Liverpool
Messi
၅ ။ PSG – ပေါင် ၈၈၅.၆၀ သန်း
၇ ။ ဘိုင်ယန် မြုးနစ် – ပေါင် ၇၇၉.၉၉ သန်း
၈ ။ ယူဗင်တပ် – ပေါင် ၇၇၉.၆၀ သန်း
၉ ။ ချဲလ်ဆီး – ပေါင် ၇၄၆.၇၈ သန်း
၁၀ ။ အသက်လက်တီကို မက်ဒရစ် – ပေါင် ၇၄၆.၄၆ သန်း
အုပ်စု အလိုက် တန်ဖိုး ( ကစား သမား ဈေးကွက် တန်ဖိုး စုစုပေါင်း ) များ –
SPORTS MYANMAR
Unicode
ချန်ပီယံလိဂ် အသင်းတွေကို တန်ဖိုးအလိုက် အဆင့် သတ်မှတ်မှုမှာ ဘယ်အသင်း က နံပါတ် ၁ ဖြစ်ခဲ့သလဲ
===========================================
ချန်ပီယံလိဂ် ပြိုင်ပွဲ အတွက် မဲခွဲမှု တွေ ကတော့ ပြီးဆုံး သွားခဲ့ ပါပြီ ။ ပရိသတ်တွေ စိတ်ဝင်စား ရမယ့် ပွဲစဉ်တွေ နဲ့ အုပ်စုတွေ ပြည့်နှက် နေခဲ့တာ ကြောင့် ဒီနှစ် ချန်ပီယံလိဂ် ဟာလည်း အုပ်စု အဆင့် မှာ ကတည်း က အိပ်ရေး ပျက်ခံ ရကျိုး နပ် ဖို့ ရှိ နေပါတယ် ။ အုပ်စု ပွဲတွေ ကိုတော့ စက်တင်ဘာ ၁၇ ရက်နေ့ ကနေ စတင် ယှဉ်ပြိုင် ကစား ကြတော့ မှာပါ ။ အခု တော့ ရက် သတ္တပတ် အနည်းငယ် စောင့်ဆိုင်း ရပါ ဦးမယ် ။
ဗြိတိန် အခြေစိုက် Transfermarket ရဲ့ ဖော်ပြချက် အရ ပက် ဂွွာဒီယိုလာ ရဲ့ မန်ချက်စတာ စီးတီး အသင်း ဟာ ချန်ပီယံ လိဂ် ပြိုင်ပွဲ ၀င် အသင်းတွေ ထက် ပိုပြီး တန်ကြေး မြင့် နေခဲ့တယ် လို့ သိရ ပါတယ် ။ မန်ချက် စတာ စီးတီး အသင်း မှာ ရှိတဲ့ ကစား သမား အားလုံး ရဲ့ စုစုပေါင်း တန်ဖိုး ဟာ ပေါင် ၁.၁၄ ဘီလီယံ အထိ ရှီ ခဲ့ပြီး အသင်း ၃၂ သင်း အနက် အများဆုံး အဖြစ် ရပ်တည် နိုင်ခဲ့ ပါတယ် ။
အုပ်စု အလိုက် တန်ဖိုးမှာ တော့ ဘာစီလိုနာ ၊ ဒေါ့မွန် နဲ့ အင်တာ မီလန် တို့ ပါ၀င် တဲ့ အုပ်စု F ဟာ ကစား သမား တန်ဖိုး အမြင့်ဆုံး အုပ်စု ဖြစ် ခဲ့ပြီး ရီးရဲ မက်ဒရစ် နဲ့ PSG တို့ ပါ၀င်တဲ့ အုပ်စု A ဟာ ဒုတိယ မြောက် ကစား သမား တန်ဖိုး အမြင့်ဆုံး အုပ်စု ဖြစ်ခဲ့ ပါတယ် ။
အသင်း လိုက် ကစား သမား တန်ဖိုး စုစု ပေါင်းမှာ တော့ ဆလားဗီးယာား ပရပ် အသင်းက အနည်းဆုံး ဖြစ်ခဲ့ပြီး အုပ်စု အလိုက် မှာတော့ ဘင်ဖီကာ ၊ ဇင်းနစ် ၊ လိုင်ယွန် နဲ့ လိုက်ပ်ဇစ် တို့ ပါ၀င် ခဲ့တဲ့ အုပ်စု G ဟာ ပေါင် ၁.၂၄ ဘီလီယံ နဲ့ အနည်းဆုံး ဖြစ်ခဲ့ ပါတယ် ။ ဒီ အချက် အလက်တွေ ဟာ ပွဲရလဒ် တွေ အတွက် အထောက် အကူ ပြုနိုင်မယ် လို့ ကျိန််းသေ မပြောနိုင် ပေမယ့် ကစား သမား ကောင်းတွေ ဘယ်လောက် ပိုင်ဆိုင် ထားသလဲ ဆိုတာ ကို တော့ သိသာ မြင်သာ ဖြစ်စေ ခဲ့ ပါတယ် ။
ချန်ပီယံလိဂ် ပြိုင်ပွဲဝင် အသင်းတွေ အနက် ကစား သမား စုစုပေါင်း တန်ဖိုး အမြင့်ဆုံး ကလပ် အသင်း ၁၀ သင်း –
၁ ။ မန်ချက် စတာ စီးတီး – ပေါင် ၁.၁၄ ဘီလီယံ
၂ ။ ရီးရဲ မက်ဒရစ် – ပေါင် ၁.၀၆ ဘီလီယံ
၃ ။ ဘာစီလိုနာ – ပေါင် ၁.၀၅ ဘီလီယံ
၄ ။ လီဗာပူး – ပေါင် ၉၅၉.၁၈ သန်း
၅ ။ PSG – ပေါင် ၈၈၅.၆၀ သန်း
၆ ။ တော့တင်ဟမ် ဟော့စပါး – ပေါင် ၈၈၁.၅၅ သန်း
၇ ။ ဘိုင်ယန် မြုးနစ် – ပေါင် ရ၇၉.၉၉ သန်း
၈ ။ ယူဗင်တပ် – ပေါင် ရ၇၉.၆၀ သန်း
၉ ။ ချဲလ်ဆီး – ပေါင် ရ၄၆.၇၈ သန်း
၁၀ ။ အသက်လက်တီကို မက်ဒရစ် – ပေါင် ရ၄၆.၄၆ သန်း
အုပ်စု အလိုက် တန်ဖိုး ( ကစား သမား စျေးကွက် တန်ဖိုး စုစုပေါင်း ) များ –
အုပ်စု A – ပေါင် ၂.၀၈ ဘီလီယံ
အုပ်စု B – ပေါင် ၁.၇၈၄ ဘီလီယံ
အုပ်စု C – ပေါင် ၁.၄၂၇ ဘီလီယံ
အုပ်စု D – ပေါင် ၂.၀၁၆ ဘီလီယံ
အုပ်စု E – ပေါင် ၁.၇၃၀ ဘီလီယံ
အုပ်စု F – ပေါင် ၂.၁၇၄ ဘီလီယံ
အုပ်စု G – ပေါင် ၁.၂၄ ဘီလီယံ
အုပ်စု H – ပေါင် ၁.၆၅၃ ဘီလီယံ
SPORTS MYANMAR