ချဲလ်ဆီး ကနေ အေစီမှာ အငှား ထွက် ကစား နေတဲ့ ပြင်သစ် ကွင်းလယ်လူ ဘာကာယိုကို ကတော့ အေစီမီလန် ဟာ ချန်ပီယံ လိဂ် သီချင်း သံ ကို မကြား ရတာ ၅ နှစ် ရှိပြီ ဖြစ်ကြောင်း ၊ လာမယ့် ရာသီ မှာ ဒီ သီချင်း သံ ကို ပြန် ကြားစေ လိုကြေင်း နဲ့ အဆိုပါ အချိန် မှာ သူ လည်း ဆန်ဆီရို မှာ အတူ ရှိနေ လိုကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဂျာမဏီ လက်ရွေးစင် နည်းပြ ဂျိုအာချင်လို ကတော့ သောမတ်စ် မူလာ ၊ ဘိုတန် နဲ့ ဟမ်းမဲလ် တို့ ဟာ လက်ရွေးစင် အသင်း ရဲ့ အနာဂါတ် စီမံ ကိန်းတွေ မှာ မပါဝင် တော့ ပါဘူး လို့ ဆိုသွားခဲ့ တာ ကြောင့် ၀ါရင့် ကစား သမား ၃ ဦး ရဲ့ လက်ရွေးစင် ဘ၀ တွေ ဟာ ဆုံးခန်းတိုင်တော့ မယ်လို့ သတင်းတွေ ထွက်လာခဲ့ ပါတယ် ။

FIFA က တော့ သူတို့ ထံ ချဲလ်ဆီး အသင်း က အပြောင်း အရွှေ့ ပိတ်ပင် မှုနဲ့ ပတ်သက်ပြီး အယူခံ တင်သွင်း ထား ကြောင်း အတည်ပြု သွားခဲ့ ပါတယ် ။

စပိန် လက် ရွေးစင် အသင်း ဟာ လာမယ့် ဇွန်လ ထဲ မှာ ယူရို ၂၀၂၀ ခြေစစ်ပွဲ အဖြစ် ဆွီဒင် အသင်း နဲ့ကစား ရမယ့် ပွဲကို ရီးရဲမက်ဒရစ် ရဲ့ ဘာနေဗျုး ကွင်းမှာ ကစားဖို့ ရီးရဲ အသင်းနဲ့ သဘောတူညီ မှု ရရှိ ခဲ့ပြီ လို့ သိရ ပါတယ် ။

ဂျပန် ကလပ် ဗစ်ဆယ် ကိုဘေး ကို ပြောင်းရွှေ့ တော့မယ့် ဘာစီလိုနာ အကယ် ဒမီ ထွက် ကစား သမားလေး ဆာဂျီ ဆမ်ပါ ကတော့ ဘာစီလိုနာ မှာ နေခဲ့ရတဲ့ နေ့ရက် တွေ ကို ဘယ်တော့မှ မမေ့ ပါဘူး လို့ ပြောဆို ရင်း နှုတ်ဆက် ကစားဆို သွားခဲ့ ပါတယ် ။ ဆမ်ပါ နဲ့ ဘာစီလိုနာ တို့ ဟာ ယမန်နေ့ က တရားဝင် လမ်းခွဲခဲ့ကြတာ ဖြစ် ပါတယ် ။

အေစီ မီလန် ကတော့ သူတို့ရဲ့ ဂိုး သမားလေး ဒွန်နာရမ်မာ ကို ၂၀၂၄ အထိ စာချုပ် သက်တမ်းတိုး ဖို့ လုပ်ဆောင် နေပြီ ဖြစ်တယ် လို့ သိရ ပါတယ် ။

ယနေ့ ည ချန်ပီယံ လိဂ် ပွဲ ကို အားပေး ဖို့ အတွက် အိုင်ယက်စ် ပရိသတ် ၂ ရာ ကျော် ဟာ စပိန် နိုင်ငံ မက်ဒရစ် မြို့ ကို ရောက်ရှိ နေကြပြီ ဖြစ်တယ် လို့ သိရ ပါတယ် ။

PSG ကွင်းလယ်လူ ရာဘီယော့ ဟာ ဘာစီလိုနာ ကို ပြောင်းရွှေ့ မယ့် စိတ်ကူး ကို ပြောင်းလဲပြီး ပရီးမီး ယားလိဂ် ကို လာရောက် ကစားဖို့ စိတ်ဝင် စား နေခဲ့ပြီ လို့ သိရှိ ရ ပါတယ် ။

လိုင်ယွန် တောင်ပံ ကစား သမား မမ်းဖစ် ဒီပိုင်း ဟာ လည်း အင်္ဂလန် ကို နောက် တစ်ခေါက်ပြန် လာ ကစားဖို့ စဉ်းစား နေ ပေမယ့် အသင်း ဟောင်း မန်ချက်စတာ ယူနိုက်တတ် တော့ မဖြစ် နိုင်ဘူး လို့ သတင်း တွေ က ဖော်ပြ ခဲ့ကြ ပါတယ် ။

အသက်လက်တီကို မက်ဒရစ် နောက် ခံလူ ဖိလစ်ပီ လူးဝစ် ဟာ ဒဏ်ရာ ရရှိသွားး ခဲ့ပြီး ဂျုဗင်တပ် နဲ့ ကစားမယ့် ချန်ပီယံ လိဂ် ရှုံးထွက် ဒုတိယ အကျော့ မှာ ပါဝင် နိုင်ဖို့ မရှိ တော့ဘူး လို့ သတင်း ရရှိ ပါတယ် ။

ရီးရဲ မက်ဒရစ် က တော့ ရိုနယ်ဒို လက်သစ် လို့ နာမည် ကြီး နေတဲ့ ဘင်ဖီကာ ကြယ်ပွင့်လေး ဂျာအို ဖိလစ် ကို ခေါ်ယူဖို့ စိတ်ဝင် စား လာခဲ့တယ် လို့ သိရပါတယ် ။

မီလန် မြို့ခံ ၂ သင်း ပူးတွဲ ပိုင် ဆိုင် တဲ့ ဆန်စီရို ကွင်းကြီး ကို လာမယ့် ၂၀၂၃ ခုနှစ် အတွင်း မှာ ဖြိုချ ပြီး ကွင်းသစ် တည်ဆောက် ဖို့ လုပ်ဆောင် နေကြပြီ ဖြစ် ပါတယ် ။ ဒီ ကွင်းသစ် စီမံကိန်း ကို အေစီမီလန် ဘက် က မီးစိမ်း ပြထားပြီ ဖြစ်ကာ အင်တာ မီလန် အသင်း ဘက် ကတော့ ခေါင်းညှိမ့် ဖို့ လိုအပ် နေ သေးတယ် လို့ သိရ ပေမယ့် စီမံကိန်း စတင် ဖို့ ကတော့ သေချာ နေပြီဖြစ် ပါတယ် ။ ကွင်းသစ်ကြီး ရဲ့ ကုန်ကျ စားရိတ် ကိုတော့ ယူရို သန်း ၆၀၀ သတ်မှတ် ထားတယ် လို့ သိရပြီး ပရိသတ် ၆ သောင်း ကျော် ၀င်ဆံ့မှာ ဖြစ်ကာ ဈေးဝယ် ထွက် နိုင်တဲ့ Shopping ဆိုင်တွေလည်း ပါဝင် မယ် လို့ ကြားသိရ ပါတယ် ။

SPORTS MYANMAR