လက္ရွိ အေျပာင္းအေရႊ႕ ဖြင့္လွစ္ခါစ မွာ က်ေနာ္တို႔ ထင္ထားခဲ့တာက PSG ဟာ ဘာေပ နဲ႔ ေနမာ ကို ဆက္ထိန္းဖို႔ မလြယ္ေတာ့ဘူး ၊ တစ္ေယာက္ေယာက္ေတာ့ ဆံုးရႈံးရေတာ့မယ္လို႔ ယူဆထားခဲ့ၾကတာပါ။ ေနာက္ပိုင္းမွာ ေနမာ နဲ႔ ကလပ္ အသင္းအၾကား ျပသနာေတြ မ်ိဳးစံု ေပၚေပါက္လာခဲ့ျပီး ၊ ဘာစီလိုနာ နဲ႔ အေျပာင္းအေရႊ႕ ဆက္တုိက္ ထြက္ေပၚလာေနတာေၾကာင့္ ၊ အဓိက ကစားသမား တစ္ေယာက္ေယာက္ေတာ့ ဆံုးရႈံးရလိမ့္မယ္လို႔ ယူဆေနဆဲ မွာပဲ PSG ဟာ အင္တာမီလန္ မွာ ေနရာ မရပဲ ျဖစ္ေနတဲ့ တိုက္စစ္မႈး အီကာဒီ ကို ေခၚျပလုိက္တဲ့ အျပင္ ၊ အျခား ကစားသမား 9 ေယာက္ အထိပါ ေခၚယူ အားျဖည့္ သြားခဲ့ပါတယ္။

အီကာဒီ အတြက္ေတာ့ အေျပာင္းအေရႊ႕ ေနာက္ဆံုး အခ်ိန္မွာ PSG က ေခၚယူဖို႔ ေပၚထြက္လာတာက ၊ ျမက္ခင္းစိမ္းေပၚ အေျချပန္ခ်ခြင့္ ရဖို႔ ေဘာလံုး နတ္ဘုရားေတြက ဖန္တီးေပးလိုက္တာလား လို႔ေတာင္ ထင္မွတ္ရေလာက္ေအာင္ အံ့အားသင့္ဖို႔ ေကာင္းေနခဲ့ ပါတယ္။

သူ႔ရဲ႕ ေျခစြမ္း နဲ႔ ပတ္သက္လို႔ ဘယ္ ကလပ္အသင္းကမွ သံသယ မရွိေပမယ့္ ၊ သူ႔ရဲ႕ ဇနီး/ေအးဂ်င့္ ျဖစ္သူ ၀မ္ဒါ ကိုေတာ့ ထိပ္သီး ကလပ္ အသင္းက အရာရွိ ေတာ္ေတာ္မ်ားမ်ားက ေရွာင္ရွားခ်င္ၾကပါတယ္။ အဲဒီ အေၾကာင္းျပခ်က္ေၾကာင့္ပဲ အီကာဒီ လို တိုက္စစ္မႈးကို လိုလိုခ်င္ခ်င္ နဲ႔ ေခၚယူမယ့္ ကလပ္မ်ိဳး ေပၚထြက္ခဲ့ျခင္း မရွိသလို ၊ နာပိုလီ ၊ ဂ်ဴဗီ နဲ႔ မိုနာကို တို႔က ေခၚယူဖုိ႔ စိတ္၀င္စားခဲ့သည့္တုိင္ေအာင္ အေကာင္အထည္ ေပၚလာခဲ့ျခင္း မရွိပါဘူး။

အဲဒီ ကလပ္ေတြဟာ အီကာဒီ နဲ႔ အင္တာမီလန္ တို႔အၾကားက ျပသနာကို ခုတံုးလုပ္ကာ အေျပာင္းအေရႊ႕ ပမာဏကို ထိုက္သင့္သေလာက္ ေပးေခ်လိုျခင္း မရွိတာေၾကာင့္ေရာ ၊ ကစားသမား က လုိခ်င္တဲ့ လစာ ပမာဏမ်ိဳး အထိ ေပးခ်င္တဲ့ ဆႏၵမရွိတာေရာေၾကာင့္ အေျပာင္းအေရႊ႕က ရုပ္လံုး မေပၚလာခဲ့တာ ျဖစ္ပါတယ္။

ေနာက္ပိုင္းမွာေတာ့ အီကာဒီဟာ သူ႔ရဲ႕ အခြင့္အေရးေတြ ဆံုးရႈံးတယ္ ဆိုတဲ့ စြပ္စြဲခ်က္ နဲ႔ အတူ ပေရာ္ဖက္ရွင္နယ္ ေဘာလံုး သမား တစ္ေယာက္ကို ေလ့က်င့္ခန္း ဆင္းခြင့္ မေပးတဲ့ အခ်က္ကို ဆြဲကုိင္ကာ အင္တာမီလန္ကို တရားစြဲဆုိဖို႔ အထိ ျပင္ဆင္လာခဲ့ပါတယ္။ အထူးသျဖင့္ အေျပာင္းအေရႊ႕ ပိတ္သိမ္းခါနီးလို႔ ၊ သူ႔ အတြက္ အသင္းေျပာင္းခြင့္ နည္းပါးသြားျပီလို႔ ယူဆေနတာေၾကာင့္ အခုလို တရားစြဲမယ့္ သတင္းေတြ ေပၚထြက္ လာခဲ့တာ ျဖစ္ပါတယ္။

ခ်ိန္ကိုက္သား ဆိုသလိုပဲ PSG ကလဲ တိုက္စစ္မႈးေတြ ျဖစ္တဲ့ ဘာေပ ၊ ကာဗာနီ တို႔ ဒဏ္ရာ ျပသနာ ကိုယ္စီ ရရွိသြားခ်ိန္မွာ ၊ အသင္းရဲ႕ တိုက္စစ္အင္အားကို ျဖည့္တင္းဖို႔ ခ်က္ျခင္း အေၾကာင္းဖန္လာခဲ့ပါတယ္။ အဲဒီ အခ်ိန္မွာပဲ အီကာဒီ ကို ေခၚယူဖို႔ စတင္လႈပ္ရွားလိုက္တာပါ။

အေျပာင္းအေရႊ႕အတြက္ ေဆြးေႏြးဖို႔ အခ်ိန္က အရမ္းကို ကန္႔သတ္လြန္းသြားတာေၾကာင့္ PSG က ေစ်းဆစ္မႈေတြေတာင္ ေကာင္းေကာင္း မျပဳလုပ္ခဲ့သလုိ ၊ အင္တာမီလန္ လိုခ်င္တဲ့ ေျပာင္းေရႊ႕ေၾကး ပမာဏေရာ ၊ ကစားသမား လုိခ်င္တဲ့ လစာ ပမာဏမ်ိဳးပါ တန္းေပးျပီး ေခၚယူသြားခဲ့တာ ျဖစ္ပါတယ္။

အီကာဒီ ကိုယ္တိုင္ ကလဲ အင္တာမီလန္ ကို တရားစြဲမယ့္ အေျခအေန ကေန 2022 ခုႏွစ္ အထိေတာင္ စာခ်ဳပ္ သက္တမ္းတိုးေပးလိုက္ျပီးမွေတာင္ PSG ထံ အငွားနဲ႔ ေျပာင္းေရႊ႕လာခဲ့တာ ျဖစ္ပါတယ္။

PSG ဟာ အီကာဒီ ကို တစ္ရာသီ အငွားေခၚယူခ အျဖစ္ ယူရုိ 5 သန္း ေပးေခ်ရမွာ ျဖစ္ျပီး ၊ အျပီးသတ္ ေခၚယူမယ္ ဆိုပါက ယူရို 65 သန္း ထပ္မံ ေပးေခ်သြားရမွာ ျဖစ္ပါတယ္။ ကစားသမား ရဲ႕ လစာ ကို တစ္ႏွစ္ လုပ္ခ အျဖစ္ ယူရုိ 8 သန္း အထိ ေပးသြားမွာပါ။

အကယ္၍ PSG က အီကာဒီ ကို အျပီးသတ္ ေခၚယူဖို႔ ဆံုးျဖတ္ခ်က္ ခ်မွတ္ခဲ့ပါကာ ၊ လက္ရွိ ေပးေခ်ထားတဲ့ လစာ ယူရုိ 8 သန္း အျပင္ ေနာက္ထပ္ ေဘာနပ္ ခံစားခြင့္ ယူရုိ 2 သန္းပါ ထပ္မံ ရရွိဦးမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အီကာဒီ ရဲ႕ လစာ လာမယ့္ရာသီမွာ ယူရုိ 10 သန္း အထိ ျဖစ္သြားႏိုင္သလို ၊ PSG က မေခၚယူခဲ့လို႔ အင္တာမီလန္ ကို ျပန္သြားခဲ့ရင္ေတာ့ အင္တာက သူ႔ကို ယူရုိ 5 သန္း နဲ႔သာ ေပးေခ်ဖို႔ စာခ်ဳပ္မွာ ထည့္သြင္း ထားခဲ့ပါတယ္။

သူ႔ ရဲ႕ အေျပာင္းအေရႊ႕ဟာ နည္းနည္းေတာ့ ရႈပ္ေထြးတယ္ ဆိုေပမယ့္ ၊ အီကာဒီ အတြက္ေတာ့ ေနာက္ဆံုး အခိုက္အတန္႔မွာ ထြက္ေပၚ တစ္ခု ေတြ႔သြားခဲ့ပါျပီ။ အင္တာမီလန္ မွာ ခ်ဳပ္တည္းခဲ့ရတဲ့ ေဒါသေတြကိုလဲ PSG မွာ ဂိုးေတြ သြင္းျပရင္း ေပါက္ကြဲျပလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ အာဂ်င္တီးနား သားၾကီးေရ………..

PSG ဟာ အီကာဒီကို ေခၚယူ အျပီးမွာေတာ့ ဒီရာသီ အေျပာင္းအေရႊ႕မွာ အေျပာင္းအေရႊ႕ အသံုးစာရိတ္ ယူရုိ သန္း 100 နီးပါး သံုးစြဲ သြားခဲ့ျပီး စုစုေပါင္း ကစားသမားသစ္ 10 ေယာက္ အထိ ေခၚယူ အားျဖည့္ သြားခဲ့ပါတယ္။

အဆိုပါ ကစားသမားေတြ ကေတာ့ –

1. ဟာရဲရား (ယူႏိုက္တက္)
2. ဂူယီ (အဲဗာတန္)
3. ဆာရာဘီးယား (ဆီဗီလား)
4. ရီကုိ (ဆီဗီလား)
5. နာဗက္ (ရီးရဲ)
6. အီကာဒီ (အင္တာ)
7. ဒီရာလို (ေဒါ့မြန္)
8. ဆိုင္မြန္ (ဘာစီလိုနာ)
9. ဘိတ္ကာ (ေအဂ်က္)
10. ဘူလ္ကာ (ခ်ဲဆီး) တို႔ ျဖစ္ပါတယ္။

SPORTS MYANMAR

Unicode

အီကာဒီ ကို ခေါ်ယူပြီး ၊ လက်ရှိ အပြောင်းအရွှေ့မှာ ၀ုန်ဒုန်းကျဲ ပြသွားတဲ့ #PSG
*****************************************************

လက်ရှိ အပြောင်းအရွှေ့ ဖွင့်လှစ်ခါစ မှာ ကျနော်တို့ ထင်ထားခဲ့တာက PSG ဟာ ဘာပေ နဲ့ နေမာ ကို ဆက်ထိန်းဖို့ မလွယ်တော့ဘူး ၊ တစ်ယောက်ယောက်တော့ ဆုံးရှုံးရတော့မယ်လို့ ယူဆထားခဲ့ကြတာပါ။ နောက်ပိုင်းမှာ နေမာ နဲ့ ကလပ် အသင်းအကြား ပြသနာတွေ မျိုးစုံ ပေါ်ပေါက်လာခဲ့ပြီး ၊ ဘာစီလိုနာ နဲ့ အပြောင်းအရွှေ့ ဆက်တိုက် ထွက်ပေါ်လာနေတာကြောင့် ၊ အဓိက ကစားသမား တစ်ယောက်ယောက်တော့ ဆုံးရှုံးရလိမ့်မယ်လို့ ယူဆနေဆဲ မှာပဲ PSG ဟာ အင်တာမီလန် မှာ နေရာ မရပဲ ဖြစ်နေတဲ့ တိုက်စစ်မှုး အီကာဒီ ကို ခေါ်ပြလိုက်တဲ့ အပြင် ၊ အခြား ကစားသမား 9 ယောက် အထိပါ ခေါ်ယူ အားဖြည့် သွားခဲ့ပါတယ်။

အီကာဒီ အတွက်တော့ အပြောင်းအရွှေ့ နောက်ဆုံး အချိန်မှာ PSG က ခေါ်ယူဖို့ ပေါ်ထွက်လာတာက ၊ မြက်ခင်းစိမ်းပေါ် အခြေပြန်ချခွင့် ရဖို့ ဘောလုံး နတ်ဘုရားတွေက ဖန်တီးပေးလိုက်တာလား လို့တောင် ထင်မှတ်ရလောက်အောင် အံ့အားသင့်ဖို့ ကောင်းနေခဲ့ ပါတယ်။

သူ့ရဲ့ ခြေစွမ်း နဲ့ ပတ်သက်လို့ ဘယ် ကလပ်အသင်းကမှ သံသယ မရှိပေမယ့် ၊ သူ့ရဲ့ ဇနီး/အေးဂျင့် ဖြစ်သူ ၀မ်ဒါ ကိုတော့ ထိပ်သီး ကလပ် အသင်းက အရာရှိ တော်တော်များများက ရှောင်ရှားချင်ကြပါတယ်။ အဲဒီ အကြောင်းပြချက်ကြောင့်ပဲ အီကာဒီ လို တိုက်စစ်မှုးကို လိုလိုချင်ချင် နဲ့ ခေါ်ယူမယ့် ကလပ်မျိုး ပေါ်ထွက်ခဲ့ခြင်း မရှိသလို ၊ နာပိုလီ ၊ ဂျူဗီ နဲ့ မိုနာကို တို့က ခေါ်ယူဖို့ စိတ်ဝင်စားခဲ့သည့်တိုင်အောင် အကောင်အထည် ပေါ်လာခဲ့ခြင်း မရှိပါဘူး။

အဲဒီ ကလပ်တွေဟာ အီကာဒီ နဲ့ အင်တာမီလန် တို့အကြားက ပြသနာကို ခုတုံးလုပ်ကာ အပြောင်းအရွှေ့ ပမာဏကို ထိုက်သင့်သလောက် ပေးချေလိုခြင်း မရှိတာကြောင့်ရော ၊ ကစားသမား က လိုချင်တဲ့ လစာ ပမာဏမျိုး အထိ ပေးချင်တဲ့ ဆန္ဒမရှိတာရောကြောင့် အပြောင်းအရွှေ့က ရုပ်လုံး မပေါ်လာခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ အီကာဒီဟာ သူ့ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးတယ် ဆိုတဲ့ စွပ်စွဲချက် နဲ့ အတူ ပရော်ဖက်ရှင်နယ် ဘောလုံး သမား တစ်ယောက်ကို လေ့ကျင့်ခန်း ဆင်းခွင့် မပေးတဲ့ အချက်ကို ဆွဲကိုင်ကာ အင်တာမီလန်ကို တရားစွဲဆိုဖို့ အထိ ပြင်ဆင်လာခဲ့ပါတယ်။ အထူးသဖြင့် အပြောင်းအရွှေ့ ပိတ်သိမ်းခါနီးလို့ ၊ သူ့ အတွက် အသင်းပြောင်းခွင့် နည်းပါးသွားပြီလို့ ယူဆနေတာကြောင့် အခုလို တရားစွဲမယ့် သတင်းတွေ ပေါ်ထွက် လာခဲ့တာ ဖြစ်ပါတယ်။

ချိန်ကိုက်သား ဆိုသလိုပဲ PSG ကလဲ တိုက်စစ်မှုးတွေ ဖြစ်တဲ့ ဘာပေ ၊ ကာဗာနီ တို့ ဒဏ်ရာ ပြသနာ ကိုယ်စီ ရရှိသွားချိန်မှာ ၊ အသင်းရဲ့ တိုက်စစ်အင်အားကို ဖြည့်တင်းဖို့ ချက်ခြင်း အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒီ အချိန်မှာပဲ အီကာဒီ ကို ခေါ်ယူဖို့ စတင်လှုပ်ရှားလိုက်တာပါ။

အပြောင်းအရွှေ့အတွက် ဆွေးနွေးဖို့ အချိန်က အရမ်းကို ကန့်သတ်လွန်းသွားတာကြောင့် PSG က စျေးဆစ်မှုတွေတောင် ကောင်းကောင်း မပြုလုပ်ခဲ့သလို ၊ အင်တာမီလန် လိုချင်တဲ့ ပြောင်းရွှေ့ကြေး ပမာဏရော ၊ ကစားသမား လိုချင်တဲ့ လစာ ပမာဏမျိုးပါ တန်းပေးပြီး ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။

အီကာဒီ ကိုယ်တိုင် ကလဲ အင်တာမီလန် ကို တရားစွဲမယ့် အခြေအနေ ကနေ 2022 ခုနှစ် အထိတောင် စာချုပ် သက်တမ်းတိုးပေးလိုက်ပြီးမှတောင် PSG ထံ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

PSG ဟာ အီကာဒီ ကို တစ်ရာသီ အငှားခေါ်ယူခ အဖြစ် ယူရို 5 သန်း ပေးချေရမှာ ဖြစ်ပြီး ၊ အပြီးသတ် ခေါ်ယူမယ် ဆိုပါက ယူရို 65 သန်း ထပ်မံ ပေးချေသွားရမှာ ဖြစ်ပါတယ်။ ကစားသမား ရဲ့ လစာ ကို တစ်နှစ် လုပ်ခ အဖြစ် ယူရို 8 သန်း အထိ ပေးသွားမှာပါ။

အကယ်၍ PSG က အီကာဒီ ကို အပြီးသတ် ခေါ်ယူဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါကာ ၊ လက်ရှိ ပေးချေထားတဲ့ လစာ ယူရို 8 သန်း အပြင် နောက်ထပ် ဘောနပ် ခံစားခွင့် ယူရို 2 သန်းပါ ထပ်မံ ရရှိဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် အီကာဒီ ရဲ့ လစာ လာမယ့်ရာသီမှာ ယူရို 10 သန်း အထိ ဖြစ်သွားနိုင်သလို ၊ PSG က မခေါ်ယူခဲ့လို့ အင်တာမီလန် ကို ပြန်သွားခဲ့ရင်တော့ အင်တာက သူ့ကို ယူရို 5 သန်း နဲ့သာ ပေးချေဖို့ စာချုပ်မှာ ထည့်သွင်း ထားခဲ့ပါတယ်။

သူ့ ရဲ့ အပြောင်းအရွှေ့ဟာ နည်းနည်းတော့ ရှုပ်ထွေးတယ် ဆိုပေမယ့် ၊ အီကာဒီ အတွက်တော့ နောက်ဆုံး အခိုက်အတန့်မှာ ထွက်ပေါ် တစ်ခု တွေ့သွားခဲ့ပါပြီ။ အင်တာမီလန် မှာ ချုပ်တည်းခဲ့ရတဲ့ ဒေါသတွေကိုလဲ PSG မှာ ဂိုးတွေ သွင်းပြရင်း ပေါက်ကွဲပြလိမ့်မယ်လို့ မျှော်လင့်ပါတယ် အာဂျင်တီးနား သားကြီးရေ………..

PSG ဟာ အီကာဒီကို ခေါ်ယူ အပြီးမှာတော့ ဒီရာသီ အပြောင်းအရွှေ့မှာ အပြောင်းအရွှေ့ အသုံးစာရိတ် ယူရို သန်း 100 နီးပါး သုံးစွဲ သွားခဲ့ပြီး စုစုပေါင်း ကစားသမားသစ် 10 ယောက် အထိ ခေါ်ယူ အားဖြည့် သွားခဲ့ပါတယ်။

အဆိုပါ ကစားသမားတွေ ကတော့ –

1. ဟာရဲရား (ယူနိုက်တက်)
2. ဂူယီ (အဲဗာတန်)
3. ဆာရာဘီးယား (ဆီဗီလား)
4. ရီကို (ဆီဗီလား)
5. နာဗက် (ရီးရဲ)
6. အီကာဒီ (အင်တာ)
7. ဒီရာလို (ဒေါ့မွန်)
8. ဆိုင်မွန် (ဘာစီလိုနာ)
9. ဘိတ်ကာ (အေဂျက်)
10. ဘူလ်ကာ (ချဲဆီး) တို့ ဖြစ်ပါတယ်။

SPORTS MYANMAR