Neville

မန္ခ်က္စတာ ယူႏုိက္တက္ ေနာက္ခံလူေဟာင္း ျဖစ္တဲ့ ဂယ္ရီနဗီးက ဗဟုိ ေနာက္ခံလူ ေအမရစ္လာေပါ့ဒ္ ဒဏ္ရာ ရရွိ သြားခဲ့ျခင္းဟာ မန္ခ်က္စတာစီးတီး အသင္း အတြက္ ၾကီးမားဆံုး ထိခုိက္မွဳ ျဖစ္ေစ ႏုိင္တယ္လို႕ ယံုၾကည္ ေနပါတယ္။ ဂယ္ရီနဗီးက ဒီလို အေျခအေနမ်ိဳး ျဖစ္လာ ႏုိင္တဲ့ အတြက္ ပက္ဂြာဒီယိုလာ ဟာ ျပီးခဲ့တဲ့ ေႏြရာသီက လက္ရွိ မန္ခ်က္စတာ ယူႏုိက္တက္ အသင္းရဲ႕ ေနာက္ခံလူ ျဖစ္တဲ့ ဟယ္ရီမက္ဂြိဳင္းယား ကို အရ ေခၚယူ ခဲ့သင့္တယ္လို႕ ဆုိသြား ပါတယ္။

ပက္ဂြာဒီယုိလာ ဟာ အသက္ ၂၆ ႏွစ္ အရြယ္ မက္ဂြိဳင္းယား ကို ေခၚယူရန္ စိတ္၀င္စား ခဲ့ေပမယ့္လည္း မန္ယူႏုိက္တက္ တုိ႕ လက္စတာ ကို ေပးေခ်ခဲ့တဲ့ စံခ်ိန္တင္ ေျပာင္းေရြ႕ေၾကး ကုိ အမွီ မလိုက္ ႏုိင္ဘဲ လက္ေလ်ာ့ ခဲ့ရပါတယ္။ လက္ရွိ အခ်ိန္မွာေတာ့ လာေပါ့ဒ္ဟာ ျပီးခဲ့တဲ့ စေနေန႕က ဘရုိက္တန္ ကုိ စီးတီး တုိ႕ ၄ ဂုိး ျပတ္ နဲ႕ ႏိုင္ခဲ့တဲ့ ပြဲစဥ္မွာ ျပင္းထန္တဲ့ ဒူးဒဏ္ရာေၾကာင့္ ကာလတစ္ခုၾကာ အနားယူ သြားရဖို႕ ရွိေနပါတယ္။

နဗီးကေတာ့ ဒီဒဏ္ရာ ျပသနာဟာ လီဗာပူး နဲ႕ အမွတ္ေပးဖလား အတြက္ အျပိဳင္ၾကဲေနတဲ့ စီးတီး အတြက္ ဆံုးရွံဳးမွဳေတြ ရွိေစ ႏုိင္တယ္လို႕ ယူဆေနျပီး ပက္ဂြာဒီယိုလာ အေနနဲ႕ ရာသီကုန္က အသင္းကေန ထြက္ခြာ သြားခဲ့တဲ့ ဗင္ဆင့္ကြန္ပနီ ရဲ႕ ေနရာမွာ ေနာက္ခံလူ တစ္ဦး အစားထိုး ၀ယ္ယူ ခဲ့သင့္တယ္လို႕ ေ၀ဖန္ လိုက္ပါတယ္။

နဗီး က “အကယ္၍ လာေပါ့ဒ္သာ ကာလရွည္ အနားယူ ရေတာ့မယ္ ဆုိရင္ ကၽြန္ေတာ္ ကေတာ့ ဒါဟာ စီးတီး ကို ရမွတ္ ဆံုးရွံဳးမွဳေတြ ရွိေစ လာလိမ့္မယ္လို႕ ကၽြန္ေတာ္ ထင္ပါတယ္ သူဟာ တကယ့္ကို လႊမ္းမိုးမွဳ ၾကီးမားတဲ့ ဗဟုိ ေနာက္ခံလူပါ။ လာေပါ့ဒ္ဟာ အရည္အေသြး ျမင့္မားျပီး ထူးခၽြန္တဲ့ ကစားသမား တစ္ဦး ျဖစ္ပါတယ္။ သူ ဒဏ္ရာ ရခဲ့တဲ့ ကိစၥကို ၾကည့္လုိက္မယ္ ဆုိရင္ ဒါဟာ တကယ္ စိတ္ပူစရာလို႕ ကၽြန္ေတာ္ ယူဆပါတယ္။ မက္ဂြိဳင္းယား ကိုသာ ေခၚယူ ထားခဲ့မယ္ ဆုိရင္ ေအးေအးေဆးေဆး ျဖစ္ေနမွာပါ။

ကၽြန္ေတာ္ ကေတာ့ မန္ခ်က္စတာယူႏုိက္တက္ အသင္းဟာ သူ႕ကို ေခၚယူဖို႕ အတြက္ အေကာင္းဆံုး လုပ္ခဲ့တယ္လို႕ ထင္ပါတယ္။ စီးတီးဟာ မက္ဂြိဳင္းယား အတြက္ ယူႏုိက္တက္ နဲ႕ အျပိဳင္အဆုိင္ မေခၚ ခဲ့တာကို ကၽြန္ေတာ္ အံ့ၾသ ခဲ့ရပါတယ္။ ၾကည့္ရတာ လက္စတာ ရဲ႕ ေခၚေစ်း ျမင့္မားလြန္းလို႕ပဲ ျဖစ္မွာပါ။ စီးတီး ကေန ထြက္ခြာ သြားခဲ့တဲ့ ကြန္ပနီဟာ ပင္နယ္တီ ဧရိယာ ႏွစ္ခုစလံုးမွာ ေခါင္းတုိက္ေဘာကို အားျပဳတဲ့ old-fashioned ဗဟုိ ေနာက္ခံလူလို႕ ကၽြန္ေတာ္ ထင္ပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ တစ္ခ်ိဳ႕ ကြင္းေတြ သြားကစား ရတဲ့ အခါ…အဲဗာတန္နဲ႕ ၀ုဖ္တုိ႕ရဲ႕ ပြဲလိုေပါ့…ေဘာလံုးေတြဟာ ပင္နယ္တီ ဧရိယာထဲ ၀ဲေန ခ့ဲမယ္ ဆုိရင္ ကြန္ပနီ ဟာ ဒါကို ဒုိင္ခံ ေျဖရွင္းမယ့္ သူပါ။ လာေပါ့ဒ္ ဒဏ္ရာ ရခဲ့တာဟာ မန္စီးတီး အတြက္ ထိခုိက္မွဳ ၾကီးမားပါတယ္။ ကၽြန္ေတာ္ ကေတာ့ လီဗာပူးဟာ international break ကို ယံုၾကည္မွဳ အျပည့္နဲ႕ သြားမယ္လို႕ ထင္ပါတယ္။ အဲဒီေနာက္ သူတုိ႕ဟာ ေနာက္ထပ္ ႏုိင္ငံတကာပြဲစဥ္ ကာလကို အလို ရွိေတာ့မွာ မဟုတ္ပါဘူး။” လို႕ ဆုိသြား ပါတယ္။

ပက္ဂြာဒီယုိလာ ကေတာ့ သူတုိ႕ဟာ ျပီးခဲ့တဲ့ ေႏြရာသီက ကြန္ပနီရဲ႕ ေနရာ အတြက္ ေနာက္ခံလူ တစ္ဦး ဘာေၾကာင့္ အစားထိုး မ၀ယ္ ခဲ့သလဲ ဆုိတာ ရွင္းျပ ခဲ့ပါတယ္။ လက္ရွိမွာ လာေပါ့ဒ္ ဒဏ္ရာရေနတာေၾကာင့္ ဂြာဒီယိုလာမွာ စီနီယာ ဗဟုိ ေနာက္ခံလူ ဆုိလို႕ ေအာ္တာမန္ဒီ နဲ႕ စတုန္း (မၾကာမီ ျပန္ကစား ႏုိင္ေတာ့မွာျဖစ္) သာ ရွိေနျပီး ပက္ဟာ ဘရုိက္တန္ နဲ႕ ပြဲမွာေတာ့ ဖာနန္ဒင္ညိဳကုိ အဆုိပါ ေနရာမွာ ၀င္ကစား ေစခဲ့ပါတယ္။ ဂြာဒီယုိလာ ကေတာ့ သူတုိ႕အသင္းဟာ ျပီးခဲ့တဲ့ အေျပာင္းအေရြ႕မွာ လိုခ်င္တဲ့ ေနာက္ခံလူ အတြက္ ေစ်းမတက္ႏုိ္င္ခဲ့ဘူးလို႕ အံ့အားသင့္ဖြယ္ ေျပာလိုက္ပါတယ္။

ပက္က “ကၽြန္ေတာ္တုိ႕ အေနနဲ႕ ျပိဳင္ဘက္ အသင္းေတြလို မ၀ယ္ႏုိင္သလို ဒီကစားသမားေတြ အတြက္ အသင္းေတြရဲ႕ ကမ္းလွမ္းတဲ့ ေစ်းကို မ၀ယ္ႏုိင္ပါဘူး။ ကလပ္ဟာ ေနရာတုိ္င္းမွာ အေကာင္းဆံုး လုပ္ေနပါတယ္။ တစ္ခါတစ္ရံမွာေတာ့ အျခားအသင္းေတြ တက္ႏုိင္တာကို ကိုယ့္ဘက္က မတက္ႏုိင္တာ ရွိတက္ပါတယ္။ ဒါပါပဲ။ ကၽြန္ေတာ္တုိ႕ဟာ ကစားသမား ေတာ္ေတာ္မ်ားမ်ား အတြက္ ေငြအမ်ားၾကီး ေပးေခ် ခဲ့ပါတယ္။ ဒါ့ေၾကာင့္လည္း ကၽြန္ေတာ္တုိ႕ အသင္းရဲ႕ အရည္အေသြးနဲ႕ လူအင္အားဟာ ေတာင့္တင္း ေနတာပါ။

ဒါေပမယ့္ ကၽြန္ေတာ္တုိ႕မွာ လစ္မစ္ရွိတာေၾကာင့္ ေရွ႕ဆက္ လုပ္လို႕ မရတာေတြ ရိွတယ္လို႕ ကလပ္က ကၽြန္ေတာ့္ကို ေျပာပါတယ္။ အုိေကပါ။ ဒါကို မလုပ္ႏုိင္တဲ့ အတြက္ ကၽြန္ေတာ္တုိ႕ မလုပ္ရံုေပါ့။ ဒါ့ေၾကာင့္ ကၽြန္ေတာ္တုိ႕ဟာ ရွိတဲ့သူနဲ႕ သြား၇မွာပါ။ လူေတြကေတာ့ ကၽြန္ေတာ္တုိ႕ဟာ ျပီးခဲ့တဲ့ ၂ ရာသီေလာက္က ေငြေၾကး အမ်ားၾကီး သံုးခဲ့တယ္လို႕ ေျပာေနၾကပါတယ္။ ဒါေပမယ့္ ျပီးခဲ့တဲ့ ႏွစ္က လူတစ္ဦး ၊ ဒီႏွစ္မွာေတာ့ ဒီထက္ အနည္းငယ္ ပိုခဲ့ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တုိ႕မွာ အစားထိုးႏုိ္င္တဲ့ သူေတြ ရိွပါတယ္။ တစ္ခါတစ္ရံ ဒီလိုမ်ိဳးေတြ ျဖစ္ရင္ အသင္းဟာ ပိုျပီးေတာ့ေတာင္ စည္းလံုးသြား တက္ပါတယ္။ ကၽြန္ေတာ္တုိ႕ အေျဖရွာေဖြ သြားမွာပါ။” လုိ႕ ဆုိလိုက္ပါတယ္။

SM

Unicode

လာမည့်ပွဲတွေမှာ မန်စီးတီးကို အမှတ်လျော့စေ နိုင်မယ့် အကြောင်းရင်း တစ်ခုကို ပြောပြလိုက်တဲ့ ဂယ်ရီနဗီး

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ဖြစ်တဲ့ ဂယ်ရီနဗီးက ဗဟို နောက်ခံလူ အေမရစ်လာပေါ့ဒ် ဒဏ်ရာ ရရှိ သွားခဲ့ခြင်းဟာ မန်ချက်စတာစီးတီး အသင်း အတွက် ကြီးမားဆုံး ထိခိုက်မှု ဖြစ်စေ နိုင်တယ်လို့ ယုံကြည် နေပါတယ်။ ဂယ်ရီနဗီးက ဒီလို အခြေအနေမျိုး ဖြစ်လာ နိုင်တဲ့ အတွက် ပက်ဂွာဒီယိုလာ ဟာ ပြီးခဲ့တဲ့ နွေရာသီက လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နောက်ခံလူ ဖြစ်တဲ့ ဟယ်ရီမက်ဂွိုင်းယား ကို အရ ခေါ်ယူ ခဲ့သင့်တယ်လို့ ဆိုသွား ပါတယ်။

ပက်ဂွာဒီယိုလာ ဟာ အသက် ၂၆ နှစ် အရွယ် မက်ဂွိုင်းယား ကို ခေါ်ယူရန် စိတ်ဝင်စား ခဲ့ပေမယ့်လည်း မန်ယူနိုက်တက် တို့ လက်စတာ ကို ပေးချေခဲ့တဲ့ စံချိန်တင် ပြောင်းရွေ့ကြေး ကို အမှီ မလိုက် နိုင်ဘဲ လက်လျော့ ခဲ့ရပါတယ်။ လက်ရှိ အချိန်မှာတော့ လာပေါ့ဒ်ဟာ ပြီးခဲ့တဲ့ စနေနေ့က ဘရိုက်တန် ကို စီးတီး တို့ ၄ ဂိုး ပြတ် နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်မှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် ကာလတစ်ခုကြာ အနားယူ သွားရဖို့ ရှိနေပါတယ်။

နဗီးကတော့ ဒီဒဏ်ရာ ပြသနာဟာ လီဗာပူး နဲ့ အမှတ်ပေးဖလား အတွက် အပြိုင်ကြဲနေတဲ့ စီးတီး အတွက် ဆုံးရှုံးမှုတွေ ရှိစေ နိုင်တယ်လို့ ယူဆနေပြီး ပက်ဂွာဒီယိုလာ အနေနဲ့ ရာသီကုန်က အသင်းကနေ ထွက်ခွာ သွားခဲ့တဲ့ ဗင်ဆင့်ကွန်ပနီ ရဲ့ နေရာမှာ နောက်ခံလူ တစ်ဦး အစားထိုး ၀ယ်ယူ ခဲ့သင့်တယ်လို့ ဝေဖန် လိုက်ပါတယ်။

နဗီး က “အကယ်၍ လာပေါ့ဒ်သာ ကာလရှည် အနားယူ ရတော့မယ် ဆိုရင် ကျွန်တော် ကတော့ ဒါဟာ စီးတီး ကို ရမှတ် ဆုံးရှံုးမှုတွေ ရှိစေ လာလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် သူဟာ တကယ့်ကို လွှမ်းမိုးမှု ကြီးမားတဲ့ ဗဟို နောက်ခံလူပါ။ လာပေါ့ဒ်ဟာ အရည်အသွေး မြင့်မားပြီး ထူးချွန်တဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ သူ ဒဏ်ရာ ရခဲ့တဲ့ ကိစ္စကို ကြည့်လိုက်မယ် ဆိုရင် ဒါဟာ တကယ် စိတ်ပူစရာလို့ ကျွန်တော် ယူဆပါတယ်။ မက်ဂွိုင်းယား ကိုသာ ခေါ်ယူ ထားခဲ့မယ် ဆိုရင် အေးအေးဆေးဆေး ဖြစ်နေမှာပါ။

ကျွန်တော် ကတော့ မန်ချက်စတာယူနိုက်တက် အသင်းဟာ သူ့ကို ခေါ်ယူဖို့ အတွက် အကောင်းဆုံး လုပ်ခဲ့တယ်လို့ ထင်ပါတယ်။ စီးတီးဟာ မက်ဂွိုင်းယား အတွက် ယူနိုက်တက် နဲ့ အပြိုင်အဆိုင် မခေါ် ခဲ့တာကို ကျွန်တော် အံ့သြ ခဲ့ရပါတယ်။ ကြည့်ရတာ လက်စတာ ရဲ့ ခေါ်စျေး မြင့်မားလွန်းလို့ပဲ ဖြစ်မှာပါ။ စီးတီး ကနေ ထွက်ခွာ သွားခဲ့တဲ့ ကွန်ပနီဟာ ပင်နယ်တီ ဧရိယာ နှစ်ခုစလုံးမှာ ခေါင်းတိုက်ဘောကို အားပြုတဲ့ old-fashioned ဗဟို နောက်ခံလူလို့ ကျွန်တော် ထင်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ တစ်ချို့ ကွင်းတွေ သွားကစား ရတဲ့ အခါ…အဲဗာတန်နဲ့ ၀ုဖ်တို့ရဲ့ ပွဲလိုပေါ့…ဘောလုံးတွေဟာ ပင်နယ်တီ ဧရိယာထဲ ၀ဲနေ ခဲ့မယ် ဆိုရင် ကွန်ပနီ ဟာ ဒါကို ဒိုင်ခံ ဖြေရှင်းမယ့် သူပါ။ လာပေါ့ဒ် ဒဏ်ရာ ရခဲ့တာဟာ မန်စီးတီး အတွက် ထိခိုက်မှု ကြီးမားပါတယ်။ ကျွန်တော် ကတော့ လီဗာပူးဟာ international break ကို ယုံကြည်မှု အပြည့်နဲ့ သွားမယ်လို့ ထင်ပါတယ်။ အဲဒီနောက် သူတို့ဟာ နောက်ထပ် နိုင်ငံတကာပွဲစဉ် ကာလကို အလို ရှိတော့မှာ မဟုတ်ပါဘူး။” လို့ ဆိုသွား ပါတယ်။

ပက်ဂွာဒီယိုလာ ကတော့ သူတို့ဟာ ပြီးခဲ့တဲ့ နွေရာသီက ကွန်ပနီရဲ့ နေရာ အတွက် နောက်ခံလူ တစ်ဦး ဘာကြောင့် အစားထိုး မဝယ် ခဲ့သလဲ ဆိုတာ ရှင်းပြ ခဲ့ပါတယ်။ လက်ရှိမှာ လာပေါ့ဒ် ဒဏ်ရာရနေတာကြောင့် ဂွာဒီယိုလာမှာ စီနီယာ ဗဟို နောက်ခံလူ ဆိုလို့ အော်တာမန်ဒီ နဲ့ စတုန်း (မကြာမီ ပြန်ကစား နိုင်တော့မှာဖြစ်) သာ ရှိနေပြီး ပက်ဟာ ဘရိုက်တန် နဲ့ ပွဲမှာတော့ ဖာနန်ဒင်ညိုကို အဆိုပါ နေရာမှာ ၀င်ကစား စေခဲ့ပါတယ်။ ဂွာဒီယိုလာ ကတော့ သူတို့အသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွေ့မှာ လိုချင်တဲ့ နောက်ခံလူ အတွက် စျေးမတက်နို်င်ခဲ့ဘူးလို့ အံ့အားသင့်ဖွယ် ပြောလိုက်ပါတယ်။

ပက်က “ကျွန်တော်တို့ အနေနဲ့ ပြိုင်ဘက် အသင်းတွေလို မဝယ်နိုင်သလို ဒီကစားသမားတွေ အတွက် အသင်းတွေရဲ့ ကမ်းလှမ်းတဲ့ စျေးကို မဝယ်နိုင်ပါဘူး။ ကလပ်ဟာ နေရာတို်င်းမှာ အကောင်းဆုံး လုပ်နေပါတယ်။ တစ်ခါတစ်ရံမှာတော့ အခြားအသင်းတွေ တက်နိုင်တာကို ကိုယ့်ဘက်က မတက်နိုင်တာ ရှိတက်ပါတယ်။ ဒါပါပဲ။ ကျွန်တော်တို့ဟာ ကစားသမား တော်တော်များများ အတွက် ငွေအများကြီး ပေးချေ ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ကျွန်တော်တို့ အသင်းရဲ့ အရည်အသွေးနဲ့ လူအင်အားဟာ တောင့်တင်း နေတာပါ။

ဒါပေမယ့် ကျွန်တော်တို့မှာ လစ်မစ်ရှိတာကြောင့် ရှေ့ဆက် လုပ်လို့ မရတာတွေ ရှိတယ်လို့ ကလပ်က ကျွန်တော့်ကို ပြောပါတယ်။ အိုကေပါ။ ဒါကို မလုပ်နိုင်တဲ့ အတွက် ကျွန်တော်တို့ မလုပ်ရုံပေါ့။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ ရှိတဲ့သူနဲ့ သွားရမှာပါ။ လူတွေကတော့ ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ၂ ရာသီလောက်က ငွေကြေး အများကြီး သုံးခဲ့တယ်လို့ ပြောနေကြပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်က လူတစ်ဦး ၊ ဒီနှစ်မှာတော့ ဒီထက် အနည်းငယ် ပိုခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ အစားထိုးနို်င်တဲ့ သူတွေ ရှိပါတယ်။ တစ်ခါတစ်ရံ ဒီလိုမျိုးတွေ ဖြစ်ရင် အသင်းဟာ ပိုပြီးတော့တောင် စည်းလုံးသွား တက်ပါတယ်။ ကျွန်တော်တို့ အဖြေရှာဖွေ သွားမှာပါ။” လို့ ဆိုလိုက်ပါတယ်။

SM