England

အဂၤလန္ ယူ 21 အသင္း ရဲ့ နည္းျပ ျဖစ္သူ အိုက္ဒီ ဘုသ္ရြိဳက္ဒ္ က ယူနုိက္တက္ တုိက္စစ္ ကစားသမား ေလး မာဆြန္ ဂရင္းဝုဒ္ ရဲ့ ေျခစြမ္း ကို အထူး ႏွစ္ျခိဳက္ မိေၾကာင္း ေျပာၾကားရင္း မန္ခ်က္စတာ သားဟာ နုိင္ငံ့ အသင္း မွာေတာ့ ျမိဳ့ခံ ျပိဳင္ဖက္ မန္စီးတီး အသင္း ရဲ့ ကြင္းလယ္ ကစားသမား ေလး ဖုိဒန္ နဲ့ အတူ တစ္ခန္း ထဲ ေပ်ာ္ရႊင္စြာ ေနထုိင္ ေနတဲ့ အေၾကာင္း ေဖာက္သည္ ခ်သြား ခဲ့လိုက္ ပါတယ္ ။

လက္ရွိ အခ်ိန္ မွာေတာ့ ယူနုိက္တက္ တုိက္စစ္ ကစားသမား ေလး မာဆြန္ ဂရင္းဝုဒ္ နဲ့ မန္စီးတီး ကြင္းလယ္ ၾကယ္ပြင့္ေလး ဖီးလ္ ဖုိဒန္ တုိ႔ဟာ U 21 အသင္း အတြက္ ကစား ေပးဖုိ႔ ပထမဆံုး အၾကိမ္ အျဖစ္ ႏွစ္ေယာက္ လံုး ပူးတြဲ ေရြးခ်ယ္ ခံခဲ့ ၾကရ ပါတယ္ ။ ဒါဟာ မာဆြန္ ဂရင္းဝုဒ္ အတြက္ U 21 အသင္း ရဲ့ ပထမ ဆံုး အၾကိမ္ ေရြးခ်ယ္ မွဳ ခံခဲ့ ရျခင္း ပါပဲ ။

ဂရင္းဝုဒ္ ဟာ အခု အခ်ိန္ မွာေတာ့ အသက္ 17 ႏွစ္သာ ရွိေန ေသး ေပမယ့္ ဒီ ရာသီ ယူနုိက္တက္ တုိ့ ကစား ခဲ့ ၾကတဲ့ ပရီးမီးယား လိဂ္ ပြဲစဥ္ 4 ပြဲလံုး မွာ လူစားဝင္ ကစားသမား အျဖစ္ ပါဝင္ ခြင့္ ရရွိ ထားခဲ့ သူပဲ ျဖစ္ပါတယ္ ။ ဒါ့အျပင္ ေဆာက္သမ္တန္ အသင္း နဲ့ သေရ ရလဒ္ ထြက္ေပၚ ခဲ့တဲ့ ပြဲစဥ္ မွာ 10 မိနစ္ မ်ွသာ ပါဝင္ ကစား ခြင့္ ရရွိ ထားခဲ့ ေပမယ့္ အထင္ ၾကီးဖြယ္ ေျခစြမ္းေကာင္း ေတြ ျပသ သြားနုိင္ ခဲ့ပါ ေသးတယ္ ။

” သူ (ဂရင္းဝုဒ္) ဟာ တစ္ကယ့္ ကို ပါရမီ ေကာင္းတဲ့ ကစား သမား ေလး တစ္ဦး ပါပဲ ။ သူ တံခါး ရွိရာ ဆီ ေျခလွမ္း သြားရင္ ေတာင္ ခင္ဗ်ား သူ့ကို ၾကည့္ရင္း ႏွစ္သက္ မိပါ လိမ့္မယ္ ။ သူဟာ တစ္ကယ့္ ကို ဆာေလာင္ မွဳ အျပည့္ ရွိတဲ့ ကစားသမား ေလး တစ္ဦး ပါပဲ ၊ ဒါ့အျပင္ တစ္ကယ့္ ကို စာရိတၱ ေကာင္းတဲ့ ေကာင္ေလး တစ္ေယာက္ လည္း ျဖစ္ပါတယ္ ”

” သူဟာ အခု ေတာ့ ဖီးလ္ ( ဖုိဒန္ ) နဲ့ အတူ တစ္ခန္း ထဲမွာ ပဲ ေပ်ာ္ရႊင္ ရယ္ေမာစြာ အတူ ေနထုိင္ ေနခဲ့ ပါတယ္ ။ မန္ခ်က္စတာ သားေလး က ႏွစ္ေယာက္ နုိင္ငံ့ တာဝန္ ထမ္းေဆာင္ ဖုိ့ အတြက္ အတူ ရွိေန ၾကတာ ေပါ့ဗ်ာ ။ သူတုိ့ ေတြဟာ ေနာက္ထပ္ ႏွစ္ပါတ္ ေလာက္ အတူ ရိွေန ၾကပါ ဦးမယ္ ”

” မာဆြန္ ဟာ တစ္ကယ့္ ကို ပင္ကို ပါရမီ အားေကာင္း လွသူ တစ္ဦး ပါပဲ ။ သူဟာ အသင္း နဲ့ အတူ ေလ့က်င့္ေရး တစ္ခ်ိန္ ပဲ လုပ္ေဆာင္ ရပါ ေသးတယ္ ။ ဒါေပမယ့္ သူဟာ တစ္ကယ့္ ကို အထင္ ၾကီးဖြယ္ ေျခစြမ္း ေကာင္းေတြ ျပသ ထားနုိင္ ခဲ့ ပါတယ္ ။ က်ြန္ေတာ္ တုိ့ ကေတာ့ ပိုင္ဆိုင္ ထားတဲ့ လက္နက္ ( လူအင္အား ) ေတြကို ထုတ္သံုး သြားၾက ရပါ ေတာ့မယ္ ” လို႔ ဘုသ္ရြိဳက္ဒ္ က ခ်ီးက်ဴး စကား ဆိုသြား ခဲ့လိုက္ ပါတယ္ ။

အသက္ 19 နွစ္သာ ရွိေန ေသးတဲ့ မန္စီးတီး အသင္း ရဲ့ ကြင္းလယ္ ကစားသမား ေလး ဖီးလ္ ဖုိဒန္ ကေတာ့ စတင္ ပြဲထြက္ ကစား ခဲ့တဲ့ အခ်ိန္ မွ လက္ရွိ အခ်ိန္ အထိ အသင္း အတြက္ ပရီးမီးယား လိဂ္ ပြဲစဥ္ 19 ပြဲမွာ ပါဝင္ ကစား ေပးထား နုိင္ခဲ့ ပါတယ္ ။ သူဟာ လက္ရွိ အသင္း အတြက္ ပြဲထြက္ ကစား ခြင့္ ရရွိ ဖုိ့ ရုန္းကန္ ေနရ ေပမယ့္ ဒါဟာ စိုးရိမ္ စရာ မရွိေၾကာင္း ဘုသ္ရြိဳက္ဒ္ က ဖြင့္ဟ သြားခဲ့ ပါတယ္ ။

” ဖီးလ္ ဟာ ကမ႓ာ့ အေကာင္းဆံုး ကစားသမား ေတြနဲ့ အတူ လက္တြဲ အလုပ္ လုပ္ေန တာပါ ။ ထပ္ေျပာ ရရင္ ကမ႓ာ့ အေကာင္းဆံုး နည္းျပ နဲ့ေရာ ေပါ့ ။ ဒါ့ေၾကာင့္ သူဟာ အေပါင္း လကၡဏာ ေဆာင္တဲ့ အရာ ေတြ အမ်ားၾကီး ပိုင္ဆုိင္ ထားနုိင္ ခဲ့ ပါတယ္ ”

” သူဟာ ပြဲ ကစားခြင့္ ေတြကို ရရွိ မေန ခဲ့ ပါဘူး ။ ဒါေပမယ့္ သူနဲ့ ပတ္သက္လို႔ ဘာလုပ္ တာက အေကာင္းဆံုး လဲ ဆုိတာ စီးတီး နဲ့ ပက္ တုိ့က က်ြန္ေတာ့္ ထက္ ပိုျပီး သိၾက ပါ လိမ့္မယ္ ။ ဘာျဖစ္ လို့လဲ ဆုိေတာ့ သူတုိ႔ ေတြက က်ြန္ေတာ့္ ထက္ ပိုျပီး ကစားသမား နဲ့ အတူ ရွိ ေနခြင့္ ရရွိ ထားၾက လို့ ပဲေလ ” လို့ ဘုသ္ရြိဳက္ဒ္ က ဖြင့္ဟ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

ကလပ်မှာ မဟာပြိုင်ဖက် ၊ ယူ 21 အသင်းမှာ အခန်းဖော် အဖြစ် ချစ်ချစ်ခင်ခင် ရှိနေကြတဲ့ မန်ချက်စတာသား နှစ်ဦးရဲ့ အရည်အသွေးတွေကို အထူး ချီးကျူးသွားတဲ့ အင်္ဂလန် ယူ 21 နည်းပြ

==================

အင်္ဂလန် ယူ 21 အသင်း ရဲ့ နည်းပြ ဖြစ်သူ အိုက်ဒီ ဘုသ်ရွိုက်ဒ် က ယူနိုက်တက် တိုက်စစ် ကစားသမား လေး မာဆွန် ဂရင်းဝုဒ် ရဲ့ ခြေစွမ်း ကို အထူး နှစ်ခြိုက် မိကြောင်း ပြောကြားရင်း မန်ချက်စတာ သားဟာ နိုင်ငံ့ အသင်း မှာတော့ မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်း ရဲ့ ကွင်းလယ် ကစားသမား လေး ဖိုဒန် နဲ့ အတူ တစ်ခန်း ထဲ ပျော်ရွှင်စွာ နေထိုင် နေတဲ့ အကြောင်း ဖောက်သည် ချသွား ခဲ့လိုက် ပါတယ် ။

လက်ရှိ အချိန် မှာတော့ ယူနိုက်တက် တိုက်စစ် ကစားသမား လေး မာဆွန် ဂရင်းဝုဒ် နဲ့ မန်စီးတီး ကွင်းလယ် ကြယ်ပွင့်လေး ဖီးလ် ဖိုဒန် တို့ဟာ U 21 အသင်း အတွက် ကစား ပေးဖို့ ပထမဆုံး အကြိမ် အဖြစ် နှစ်ယောက် လုံး ပူးတွဲ ရွေးချယ် ခံခဲ့ ကြရ ပါတယ် ။ ဒါဟာ မာဆွန် ဂရင်းဝုဒ် အတွက် U 21 အသင်း ရဲ့ ပထမ ဆုံး အကြိမ် ရွေးချယ် မှု ခံခဲ့ ရခြင်း ပါပဲ ။

ဂရင်းဝုဒ် ဟာ အခု အချိန် မှာတော့ အသက် 17 နှစ်သာ ရှိနေ သေး ပေမယ့် ဒီ ရာသီ ယူနိုက်တက် တို့ ကစား ခဲ့ ကြတဲ့ ပရီးမီးယား လိဂ် ပွဲစဉ် 4 ပွဲလုံး မှာ လူစားဝင် ကစားသမား အဖြစ် ပါဝင် ခွင့် ရရှိ ထားခဲ့ သူပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ဆောက်သမ်တန် အသင်း နဲ့ သရေ ရလဒ် ထွက်ပေါ် ခဲ့တဲ့ ပွဲစဉ် မှာ 10 မိနစ် မျှသာ ပါဝင် ကစား ခွင့် ရရှိ ထားခဲ့ ပေမယ့် အထင် ကြီးဖွယ် ခြေစွမ်းကောင်း တွေ ပြသ သွားနိုင် ခဲ့ပါ သေးတယ် ။

” သူ (ဂရင်းဝုဒ်) ဟာ တစ်ကယ့် ကို ပါရမီ ကောင်းတဲ့ ကစား သမား လေး တစ်ဦး ပါပဲ ။ သူ တံခါး ရှိရာ ဆီ ခြေလှမ်း သွားရင် တောင် ခင်ဗျား သူ့ကို ကြည့်ရင်း နှစ်သက် မိပါ လိမ့်မယ် ။ သူဟာ တစ်ကယ့် ကို ဆာလောင် မှု အပြည့် ရှိတဲ့ ကစားသမား လေး တစ်ဦး ပါပဲ ၊ ဒါ့အပြင် တစ်ကယ့် ကို စာရိတ္တ ကောင်းတဲ့ ကောင်လေး တစ်ယောက် လည်း ဖြစ်ပါတယ် ”

” သူဟာ အခု တော့ ဖီးလ် ( ဖိုဒန် ) နဲ့ အတူ တစ်ခန်း ထဲမှာ ပဲ ပျော်ရွှင် ရယ်မောစွာ အတူ နေထိုင် နေခဲ့ ပါတယ် ။ မန်ချက်စတာ သားလေး က နှစ်ယောက် နိုင်ငံ့ တာဝန် ထမ်းဆောင် ဖို့ အတွက် အတူ ရှိနေ ကြတာ ပေါ့ဗျာ ။ သူတို့ တွေဟာ နောက်ထပ် နှစ်ပါတ် လောက် အတူ ရှိနေ ကြပါ ဦးမယ် ”

” မာဆွန် ဟာ တစ်ကယ့် ကို ပင်ကို ပါရမီ အားကောင်း လှသူ တစ်ဦး ပါပဲ ။ သူဟာ အသင်း နဲ့ အတူ လေ့ကျင့်ရေး တစ်ချိန် ပဲ လုပ်ဆောင် ရပါ သေးတယ် ။ ဒါပေမယ့် သူဟာ တစ်ကယ့် ကို အထင် ကြီးဖွယ် ခြေစွမ်း ကောင်းတွေ ပြသ ထားနိုင် ခဲ့ ပါတယ် ။ ကျွန်တော် တို့ ကတော့ ပိုင်ဆိုင် ထားတဲ့ လက်နက် ( လူအင်အား ) တွေကို ထုတ်သုံး သွားကြ ရပါ တော့မယ် ” လို့ ဘုသ်ရွိုက်ဒ် က ချီးကျူး စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

အသက် 19 နှစ်သာ ရှိနေ သေးတဲ့ မန်စီးတီး အသင်း ရဲ့ ကွင်းလယ် ကစားသမား လေး ဖီးလ် ဖိုဒန် ကတော့ စတင် ပွဲထွက် ကစား ခဲ့တဲ့ အချိန် မှ လက်ရှိ အချိန် အထိ အသင်း အတွက် ပရီးမီးယား လိဂ် ပွဲစဉ် 19 ပွဲမှာ ပါဝင် ကစား ပေးထား နိုင်ခဲ့ ပါတယ် ။ သူဟာ လက်ရှိ အသင်း အတွက် ပွဲထွက် ကစား ခွင့် ရရှိ ဖို့ ရုန်းကန် နေရ ပေမယ့် ဒါဟာ စိုးရိမ် စရာ မရှိကြောင်း ဘုသ်ရွိုက်ဒ် က ဖွင့်ဟ သွားခဲ့ ပါတယ် ။

” ဖီးလ် ဟာ ကမ႓ာ့ အကောင်းဆုံး ကစားသမား တွေနဲ့ အတူ လက်တွဲ အလုပ် လုပ်နေ တာပါ ။ ထပ်ပြော ရရင် ကမ႓ာ့ အကောင်းဆုံး နည်းပြ နဲ့ရော ပေါ့ ။ ဒါ့ကြောင့် သူဟာ အပေါင်း လက္ခဏာ ဆောင်တဲ့ အရာ တွေ အများကြီး ပိုင်ဆိုင် ထားနိုင် ခဲ့ ပါတယ် ”

” သူဟာ ပွဲ ကစားခွင့် တွေကို ရရှိ မနေ ခဲ့ ပါဘူး ။ ဒါပေမယ့် သူနဲ့ ပတ်သက်လို့ ဘာလုပ် တာက အကောင်းဆုံး လဲ ဆိုတာ စီးတီး နဲ့ ပက် တို့က ကျွန်တော့် ထက် ပိုပြီး သိကြ ပါ လိမ့်မယ် ။ ဘာဖြစ် လို့လဲ ဆိုတော့ သူတို့ တွေက ကျွန်တော့် ထက် ပိုပြီး ကစားသမား နဲ့ အတူ ရှိ နေခွင့် ရရှိ ထားကြ လို့ ပဲလေ ” လို့ ဘုသ်ရွိုက်ဒ် က ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar