Conte

အင္တာ မီလန္ အသင္း ရဲ့ တုိက္စစ္ ကစားသမား သစ္ ရိုမီလူ လူကာကူ ဟာ အသင္း သစ္ရဲ့ ဒုတိယ ေျမာက္ ပြဲစဥ္ မွာပဲ လူမ်ိဳး ေရး ခြဲျခား ဆက္ဆံ ခံခဲ့ ရတဲ့ ေနာက္ နည္းျပ ျဖစ္သူ အန္တုိနီယို ကြန္တီ က ‘ အီတလီ ေျမမွာ ပညာေရး စနစ္ ေတြ ပိုမုိ လုိအပ္ ေၾကာင္း ‘ တုန့္ျပန္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

အင္တာ မီလန္ အသင္း ဟာ မေန့ ညက ကတ္ဂလီယာရီ အသင္း နဲ့ တစ္ဖက္ တစ္ဂိုး စီ သေရ ရလဒ္ ထြက္ေပၚ ေနတဲ့ အခ်ိန္ ပင္နယ္တီ ကန္သြင္း ခြင့္ ရရွိ ခဲ့ျပီး အဆုိပါ ပင္နယ္တီ ကို လူကာကူ ကန္သြင္း ေတာ့မယ့္ အခ်ိန္ ျပိဳင္ဖက္ အသင္း ရဲ့ ပရိသတ္ ေတြက ‘ ေမ်ာက္ ‘ နဲ့ ခိုင္းႏွိဳင္း ခဲ့ျပီး ဘယ္လ္ဂ်ီယံ သားကို အာရံု ေတြ ေထြျပား ေအာင္ လုပ္ေဆာင္ ခဲ့ၾက ပါတယ္ ။

အခုလို လူမ်ိဳးေရး ခြဲျခား ခံခဲ့ ရတဲ့ အတြက္ ဘယ္လ္ဂ်ီယံ လက္ေရြးစင္ က စိတ္ပ်က္ ခဲ့တာ အမွန္ ပါပဲ ။ သူဟာ ပင္နယ္တီ မကန္ခင္ မွာ ျပိဳင္ဖက္ ပရိသတ္ ေတြဖက္ တစ္ခ်က္ စိုက္ၾကည့္ ခဲ့ေသး ျပီးေနာက္ ဂိုး ဝင္ေအာင္ ကန္သြင္း သြားနုိင္ ခဲ့တာ ပဲ ျဖစ္ ပါတယ္ ။

ကတ္ဂလီယာရီ အသင္း ရဲ့ ပရိသတ္ ေတြ ဖက္မွ အခုလို လုပ္ခဲ့ ၾကျခင္း က ပထမဆံုး အၾကိမ္ မဟုတ္ ခဲ့ ပါဘူး ။ သူတို့ ေတြဟာ လြန္ ခဲ့တဲ့ ႏွစ္ေတြ တုန္းက လည္း အိမ္ကြင္း မွာ မြိဳက္စ္ကင္း ၊ မက္တြီဒီ ၊ ဆူလီ မြန္တာရီ နဲ့ ဆမ္ျမဴရယ္ အီတူး တုိ႔ကို လူမ်ိဳးေရး ခြဲျခား ထုိးႏွက္ ခဲ့ဖူး ၾကပါ ေသးတယ္ ။

အဆုိပါ ပြဲစဥ္ အျပီး မွာေတာ့ အင္တာ မီလန္ အသင္း ရဲ့ နည္းျပ သစ္ ကြန္တီ က သူဟာ ျပိဳင္ဖက္ အသင္း ရဲ့ ပရိသတ္ ေတြ အဲ့ဒီ လို ေအာ္ဟစ္ ခဲ့ၾက တာကို သတိ မထား မိခဲ့ ေပမယ့္ အီတလီ ေျမမွာ အဆုိပါ ေခါင္းစဥ္ နဲ့ ပတ္သက္ လို့ တစ္ကယ္ ပဲ ပညာေပးေရး စနစ္ ေတြ တုိးတက္ ေကာင္းမြန္ ဖို႔ လိုအပ္ ျပီ ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

 

” တစ္ကယ္ပါ ၊ က်ြန္ေတာ္ ခံုတန္း ေပၚက ေန ဘာမွ ေတာ့ မၾကား သိခဲ့ ရ ပါဘူး ။ ဘယ္လို ပဲ ျဖစ္ေန ပါေစ ၊ ေယဘုယ် အရ ေျပာ ရမယ္ ဆုိရင္ ေတာ့ အီတလီ ေျမမွာ ဒါနဲ့ ပတ္သက္လို့ ပညာေပး ဖုိ့ လိုအပ္ ေနတာ ေတာ့ အမွန္ ပါပဲ ။ ဒီ အရာ နဲ့ ပတ္သက္ လို႔ အန္ဆယ္ေလာ့တီ လည္း တုိင္တန္း ခဲ့ဖူး တာေတြ ကို က်ြန္ေတာ္ ၾကားသိ ဖူး ပါတယ္ ”

” က်ြန္ေတာ္ တုိ့ နိုင္ငံရပ္ျခား သြားေရာက္ ၾကတဲ့ အခါ ေတြမွာ လူေတြ က ေလးစား သမွဳ အျပည့္ ရွိၾက ျပီး ကုိယ့္ အသင္း ကိုပဲ အားေပး ၾကဖုိ႔ ပရိသတ္ ေတြက အထူး လုပ္ေဆာင္ ေလ့ ရွိတက္ ၾက ပါတယ္ ” လို့ အန္တိုနီယို ကြန္တီ က အီတလီ ေျမမွာ တုိးတက္ဖုိ႔ လိုအပ္ ေသးေၾကာင္း ႏွိဳင္းယွဥ္ ေျပာၾကား သြားခဲ့ ပါတယ္ ။

အင္တာ မီလန္ အသင္း ရဲ့ ေနာက္ခံ ကစားသမား ျဖစ္သူ မီလန္ စကၠရီနဲ့ ကလည္း ျပိဳင္ဖက္ အသင္း ပရိသတ္ ေတြဖက္ လွည့္ျပီး အခုလို ေအာ္ဟစ္ မွဳေတြ မလုပ္ ၾကဖုိ႔ အျပဳအမူ ေတြနဲ့ ျပသ သြားခဲ့ ပါ ေသးတယ္ ။

” လူကာကူ ကို လူမ်ိဳးေရး ခြဲျခား ခဲ့ျခင္း လား ? က်ြန္ေတာ္ ကြင္းထဲ ရွိေန စဥ္မွာ ေဘာလံုး ေလာက ထဲ ရွိမေန သင့္တဲ့ အရာ ေတြကို ၾကားခဲ့ ရ ပါတယ္ ။ က်ြန္ေတာ္ ကိုယ္တုိင္ ေတာင္ ကတ္ဂလီယာရီ ပရိသတ္ ေတြကို ပါးစပ္ ပိတ္ ၾကဖုိ့ ေျပာခဲ့ ပါ ေသးတယ္ ” လို့ ပြဲစဥ္ အျပီး သတင္းစာ ရွင္းလင္း ပြဲမွာ ေျပာၾကား သြားခဲ့ ပါ ေသးတယ္ ။

#Sports_Myanmar

Unicode

အီတလီ မြေမှာ အထူး တိုးတက်ဖို့ လိုအပ် နေတဲ့ အရာ တစ်ခု က ဘာလဲ ဆိုတာ နိုင်ငံခြား လိဂ် တွေနဲ့ နှိုင်းယှဉ်ပြ သွားတဲ့ #ကွန်တီ

====================

အင်တာ မီလန် အသင်း ရဲ့ တိုက်စစ် ကစားသမား သစ် ရိုမီလူ လူကာကူ ဟာ အသင်း သစ်ရဲ့ ဒုတိယ မြောက် ပွဲစဉ် မှာပဲ လူမျိုး ရေး ခွဲခြား ဆက်ဆံ ခံခဲ့ ရတဲ့ နောက် နည်းပြ ဖြစ်သူ အန်တိုနီယို ကွန်တီ က ‘ အီတလီ မြေမှာ ပညာရေး စနစ် တွေ ပိုမို လိုအပ် ကြောင်း ‘ တုန့်ပြန် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အင်တာ မီလန် အသင်း ဟာ မနေ့ ညက ကတ်ဂလီယာရီ အသင်း နဲ့ တစ်ဖက် တစ်ဂိုး စီ သရေ ရလဒ် ထွက်ပေါ် နေတဲ့ အချိန် ပင်နယ်တီ ကန်သွင်း ခွင့် ရရှိ ခဲ့ပြီး အဆိုပါ ပင်နယ်တီ ကို လူကာကူ ကန်သွင်း တော့မယ့် အချိန် ပြိုင်ဖက် အသင်း ရဲ့ ပရိသတ် တွေက ‘ မျောက် ‘ နဲ့ ခိုင်းနှိုင်း ခဲ့ပြီး ဘယ်လ်ဂျီယံ သားကို အာရုံ တွေ ထွေပြား အောင် လုပ်ဆောင် ခဲ့ကြ ပါတယ် ။

အခုလို လူမျိုးရေး ခွဲခြား ခံခဲ့ ရတဲ့ အတွက် ဘယ်လ်ဂျီယံ လက်ရွေးစင် က စိတ်ပျက် ခဲ့တာ အမှန် ပါပဲ ။ သူဟာ ပင်နယ်တီ မကန်ခင် မှာ ပြိုင်ဖက် ပရိသတ် တွေဖက် တစ်ချက် စိုက်ကြည့် ခဲ့သေး ပြီးနောက် ဂိုး ဝင်အောင် ကန်သွင်း သွားနိုင် ခဲ့တာ ပဲ ဖြစ် ပါတယ် ။

ကတ်ဂလီယာရီ အသင်း ရဲ့ ပရိသတ် တွေ ဖက်မှ အခုလို လုပ်ခဲ့ ကြခြင်း က ပထမဆုံး အကြိမ် မဟုတ် ခဲ့ ပါဘူး ။ သူတို့ တွေဟာ လွန် ခဲ့တဲ့ နှစ်တွေ တုန်းက လည်း အိမ်ကွင်း မှာ မွိုက်စ်ကင်း ၊ မက်တွီဒီ ၊ ဆူလီ မွန်တာရီ နဲ့ ဆမ်မြူရယ် အီတူး တို့ကို လူမျိုးရေး ခွဲခြား ထိုးနှက် ခဲ့ဖူး ကြပါ သေးတယ် ။

အဆိုပါ ပွဲစဉ် အပြီး မှာတော့ အင်တာ မီလန် အသင်း ရဲ့ နည်းပြ သစ် ကွန်တီ က သူဟာ ပြိုင်ဖက် အသင်း ရဲ့ ပရိသတ် တွေ အဲ့ဒီ လို အော်ဟစ် ခဲ့ကြ တာကို သတိ မထား မိခဲ့ ပေမယ့် အီတလီ မြေမှာ အဆိုပါ ခေါင်းစဉ် နဲ့ ပတ်သက် လို့ တစ်ကယ် ပဲ ပညာပေးရေး စနစ် တွေ တိုးတက် ကောင်းမွန် ဖို့ လိုအပ် ပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” တစ်ကယ်ပါ ၊ ကျွန်တော် ခုံတန်း ပေါ်က နေ ဘာမှ တော့ မကြား သိခဲ့ ရ ပါဘူး ။ ဘယ်လို ပဲ ဖြစ်နေ ပါစေ ၊ ယေဘုယျ အရ ပြော ရမယ် ဆိုရင် တော့ အီတလီ မြေမှာ ဒါနဲ့ ပတ်သက်လို့ ပညာပေး ဖို့ လိုအပ် နေတာ တော့ အမှန် ပါပဲ ။ ဒီ အရာ နဲ့ ပတ်သက် လို့ အန်ဆယ်လော့တီ လည်း တိုင်တန်း ခဲ့ဖူး တာတွေ ကို ကျွန်တော် ကြားသိ ဖူး ပါတယ် ”

” ကျွန်တော် တို့ နိုင်ငံရပ်ခြား သွားရောက် ကြတဲ့ အခါ တွေမှာ လူတွေ က လေးစား သမှု အပြည့် ရှိကြ ပြီး ကိုယ့် အသင်း ကိုပဲ အားပေး ကြဖို့ ပရိသတ် တွေက အထူး လုပ်ဆောင် လေ့ ရှိတက် ကြ ပါတယ် ” လို့ အန်တိုနီယို ကွန်တီ က အီတလီ မြေမှာ တိုးတက်ဖို့ လိုအပ် သေးကြောင်း နှိုင်းယှဉ် ပြောကြား သွားခဲ့ ပါတယ် ။

အင်တာ မီလန် အသင်း ရဲ့ နောက်ခံ ကစားသမား ဖြစ်သူ မီလန် စက္ကရီနဲ့ ကလည်း ပြိုင်ဖက် အသင်း ပရိသတ် တွေဖက် လှည့်ပြီး အခုလို အော်ဟစ် မှုတွေ မလုပ် ကြဖို့ အပြုအမူ တွေနဲ့ ပြသ သွားခဲ့ ပါ သေးတယ် ။

” လူကာကူ ကို လူမျိုးရေး ခွဲခြား ခဲ့ခြင်း လား ? ကျွန်တော် ကွင်းထဲ ရှိနေ စဉ်မှာ ဘောလုံး လောက ထဲ ရှိမနေ သင့်တဲ့ အရာ တွေကို ကြားခဲ့ ရ ပါတယ် ။ ကျွန်တော် ကိုယ်တိုင် တောင် ကတ်ဂလီယာရီ ပရိသတ် တွေကို ပါးစပ် ပိတ် ကြဖို့ ပြောခဲ့ ပါ သေးတယ် ” လို့ ပွဲစဉ် အပြီး သတင်းစာ ရှင်းလင်း ပွဲမှာ ပြောကြား သွားခဲ့ ပါ သေးတယ် ။

#Sports_Myanmar