေါသ ထွက်နေ ခဲ့ကြ တယ်လို့ ဖွင့်ဟ သွားခဲ့ ပါတယ် ။

ဘာစီလိုနာ နည်းပြ ဗယ်လ်ဗာဒီ ကတော့ အသင်း အနေ နဲ့ တိုက်စစ် တွေသာ ဆက်တိုက် ဆင်နေ ဖို့ လိုအပ် ပြီး ပွဲစဉ် အပေါ် လွှမ်းမိုး နိုင်မှု ကို လျော့ကျ မသွား စေဖို့ လုပ်ဆောင် ရမယ် လို့ ပြောကြား သွားခဲ့ ပါတယ် ။

မန်စီးတီး မှ လာပေါ်တေး ဒဏ်ရာ ရရှိ သွား ခဲ့တဲ့ အတွက် ပြင်သစ် လက်ရွေးစင် အသင်း ဟာ ဗဟို ခံစစ် နေရာ အတွက် ဘာစီလိုနာ အသင်း ရဲ့ နောက်ခံလူ အမ်တီတီ ကို တရားဝင် ရွေးချယ် သွားခဲ့ ပါတယ် ။

မနေ့ က ထွက်ပေါ် ခဲ့တဲ့ သတင်း တွေ အရ တော့ နေမာ ဟာ PSG မှာပဲ ဆက်လက် ရှိနေ ဖို့ အသင်း နဲ့ သဘော တူညီမှု ရရှိ ထားခဲ့ ပြီလို့ သိရှိ ခဲ့ရ ပါတယ် ။

ဘာစီလိုနာ အသင်း ရဲ့ ဝါရင့် ကွင်းလယ်လူ ရာကီတစ် ဟာ အရံခုံ ပေါ် ထိုင်နေ ရတာ သုံးပွဲ ဆက် ရှိခဲ့ ပါပြီ ။ ဗယ်လ်ဗာဒီ ကတော့ အပြောင်း အရွှေ့ သတင်း တွေကြောင့် ကစားသမား ကို ချန်လှပ် ထားတာ မဟုတ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ ပါတယ် ။

ဘာစီလိုနာ အသင်း ရဲ့ ကစားသမား ဟောင်း ဘိုဂျန် ကာကစ် က သူ့ကို ကျော်ဖြတ် ပြီး အသင်း ရဲ့ အသက် အငယ်ဆုံး ဂိုးသွင်း သူ ဖြစ်လာ ခဲ့တဲ့ ကစားသမား လေး ဖာတီ ကို ချီးကျူး ဂုဏ်ပြု စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

ဘာစီလိုနာ အသင်း ဟာ ရာသီ သစ်ကို ဆိုးရွားစွာ စတင် ခဲ့ ပေမယ့် ဆက်လက် ရယူ နိုင်ခွင့် ရှိတဲ့ အမှတ်တွေ များစွာ ကျန်ရှိ သေးကြောင်း နောက်ခံလူ လန်ဂ်လက် က ဆိုသွား ခဲ့လိုက် ပါတယ် ။

ဘာစီလိုနာ ဟာ ရာသီ အဖွင့် ပွဲစဉ် 3 ပွဲမှာ 5 ဂိုး အထိ ပေးခဲ့ ရ ပါတယ် ။ ဒါဟာ နောက်ဆုံး နှစ် 20 အတွင်း ရာသီ သစ် တစ်ခု ရဲ့ အဆိုးရွား ဆုံး ခံစစ် မှတ်တမ်း တစ်ခု ဖြစ်သွား ခဲ့ရ ပါတယ် ။

ဘာစီလိုနာ အသင်း ရဲ့ နောက်ခံလူ အမ်တီတီ ကတော့ အားလပ်ရက် ကို အခွင့် အရေး ယူပြီး မြောက် လန်ဒန် ဒါဘီ ပွဲစဉ် ကို သွားရောက် ကြည့်ရှု ခဲ့တယ် လို့ သိရှိ ရ ပါတယ် ။

ထွက်ပေါ် လာတဲ့ သတင်း တွေ အရ ဘာစီလိုနာ အသင်း မှ နေမာ ကို ဇန်နဝါရီ အပြောင်း အရွှေ့ ( သို့ ) နောက် ရာသီ မှာ ထပ်မံ ခေါ်ယူ ဖို့ လုပ်ဆောင် ဦးမယ် လို့ သိရှိ ရ ပါတယ် ။

ခရိုအေးရှား လက်ရွေးစင် အသင်း နည်းပြ ကတော့ ရာကီတစ် ဟာ ကလပ် အသင်း မှာ ပြသနာ အနည်းငယ် ရှိ နေတဲ့ အတွက် လက်ရွေးစင် အသင်း နဲ့ ပူးပေါင် နိုင်မှာ မဟုတ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ ပါတယ် ။

ဒီ တစ်ပါတ် ဗီလာ ရီးယဲ အသင်း နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် မှာ ရီးယဲ တို့ 2 – 2 ဆိုတဲ့ ရလဒ် နဲ့ သရေ တစ်မှတ်သာ ရှာဖွေ နိုင်ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ ရီးယဲ မက်ဒရစ် အသင်း မှာ ပြန်လည် ကစားခွင့် တစ်နေရာ ရရှိ လာ ခဲ့တဲ့ တောင်ပံ တိုက်စစ် ကစား သမား ဖြစ်သူ ဂါးရတ် ဘေးလ် က နှစ်ဂိုးလုံး သွင်းယူ ပေးသွား နိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် ပွဲ ကစား ချိန် မိနစ် 90 ကျော်တဲ့ အခါ မှာ ဂါးရတ် ဘေးလ် ဟာ အဝါ ကဒ် နှစ်ကဒ် အထိ ပြသ ခံခဲ့ ရပြီး နှစ်ဝါ တစ်နီ နဲ့ ထုတ်ပယ် ခံခဲ့ ရ ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီး မှာတော့ ရီးယဲ မက်ဒရစ် အသင်း ရဲ့ ဂိုးပေါက် အတွက် ဘယ်သူ က အသင့်တော်ဆုံး ဂိုးသမား ဖြစ်မလဲ လို့ Poll လုပ်ခဲ့ရာ ပရိသတ် အများစု က ကေလာ နာဗတ်စ် ကို ရွေးချယ် ခဲ့ကြ ပါတယ် ။

ရီးယဲ မက်ဒရစ် အသင်း ရဲ့ ကွင်းလယ် ခံစစ် ကစားသမား ဖြစ်သူ ကာဆီမီရို က အသင်း ဟာ နေရာ တိုင်းမှာ လိုအပ်ချက် ရှိနေ ခဲ့ကြောင်း ၊ တိုက်စစ် ပိုင်းမှာ ဂိုးတွေ နောက်ထပ် သွင်းယူ နိုင်ခဲ့ သင့်သလို ခံစစ်ပိုင်း ကလည်း အကောင်းဆုံး ခုခံ ကစား နိုင်ခဲ့ သင့်ကြောင်း ငြီးတွား သွားခဲ့ ပါတယ် ။

မာလော့ကာ အသင်း မှာ အငှား ချထား ခံခဲ့ ရတဲ့ ရီးယဲ မက်ဒရစ် ကစားသမား သစ် ကူဘို ဟာ လူစားဝင် ကစား ခွင့် ရရှိ သွားခဲ့ ပါတယ် ။ အဆိုပါ ပွဲစဉ် မှာတော့ မာလော့ကာ ဟာ ဗလန်စီယာ အသင်း ကို 2 – 0 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် သွားခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီး မှာတော့ ဇီဒန်း ဟာ ရီးယဲ မက်ဒရစ် အသင်း အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ရဲ့လား ဆိုတဲ့ မေးခွန်း တွေ ပျံ့လွင့် လာခဲ့ ပါတယ် ။

ဇီဒန်း ကတော့ ပွဲစဉ် အပြီး အင်တာဗျူး မှာ ဘေးလ် ရဲ့ သွင်းဂိုး တွေ အတွက် ကျေနပ် အားရ ကြောင်း ၊ အမှတ် တစ်မှတ် ရရှိ တယ် ဆိုတာ အပေါင်း လက္ခဏာ ဆောင်တဲ့ အရာ ဖြစ်ကြောင်း ပြောကြား သွားခဲ့ ပါတယ် ။

ကေလာ နာဗတ်စ် ကတော့ အသင်း ရဲ့ အဝတ် လဲခန်း ထဲမှာ အသင်းဖော် တွေကို GoodBye လို့ နှုတ်ဆက် ခဲ့ကြောင်း သိရှိ လိုက်ရ ပါတယ် ။ လက်ရှိ အချိန် မှာတော့ သူဟာ PSG ဆီ ပြောင်းရွှေ့ နိုင်ဖို့ ပြင်သစ် မြေကို ရောက်ရှိ နေတယ် လို့ သိရှိ ရ ပါတယ် ။

နေမာ နဲ့ ပေါ့ဂ်ဘာ တို့ကို ခေါ်ယူ နိုင်ခွင့် နည်းပါး သွားတဲ့ နောက် ဒီနေ့ မှာ ရီးယဲ မက်ဒရစ် အသင်း က စပို့တင်း လစ္စဘွန်း အသင်း ရဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ကို ခေါ်ယူ ဖို့ လုပ်ဆောင် နေပြီ လို့ သတင်း ထွက်ပေါ် လာပါတယ် ။

ကော့တွိုက်စ် ဟာ ရီးယဲ မက်ဒရစ် အသင်း အတွက် နောက်ဆုံး ကစား ပေး ခဲ့တဲ့ ပွဲစဉ် 11 ပွဲလုံး မှာ ပေးဂိုးတွေ ပေးခဲ့ ရပြီး Cleen Sheet ပျောက်ဆုံး နေခဲ့ ပါတယ် ။

အနီကဒ် ပြသ ခံခဲ့ ရတဲ့ အတွက် စိတ်ပျက် ခဲ့ရ ပေမယ့် အသင်းဖော် တွေရဲ့ စရိုက် အနေအထား တွေ အပေါ် အထူး ကျေနပ် အားရ မိကြောင်း ရီးယဲ မက်ဒရစ် အသင်း ရဲ့ ဂိုး သွင်းရှင် ဘေးလ် က တွစ်တာ မှ တစ်ဆင့် ပြောကြား သွားခဲ့ ပါတယ် ။

ဘေးလ် ဟာ ရီးယဲ မက်ဒရစ် အသင်း အတွက် 104 ဂိုး အထိ သွင်းပေး နိုင်ခဲ့ ပါပြီ ။ ဒါဟာ ကစားသမား ဟောင်း ဖြစ်သူ ရော်နယ်ဒို ( ဒိုကြီး ) ရဲ့ သွင်းဂိုး အရည်အတွက် နဲ့ တူညီ သွားခဲ့ ရ ပါပြီ ။

AFers သတင်း ကတော့ နှစ်ဂိုး သွင်းပြီး အနီကဒ် တစ်ကဒ် ပိုင်ဆိုင် ခဲ့တဲ့ ဘေးလ်ဟာ ဒီယေဂို ကော်စတာလို ကစားသမား မျိုး ဖြစ်ကြောင်း troll သွားခဲ့ ပါတယ် ။

2013 ခုနှစ် ရဲ့ ဒီလို နေ့မှာ ရီးယဲ မက်ဒရစ် အသင်း ဟာ တော့တင်ဟမ် ဟော့ စပါး အသင်း မှ ဂါးရတ် ဘေးလ် ကို ခေါ်ယူ နိုင်ခဲ့ ပါတယ် ။

အေတီကို အသင်း ကတော့ ဒီ တစ်ပါတ် မှာ အီဘာ အသင်း နဲ့ ကစား ခဲ့ပြီး 3 – 2 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရယူ နိုင်ခဲ့တဲ့ အတွက် ရာနှုန်းပြည့် နိုင်ပွဲ နဲ့ အတူ အမှတ်ပေး ဇယား ကို ဦးဆောင် ခွင့် ရရှိ ထားခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ အေတီကို ဟာ နှစ်ဂိုး အရင် ပေးခဲ့ ရ ပေမယ့် အကောင်းဆုံး ပြန်လာ နိုင်ခဲ့ ပြီး 90+ မိနစ် မှာ အသည်းခွဲ ဂိုး သွင်းယူ ရင်း အနိုင်ရ ခဲ့တာ ပဲ ဖြစ်ပါတယ် ။

ဒီ ပွဲစဉ် မှာတော့ အေတီကို အတွက် သွင်းဂိုး တွေကို ဂျွာအို ဖဲလစ် ၊ ဗီတိုလို နဲ့ ပါတေး တို့က သွင်းယူ ခဲ့ကြ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာ တိုက်စစ်မှူး ဒီယေဂို ကော်စတာ ဟာ အသင်း ရဲ့ ပွဲထွက် ကစားသမား စာရင်း ထဲ ပါဝင် ခဲ့ပြီး အသင်းဖော် ဖဲလစ် ရဲ့ အဖွင့် ဂိုးကို ဖန်တီး ပေးသွား နိုင်ခဲ့ ပါတယ် ။

နောက်ကျ သွင်းဂိုး နဲ့ အနိုင် ရယူ အပြီး မှာတော့ ဆီမြွန်နီ ဟာ အရူးအမူး အောင်ပွဲ ခံခဲ့ ပြီး အဆိုပါ ပုံတွေ က လူမှု ကွန်ယက် အပေါ် မှာ ရေပန်းစား သွားခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီး မှာတော့ အေတီကို ပရိသတ် တွေက ဗီတိုလို ဟာ အေတီကို အတွက် တော့ ကစားသမား သစ် တစ်ဦး ရရှိ လိုက် သလို မျိုး ဖြစ်ခဲ့ ရပြီ လို့ ချီးကျူး သွားခဲ့ ကြ ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီး မှာတော့ နည်းပြ ဆီမြွန်နီ က အေတီကို ဟာ နိုင်ပွဲ တွေ ဆက်တိုက် ပြီး ဆက်တိုက် ရယူ လိုတဲ့ အသင်း ဖြစ်ကြောင်း ပြောကြား သွားခဲ့ ပါတယ် ။

ဒါ့အပြင် သူဟာ ရာနှုန်းပြည့် နိုင်ပွဲ ဆိုတဲ့ မှတ်တမ်း ကို ဆက်လက် ထိန်းသိမ်း ထားနိုင် ဖို့ ဆာလောင် နေဆဲ ဖြစ်ကြောင်း ဆီမြွန်နီ က ဆက်လက် ပြောကြား သွားခဲ့ ပါတယ် ။

အီဘာ အသင်း ကို 3 – 2 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရရှိ ခဲ့တဲ့ နောက် အေတီကို အသင်း ဟာ 1052 ရက် အကြာ မှ အမှတ်ပေး ဇယား ကို ပြန်လည် ဦးဆောင် နိုင် ခဲ့တဲ့ မှတ်တမ်း တစ်ရပ် ပိုင်ဆိုင် သွားခဲ့ ပါတယ် ။

ဒီနေ့ ဟာ အပြောင်း အရွှေ့ နောက်ဆုံးရက် ဖြစ်ပေမယ့် ထိပ်သီး သုံးသင်းလုံး ကတော့ အခု ထက်ထိ ကစားသမား ခေါ်ယူ မှု မလုပ်ဆောင် ကြသေး ပါဘူး ။

#SM