Lukaku

အင္တာ မီလန္ အသင္း ရဲ့ တုိက္စစ္မွဴး သစ္ ျဖစ္တဲ့ ရိုမီလူ လူကာကူ က သူဟာ အီတလီ ေျမကို ျပီး ျပည့္စံု တဲ့ အခ်ိန္ တစ္ခု မွာ ေျပာင္းေရႊ့ လာနိုင္ ခဲ့ေၾကာင္း ၊ အဲ့ဒီလို ေျပာင္းေရႊ႔ နုိင္ခဲ့ ျခင္းက သူ့ အတြက္ ခြန္အား ေတြ ျဖစ္ေစ ခဲ့ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခ့ဲ လိုက္ ပါတယ္ ။

 

အသက္ 26 ႏွစ္ ရွိျပီ ျဖစ္တဲ့ ဘယ္လ္ဂ်ီယံသား တုိက္စစ္မွဴး က ဒီေႏြ အေျပာင္း အေရႊ့ အတြင္း မန္ခ်က္စတာ ယူနုိက္တက္ အသင္း မွ အင္တာ မီလန္ အသင္း ဆီကို ေျပာင္းေရႊ့ ေၾကး ေပါင္ 73 သန္း ဝန္းက်င္ နဲ့ ေျပာင္းေရႊ႔ လာခဲ့ သူပဲ ျဖစ္ ပါတယ္ ။

လူကာကူ ဟာ အီတလီ ေျမကို ေရာက္ရွိ ခဲ့တဲ့ ေနာက္ အသင္း အတြက္ လိဂ္ ပြဲ 2 ပြဲ ကစား ေပးထား ခဲ့ျပီး 2 ဂိုး သြင္းယူ နုိင္ခဲ့ ကာ အင္တာ မီလန္ ကို အမွတ္ေပး ဇယား အဆင့္ 1 ေနရာ ဆီ ေရာက္ရွိ ေအာင္ ကူညီ ေပးထား နိုင္ခဲ့ ပါတယ္ ။

အခုေတာ့ ကတ္ဂလီယာရီ အသင္း ဖက္ကို ပင္နယ္တီ မွ တစ္ဆင့္ အနုိင္ ဂိုး သြင္းယူ ေပးနုိင္ ခဲ့တဲ့ ေနာက္ ယူနုိက္တက္ မွာ 2 ႏွစ္ ကစား ခဲ့တဲ့ ေနာက္ အင္တာ မီလန္ ဆီ ေျပာင္းေရႊ့ နုိင္ခဲ့ ျခင္းက သူ့ အတြက္ စိတ္ဓါတ္ တက္ၾကြ မွဳ အသစ္ ေတြကို ျဖစ္ေပၚ ေစခဲ့ ေၾကာင္း ဖြင့္ဟ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” က်ြန္ေတာ္ ဟာ ဒီေျမ ကို တစ္ကယ့္ အသင္း ဳၾကီး တစ္သင္း အတြက္ ကစား ေပး နုိင္ဖုိ့ ေရာက္ရွိ ေနတယ္ ဆုိတာ သိရွိ ခဲ့ပါတယ္ ။ ဒီမွာ ေတာ့ ပရိသတ္ ေတြရဲ့ ကစားသမား အေပၚ ေမ်ွာ္လင့္ခ်က္ ေတြက ျမင့္မား လွျပီး အသင္း ကလည္း မွန္ကန္ တဲ့ လမ္းေၾကာင္း အေပၚ မွာ သြားေန ခဲ့တယ္ ေလ ”

” ဒါ့ေၾကာင့္ အခုလို ေျပာင္းေရႊ့ ျခင္းက က်ြန္ေတာ့္ အတြက္ မွန္ကန္ တဲ့ အရာ တစ္ခု ျဖစ္ခဲ့ ရ ပါတယ္ ။ က်ြန္ေတာ္ ဟာ က်ြန္ေတာ္ ျမတ္နုိး တဲ့ လိဂ္ တစ္ခု မွာ ကစား ခြင့္ ရရွိ သြားဖုိ႔ ရွာေဖြ မွဳေတြ ျပဳလုပ္ ခ်င္ခဲ့ တယ္ေလ ။ ဒါ့ေၾကာင့္ ဒီ အေျပာင္း အေရႊ့ က က်ြန္ေတာ့္ အတြက္ မွန္ကန္ ခဲ့ ပါတယ္ ”

” ဒါဟာ က်ြန္ေတာ္ လိုခ်င္ ေနတဲ့ ခြန္အား ၊ က်ြန္ေတာ္ တစ္ကယ္ ပဲ လိုအပ္ ေနတဲ့ အားအင္ ေတြ ျဖစ္တဲ့ အေၾကာင္း အဆာမို ကိုလည္း က်ြန္ေတာ္ ေျပာၾကား ခဲ့ပါ ေသးတယ္ ” လို့ လူကာကူ က ဆိုသြား ခဲ့လိုက္ ပါတယ္ ။

အင္တာ မီလန္ အသင္း ရဲ့ နည္းျပ ကြန္တီ ဟာ ေႏြ အေျပာင္း အေရႊ့ အတြင္း လူကာကူ ကို ေခၚယူ နုိင္ဖုိ႔ နံပါတ္ တစ္ ဦးစားေပး ပစ္မွတ္ အျဖစ္ ထားရွိ ခဲ့သူ ပဲ ျဖစ္ပါတယ္ ။ အခုေတာ့ ကြန္တီ နဲ့ အတူ လက္တြဲ အလုပ္ လုပ္ ရတာ ဘယ္လို ေနသလဲ လို့ အေမး ခံလိုက္ ရတဲ့ အခ်ိန္ လူကာကူ က …

” ဒါဟာ တစ္ကယ္ ပဲ ေကာင္းမြန္ လွ ပါတယ္ ။ က်ြန္ေတာ္ တုိ့ ေလ့က်င့္ေရး ကြင္းမွာ ရွိတဲ့ အခ်ိန္ သူရဲ့ ေတာင္းဆုိ မွဳ ေတြက ျမင့္မား လွခဲ့ ပါတယ္ ။ ျပီးရင္ ပြဲစဥ္ မကစားမီ နဲ့ ပထမပိုင္း ျပီးဆံုး သြားတဲ့ အခ်ိန္ ေတြမွာ ေရာေပါ့ ”

” နည္းစနစ္ ပုိင္း အရ ဆုိရင္ ေတာ့ သူဟာ အေတာ္ၾကီး ၾကိဳတင္ ျပင္ဆင္ ေနတက္ သူပါ ။ သူဟာ ကစားသမား ေတြကို စိတ္ဓါတ္ တက္ၾကြ ေစနုိင္ သူ ျဖစ္တာ ေၾကာင့္ ဒါဟာ အသင္း အဖြဲ့ အတြက္ တစ္ကယ္ ပဲ ေကာင္းမြန္ လွ ပါတယ္ ။ သူဟာ တစ္ကယ့္ ကို ေခါင္းေဆာင္ ေကာင္း တစ္ဦး ျဖစ္တ့ဲ အတြက္ က်ြန္ေတာ္ တုိ့ ႏွလံုးသား နဲ့ ရင္းျပီး ကစား ေပးလုိ စိတ္ ျဖစ္တက္ ၾက ပါတယ္ ” လို့ ျပန္လည္ ေျဖၾကား သြားခဲ့ ပါတယ္ ။

အင္တာ မီလန္ ဟာ တုိက္စစ္ ေနရာ အတြက္ လူကာကူ ကို ေခၚယူ ခဲ့ရံု သာမက သူ့ရဲ့ ယူနုိက္တက္ အသင္းေဖာ္ အလက္ဆစ္ ဆန္းခ်က္ ကိုလည္း အီတဘီ ေျမဆီ အငွား ေခၚယူ နုိင္ခဲ့ ပါတယ္ ။ ဒါ့ေၾကာင့္ လူကာကူ နဲ့ ဆန္းခ်က္ တုိ့ဟာ အီတလီ မွာ အတူ တြဲဖက္ ကစား ၾကရ ပါ ဦးမယ္ ။ အဆုိပါ အေၾကာင္း အရာ နဲ့ ပတ္သက္ လို့

” အလက္ဆစ္ ဟာ အသင္း အတြက္ ခမ္းနား တဲ့ အင္အား ျဖည့္တင္း မွဳ ပါပဲ ။ ခင္ဗ်ား ဟာ အျမဲပဲ ခမ္းနား တဲ့ ကစားသမား ေတြနဲ့ အတူ လက္တြဲ ကစား လိုတယ္ ေလ ။ သူဟာ ခမ္းနား တဲ့ လူသား တစ္ဦး လည္း ျဖစ္ ပါတယ္ ။ က်ြန္ေတာ္ တုိ့ အသင္း ရဲ့ အဝတ္လဲခန္း ထဲမွာ ခမ္းနား တဲ့ ကစားသမား အစုအဖြဲ့ တစ္ခု ရွိေန သလို အားလံုး က အသင္း အတြက္ အလုပ္ အတူ ၾကိဳးစား လုပ္ေဆာင္ လိုစိတ္ အျပည့္ ရွိၾက ပါတယ္ ”

Sanchez

” ဒါ့ေၾကာင့္ ဒီကို အလက္ဆစ္ ေရာက္ရွိ လာျခင္း က အသင္း အတြက္ ေကာင္းမြန္ လွတဲ့ ကစားသမား အင္အား ျဖည့္တင္းျခင္း ပါပဲ ။ သူဟာ အသင္း ကို ပုိမို တုိးတက္ ေစဖုိ့ အတြက္ လိုအပ္ တဲ့ ကြက္လပ္ ေတြကို ျဖည့္တင္း ေပးနုိင္ မယ့္ ကစားသမား ျဖစ္လာ နုိင္ဖုိ႔ က်ြန္ေတာ္ တုိ့ ေမ်ွာ္လင့္ ေနၾက ပါတယ္ ” လို့ လူကာကူ က ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

ယူနိုက်တက်မှ ထွက်ခွာခဲ့ ရတဲ့ အကြောင်း ၊ နည်းပြ ကွန်တီ နဲ့ အသင်းဖော် အလက်ဆစ် ဆန်းချက် အကြောင်း ပြောကြား သွားတဲ့ #လူကာကူ

================

အင်တာ မီလန် အသင်း ရဲ့ တိုက်စစ်မှူး သစ် ဖြစ်တဲ့ ရိုမီလူ လူကာကူ က သူဟာ အီတလီ မြေကို ပြီး ပြည့်စုံ တဲ့ အချိန် တစ်ခု မှာ ပြောင်းရွှေ့ လာနိုင် ခဲ့ကြောင်း ၊ အဲ့ဒီလို ပြောင်းရွှေ့ နိုင်ခဲ့ ခြင်းက သူ့ အတွက် ခွန်အား တွေ ဖြစ်စေ ခဲ့ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အသက် 26 နှစ် ရှိပြီ ဖြစ်တဲ့ ဘယ်လ်ဂျီယံသား တိုက်စစ်မှူး က ဒီနွေ အပြောင်း အရွှေ့ အတွင်း မန်ချက်စတာ ယူနိုက်တက် အသင်း မှ အင်တာ မီလန် အသင်း ဆီကို ပြောင်းရွှေ့ ကြေး ပေါင် 73 သန်း ဝန်းကျင် နဲ့ ပြောင်းရွှေ့ လာခဲ့ သူပဲ ဖြစ် ပါတယ် ။

လူကာကူ ဟာ အီတလီ မြေကို ရောက်ရှိ ခဲ့တဲ့ နောက် အသင်း အတွက် လိဂ် ပွဲ 2 ပွဲ ကစား ပေးထား ခဲ့ပြီး 2 ဂိုး သွင်းယူ နိုင်ခဲ့ ကာ အင်တာ မီလန် ကို အမှတ်ပေး ဇယား အဆင့် 1 နေရာ ဆီ ရောက်ရှိ အောင် ကူညီ ပေးထား နိုင်ခဲ့ ပါတယ် ။

အခုတော့ ကတ်ဂလီယာရီ အသင်း ဖက်ကို ပင်နယ်တီ မှ တစ်ဆင့် အနိုင် ဂိုး သွင်းယူ ပေးနိုင် ခဲ့တဲ့ နောက် ယူနိုက်တက် မှာ 2 နှစ် ကစား ခဲ့တဲ့ နောက် အင်တာ မီလန် ဆီ ပြောင်းရွှေ့ နိုင်ခဲ့ ခြင်းက သူ့ အတွက် စိတ်ဓါတ် တက်ကြွ မှု အသစ် တွေကို ဖြစ်ပေါ် စေခဲ့ ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော် ဟာ ဒီမြေ ကို တစ်ကယ့် အသင်း ုကြီး တစ်သင်း အတွက် ကစား ပေး နိုင်ဖို့ ရောက်ရှိ နေတယ် ဆိုတာ သိရှိ ခဲ့ပါတယ် ။ ဒီမှာ တော့ ပရိသတ် တွေရဲ့ ကစားသမား အပေါ် မျှော်လင့်ချက် တွေက မြင့်မား လှပြီး အသင်း ကလည်း မှန်ကန် တဲ့ လမ်းကြောင်း အပေါ် မှာ သွားနေ ခဲ့တယ် လေ ”

” ဒါ့ကြောင့် အခုလို ပြောင်းရွှေ့ ခြင်းက ကျွန်တော့် အတွက် မှန်ကန် တဲ့ အရာ တစ်ခု ဖြစ်ခဲ့ ရ ပါတယ် ။ ကျွန်တော် ဟာ ကျွန်တော် မြတ်နိုး တဲ့ လိဂ် တစ်ခု မှာ ကစား ခွင့် ရရှိ သွားဖို့ ရှာဖွေ မှုတွေ ပြုလုပ် ချင်ခဲ့ တယ်လေ ။ ဒါ့ကြောင့် ဒီ အပြောင်း အရွှေ့ က ကျွန်တော့် အတွက် မှန်ကန် ခဲ့ ပါတယ် ”

” ဒါဟာ ကျွန်တော် လိုချင် နေတဲ့ ခွန်အား ၊ ကျွန်တော် တစ်ကယ် ပဲ လိုအပ် နေတဲ့ အားအင် တွေ ဖြစ်တဲ့ အကြောင်း အဆာမို ကိုလည်း ကျွန်တော် ပြောကြား ခဲ့ပါ သေးတယ် ” လို့ လူကာကူ က ဆိုသွား ခဲ့လိုက် ပါတယ် ။

အင်တာ မီလန် အသင်း ရဲ့ နည်းပြ ကွန်တီ ဟာ နွေ အပြောင်း အရွှေ့ အတွင်း လူကာကူ ကို ခေါ်ယူ နိုင်ဖို့ နံပါတ် တစ် ဦးစားပေး ပစ်မှတ် အဖြစ် ထားရှိ ခဲ့သူ ပဲ ဖြစ်ပါတယ် ။ အခုတော့ ကွန်တီ နဲ့ အတူ လက်တွဲ အလုပ် လုပ် ရတာ ဘယ်လို နေသလဲ လို့ အမေး ခံလိုက် ရတဲ့ အချိန် လူကာကူ က …

” ဒါဟာ တစ်ကယ် ပဲ ကောင်းမွန် လှ ပါတယ် ။ ကျွန်တော် တို့ လေ့ကျင့်ရေး ကွင်းမှာ ရှိတဲ့ အချိန် သူရဲ့ တောင်းဆို မှု တွေက မြင့်မား လှခဲ့ ပါတယ် ။ ပြီးရင် ပွဲစဉ် မကစားမီ နဲ့ ပထမပိုင်း ပြီးဆုံး သွားတဲ့ အချိန် တွေမှာ ရောပေါ့ ”

” နည်းစနစ် ပိုင်း အရ ဆိုရင် တော့ သူဟာ အတော်ကြီး ကြိုတင် ပြင်ဆင် နေတက် သူပါ ။ သူဟာ ကစားသမား တွေကို စိတ်ဓါတ် တက်ကြွ စေနိုင် သူ ဖြစ်တာ ကြောင့် ဒါဟာ အသင်း အဖွဲ့ အတွက် တစ်ကယ် ပဲ ကောင်းမွန် လှ ပါတယ် ။ သူဟာ တစ်ကယ့် ကို ခေါင်းဆောင် ကောင်း တစ်ဦး ဖြစ်တဲ့ အတွက် ကျွန်တော် တို့ နှလုံးသား နဲ့ ရင်းပြီး ကစား ပေးလို စိတ် ဖြစ်တက် ကြ ပါတယ် ” လို့ ပြန်လည် ဖြေကြား သွားခဲ့ ပါတယ် ။

အင်တာ မီလန် ဟာ တိုက်စစ် နေရာ အတွက် လူကာကူ ကို ခေါ်ယူ ခဲ့ရုံ သာမက သူ့ရဲ့ ယူနိုက်တက် အသင်းဖော် အလက်ဆစ် ဆန်းချက် ကိုလည်း အီတဘီ မြေဆီ အငှား ခေါ်ယူ နိုင်ခဲ့ ပါတယ် ။ ဒါ့ကြောင့် လူကာကူ နဲ့ ဆန်းချက် တို့ဟာ အီတလီ မှာ အတူ တွဲဖက် ကစား ကြရ ပါ ဦးမယ် ။ အဆိုပါ အကြောင်း အရာ နဲ့ ပတ်သက် လို့

” အလက်ဆစ် ဟာ အသင်း အတွက် ခမ်းနား တဲ့ အင်အား ဖြည့်တင်း မှု ပါပဲ ။ ခင်ဗျား ဟာ အမြဲပဲ ခမ်းနား တဲ့ ကစားသမား တွေနဲ့ အတူ လက်တွဲ ကစား လိုတယ် လေ ။ သူဟာ ခမ်းနား တဲ့ လူသား တစ်ဦး လည်း ဖြစ် ပါတယ် ။ ကျွန်တော် တို့ အသင်း ရဲ့ အဝတ်လဲခန်း ထဲမှာ ခမ်းနား တဲ့ ကစားသမား အစုအဖွဲ့ တစ်ခု ရှိနေ သလို အားလုံး က အသင်း အတွက် အလုပ် အတူ ကြိုးစား လုပ်ဆောင် လိုစိတ် အပြည့် ရှိကြ ပါတယ် ”

” ဒါ့ကြောင့် ဒီကို အလက်ဆစ် ရောက်ရှိ လာခြင်း က အသင်း အတွက် ကောင်းမွန် လှတဲ့ ကစားသမား အင်အား ဖြည့်တင်းခြင်း ပါပဲ ။ သူဟာ အသင်း ကို ပိုမို တိုးတက် စေဖို့ အတွက် လိုအပ် တဲ့ ကွက်လပ် တွေကို ဖြည့်တင်း ပေးနိုင် မယ့် ကစားသမား ဖြစ်လာ နိုင်ဖို့ ကျွန်တော် တို့ မျှော်လင့် နေကြ ပါတယ် ” လို့ လူကာကူ က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar