Saha

မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ တုိက္စစ္မွဴးေဟာင္း တစ္ဦး ျဖစ္တဲ့ လူးဝစ္ ဆာဟာ က လက္ရွိ သူ့ရဲ့ အသင္း ေဟာင္းမွာ ကမ႓ာ့ အဆင့္ ေျခစြမ္း ပိုင္ဆုိင္ ထားတဲ့ ကစားသမား တစ္ဦး သာ ရွိေၾကာင္း ၊ သူ တစ္ဦး တည္းသာ Balloon D’ Or ကို ဆြတ္ခူး နုိင္မယ့္ ေျခစြမ္း မ်ိဳး ပိုင္ဆုိင္ ထားေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

လူးဝစ္ ဆာဟာ ေျပာလို တဲ့ ကစားသမား ကေတာ့ အျခား သူ မဟုတ္ ပါဘူး ၊ လက္ရွိ ယူနုိက္တက္ အသင္း မွာ ေျခစြမ္း ေကာင္းေတြ မျပသ နုိင္ခဲ့ တာေၾကာင့္ ေဝဖန္ မွဳေတြ အၾကား ရုန္းကန္ ေနခဲ့ ရတဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဂ္ဘာ အေၾကာင္း ပဲ ျဖစ္ ပါတယ္ ။

” သူ (ေပါ့ဂ္ဘာ) ဟာ ကမ႓ာ့ အေကာင္းဆံုး ကစားသမား ဆု ျဖစ္တဲ့ Balloon D’ Or ကို ဆြတ္ခူူး နုိင္ဖုိ႔ အလား အလာ ေကာင္း ၊ အရည္အေသြး ေကာင္းေတြ အမ်ားၾကီး ပိုင္ဆုိင္ ထားတဲ့ ကစားသမား တစ္ဦး ပါပဲ ”

” ဒါဟာ အျခား ေသာ ကစားသမား ေတြ အေပၚ မေလးမစား လုပ္ျခင္း မဟုတ္ ပါဘူး ။ ေပါ့ဂ္ဘာ အေန နဲ့ ‘ ငါဟာ လက္ရွိ ဒီ အသင္းမွာ ရွိေနတဲ့ တစ္ဦး တည္းေသာ ကမ႓ာ့ အဆင့္မီ ကစား သမား တစ္ဦး ပါ ‘ လို႔ ေျပာလို႔ ေတာင္ ရနုိင္ ပါတယ္ ။ သူဟာ အဲ့ဒီ မွာ တစ္ဦး တည္းေသာ ထိပ္တန္း ကစားသမား ျဖစ္တဲ့ အတြက္ ဒါကုိ မဆုိင္းမတြ ေျပာနုိင္ ပါ လိမ့္မယ္ ”

” အကယ္လို့ သူသာ ေျခစြမ္း ေကာင္းေတြ မျပ နုိင္ခဲ့ ရင္ သူ့ထက္ ပုိျပီး ေမးခြန္ ထုတ္ခံ ရတဲ့ ကစားသမား မရွိ ပါဘူး ။ ေပါ့ဂ္ဘာ ကေတာ့ တက္နုိင္ သေလာက္ အေကာင္းဆံုး ၾကိဳးစား ေနတာ ပါပဲ ။ ဒါေပမယ့္ အဲ့ဒီ မွာ သူ့ကို ကူညီ ေပးနုိင္ မယ့္သူ မရွိ ပါဘူး ”

” အကယ္လို့ ရလဒ္ ေကာင္းေတြ မရရွိ ခဲ့ဘူး ဆုိရင္ အရင္ဆုံး ေဝဖန္ ခံရမယ့္ သူက ဘယ္သူ လို့ ထင္လဲ ? အဲ့ဒီ ေဝဖန္ မွဳ ေတြက ေပါ့ဂ္ဘာ ဆီပဲ သြားမွာ ပါ ” လို့ လူးဝစ္ ဆာဟာ က သံုးသပ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ဂ်ဴဗင္တပ္ မွာ ေလးနွစ္ ကစား ခဲ့တဲ့ ေနာက္ ယူနုိက္တက္ ဆီ ျပန္လာ ျပီး သံုးနွစ္ ကစား ေပး ခဲ့တဲ့ ေပါ့ဂ္ဘာ က ျပီး ခဲ့တဲ့ ေႏြ အေျပာင္း အေရႊ့ မွာ သူဟာ စိန္ေခၚ မွဳ အသစ္ ေတြကုိ ရင္ဆုိင္ လိုေၾကာင္း ထုတ္ေဖာ္ ေျပာၾကား ထားခဲ့ ေပမယ့္ အေျပာင္း အေရႊ့ ပိတ္သိမ္း သြားတဲ့ အထိ အိုးလ္ ထရပ္ဖုိ့ဒ္ မွာပဲ ဆက္လက္ ရွိေန ခဲ့ရ ပါတယ္ ။

ဒါေပမယ့္ အေျပာင္း အေရႊ့ ကိစၥ အေကာင္ အထည္ မေဖာ္နုိင္ ခဲ့တဲ့ ေပါ့ဂ္ဘာ ဟာ ယူနုိက္တက္ ဂ်ာစီ ကို ဝတ္ဆင္ ကစား ရင္းနဲ့ သူ့ရဲ့ ပံုစံ ေကာင္း ေတြကို ျပန္လည္ ရွာေဖြ ေတြ့ရွိ လိမ့္မယ္ လို့ ယံုၾကည္ ထားေၾကာင္း ဆာဟာ က ဆက္လက္ ေျပာၾကား သြားခဲ့ ပါတယ္ ။

Pogba

” သူဟာ မကစား ေပးခ်င္ဘူး ဆုိျပီး ပုန္းေရွာင္ ေနလို့ ရနုိင္ ပါတယ္ ။ ဒါေပမယ့္ ရာသီ အစ တုန္းက သူ တစ္ကယ္ ပဲ ေကာင္းမြန္စြာ ကစား ေပးနုိင္ ခဲ့ ပါတယ္ ။ သူ့ရဲ့ စြမ္းရည္ ေတြေၾကာင့္ သူဟာ ယူနုိက္တက္ ကို တစ္ကယ္ ပဲ ကိုယ္စား ျပဳ နုိင္တဲ့ ကစားသမား တစ္ဦး ပါပဲ ”

” ဒါ့ေၾကာင့္ ယူနုိက္တက္ ဖက္က လည္း သူ့ဆီ က အေကာင္းဆံုး ေတြကို ရရွိ နုိင္ဖုိ့ အတြက္ ေတာင္းဆို နုိင္ခြင့္ ေတြ ရွိေန ပါတယ္ ။ ဒါေကမယ့္ သူ အဲ့တာ ေတြ အျမဲ လုပ္ေပး နုိင္မွာ ေတာ့ မဟုတ္ ပါဘူး ၊ ဘာျဖစ္ လို့လဲ ဆုိေတာ့ သူလည္း လူသား တစ္ဦး ပဲေလ ” လို့ ဆာဟာ က အဆံုးသတ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ေပါ့ဂ္ဘာ ဟာ ယူနုိက္တက္ တုိ့ ဝုလ္ဗ္ ကို သေရ သာ ကစား နုိင္ခဲ့တဲ့ ပြဲစဥ္ အျပီး လူမွဳ ကြန္ယက္ အေပၚ မွာ လူမ်ိဳးေရး ခြဲျခား ခံခဲ့ ရ သလို ေနာက္ တစ္ပါတ္ အၾကာ ကာရင္တန္ ေလ့က်င့္ေရး ကြင္းမွ သတိေပး ဆုိင္းဘုတ္ အေပၚ ‘ Pogba Out ‘ ဆုိတဲ့ စာသား နဲ့ ဆႏၵ ျပခံ ခဲ့ရ သူပဲ ျဖစ္ပါတယ္ ။

#Sports_Myanmar

Unicode

Balloon D’ Or ကုုိ ဆွတ်ခူးနိုင်မယ့် ခြေစွမ်းမျိုး ပိုင်ဆိုင် ထားတဲ့ ကစားသမား တစ်ဦး အမည်ကို ထုတ်ဖော် ပြောကြား သွားတဲ့ ယူနိုက်တက် တိုက်စစ်မှူးဟောင်း #ဆာဟာ

===============

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ်မှူးဟောင်း တစ်ဦး ဖြစ်တဲ့ လူးဝစ် ဆာဟာ က လက်ရှိ သူ့ရဲ့ အသင်း ဟောင်းမှာ ကမ႓ာ့ အဆင့် ခြေစွမ်း ပိုင်ဆိုင် ထားတဲ့ ကစားသမား တစ်ဦး သာ ရှိကြောင်း ၊ သူ တစ်ဦး တည်းသာ Balloon D’ Or ကို ဆွတ်ခူး နိုင်မယ့် ခြေစွမ်း မျိုး ပိုင်ဆိုင် ထားကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

လူးဝစ် ဆာဟာ ပြောလို တဲ့ ကစားသမား ကတော့ အခြား သူ မဟုတ် ပါဘူး ၊ လက်ရှိ ယူနိုက်တက် အသင်း မှာ ခြေစွမ်း ကောင်းတွေ မပြသ နိုင်ခဲ့ တာကြောင့် ဝေဖန် မှုတွေ အကြား ရုန်းကန် နေခဲ့ ရတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ အကြောင်း ပဲ ဖြစ် ပါတယ် ။

” သူ (ပေါ့ဂ်ဘာ) ဟာ ကမ႓ာ့ အကောင်းဆုံး ကစားသမား ဆု ဖြစ်တဲ့ Balloon D’ Or ကို ဆွတ်ခူူး နိုင်ဖို့ အလား အလာ ကောင်း ၊ အရည်အသွေး ကောင်းတွေ အများကြီး ပိုင်ဆိုင် ထားတဲ့ ကစားသမား တစ်ဦး ပါပဲ ”

” ဒါဟာ အခြား သော ကစားသမား တွေ အပေါ် မလေးမစား လုပ်ခြင်း မဟုတ် ပါဘူး ။ ပေါ့ဂ်ဘာ အနေ နဲ့ ‘ ငါဟာ လက်ရှိ ဒီ အသင်းမှာ ရှိနေတဲ့ တစ်ဦး တည်းသော ကမ႓ာ့ အဆင့်မီ ကစား သမား တစ်ဦး ပါ ‘ လို့ ပြောလို့ တောင် ရနိုင် ပါတယ် ။ သူဟာ အဲ့ဒီ မှာ တစ်ဦး တည်းသော ထိပ်တန်း ကစားသမား ဖြစ်တဲ့ အတွက် ဒါကို မဆိုင်းမတွ ပြောနိုင် ပါ လိမ့်မယ် ”

” အကယ်လို့ သူသာ ခြေစွမ်း ကောင်းတွေ မပြ နိုင်ခဲ့ ရင် သူ့ထက် ပိုပြီး မေးခွန် ထုတ်ခံ ရတဲ့ ကစားသမား မရှိ ပါဘူး ။ ပေါ့ဂ်ဘာ ကတော့ တက်နိုင် သလောက် အကောင်းဆုံး ကြိုးစား နေတာ ပါပဲ ။ ဒါပေမယ့် အဲ့ဒီ မှာ သူ့ကို ကူညီ ပေးနိုင် မယ့်သူ မရှိ ပါဘူး ”

” အကယ်လို့ ရလဒ် ကောင်းတွေ မရရှိ ခဲ့ဘူး ဆိုရင် အရင်ဆုံး ဝေဖန် ခံရမယ့် သူက ဘယ်သူ လို့ ထင်လဲ ? အဲ့ဒီ ဝေဖန် မှု တွေက ပေါ့ဂ်ဘာ ဆီပဲ သွားမှာ ပါ ” လို့ လူးဝစ် ဆာဟာ က သုံးသပ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဂျူဗင်တပ် မှာ လေးနှစ် ကစား ခဲ့တဲ့ နောက် ယူနိုက်တက် ဆီ ပြန်လာ ပြီး သုံးနှစ် ကစား ပေး ခဲ့တဲ့ ပေါ့ဂ်ဘာ က ပြီး ခဲ့တဲ့ နွေ အပြောင်း အရွှေ့ မှာ သူဟာ စိန်ခေါ် မှု အသစ် တွေကို ရင်ဆိုင် လိုကြောင်း ထုတ်ဖော် ပြောကြား ထားခဲ့ ပေမယ့် အပြောင်း အရွှေ့ ပိတ်သိမ်း သွားတဲ့ အထိ အိုးလ် ထရပ်ဖို့ဒ် မှာပဲ ဆက်လက် ရှိနေ ခဲ့ရ ပါတယ် ။

ဒါပေမယ့် အပြောင်း အရွှေ့ ကိစ္စ အကောင် အထည် မဖော်နိုင် ခဲ့တဲ့ ပေါ့ဂ်ဘာ ဟာ ယူနိုက်တက် ဂျာစီ ကို ဝတ်ဆင် ကစား ရင်းနဲ့ သူ့ရဲ့ ပုံစံ ကောင်း တွေကို ပြန်လည် ရှာဖွေ တွေ့ရှိ လိမ့်မယ် လို့ ယုံကြည် ထားကြောင်း ဆာဟာ က ဆက်လက် ပြောကြား သွားခဲ့ ပါတယ် ။

” သူဟာ မကစား ပေးချင်ဘူး ဆိုပြီး ပုန်းရှောင် နေလို့ ရနိုင် ပါတယ် ။ ဒါပေမယ့် ရာသီ အစ တုန်းက သူ တစ်ကယ် ပဲ ကောင်းမွန်စွာ ကစား ပေးနိုင် ခဲ့ ပါတယ် ။ သူ့ရဲ့ စွမ်းရည် တွေကြောင့် သူဟာ ယူနိုက်တက် ကို တစ်ကယ် ပဲ ကိုယ်စား ပြု နိုင်တဲ့ ကစားသမား တစ်ဦး ပါပဲ ”

” ဒါ့ကြောင့် ယူနိုက်တက် ဖက်က လည်း သူ့ဆီ က အကောင်းဆုံး တွေကို ရရှိ နိုင်ဖို့ အတွက် တောင်းဆို နိုင်ခွင့် တွေ ရှိနေ ပါတယ် ။ ဒါကေမယ့် သူ အဲ့တာ တွေ အမြဲ လုပ်ပေး နိုင်မှာ တော့ မဟုတ် ပါဘူး ၊ ဘာဖြစ် လို့လဲ ဆိုတော့ သူလည်း လူသား တစ်ဦး ပဲလေ ” လို့ ဆာဟာ က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ပေါ့ဂ်ဘာ ဟာ ယူနိုက်တက် တို့ ဝုလ်ဗ် ကို သရေ သာ ကစား နိုင်ခဲ့တဲ့ ပွဲစဉ် အပြီး လူမှု ကွန်ယက် အပေါ် မှာ လူမျိုးရေး ခွဲခြား ခံခဲ့ ရ သလို နောက် တစ်ပါတ် အကြာ ကာရင်တန် လေ့ကျင့်ရေး ကွင်းမှ သတိပေး ဆိုင်းဘုတ် အပေါ် ‘ Pogba Out ‘ ဆိုတဲ့ စာသား နဲ့ ဆန္ဒ ပြခံ ခဲ့ရ သူပဲ ဖြစ်ပါတယ် ။

#Sports_Myanmar