အာဆင်နယ် အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၄) အပြီးမှာ ပေးဂိုး ၆ ဂိုး အထိ ခွင့်ပြု ထားရပြီး Clean-Sheet တစ်ပွဲသာ ရယူ ထားနိုင်ပါတယ်။အာဆင်နယ် အသင်းဟာ အဖွင့်ပွဲစဉ် ဖြစ်တဲ့ နယူးကာဆယ် အသင်းနဲ့ ပွဲမှာသာ ဂိုးပေးခဲ့ရခြင်း မရှိဘဲ နောက်ဆုံး ကစားခဲ့တဲ့ သုံးပွဲဆက်တိုက် ဂိုးပေးထားရတဲ့ အသင်းပါ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ရာသီက အမှားများခဲ့တဲ့ နောက်တန်းကို ပြင်ဆင်ဖို့ အတွက် ချဲလ်ဆီး အသင်းရဲ့ဝါရင့် နောက်ခံလူ ဒေးဗစ်လူးဝဇ် ကို ခေါ်ယူ ခဲ့ပေမယ့် အမှားတွေကတော့ ရှိနေဆဲပါ ။ ဒေးဗစ်လူးဝဇ် ကတော့ လန်ဒန်ဒါဘီမှာ သူတို့ လုပ်ခဲ့တဲ့ အမှားတွေအပေါ် ပရိသတ်တွေရဲ့ ဝေဖန်ထောက်ပြမှုကို လက်ခံ နားလည်ဖို့ အသင်းဖော်တွေကို တိုက်တွန်းသွားခဲ့ပါတယ်။

လန်ဒန်ဒါဘီမှာ အာဆင်နယ် အသင်း ပေးလိုက်ရတဲ့ ဂိုးနှစ်ဂိုး စလုံးဟာ ဂိုးသမား လီနို ရဲ့ အမှား နဲ့ အသသင်းခေါင်းဆောင် ရှာကာ ရဲ့မလိုအပ်ဘဲ ဆင်ခြင်တုံမဲ့ ဖျက်ထုတ်မှုကနေ ပင်နယ်တီ သွင်းဂိုး ပေးလိုက် ရတာလည်း ဖြစ်ပါတယ်။ လူးဝဇ်ကတော့ နောက်ခံလူ တစ်ယောက် အနေနဲ့ အမှားလုပ်မိရင်တော့ ဝေဖန်မှုတွေကို လက်သင့်ခံရမှာဖြစ်ကြောင်း ဆိုပါတယ်။

ဘရာဇီး နောက်ခံလူ ဒေးဗစ်လူးဝဇ် ဟာ အာဆင်နယ် အသင်းရဲ့ နောက်ဆုံး သုံးပွဲဆက် ပွဲထွက် ကစားခွင့် ရခဲ့ပြီး လန်ဒန်ဒါဘီမှာ အမှားမလုပ်ခဲ့ပေမယ့် ရှေ့နှစ်ပွဲမှာတော့ အမှားတွေ ကျူးလွန် ခဲ့ပါတယ်။ဘန်လေ အသင်း နဲ့ပွဲမှာ သူ့ရဲ့ ပွဲအပေါ် အာရုံ စူးစိုက်မှု နည်းပါးမှုကြောင့် ဂိုးတစ်ဂိုး ပေးခဲ့ ရသလို လီဗာပူး အသင်း နဲ့ ပွဲမှာလည်း သူ့ရဲ့ အမှားကြောင်း ပေးဂိုးနှစ်ဂိုး ခွင့်ပြု ခဲ့ရပါတယ် ။

လူးဝဇ်က တော့တင်ဟမ် အသင်း နဲ့ ပွဲအပြီး SkySports နဲ့ အင်တာဗျူးမှာ ” ဝေဖန်မှုတွေကတော့ ပုံမှန် ရှိနေမှာပါပဲ။ကျနော့် ကစားသမား ဘဝ တစ်လျှောက်လည်း ဝေဖန်မှုတွေ အများကြီးနဲ့ ကြုံတွေ့ ခဲ့ရ ပြီးပါပြီ။အထူးသဖြင့် နောက်ခံလူ တစ်ယောက် ဖြစ်တဲ့ အတွက် ပိုကြုံ ရပါတယ်။”

” နောက်ဆုံးမိနစ်မှာ ရတဲ့ ပင်နယ်တီ အခွင့်အရေးကို တိုက်စစ်မှူး တစ်ဦးက လွဲသွားရင်တောင် အသင်းက ရှုံးနိမ့်မှာ မဟုတ်ပါဘူး။နောက်ခံလူတွေကတော့ ကိုယ့်တာဝန် ကိုယ်ကျေအောင် ကစားရမှာ ဖြစ်သလို ဝေဖန်မှုတွေကိုလည်း လက်သင့် ခံရပါမယ်။ကျနော်တို့ရဲ့ အမှားတွေအပေါ် ဝေဖန်ကြတာကို လက်ခံ နိုင်စွမ်း ရှိရပါမယ်။” လို့ ပြောကြား သွားခဲ့ပါတယ်။

အမှားများနေတဲ့ အာဆင်နယ် အသင်း နောက်တန်း အတွက် သတင်းကောင်း တစ်ခုကတော့ ဟိုးလ်ဒင်းဟာ အသင်းကြီး နဲ့ အတူ လေ့ကျင့်ခန်း အပြည့်အဝ ဆင်းနေပြီ ဖြစ်သလို ဘယ်လာရင်၊တီယာနေး တို့ဟာလည်း နိုင်ငံတကာ ပွဲစဉ်တွေ အပြီးမှာ ပြန်ကစားနိုင်တော့မယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် (၅)ကိုတော့ နိုင်ငံတကာ ပွဲစဉ်တွေအပြီး စက်တင်ဘာလ ၁၄ ရက်နေ့မှ ပြန်လည် စတင်မှာ ဖြစ်ပြီး အာဆင်နယ် အသင်းဟာ ဝက်ဖိုဒ့်အသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

SPORTS MYANMAR