ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ည က ရီးရဲမက်ဒရစ် ဟာ ဗီလာရီးရဲ အသင်း နဲ့ ၂ ဂိုးစီ သရေ ကျခဲ့ ပါတယ် ။ ရီးရဲ တို့ ၂ ကြိမ် တိုင်တိုင် ဦးဆောင် ခံခဲ့ ရ ပေမယ့် ဝေးလ် တောင်ပံ ကစား သမား ဂါရတ်ဘေးလ် က ၂ ကြိမ် စလုံး ချေပဂိုး တွေ ကို ပြန်သွင်း ပေးခဲ့ ပါတယ် ။ မိနစ် ၉၀ ကျော်မှာ အနီကဒ် နဲ့ ထုတ်ပယ် ခံခဲ့ရ ပေမယ့် ဘေးလ် ရဲ့ သူရဲကောင်းပြယုဂ် ကိုတော့ ဖုံးကွယ်လို့ မရနိုင်ခဲ့ ပါဘူး ။

ဗီလာရီးရဲ အသင်းရဲ့ ပွဲက သွင်းဂိုး ၂ ဂိုး ဟာ ဘေးလ် အတွက် ရီးရဲ မက်ဒရစ် ကစား သမား ဘ၀ တစ်လျောက် သွင်းဂိုး ၁၀၄ ဂိုး ကို ရောက်ရှိ စေခဲ့ ပါတယ် ။ ဒါဟာ ရီးရဲမက်ဒရစ် ရဲ့ ဂန္ထ၀င် ကစား သမားကြီး ရိုနယ်ဒို နာဇာရီယို ရဲ့ သွင်းဂိုး အရေ အတွက် နဲ့ တူညီ သွားစေ ခဲ့ ပါတယ် ။

ဒါပေမယ့် ရိုနယ်ဒို ဟာ ရီးရဲမက်ဒရစ် ပရိသတ်တွေ ချစ်မြတ်နိုးတဲ့ ဂန္ထ၀င် ကစား သမား တစ်ယောက် ဖြစ် ခဲ့ ပြီး ဂါရတ်ဘေးလ် က တော့ အခု အချိန် အထိ မက်ဒရစ် မြို့ခံ ပရိသတ်တွေ ရဲ့ မေတ္တာ ကို ထိုက်သင့် သလောက် မရရှိ ခဲ့ ပါဘူး ။

ဒါဟာ ဘာကြောင့် ပါလဲ . . . ဂါရတ်ဘေးလ် ဟာ တကယ်ပဲ လေးစားခံရဖို့ မထိုက်တန်ဘူးလား ။

တကယ်တမ်း ပြောရရင် ရီးရဲ အတွက် ဘေးလ် စွမ်းဆောင်ပေး ခဲ့တာတွေ ဟာ ရိုနယ်ဒို နာဇာရီယို ထက် အများကြီး သာလွန် ခဲ့ ပါတယ် ။ ဘရာဇီး တိုက်စစ်မှုးကြီး ဟာ ကမ္ဘာ့ အကောင်းဆုံး ကစား သမား ဆု ၃ ခု ရှင် ဖြစ်သလို ဘောလုံး သမိုင်းရဲ့ အကောင်း တကာ့ အကောင်းဆုံး ကစား သမားတွေ ထဲ က တစ်ဦး လည်း ဖြစ်ခဲ့ ပါတယ် ။ ဒါပေမယ့် ရီးရဲ မှာတော့ ရိုနယ်ဒို ဟာ ဘေးလ် လောက် မစွမ်းဆောင် နိုင် ခဲ့ ပါဘူး ။

ရိုနယ်ဒို ဟာ ၂၀၀၂ ခုနှစ် မှာ ရီးရဲမက်ဒရစ် ကို အင်တာ မီလန် ကနေ ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပြီး အဖြူရောင် ဂျာစီကို ၅ နှစ်ကြာ ၀တ်ဆင် ခဲ့ ပါတယ် ။ ဒီ အတော အတွင်းမှာ လာလီဂါ ဖလား ၁ ကြိမ် သာ အဓိက ဆုဖလား အဖြစ် ရရှိ ခဲ့ပြီး ချန်ပီယံ လိဂ် မှာ လည်း မအောင်မြင် ခဲ့ ပါဘူး ။

ဘေးလ် ကတော့ ၂၀၁၃ ခုနှစ် မှာ ရီးရဲ မက်ဒရစ် ကို ပြောင်းရွှေ့ လာခဲ့ တာ ဖြစ်ပြီး ၂၀၁၉ အထိ ၆ နှစ် အတွင်း မှာ လာလီဂါ ဖလား ၊ ကိုပါ ဒယ်ရေး တို့ အပါ အ၀င် ချန်ပီယံ လိဂ် ဖလား ၄ လုံး အထိ ရယူ ပေးထားနိုင် ခဲ့ ပါတယ် ။ ဘေးလ် ဟာ ပထမ ဦးစားပေး အဖြစ် ပွဲအများကြီး မကစားခဲ့ ရ ပေမယ့် သူသွင်းယူ ပေးခဲ့တဲ့ ဂိုး အချို့ ဟာ ရီးရဲ ကို ဖလားတွေ ရစေခဲ့ ပါတယ် ။

အထူး သဖြင့် ၂၀၁၄ ခုနှစ် ကိုပါ ဒယ်ရေး ဖိုင်နယ် က ဘာစီလိုနာ ဘက်ကို သွင်းယူ ခဲ့တဲ့ ဂိုး ၊ ၂၀၁၈ ချန်ပီယံ လိဂ် ဖိုင်နယ် က လီဗာပူး ဘက်ကို သွင်းယူ ခဲ့တဲ့ ဂိုး ၂ ဂိုး ဟာ ဘေးလ် ရဲ့ အခန်းကဏ္ဍ ကို ဖွင့်ဟ ပြသ နိုင် ခဲ့ ပါတယ် ။ ဒါပေမယ့် မက်ဒရစ် ပရိသတ်တွေ ကတော့ ဝေးလ် လက်ရွေးစင် ကို အချစ်တော် အဖြစ် မသတ်မှတ် ခဲ့ကြ ပါဘူး ။

ဂါရတ်ဘေးလ် ဟာ သွင်းဂိုး ၁၀၄ ဂိုး အတွက် ရိုနယ်ဒို ထက် ၅၇ ပွဲ ပို ကစား ထားခဲ့တယ် ဆိုပေမယ့် တောင်ပံ ကနေ ကစားခဲ့ ရတာကို မေ့ထားလို့ မရ ပါဘူး ။ အသင်းအတွက် ပွဲထွက် ကစား သမား အဖြစ် ပါဝင် ခွင့်ရမှု မှာလည်း ရိုနယ်ဒို နာဇာရီယို ထက် ပိုပြီး နည်းခဲ့ ပါတယ် ။ ဒီလို အနေအထား မျိုး မှာ ဒီလောက် အထိ စွမ်းဆောင် နိုင်ခဲ့တဲ့ သူ တစ်ယောက် ဟာ ကလပ် အသင်း ကရော ၊ ကစား သမား တွေ ကပါ အသိ အမှတ်ပြု ပေးဖို့ ထိုက်တန် နေပါပြီ ။

ဘေးလ် တစ်ယောက် သူ ထိုက်တန်တဲ့ လေးစားမှု ကို ဘယ်အချိန် မှ ရရှိ နိုင်မှာလဲ . . . . အချိန် က ပဲ အဖြေ ပေးသွား မှာပါ ။

Bale

ရိုနယ်ဒို နာဇာရီယို ၏ ရီးရဲ ကစား သမားဘ၀ အောင်မြင်မှု –
လာလီဂါ ချန်ပီယံ – ၁ ကြိမ်
အင်တာ ကွန်တီနင်တယ် ဖလား ( ယခု ကလပ် ကမ္ဘာ့ ဖလား ) – ၁ ကြိမ်
စပိန် စူပါ ဖလား – ၁ ကြိမ်

ဂါရတ်ဘေးလ် ၏ ရီးရဲကစား သမားဘ၀ အောင်မြင်မှု –
လာလီဂါ ချန်ပီယံ – ၁ ကြိမ်
ကိုပါ ဒယ်ရေး ချန်ပီယံ – ၁ ကြိမ်
စပိန် စူပါ ဖလား – ၁ ကြိမ်
ချန်ပီယံလိဂ် – ၄ ကြိမ်
UEFA Super Cup – ၃ ကြိမ်
ဖီဖာ ကလပ် ကမ္ဘာ့ ဖလား – ၃ ကြိမ်

SPORTS MYANMAR