ပရီးမီးယားလိဂ် ရာသီ သစ် ရဲ့ အဖွင့် လ ဖြစ်တဲ့ သြဂုတ် လ အတွက် အကောင်း ဆုံး ကစား သမား ဆု ကိုတော့ တန်းတက် နောဝှစ်ခ်ျ နဲ့ အတူ ခြေစွမ်း ပြပြီး ၄ ပွဲ မှာ ၅ ဂိုး သွင်းယူ ခဲ့တဲ့ တိုက်စစ်မှုး တေမူး ပက်ကီ က ရရှိ သွားခဲ့ ပါတယ် ။

အာဆင်နယ် အသင်း နဲ့ တောက်ပ လာတဲ့ လူငယ် ကွင်းလယ် ကစား သမားလေး ဂွမ်ဒိုဇီ ကတော့ အယ်ဘေးနီးယား ၊ အန်ဒိုရာ တို့ နဲ့ ကစားမယ့် ပြင်သစ် အသင်း အတွက် ဆင့်ခေါ်ခြင်း ခံခဲ့ ရ ပါတယ် ။ ဒါဟာ ဂွမ်ဒိုဇီ ရဲ့ ဘ၀ မှာ ပထမဆုံး လက်ရွေးစင် အသင်းကြီး အတွက် ပါဝင် ခွင့် ရရှိ ခဲ့တာ ပဲ ဖြစ် ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဘာ ကတော့ ဒဏ်ရာ ကြောင့် ပြင်သစ် အသင်း ကနေ နှုတ်ထွက် သွားခဲ့ ပါတယ် ။

ရီးရဲမက်ဒရစ် အသင်း ဟာ PSG ရဲ့ ပြင်သစ် လက်ရွေးစင် ဂိုး သမား အေရိုလာ ကို ရာသီ ကုန် အထိ အငှား ခေါ်ယူ လိုက်ပြီပဲ ဖြစ်ပါတယ် ။ ရီးရဲ ဂိုး သမားကြီး နာဗက်စ် ဟာလည်း PSG ကို ပြောင်းရွှေ့ တော့မှာ ဖြစ်တယ် လို့ သိရှိ ရ ပါတယ် ။

ဘာစီလိုနာ ကစား သမား ရာဖင်ဟာ ကတော့ ဆဲလ်တစ် အသင်းဆီ အငှား ပြောင်းရွှေ့တော့ မှာ ဖြစ်ပြီး အပြောင်း အရွှေ့ မပိတ်ခင် မှာ တရားဝင် ကြေညာနိုင် ဖို့ လုပ်ဆောင် နေတယ် လို့ သိရ ပါတယ် ။

ယူဗင်တပ် အသင်း ဟာ အသက် ၂၁ နှစ် အရွယ် မြောက်ကိုရီးယား တိုက်စစ်မှုးလေး ကွမ်ဆောင်ဟန် ကို ကာဂလီယာလီ အသင်း ကနေ ယူရို ၅ သန်း ဖြင့် ခေါ်ယူ ခဲ့တယ် လို့ သိရ ပါတယ် ။

ရီးရဲ မက်ဒရစ် ဟာ စပို့တင်း ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ကို ခေါ်ယူ နိုင်ကြောင်း ကို မကြာခင် မှာ ထုတ်ပြန် ကြေညာ တော့မယ် လို့လည်း သတင်းတွေ ထွက်ပေါ် လာခဲ့ ပါတယ် ။

ဂီတာဖေး အသင်း ကတော့ ဗလင်စီယာ တောင်ပံ ကစား သမား ဂျေဆင် ရီမီဆီယို ကို ရာသီကုန် အထိ အငှား ခေါ်ယူ လိုက်ပြီပဲ ဖြစ်ပါတယ် ။ ဗလင်စီယာ အသင်း ကတော့ စပို့တင်း နောက်ခံလူ တိုင်ယာနီ ကော်ရီယာ ကို ယူရို ၁၅ သန်း နဲ့ ခေါ်ယူ ဖို့ သဘောတူညီ မှု ရရှိ ခဲ့ပြီ လို့ ကြားသိရ ပါတယ် ။

ချဲလ်ဆီး လူငယ် တောင်ပံ ကစား သမား ကနေဒီ ကတော့ ဂီတာဖေး အသင်းထံ ရာသီကုန် အထိ အငှား ပြောင်းရွှေ့ သွားခဲ့ပြီ လို့ သိရ ပါတယ် ။

ဆီဗီးလား ဂိုး သမား ဆာဂျီယို ရီကို ကတော့ PSG အသင်းဆီ ရာသီကုန် အထိ အငှား ပြောင်းရွှေ့ သွားခဲ့ ပြီပဲ ဖြစ် ပါတယ် ။ ဒါ့အပြင် ဆီဗီးလား ဟာ ၀က်စ်ဟမ်း ယူနိုက်တက် တိုက်စစ်မှုး ဂျဗီယာ ဟာနန်ဒက်စ် ကို ယူရို ၇.၇၅ သန်း ဖြင့် ခေါ်ယူ လိုက်ပြီ ဖြစ်ကြောင်းလည်း တရားဝင် ကြေညာ သွားခဲ့ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ နံပါတ် ၁ ဂိုး သမား ဒီဂီယာ ကို စာချုပ်သစ် မချုပ်နိုင် ခဲ့ပါက အသက်လက်တီကို မက်ဒရစ် ဂိုးသမား အိုဘလက် ကို ဂိုး သမား တစ်ယေက် အတွက် ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ ကြေး ပေးကာ ခေါ်ယူ ဖို့ ပြင်ဆင် ထားတယ် လို့ သိရ ပါတယ် ။

ဖီအိုရင်တီးနား အသင်း ကတော့ ဖလူမီနီးစ် တိုက်စစ်မှုး ပက်ဒရို ကို ခေါ်ယူ စာချုပ် လိုက်ပြီလို့ သိရှိရ ပါတယ် ။

SPORTS MYANMAR