Guanduzi

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ အာဆင်နယ် လူငယ် ကွင်းလယ်လူ ဂွမ်ဒူဇီ ဟာ အယ်ဘေးနီးယား ၊အန်ဒိုရာ တို့နဲ့ ခြေစမ်းပွဲ ကစားမယ့် ပြင်သစ် လက်ရွေးစင် အသင်းကြီးမှာ ပထမဆုံး အကြိမ် ရွေးချယ် ခံခဲ့ရပါယ်။

ဂွမ်ဒူဇီ အတွက်တော့ အာဆင်နယ် အသင်းကို ပြောင်းရွှေ့လာပြီး တစ်နှစ်ကျော် ကာလ အတွင်းမှာ ပြင်သစ် လက်ရွေးစင် အသင်းမှာ ပါဝင်ခွင့် ရသွားတာပါ ။ပြင်သစ် လက်ရွေးစင် နည်းပြ ဒက်စ်ချမ့်ဟာ ဒဏ်ရာ ပြဿနာကြောင့် လူစာရင်းကနေ နှုတ်ထွက်သွားတဲ့ ပေါ့ဘာ နေရာမှာ ဂွမ်ဒူဇီ ကို အစားထိုး ရွေးချယ်လိုက်တာလည်း ဖြစ်ပါတယ်။

ဂွမ်ဒူဇီ အတွက်တော့ သူ အသက် ၂၀ အရွယ်မှာပဲ သူ့ရဲ့ အမြဲတမ်း အိပ်မက် ဖြစ်တဲ့ ပြင်သစ် လက်ရွေးစင် အသင်းကြီးမှာ ပါဝင် ကစားချင်တဲ့ ရည်မှန်းချက်ကတော့ ပြည့်​မြောက် သွားခဲ့ပြီ ဖြစ်ပါတယ်။

ဂွမ်ဒူဇီ က သူ့ကို ပြင်သစ် လက်ရွေးစင် အသင်းကြီးမှာ ရွေးချယ် လိုက်ကြောင်းကို ယူ-၂၁ နည်းပြ ဆဲလ်ဗီယန် ရီပိုလ် က အိမ်အထိ လာရောက်ပြီး အကြောင်းကြားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ဒါပေမယ့်လည်း ယူ-၂၁ နည်းပြ ဆဲလ်ဗီယန် ရီပိုလ် ဟာ ဂွမ်ဒူဇီကို ရင်ခုန် စိတ်လှုပ်ရှားအောင် စနောက် သွယ်ဝိုက်ပြီး ပြောပြခဲ့တာလည်း ဖြစ်ပါတယ်။

ဂွမ်ဒူဇီ က ပြင်သစ် လက်ရွေးစင်အသင်းကြီးမှာ ရွေးချယ်ခံရကြောင်း သူ့ကို ဘယ်လို အကြောင်းကြားခဲ့သလဲဆိုတာကို ” အမှန်တိုင်း ပြောရရင် အဲ့အချိန်မှာ ကျနော်က တစ်ရေးတစ်မော အိပ်နေတာပါ။တံခါးခေါက်သံကြားပေမယ့် အိပ်ချင်နေတာကြောင့် လုံးဝ တံခါးထ မဖွင့်ခဲ့ပါဘူး။”

” နောက်တော့ ဖုန်းဝင်လာပါတယ်။ကြည့်လိုက်တော့ နည်းပြကြီး ဖုန်း ဖြစ်နေပါတယ်။သူက ‘ ငါပါကွ၊တံခါးခေါက်နေတာ ငါပါကွ ဆိုပြီး ပြောပါတယ်။အဲ့ဒါနဲ့ ကျနော်လည်း တံခါးထဖွင့်ရတော့ပေါ့ဗျာ။နောက်တော့ သူက ‘ မတ်တီယို ရေ လာစမ်းပါဦး၊ငါ မင်းကို ပြောစရာ ရှိတယ်၊ငါမင်းကို သဘောကျပေမယ့် မင်း အသင်းကနေ ထွက်ခွာရတော့မယ်။’ လို့ ပြောပါတယ်။”

” သူအဲ့လို ပြောလိုက်တဲ့ အချိန်မှာ ကျနော်က ‘ ကျနော် အသင်းကနေ ထွက်ခွာရတော့မယ်ဆိုတာ ဘာကို ဆိုလိုချင်တာလဲဗျာ။ဘာပြောချင်တာလဲ။’ လို့ ပြန်မေးလိုက်တော့ ‘ မင်း ပြင်သစ် လက်ရွေးစင် အသင်းကြီးနဲ့ သွားရောက် ပူးပေါင်းရတော့မယ်လေကွာ။”

” ကျနော့် စိတ်ထဲမှာတော့ လုံးဝ မယုံကြည်နိုင်သလို ဖြစ်နေတာပါ။ကျနော် အိပ်မပျော်ခင် ၁၀ မိနစ် အလိုလောက်အထိ အိပ်မက် အဖြစ် ရှိနေဆဲပါ။နည်းပြကြီး နဲ့ ကျနော် စကားအများကြီး ပြောဖြစ်ပါတယ်။ကျနော့်ကို သေချာ ရှင်းပြပြီး ပြင်သစ် လက်ရွေးစင် အသင်းကြီးမှာ ရွေးချယ်ခံလိုက်ရပြီဆိုတာ ပြောပါတယ်။”

” အဲ့သတင်းကောင်း ကြားလိုက်ရတဲ့ အချိန်မှာ ကျနော် အိပ်ချင်နေရာကနေ မျက်လုံး လုံးဝ ကျယ်သွားခဲ့ပါတယ်။ကျနော် ဖြစ်သွားတဲ့ ပုံစံကို နည်းပြကြီးက ဆယ်ဗီယန် ရီပိုးလ် အသိဆုံး ဖြစ်မှာပါ။ကျနော့် အတွက်တော့ လုံးဝ အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။” လို့ ပြောကြား သွားခဲ့ပါတယ်။

SPORTS MYANMAR