Neymar

ကိုရီးယား ဒရာမာ ဇာတ္လမ္းထက္ေတာင္ အလွည့္အေျပာင္း မ်ားလြန္းတဲ့ ေနမာ ရဲ႕ အေျပာင္းအေရႊ႕ သတင္းေတြဟာ မေန႔ညက အဆံုးသတ္ သြားခဲ့ျပီ ျဖစ္ပါတယ္။

ေနမာ ကလဲ ဘာစီလိုနာကို ေျပာင္းေရႊ႕ခ်င္ခဲ့သလို ၊ ဘာစီလိုနာ ကလဲ အေျပာင္းအေရႊ႕ ျဖစ္လာႏိုင္မယ့္ နည္းလမ္း မ်ိဳးစံုသံုးျပီး ၾကိဳးစားခဲ့သည့္တိုင္ေအာင္ ေအာင္ျမင္ခဲ့ျခင္း မရွိပါဘူး။

အဓိက အလွည့္အေျပာင္း အခိုက္အတန္႔ဟာ ဘာစီလိုနာ ဘက္က ေကာ္တင္ဟို ကို ဘိုင္ယန္ ျမဴးနစ္ထံ အငွားခ်လိုက္တဲ့ အခ်ိန္ျဖစ္ျပီး ၊ PSG က လိုခ်င္ေနသည့္တိုင္ေအာင္ ပိုျပီး ေသခ်ာတဲ့ ဘိုင္ယန္ဆီ ေရာင္းထုတ္ခဲ့ရာကေန ေနမာ ကို ေခၚယူဖို႔ ျဖစ္ႏိုင္ေခ်ေတြ နည္းပါး သြားခဲ့တာ ျဖစ္ပါတယ္။

အေစာပိုင္းမွာေတာ့ PSG ကလဲ ေကာ္တင္ဟို ကို ေနမာ ရဲ႕ အေျပာင္းအေရႊ႕ အစိတ္အပိုင္း တစ္ခုအျဖစ္ ထည့္သြင္းေပးဖို႔ ေတာင္းဆိုခဲ့သလုိ ၊ ဘာစီလိုနာ ဘက္ကလဲ သေဘာတူထားခဲ့တာပါ။ သုိ႔ေသာ္ ေကာ္တင္ဟို ဘယ္ေစ်းနဲ႔ သတ္မွတ္ျပီး PSG က ေခၚယူမလဲ ဆိုတဲ့ ေခါင္းစဥ္ေအာက္ကို ေဆြးေႏြးၾကခ်ိန္မွာေတာ့ ႏွစ္ဖက္ အသင္းရဲ႕ သတ္မွတ္မႈေတြဟာ ကြာဟလြန္းခဲ့တာေၾကာင့္ ၊ ဘာစီလိုနာ ကလဲ ခ်က္ျခင္း ေခၚယူခ်င္ေနတဲ့ ဘိုင္ယန္ ျမဴးနစ္ဆီ အငွားခ်လိုက္တာ ျဖစ္ပါတယ္။

အဲဒီ အေနအထား ကပဲ ဘာစီလိုနာ အတြက္ အက်ပ္အတည္းေတြ ဖန္တီးသြားခဲ့တာပါ။ ေနမာ ကို ေခၚယူဖို႔ အတြက္ ေငြသားခ်ည္းပဲ ဆုိရင္ လံုေလာက္မႈ မရွိတာေၾကာင့္ ၊ ကနဦး အငွားနဲ႔ ကမ္းလွမ္းခဲ့ေပမယ့္ PSG ဘက္ က ပယ္ခ်သြားခဲ့ပါတယ္။ အဲဒီေနာက္ ပီအက္စ္ဂ်ီဟာ သူတို႔ လိုခ်င္ တဲ့ ကစားသမား 3 ေယာက္ + ယူရုိ 130 သန္း ေတာင္းဆိုခဲ့ျပန္ေပမယ့္ ၊ ဘာစီလိုနာ ဘက္က ေနာက္ဆုတ္ သြားခဲ့တာပါ။

ေနာက္ဆံုးမွာေတာ့ PSG ဥကၠဌ အယ္ခီလာဖီ ကိုယ္တုိင္က ဘာစီလိုုနုာ အေနနဲ႔ ေနမာ ကို ေခၚယူခ်င္တယ္ ဆိုရင္ ယူရုိ သန္း 300 လက္ငင္း ေပးေခ်ပါက ခ်က္ျခင္း ေခၚယူလို႔ ရတယ္ ဆိုတဲ့ သတင္းေတြ ထြက္ေပၚလာရင္းနဲ႔ အဆံုးသတ္ သြားခဲ့တာ ျဖစ္ပါတယ္။ ဒီအေနအထားေတြ မွာ ျဖစ္ႏိုင္ေခ် အလြန္နည္းပါး တဲ့ အၾကားက ရီးရဲ မက္ဒရစ္ ဟာလဲ ေနမာ ကို ေခၚယူဖို႔ စိတ္၀င္စားတဲ့ သတင္းေတြ ထြက္ေပၚ ခဲ့တာ ျဖစ္ပါတယ္။

လက္ရွိ ရီးရဲ မက္ဒရစ္ ရဲ႕ ကစားသမား စာရင္းအရ ေနမာ ကို ေခၚယူမယ္ ဆိုရင္ေတာင္ လူငယ္ ေတာင္ပံ တိုက္စစ္ ကစားသမားေတြ ျဖစ္တဲ့ ဗီနီစီးယပ္ ၊ ရိုဒရီဂို ၊ အဆန္စီယုိ တို႔အထဲ က တစ္ဦးဦးကို မျဖစ္မေန ေရာင္းခ်ရမွာ ျဖစ္သလုိ ၊ အဲဒီ အထဲက ဘရာဇီး ကစားသမား ႏွစ္ဦးဟာ မၾကာခင္ကမွ အသင္းကို ေရာက္ရွိထားခဲ့သူေတြပါ။

ဒါေတာင္ ေနမာ ကို ေခၚယူဖို႔ ထြက္ေပၚလာေသးတဲ့ သတင္း ေတာ္ေတာ္ေလး စိတ္၀င္စားဖို႔ ေကာင္းပါတယ္။

PSG ဥကၠဌ နဲ႔ ရီးရဲ ဥကၠဌ တို႔အၾကား ေကာင္းမြန္ တဲ့ ဆက္ဆံေရးေတြ ရွိေနတာေၾကာင့္ ေဘးကေန ေျခာက္လွန္႔ေပးခဲ့တာလား (သို႔) သူတို႔ အခ်င္းခ်င္း လက္၀ါး ရုိတ္ျပီး ဘာစီလိုနာ က ေငြပံုေပးေအာင္ လုပ္ခဲ့တာလား ဆိုေတာ့ စဥ္းစားဖို႔ ေကာင္းတဲ့ အခ်က္ တစ္ခ်က္ ျဖစ္ပါတယ္။

အထူးသျဖင့္ PSG ဟာ ဘာစီလိုနာ ရဲ႕ ကစားသမား ေခၚယူဖို႔ သံုးစြဲတတ္တဲ့ နည္းစနစ္ တစ္ခ်ိဳ႕ ကို ၾကိဳတင္ တြက္ဆထားမိခဲ့လို႔ ၊ အခုလုိ ရီးရဲ ကလဲ ေနမာ ကို ေခၚယူဖို႔ စိတ္၀င္စား သေယာင္ေယာင္ သတင္းေတြ ဖန္တီးခဲ့တာလား ဆိုတာ ပိုျပီး သံသယ ျဖစ္ဖို႔ ေကာင္းပါတယ္။

ဘာစီလိုနာ ဟာ ယူရုိ သန္း 100 ေက်ာ္ ကစားသမား ေတြ ေခၚယူျပီ ဆုိရင္ တစ္ၾကိမ္တစ္ခါမွ ႏွစ္ဦး ႏွစ္ဖက္ အဆင္ေျပေျပ နဲ႔ ေခၚယူႏိုင္ျခင္း မရွိခဲ့ပဲ ၊ အဖုအထစ္ မ်ားစြာနဲ႔သာ အဆံုးသတ္ခဲ့ရတာ ျဖစ္ပါတယ္။

2017 ခုႏွစ္ က ေနမာ ရဲ႕ ေနရာကို အစားထိုး ဖို႔ အတြက္ ေဒါ့မြန္ ေတာင္ပံ ကစားသမား ဒမ္ဘီလီ ကို ေခၚယူဖို႔ ခ်ဥ္းကပ္ခဲ့ပါတယ္။ ကလပ္ အသင္းဘက္က ဘူးခံျငင္းေနခ်ိန္ မွာေတာ့ ကစားသမား ဟာ ေလ့က်င့္ေရး အစီအစဥ္ေတြကို ပ်က္ကြက္ လာခဲ့သလုိ ၊ ေဒါ့မြန္ကိုလဲ အသင္းေျပာင္းခြင့္ ေပးဖို႔ ဖိအားေပးလာခဲ့ပါတယ္။

ဒါဟာ ေခၚယူမယ့္ ကလပ္ နဲ႔ ကစားသမား ေအးဂ်င့္တို႔ ပူးေပါင္းျပီး ဖန္တီးေလ့ရွိတဲ့ အကြက္မ်ိဳး ျဖစ္ျပီး ၊ ေနာက္ပိုင္းမွာ အဲဒီ သတင္းေတြကို မီဒီယာေတြ စာမ်က္ႏွာေပၚမွာ တင္ေပးကာ ၊ အတင္းအက်ပ္ ဖိအားေပးတဲ့ ပံုစံမ်ိဳးနဲ႔ အေျပာင္းအေရႊ႕ ျဖစ္လာေအာင္ လုပ္ေဆာင္ခဲ့တာပါ။

2018 ခုႏွစ္ က ေကာ္တင္ဟို ကို ေခၚယူစဥ္ကလဲ ဘာစီလိုနာ ဟာ အလားတူ ပံုစံမ်ိဳး လုပ္ေဆာင္ခဲ့ျပီး ၊ ကတ္တလန္ မီဒီယာေတြ ရဲ႕ အကူအညီ နဲ႔ အတူ ရေအာင္ ေခၚယူသြားခဲ့ဖူးပါတယ္။

ေနာက္ဆံုး ပူပူေႏြးေႏြး တစ္ခုကေတာ့ ဂရစ္ဇ္မန္း ရဲ႕ အေျပာင္းအေရႊ႕ ျဖစ္ျပီး ၊ စာခ်ဳပ္ ဖ်က္သိမ္းခြင့္ ေလ်ာ္ေၾကးကို လက္တစ္လံုးျခား ေပးေခ်ကာ လုပ္ေဆာင္ခဲ့တာပါ။ ဒါေၾကာင့္လဲ ေအတီကို နဲ႔ တရားရင္ဆိုင္ၾကမယ့္ သတင္းေတြ ဆက္စပ္ ထြက္ေပၚလာခဲ့တာ ျဖစ္ပါတယ္။

အထက္ ေဖာ္ျပပါ အေၾကာင္းအရင္းေတြကို PSG က သိေနခဲ့သလို ေနမာ ရဲ႕ အေျပာင္းအေရႊ႕မွာေတာ့ လီယုိနာဒိုဟာ ေတာ္ေတာ္ေလး ျပင္ဆင္ထားခဲ့ဟန္တူပါတယ္။ တစ္ဖတ္မွာလဲ ကတ္တလန္ မီဒီယာေတြ ရဲ႕ မိႈင္းမမိေအာင္ ရီးရဲ မက္ဒရစ္က စိတ္၀င္စားတဲ့ ဟန္ေတြ ျပခိုင္းခဲ့တာလား (ဒါမွ မဟုတ္) ရီးရဲ ကပဲ ဘာစီလိုနာ အေနနဲ႔ ေငြေတြ အဆတန္ သံုးလိုက္ရေအာင္ လိုက္ျပီး ကလိ ျပေနခဲ့တာလား ဆိုတာ သံသယ ျဖစ္ဖို႔ ေကာင္းပါတယ္။

ဘာပဲ ျဖစ္ျဖစ္ ဘာစီလိုနာ ဟာ လက္ရွိ အေျပာင္းအေရႊ႕မွာေတာ့ ေနမာကို ေခၚယူဖို႔ လက္ေလွ်ာ့လိုက္ရပါျပီ ၊ လာမယ့္ အေျပာင္းအေရႊ႕ ရာသီမွပဲ ေခၚယူဖို႔ ဆက္ျပီး ၾကိဳးစားမလား ၊ ဒီၾကားထဲမွာ ေနမာ ကမ်ား စိတ္ေျပာင္းျပီး အသင္းမွာ ဆက္ေနမလား ဆိုတာေတာ့ ေစာင့္ၾကည့္ သြားရမွာပဲ ျဖစ္ပါတယ္…………..

SPORTS MYANMAR

Unicode

#Opinion : နေမာ ရဲ့ အပြောင်းအရွှေ့မှာ PSG က ဘာစီလိုနာ ရွေ့မယ့် အကွက်တွေကို ကြိုမြင်ခဲ့လေသလား ?
*************************************************

ကိုရီးယား ဒရာမာ ဇာတ်လမ်းထက်တောင် အလှည့်အပြောင်း များလွန်းတဲ့ နေမာ ရဲ့ အပြောင်းအရွှေ့ သတင်းတွေဟာ မနေ့ညက အဆုံးသတ် သွားခဲ့ပြီ ဖြစ်ပါတယ်။

နေမာ ကလဲ ဘာစီလိုနာကို ပြောင်းရွှေ့ချင်ခဲ့သလို ၊ ဘာစီလိုနာ ကလဲ အပြောင်းအရွှေ့ ဖြစ်လာနိုင်မယ့် နည်းလမ်း မျိုးစုံသုံးပြီး ကြိုးစားခဲ့သည့်တိုင်အောင် အောင်မြင်ခဲ့ခြင်း မရှိပါဘူး။

အဓိက အလှည့်အပြောင်း အခိုက်အတန့်ဟာ ဘာစီလိုနာ ဘက်က ကော်တင်ဟို ကို ဘိုင်ယန် မြူးနစ်ထံ အငှားချလိုက်တဲ့ အချိန်ဖြစ်ပြီး ၊ PSG က လိုချင်နေသည့်တိုင်အောင် ပိုပြီး သေချာတဲ့ ဘိုင်ယန်ဆီ ရောင်းထုတ်ခဲ့ရာကနေ နေမာ ကို ခေါ်ယူဖို့ ဖြစ်နိုင်ချေတွေ နည်းပါး သွားခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်းမှာတော့ PSG ကလဲ ကော်တင်ဟို ကို နေမာ ရဲ့ အပြောင်းအရွှေ့ အစိတ်အပိုင်း တစ်ခုအဖြစ် ထည့်သွင်းပေးဖို့ တောင်းဆိုခဲ့သလို ၊ ဘာစီလိုနာ ဘက်ကလဲ သဘောတူထားခဲ့တာပါ။ သို့သော် ကော်တင်ဟို ဘယ်စျေးနဲ့ သတ်မှတ်ပြီး PSG က ခေါ်ယူမလဲ ဆိုတဲ့ ခေါင်းစဉ်အောက်ကို ဆွေးနွေးကြချိန်မှာတော့ နှစ်ဖက် အသင်းရဲ့ သတ်မှတ်မှုတွေဟာ ကွာဟလွန်းခဲ့တာကြောင့် ၊ ဘာစီလိုနာ ကလဲ ချက်ခြင်း ခေါ်ယူချင်နေတဲ့ ဘိုင်ယန် မြူးနစ်ဆီ အငှားချလိုက်တာ ဖြစ်ပါတယ်။

အဲဒီ အနေအထား ကပဲ ဘာစီလိုနာ အတွက် အကျပ်အတည်းတွေ ဖန်တီးသွားခဲ့တာပါ။ နေမာ ကို ခေါ်ယူဖို့ အတွက် ငွေသားချည်းပဲ ဆိုရင် လုံလောက်မှု မရှိတာကြောင့် ၊ ကနဦး အငှားနဲ့ ကမ်းလှမ်းခဲ့ပေမယ့် PSG ဘက် က ပယ်ချသွားခဲ့ပါတယ်။ အဲဒီနောက် ပီအက်စ်ဂျီဟာ သူတို့ လိုချင် တဲ့ ကစားသမား 3 ယောက် + ယူရို 130 သန်း တောင်းဆိုခဲ့ပြန်ပေမယ့် ၊ ဘာစီလိုနာ ဘက်က နောက်ဆုတ် သွားခဲ့တာပါ။

နောက်ဆုံးမှာတော့ PSG ဥက္ကဌ အယ်ခီလာဖီ ကိုယ်တိုင်က ဘာစီလိုုနုာ အနေနဲ့ နေမာ ကို ခေါ်ယူချင်တယ် ဆိုရင် ယူရို သန်း 300 လက်ငင်း ပေးချေပါက ချက်ခြင်း ခေါ်ယူလို့ ရတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာရင်းနဲ့ အဆုံးသတ် သွားခဲ့တာ ဖြစ်ပါတယ်။
ဒီအနေအထားတွေ မှာ ဖြစ်နိုင်ချေ အလွန်နည်းပါး တဲ့ အကြားက ရီးရဲ မက်ဒရစ် ဟာလဲ နေမာ ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ သတင်းတွေ ထွက်ပေါ် ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ရီးရဲ မက်ဒရစ် ရဲ့ ကစားသမား စာရင်းအရ နေမာ ကို ခေါ်ယူမယ် ဆိုရင်တောင် လူငယ် တောင်ပံ တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ ဗီနီစီးယပ် ၊ ရိုဒရီဂို ၊ အဆန်စီယို တို့အထဲ က တစ်ဦးဦးကို မဖြစ်မနေ ရောင်းချရမှာ ဖြစ်သလို ၊ အဲဒီ အထဲက ဘရာဇီး ကစားသမား နှစ်ဦးဟာ မကြာခင်ကမှ အသင်းကို ရောက်ရှိထားခဲ့သူတွေပါ။

ဒါတောင် နေမာ ကို ခေါ်ယူဖို့ ထွက်ပေါ်လာသေးတဲ့ သတင်း တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။

PSG ဥက္ကဌ နဲ့ ရီးရဲ ဥက္ကဌ တို့အကြား ကောင်းမွန် တဲ့ ဆက်ဆံရေးတွေ ရှိနေတာကြောင့် ဘေးကနေ ခြောက်လှန့်ပေးခဲ့တာလား (သို့) သူတို့ အချင်းချင်း လက်ဝါး ရိုတ်ပြီး ဘာစီလိုနာ က ငွေပုံပေးအောင် လုပ်ခဲ့တာလား ဆိုတော့ စဉ်းစားဖို့ ကောင်းတဲ့ အချက် တစ်ချက် ဖြစ်ပါတယ်။

အထူးသဖြင့် PSG ဟာ ဘာစီလိုနာ ရဲ့ ကစားသမား ခေါ်ယူဖို့ သုံးစွဲတတ်တဲ့ နည်းစနစ် တစ်ချို့ ကို ကြိုတင် တွက်ဆထားမိခဲ့လို့ ၊ အခုလို ရီးရဲ ကလဲ နေမာ ကို ခေါ်ယူဖို့ စိတ်ဝင်စား သယောင်ယောင် သတင်းတွေ ဖန်တီးခဲ့တာလား ဆိုတာ ပိုပြီး သံသယ ဖြစ်ဖို့ ကောင်းပါတယ်။

ဘာစီလိုနာ ဟာ ယူရို သန်း 100 ကျော် ကစားသမား တွေ ခေါ်ယူပြီ ဆိုရင် တစ်ကြိမ်တစ်ခါမှ နှစ်ဦး နှစ်ဖက် အဆင်ပြေပြေ နဲ့ ခေါ်ယူနိုင်ခြင်း မရှိခဲ့ပဲ ၊ အဖုအထစ် များစွာနဲ့သာ အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။

2017 ခုနှစ် က နေမာ ရဲ့ နေရာကို အစားထိုး ဖို့ အတွက် ဒေါ့မွန် တောင်ပံ ကစားသမား ဒမ်ဘီလီ ကို ခေါ်ယူဖို့ ချဉ်းကပ်ခဲ့ပါတယ်။ ကလပ် အသင်းဘက်က ဘူးခံငြင်းနေချိန် မှာတော့ ကစားသမား ဟာ လေ့ကျင့်ရေး အစီအစဉ်တွေကို ပျက်ကွက် လာခဲ့သလို ၊ ဒေါ့မွန်ကိုလဲ အသင်းပြောင်းခွင့် ပေးဖို့ ဖိအားပေးလာခဲ့ပါတယ်။

ဒါဟာ ခေါ်ယူမယ့် ကလပ် နဲ့ ကစားသမား အေးဂျင့်တို့ ပူးပေါင်းပြီး ဖန်တီးလေ့ရှိတဲ့ အကွက်မျိုး ဖြစ်ပြီး ၊ နောက်ပိုင်းမှာ အဲဒီ သတင်းတွေကို မီဒီယာတွေ စာမျက်နှာပေါ်မှာ တင်ပေးကာ ၊ အတင်းအကျပ် ဖိအားပေးတဲ့ ပုံစံမျိုးနဲ့ အပြောင်းအရွှေ့ ဖြစ်လာအောင် လုပ်ဆောင်ခဲ့တာပါ။

2018 ခုနှစ် က ကော်တင်ဟို ကို ခေါ်ယူစဉ်ကလဲ ဘာစီလိုနာ ဟာ အလားတူ ပုံစံမျိုး လုပ်ဆောင်ခဲ့ပြီး ၊ ကတ်တလန် မီဒီယာတွေ ရဲ့ အကူအညီ နဲ့ အတူ ရအောင် ခေါ်ယူသွားခဲ့ဖူးပါတယ်။

နောက်ဆုံး ပူပူနွေးနွေး တစ်ခုကတော့ ဂရစ်ဇ်မန်း ရဲ့ အပြောင်းအရွှေ့ ဖြစ်ပြီး ၊ စာချုပ် ဖျက်သိမ်းခွင့် လျော်ကြေးကို လက်တစ်လုံးခြား ပေးချေကာ လုပ်ဆောင်ခဲ့တာပါ။ ဒါကြောင့်လဲ အေတီကို နဲ့ တရားရင်ဆိုင်ကြမယ့် သတင်းတွေ ဆက်စပ် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အထက် ဖော်ပြပါ အကြောင်းအရင်းတွေကို PSG က သိနေခဲ့သလို နေမာ ရဲ့ အပြောင်းအရွှေ့မှာတော့ လီယိုနာဒိုဟာ တော်တော်လေး ပြင်ဆင်ထားခဲ့ဟန်တူပါတယ်။ တစ်ဖတ်မှာလဲ ကတ်တလန် မီဒီယာတွေ ရဲ့ မှိုင်းမမိအောင် ရီးရဲ မက်ဒရစ်က စိတ်ဝင်စားတဲ့ ဟန်တွေ ပြခိုင်းခဲ့တာလား (ဒါမှ မဟုတ်) ရီးရဲ ကပဲ ဘာစီလိုနာ အနေနဲ့ ငွေတွေ အဆတန် သုံးလိုက်ရအောင် လိုက်ပြီး ကလိ ပြနေခဲ့တာလား ဆိုတာ သံသယ ဖြစ်ဖို့ ကောင်းပါတယ်။

ဘာပဲ ဖြစ်ဖြစ် ဘာစီလိုနာ ဟာ လက်ရှိ အပြောင်းအရွှေ့မှာတော့ နေမာကို ခေါ်ယူဖို့ လက်လျှော့လိုက်ရပါပြီ ၊ လာမယ့် အပြောင်းအရွှေ့ ရာသီမှပဲ ခေါ်ယူဖို့ ဆက်ပြီး ကြိုးစားမလား ၊ ဒီကြားထဲမှာ နေမာ ကများ စိတ်ပြောင်းပြီး အသင်းမှာ ဆက်နေမလား ဆိုတာတော့ စောင့်ကြည့် သွားရမှာပဲ ဖြစ်ပါတယ်…………..

SPORTS MYANMAR