ဆောက်သမ်တန် အသင်း နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် မှာ စိတ်ပျက်ဖွယ် သရေ ရလဒ် ထွက်ပေါ် ခဲ့တဲ့ နောက် အသင်း ရဲ့ အဝတ် လဲခန်း ထဲ ကစားသမား တွေဟာ စကား တွေ ပြောဆို ဆွေးနွေး ခဲ့ကြ တယ်လို့ နည်းပြ ဆိုးလ်ရှား က ဝန်ခံ စကား ပြောကြား သွားခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ ပြီး ခဲ့တဲ့ တစ်ပါတ် က ဆောက်သမ်တန် အသင်း နဲ့ ရင်ဆိုင် ခဲ့ရပြီး တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ် နေခဲ့တဲ့ အချိန် ပြိုင်ဖက် အသင်း ဖက်မှ ကစားသမား တစ်ဦး ထုတ်ပယ် ခံခဲ့ ရပေမယ့် အခွင့် အရေး မရယူ နိုင်ခဲ့ တာကြောင့် အဝေးကွင်း မှာ သရေ တစ်မှတ် နဲ့ပဲ ကျေနပ် ခဲ့ရ ပါတယ် ။

အခုတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က အသင်းသား တွေဟာ ဆောက်သမ်တန် နဲ့ သရေ ရလဒ် ထွက်ပေါ် ခဲ့ အပြီး အသင်း ရဲ့ အဝတ် လဲခန်း ထဲမှာ အာရုံ စူးစိုက် မှုတွေ ပျက်ပြား နေခဲ့ ကြကြောင်း ၊ အတူတကွ ဆွေးနွေး မှုတွေ ပြုလုပ် ခဲ့ကြောင်း ၊ အသင်း ဟာ မှန်ကန် တဲ့ လမ်းကြောင်း တစ်ခု အပေါ် လျှောက်လှမ်း နေပြီ လို့ ခံစား ရကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ပြီးခဲ့တဲ့ ပွဲစဉ် 3 ပွဲ တုန်းက ဆိုရင် ကျွန်တော် တို့တွေ ဟာ နိုင်ပွဲ နဲ့ ထိုက်တန် ခဲ့ကြ ပါတယ် ။ ဒါပေမယ့် ကျွန်တော် တို့ အတွက် အဲ့ဒီ ပွဲစဉ် တွေက သက်သောင့်သက်သာ မဖြစ် ခဲ့ရ ပါဘူး ။ ဒါပေမယ့် ကျွန်တော် တို့ မှန်ကန် တဲ့ လမ်းကြောင်း တစ်ခု အပေါ် ရောက်နေ ကြပြီ လို့ ခံစား ခဲ့ရ တဲ့ အတွက် စိတ် သက်သာ ရာ ရရှိ ခဲ့ ပါတယ် ။ ကျွန်တော် တို့ အခု လမ်းကြောင်း အမှန် တစ်ခု အပေါ် ရောက်ရှိ နေကြ ပါပြီ ”

” ကျွန်တော် တို့ အခု ပိုင်ဆိုင် ထားတဲ့ ကစားသမား အစုအဖွဲ့ ၊ အသင်း ရဲ့ လေ့ကျင့်ရေး ကွင်းမှာ ဖြစ်ပျက် နေတဲ့ အရာ တွေနဲ့ ပွဲစဉ် အတွက် ပြင်ဆင် မှုတွေ အားလုံး က ကျွန်တော် တို့ အခု လမ်းကြောင်း မှန်ပေါ် ရောက်ရှိ နေကြ ပြီ ဆိုတာ မြင်သာ နေစေ ပါတယ် ”

” အဆုံးသတ် မှာတော့ ကျွန်တော် တို့နဲ့ ထိုက်တန် တဲ့ ရလဒ် ကို ရနိုင် ပါ လိမ့်မယ် ။ ကစားသမား တွေ ကလည်း သူတို့ ဘာ တွေ လုပ်ဆောင် နေကြ သလဲ ဆိုတာ ခံစား ကြရ မှာပါ ။ ကျွန်တော် တို့ တွေဟာ နောက်ဆုံး ကစား ခဲ့တဲ့ ပွဲစဉ် သုံးပွဲ မှာ ကောင်းမွန် ခဲ့ကြတယ် ဆိုတာ သူတို့ တွေ ခံစား ကြရ မှာပါ ”

” ဝုလ်ဗာဟမ်တန်နဲ့ ပွဲမှာ ဆိုရင် ကျွန်တော် တို့ဟာ ပွဲစဉ် အပေါ် လွှမ်းမိုး နိုင်တဲ့ အသင်း ဖြစ်ခဲ့ ကြ ပါတယ် ။ ချဲလ်ဆီး နဲ့ ပထမဆုံး ပွဲစဉ် ကတော့ ကောင်းမွန် တဲ့ ပြိုင်ဖက် ကို တိုက်စစ် ဆင် ကစား နိုင် ခဲ့တဲ့ တစ်ကယ့် ပွဲကောင်း ဖြစ်ခဲ့ ရ ပါတယ် ။ ဒါပေမယ့် နောက်ဆုံး သုံးပွဲ မှာတော့ ကျွန်တော် တို့ အဲ့ဒီ လို နိုင်ပွဲ ရရှိ နိုင်ဖို့ လိုအပ် ခဲ့ကြ ပါတယ် ။ ဒီလို ပွဲစဉ် တွေကို ဘယ်လို အနိုင် ယူရ မလဲ ဆိုတာ လေ့လာ ကြရ ပါ့မယ် ”

” အကယ်လို့ ကျွန်တော် တို့ တွေသာ အခွင့် အရေး တစ်ကြိမ် ပြီး တစ်ကြိမ် ပေးခဲ့ ရမယ် ဆိုရင် ကျွန်တော် တစ်ကယ် ပဲ စိုးရိမ် မိခဲ့ မှာပါ ။ ပြီးခဲ့တဲ့ တစ်ပါတ် ကဆို ပဲလေ့စ် က အခွင့် အရေး 2 ကြိမ် ရရှိ ခဲ့ပြီး 2 ဂိုး သွင်းယူ နိုင်ခဲ့ ပါတယ် ။ ဆောက်သမ်တန် က 1 ကြိမ် ၊ တစ်ကယ် တော့ 10 စက္ကန့် အတွင်း နှစ်ကြိမ် ဖန်တီး နိုင်ပြီး တစ်ဂိုး ရရှိ ခဲ့တာ ပါ ၊ ထောင့်ကန်ဘော နဲ့ ဖြတ်တင်ဘော နဲ့ပေါ့ ”

” ကျွန်တော် တို့ အခွင့် အရေး အနည်းငယ် ကနေ ဂိုးတွေ ပေးခဲ့ ရ ပါတယ် ။ အကယ်လို့ ကျွန်တော် တို့ အခွင့် အရေး တွေ အများကြီး ပေးနေ ရမယ် ဆိုရင် ကျွန်တော် တစ်ကယ် ပဲ စိုးရိမ် မိမှာပါ ။ အခု ဟာက ပြိုင်ဖက် အသင်း ရဲ့ အရည်အသွေး တစ်ခု ပါပဲ ။ သူတို့ တွေက အခွင့် အရေး ရတာ နဲ့ အဆုံးသတ် နိုင်ခဲ့ ကြ တယ်လေ ” လို့ ဆိုးလ်ရှား က ဆိုသွား ခဲ့လိုက် ပါတယ် ။

#Sports_Myanmar