Owen

လီဗာပူး တုိက္စစ္မႈးေဟာင္း မိုက္ကယ္ အို၀င္ ရဲ႕ မန္ခ်က္စတာ ယူႏုိက္တက္ အသင္းထံ ေျပာင္းေရႊ႕ မႈ ဟာ အန္ဖီးလ္ ပရိသတ္ေတြ ကေတာ့ ဒီ အေျပာင္း အေရႊ႕ ကို စိတ္ပ်က္မႈ ၊ ေဒါသထြက္မႈ ေတြ နဲ႔ တုန္႔ျပန္ ခဲ့ ၿပီး အို၀င္ ကို ႏွလံုးသား ထဲ ကေန ထုတ္ပယ္ ပစ္ခဲ့သူေတြ အထိ ရွိလာခဲ့ ပါတယ္ ။ ဒါေပမယ့္ အို၀င္ ကေတာ့ သူဟာ မွန္ကန္တယ္လို႔ ယံုၾကည္တဲ့ အရာ ကို လုပ္ခဲ့တာ ျဖစ္လုိ႔ ေနာင္တ မရမိေၾကာင္း ေျပာဆို ခဲ့ သလို ယူႏုိက္တက္ ကစားသမား ျဖစ္ခဲ့တဲ့ အတြက္လည္း ဂုဏ္ယူ မိေၾကာင္း ကို အလွ်င္းသင့္သလို ထည့္သြင္း ေျပာဆို ေလ့ ရွိပါတယ္ ။

Owen

အို၀င္ ဟာ လီဗာပူး ကေန ရီးရဲမက္ဒရစ္ ကို ေျပာင္းေရႊ႕ၿပီး အဆင္မေျပ မႈေတြ ေၾကာင့္ အဂၤလန္ ကို ျပန္လည္ ေျပာင္းေရႊ႕ကာ နယူးကာဆယ္ မွာ ကစားခဲ့ ပါတယ္ ။ နယူးကာဆယ္ ဟာ အို၀င္ ၊ မာတင္ ၊ ဗီဒူကာ တို႔လို နာမည္ေက်ာ္ တုိက္စစ္မႈးေတြ ရွိခဲ့ ေပမယ့္ ၂၀၀၈ – ၂၀၀၉ ေဘာလံုး ရာသီမွာ တန္းဆင္း ခဲ့ရၿပီး အို၀င္ လည္း စာခ်ဳပ္ ျပည့္လို႔ အလြတ္ နဲ႔ ထြက္ခြာ ခဲ့ရ ပါတယ္ ။

ဒီလို အေန အထားကေန အို၀င္ ဟာ သံုးသပ္သူေတြ ေမွ်ာ္လင့္ မထားတဲ့ လမ္းေၾကာင္း ကို ေရြးခ်ယ္ ခဲ့ၿပီး မန္ခ်က္စတာ ယူႏုိက္တက္ ကစား သမား ျဖစ္လာခဲ့ ပါတယ္ ။ ဒီ ျဖစ္ရပ္ ဟာ အမ်ားသူငွာ ထင္မွတ္ မထားခဲ့ တဲ့ ျဖစ္ရပ္ ျဖစ္ခဲ့ၿပီး အို၀င္ ကိုယ္တုိင္ေတာင္မွ အံ့အား သင့္မိ ခဲ့တယ္ လို႔ ထုတ္ေဖာ္ ေျပာဆို ခဲ့ ပါတယ္ ။

အို၀င္ ဟာ အဆိုပါ အေၾကာင္းေတြ ကို လာမယ့္ စက္တင္ဘာ ၅ ရက္ေန႔ မွာ ျဖန္႔ခ်ီ မယ့္ သူ႔ရဲ႕ စာအုပ္သစ္ “Michael Owen : Reboot – My Life, My Time” မွာ ထည့္သြင္း ေဖာ္ျပ ထားခဲ့ တာပဲ ျဖစ္ ပါတယ္ ။ အို၀င္ ဟာ ၂၀၀၉ ခုႏွစ္ တုန္းက အသင္း လက္မဲ့ ကစား သမား တစ္ဦး ျဖစ္ေန ခဲ့ၿပီး အသင္းသစ္ ကို ရွာေဖြ ေနခ်ိန္ ျဖစ္ ပါတယ္ ။

အို၀င္ ဟာ လီဗာပူး ရဲ႕ ခါးသီးတဲ့ ၿမဳိ႕ခံ ၿပဳိင္ဘက္ အဲဗာတန္ မွာ ကစား ဖုိ႔ စဥ္းစား ေနၿပီး လီဗာပူး ပရိသတ္ေတြ ရဲ႕ အမုန္း တရား ကို သတိျပဳ မိ လင့္ ကစား အို၀င္ ကေတာ့ သူ႔ အေနနဲ႔ ဘာ အမွား မွ က်ဴးလြန္ မိတာ မဟုတ္ဘူး လို႔ ခံယူ ထားတဲ့ အတြက္ ေဒးဗစ္ မိုရက္စ္ နဲ႔ ေဆြးေႏြး ခဲ့ တယ္ လို႔ ဆိုထား ခဲ့ ပါတယ္ ။

ဒါေပမယ့္ ဒီလို ေဆြးေႏြး ေနတဲ့ အေန အထား ကေန မန္ခ်က္စတာ ယူႏုိက္တက္ ကစား သမား တစ္ဦး က ဖုန္းဆက္ လာခ်ိန္ မွာေတာ့ အို၀င္ ရဲ႕ ဘ၀ ဟာ ေျပာင္းလဲမႈ ေတြ ျဖစ္လာ ခဲ့ပါတယ္ ။ အို၀င္ ဟာ ယူႏုိက္တက္ နည္းျပ ဖာဂူဆန္ နဲ႔ မေတြ႕ခင္ တစ္ည မွာ ေကာင္းစြာ အိပ္မေပ်ာ္ ခဲ့ဘဲ အုိးထရက္ဖုိဒ့္ ကို သြားေရာက္ ကစား ဖုိ႔ အတြက္ ရင္ခုန္ စိတ္လႈပ္ရွား ေနခဲ့တယ္ လို႔ ေဖာ္ျပ ခဲ့ ပါတယ္ ။

“ေဒးဗစ္ မုိရက္စ္ နဲ႔ ေဆြးေႏြးၿပီး ၂ ရက္ ေလာက္ အၾကာ မွာ နစ္ကီဘတ္ ဆီကေန ဖုန္း ၀င္လာခဲ့ ပါတယ္ ။ ဆာအဲလက္စ္ က ကြ်န္ေတာ့ ဆီ ဆက္လိမ့္မယ္ ၊ သူ မင္း ကို ေခၚခ်င္ ေနတယ္ လို႔ ဘတ္ က ေျပာသြားခဲ့ ပါတယ္ ။ ဒါက တကယ္ကို မယံုႏုိင္ စရာ ပါပဲ”

“ကြ်န္ေတာ္ အိမ္ခန္း ထဲ ၀င္ၿပီး လူး၀စ္ ကို ေျပာခဲ့ မိပါတယ္ ။ ကြ်န္ေတာ့ ေခါင္းေတြ ခ်ာခ်ာ လည္ေန ခဲ့တာဗ် ။ ဆုဖလား ေတြ ကို ပံုမွန္ ရယူ ေနတဲ့ အသင္း တစ္သင္း ၊ ခ်န္ပီယံ လိဂ္ ပြဲစဥ္ေတြ ၊ နာမည္ေက်ာ္ေတြ ၊ ပရိသတ္ ၇ ေသာင္းခြဲ ဆံ့တဲ့ ကြင္းႀကီး . . . တကယ္ကို စိတ္လႈပ္ ရွား စရာ ပါပဲ”

“ေနာက္ထပ္ နာရီ အနည္းငယ္ ေလာက္ ၾကာတဲ့ အထိ ကြ်န္ေတာ္ ဖုန္းအနားမွာ ပဲ ရွိေနခဲ့ ပါတယ္ ။ ခဏခဏ ေစာင္းၾကည့္ ရင္းေပါ့ ။ ရုတ္တရက္ ဆုိသလိုပဲ ဖုန္းက ထျမည္ လာခဲ့ ပါတယ္ ။ မွတ္မထားတဲ့ နံပါတ္ စိမ္း တစ္ခု ပါ ။ ဒါမ်ဳိးေတြ ကို ကြ်န္ေတာ္ ကိုင္ေလ့ မရွိ ပါဘူး ။ ဒါေပမယ့္ ဒီတစ္ခါ ေတာ့ ကြ်န္ေတာ္ က ေစာင့္ေနခဲ့ တဲ့ သူေလ”

“ဖုန္းကို ၅ စကၠန္႔ ၆ စကၠန္႔ ေလာက္ ၾကာေအာင္ ျမည္ခုိင္း လုိက္ၿပီးမွ ကိုင္လိုက္ ပါတယ္ ။ တကယ္ပဲ သူပါ ။ ကြ်န္ေတာ္ ဆာအဲလက္စ္ နဲ႔ ခဏေလာက္ စကားေျပာျဖစ္ ခဲ့ ပါတယ္ ။ အဲ့ဒီ ေနာက္ မွာေတာ့ သူ႔အိမ္ကို လာဖို႔ ကြ်န္ေတာ့ ကို ဖိတ္လိုက္ ပါတယ္”

“အိပ္လုိ႔ ေတာင္ မေပ်ာ္ ခဲ့ ပါဘူး ။ ေနာက္ေန႔ ေရာက္ေတာ့ အက်ီ အ၀တ္ အစားကို ေသခ်ာေရြးၿပီး ကား ေမာင္းထြက္ လာခဲ့ ပါတယ္ ။ သူ႔ အိမ္နဲ႔ တစ္မုိင္ နီးပါး ေလာက္ ကြာတဲ့ စူပါမားကတ္ ကို ေရာက္ေတာ့ ခ်ိန္းထား တဲ့ အခ်ိန္ ထက္ ၁၅ မိနစ္ ေစာေန ပါေသးတယ္”

“ဆယ္ မိနစ္ ေစာၿပီး သူ႔ဆီ ေရာက္ဖို႔ က ကြ်န္ေတာ့ ရဲ႕ ပစ္မွတ္ ပါ ။ သူ႔ကို စစေတြ႕ခ်င္းမွာပဲ ကြ်န္ေတာ့ အေပၚ မွတ္ခ်က္ ေကာင္း တစ္ခုရေစခ်င္ လို႔ပါ ။ ေနာက္ဆံုး မွာေတာ့ သူ႔အိမ္ေရွ႕ ကို ေမာင္းသြားခဲ့ ၿပီး ဘဲလ္ ကို တီးခဲ့ ပါတယ္”

“သူနဲ႔ ကြ်န္ေတာ္ က ေဘာလံုး ျပင္ပ မွာ လည္း သိကြ်မ္း ၾကပါတယ္ ။ သူေရာ ကြ်န္ေတာ္ ပါ ျမင္းၿပဳိင္ပြဲေတြ ကို ႀကဳိက္ၾကတယ္ေလ ။ ဒါေၾကာင့္ ေဘာလံုး ထက္ ျမင္းပြဲ ေတြ အေၾကာင္း ေတာင္ ပိုၿပီး ေျပာျဖစ္ ခဲ့ၾကပါတယ္ ။ ဒါေပမယ့္ အမွန္အတိုင္း ေျပာရရင္ ကြ်န္ေတာ့ကို ေခၚခ်င္တယ္ လုိ႔ သူကိုယ္တိုင္ တုိက္ရုိက္ ေျပာလိမ့္မယ္ လုိ႔ မထင္ မိခဲ့ ပါဘူး ။ ဒါေပမယ့္ သူ တကယ္ပဲ ေျပာခဲ့တာပါ ။ ကြ်န္ေတာ့ ေအးဂ်င့္ ေတာင္ ေဒးဗစ္ ဂီးလ္ နဲ႔ မေတြ႕ လုိက္ရ ပါဘူး” လို႔ အို၀င္ က ျပန္ေျပာင္း ေျပာျပ သြားခဲ့ ပါတယ္ ။

မုိက္ကယ္ အို၀င္ ဟာ မန္ခ်က္စတာ ယူႏုိက္တက္ ကို ေျပာင္းေရႊ႕ လာခဲ့ၿပီး ဒဏ္ရာ နဲ႔ ႀကံ႕ခိုင္မႈ ျပႆနာ ေတြ ေၾကာင့္ ၅၂ ပြဲ သာ ကစားခဲ့ ရၿပီး ၁၇ ဂုိးသာ သြင္းယူႏုိင္ ခဲ့ ပါတယ္ ။ ဒါေပမယ့္ အို၀င္ ဟာ ေက်ာနံပါတ္ ၇ ကို ၀တ္ဆင္ ၿပီး ယူႏုိက္တက္ ပရိသတ္ေတြ ခ်စ္တဲ့ ကစား သမား တစ္ဦး ျဖစ္ခဲ့ ကာ ပရီးမီးယားလိဂ္ အမွတ္ေပး ခ်န္ပီယံ ဆု ကိုလည္း သူ႔ရဲ႕ ဘ၀ မွာ ပထမဆံုး အႀကိမ္ အျဖစ္ ရယူ ကိုင္ေျမွာက္ ႏုိင္ ခဲ့ ပါတယ္ ။

SPORTS MYANMAR

Unicode

မန်ချက်စတာ ယူနိုက်တက် ကို ရောက်ရှိစေခဲ့တဲ့ ဇာတ်လမ်းဆန်ဆန် အဖြစ်အပျက်ကို ပြောပြသွားတဲ့ မိုက်ကယ်အိုဝင်

===============================================

လီဗာပူး တိုက်စစ်မှုးဟောင်း မိုက်ကယ် အိုဝင် ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ မှု ဟာ အန်ဖီးလ် ပရိသတ်တွေ ကတော့ ဒီ အပြောင်း အရွှေ့ ကို စိတ်ပျက်မှု ၊ ဒေါသထွက်မှု တွေ နဲ့ တုန့်ပြန် ခဲ့ ပြီး အိုဝင် ကို နှလုံးသား ထဲ ကနေ ထုတ်ပယ် ပစ်ခဲ့သူတွေ အထိ ရှိလာခဲ့ ပါတယ် ။ ဒါပေမယ့် အိုဝင် ကတော့ သူဟာ မှန်ကန်တယ်လို့ ယုံကြည်တဲ့ အရာ ကို လုပ်ခဲ့တာ ဖြစ်လို့ နောင်တ မရမိကြောင်း ပြောဆို ခဲ့ သလို ယူနိုက်တက် ကစားသမား ဖြစ်ခဲ့တဲ့ အတွက်လည်း ဂုဏ်ယူ မိကြောင်း ကို အလျှင်းသင့်သလို ထည့်သွင်း ပြောဆို လေ့ ရှိပါတယ် ။

အိုဝင် ဟာ လီဗာပူး ကနေ ရီးရဲမက်ဒရစ် ကို ပြောင်းရွှေ့ပြီး အဆင်မပြေ မှုတွေ ကြောင့် အင်္ဂလန် ကို ပြန်လည် ပြောင်းရွှေ့ကာ နယူးကာဆယ် မှာ ကစားခဲ့ ပါတယ် ။ နယူးကာဆယ် ဟာ အိုဝင် ၊ မာတင် ၊ ဗီဒူကာ တို့လို နာမည်ကျော် တိုက်စစ်မှုးတွေ ရှိခဲ့ ပေမယ့် ၂၀၀၈ – ၂၀၀၉ ဘောလုံး ရာသီမှာ တန်းဆင်း ခဲ့ရပြီး အိုဝင် လည်း စာချုပ် ပြည့်လို့ အလွတ် နဲ့ ထွက်ခွာ ခဲ့ရ ပါတယ် ။

ဒီလို အနေ အထားကနေ အိုဝင် ဟာ သုံးသပ်သူတွေ မျှော်လင့် မထားတဲ့ လမ်းကြောင်း ကို ရွေးချယ် ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် ကစား သမား ဖြစ်လာခဲ့ ပါတယ် ။ ဒီ ဖြစ်ရပ် ဟာ အများသူငှာ ထင်မှတ် မထားခဲ့ တဲ့ ဖြစ်ရပ် ဖြစ်ခဲ့ပြီး အိုဝင် ကိုယ်တိုင်တောင်မှ အံ့အား သင့်မိ ခဲ့တယ် လို့ ထုတ်ဖော် ပြောဆို ခဲ့ ပါတယ် ။

အိုဝင် ဟာ အဆိုပါ အကြောင်းတွေ ကို လာမယ့် စက်တင်ဘာ ၅ ရက်နေ့ မှာ ဖြန့်ချီ မယ့် သူ့ရဲ့ စာအုပ်သစ် “Michael Owen : Reboot – My Life, My Time” မှာ ထည့်သွင်း ဖော်ပြ ထားခဲ့ တာပဲ ဖြစ် ပါတယ် ။ အိုဝင် ဟာ ၂၀၀၉ ခုနှစ် တုန်းက အသင်း လက်မဲ့ ကစား သမား တစ်ဦး ဖြစ်နေ ခဲ့ပြီး အသင်းသစ် ကို ရှာဖွေ နေချိန် ဖြစ် ပါတယ် ။

အိုဝင် ဟာ လီဗာပူး ရဲ့ ခါးသီးတဲ့ မြို့ခံ ပြိုင်ဘက် အဲဗာတန် မှာ ကစား ဖို့ စဉ်းစား နေပြီး လီဗာပူး ပရိသတ်တွေ ရဲ့ အမုန်း တရား ကို သတိပြု မိ လင့် ကစား အိုဝင် ကတော့ သူ့ အနေနဲ့ ဘာ အမှား မှ ကျူးလွန် မိတာ မဟုတ်ဘူး လို့ ခံယူ ထားတဲ့ အတွက် ဒေးဗစ် မိုရက်စ် နဲ့ ဆွေးနွေး ခဲ့ တယ် လို့ ဆိုထား ခဲ့ ပါတယ် ။

ဒါပေမယ့် ဒီလို ဆွေးနွေး နေတဲ့ အနေ အထား ကနေ မန်ချက်စတာ ယူနိုက်တက် ကစား သမား တစ်ဦး က ဖုန်းဆက် လာချိန် မှာတော့ အိုဝင် ရဲ့ ဘဝ ဟာ ပြောင်းလဲမှု တွေ ဖြစ်လာ ခဲ့ပါတယ် ။ အိုဝင် ဟာ ယူနိုက်တက် နည်းပြ ဖာဂူဆန် နဲ့ မတွေ့ခင် တစ်ည မှာ ကောင်းစွာ အိပ်မပျော် ခဲ့ဘဲ အိုးထရက်ဖိုဒ့် ကို သွားရောက် ကစား ဖို့ အတွက် ရင်ခုန် စိတ်လှုပ်ရှား နေခဲ့တယ် လို့ ဖော်ပြ ခဲ့ ပါတယ် ။

“ဒေးဗစ် မိုရက်စ် နဲ့ ဆွေးနွေးပြီး ၂ ရက် လောက် အကြာ မှာ နစ်ကီဘတ် ဆီကနေ ဖုန်း ၀င်လာခဲ့ ပါတယ် ။ ဆာအဲလက်စ် က ကျွန်တော့ ဆီ ဆက်လိမ့်မယ် ၊ သူ မင်း ကို ခေါ်ချင် နေတယ် လို့ ဘတ် က ပြောသွားခဲ့ ပါတယ် ။ ဒါက တကယ်ကို မယုံနိုင် စရာ ပါပဲ”

“ကျွန်တော် အိမ်ခန်း ထဲ ၀င်ပြီး လူးဝစ် ကို ပြောခဲ့ မိပါတယ် ။ ကျွန်တော့ ခေါင်းတွေ ချာချာ လည်နေ ခဲ့တာဗျ ။ ဆုဖလား တွေ ကို ပုံမှန် ရယူ နေတဲ့ အသင်း တစ်သင်း ၊ ချန်ပီယံ လိဂ် ပွဲစဉ်တွေ ၊ နာမည်ကျော်တွေ ၊ ပရိသတ် ရ သောင်းခွဲ ဆံ့တဲ့ ကွင်းကြီး . . . တကယ်ကို စိတ်လှုပ် ရှား စရာ ပါပဲ”

“နောက်ထပ် နာရီ အနည်းငယ် လောက် ကြာတဲ့ အထိ ကျွန်တော် ဖုန်းအနားမှာ ပဲ ရှိနေခဲ့ ပါတယ် ။ ခဏခဏ စောင်းကြည့် ရင်းပေါ့ ။ ရုတ်တရက် ဆိုသလိုပဲ ဖုန်းက ထမြည် လာခဲ့ ပါတယ် ။ မှတ်မထားတဲ့ နံပါတ် စိမ်း တစ်ခု ပါ ။ ဒါမျိုးတွေ ကို ကျွန်တော် ကိုင်လေ့ မရှိ ပါဘူး ။ ဒါပေမယ့် ဒီတစ်ခါ တော့ ကျွန်တော် က စောင့်နေခဲ့ တဲ့ သူလေ”

“ဖုန်းကို ၅ စက္ကန့် ၆ စက္ကန့် လောက် ကြာအောင် မြည်ခိုင်း လိုက်ပြီးမှ ကိုင်လိုက် ပါတယ် ။ တကယ်ပဲ သူပါ ။ ကျွန်တော် ဆာအဲလက်စ် နဲ့ ခဏလောက် စကားပြောဖြစ် ခဲ့ ပါတယ် ။ အဲ့ဒီ နောက် မှာတော့ သူ့အိမ်ကို လာဖို့ ကျွန်တော့ ကို ဖိတ်လိုက် ပါတယ်”

“အိပ်လို့ တောင် မပျော် ခဲ့ ပါဘူး ။ နောက်နေ့ ရောက်တော့ အကျီ အဝတ် အစားကို သေချာရွေးပြီး ကား မောင်းထွက် လာခဲ့ ပါတယ် ။ သူ့ အိမ်နဲ့ တစ်မိုင် နီးပါး လောက် ကွာတဲ့ စူပါမားကတ် ကို ရောက်တော့ ချိန်းထား တဲ့ အချိန် ထက် ၁၅ မိနစ် စောနေ ပါသေးတယ်”

“ဆယ် မိနစ် စောပြီး သူ့ဆီ ရောက်ဖို့ က ကျွန်တော့ ရဲ့ ပစ်မှတ် ပါ ။ သူ့ကို စစတွေ့ချင်းမှာပဲ ကျွန်တော့ အပေါ် မှတ်ချက် ကောင်း တစ်ခုရစေချင် လို့ပါ ။ နောက်ဆုံး မှာတော့ သူ့အိမ်ရှေ့ ကို မောင်းသွားခဲ့ ပြီး ဘဲလ် ကို တီးခဲ့ ပါတယ်”

“သူနဲ့ ကျွန်တော် က ဘောလုံး ပြင်ပ မှာ လည်း သိကျွမ်း ကြပါတယ် ။ သူရော ကျွန်တော် ပါ မြင်းပြိုင်ပွဲတွေ ကို ကြိုက်ကြတယ်လေ ။ ဒါကြောင့် ဘောလုံး ထက် မြင်းပွဲ တွေ အကြောင်း တောင် ပိုပြီး ပြောဖြစ် ခဲ့ကြပါတယ် ။ ဒါပေမယ့် အမှန်အတိုင်း ပြောရရင် ကျွန်တော့ကို ခေါ်ချင်တယ် လို့ သူကိုယ်တိုင် တိုက်ရိုက် ပြောလိမ့်မယ် လို့ မထင် မိခဲ့ ပါဘူး ။ ဒါပေမယ့် သူ တကယ်ပဲ ပြောခဲ့တာပါ ။ ကျွန်တော့ အေးဂျင့် တောင် ဒေးဗစ် ဂီးလ် နဲ့ မတွေ့ လိုက်ရ ပါဘူး” လို့ အိုဝင် က ပြန်ပြောင်း ပြောပြ သွားခဲ့ ပါတယ် ။

မိုက်ကယ် အိုဝင် ဟာ မန်ချက်စတာ ယူနိုက်တက် ကို ပြောင်းရွှေ့ လာခဲ့ပြီး ဒဏ်ရာ နဲ့ ကြံ့ခိုင်မှု ပြဿနာ တွေ ကြောင့် ၅၂ ပွဲ သာ ကစားခဲ့ ရပြီး ၁၇ ဂိုးသာ သွင်းယူနိုင် ခဲ့ ပါတယ် ။ ဒါပေမယ့် အိုဝင် ဟာ ကျောနံပါတ် ရ ကို ၀တ်ဆင် ပြီး ယူနိုက်တက် ပရိသတ်တွေ ချစ်တဲ့ ကစား သမား တစ်ဦး ဖြစ်ခဲ့ ကာ ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံ ဆု ကိုလည်း သူ့ရဲ့ ဘဝ မှာ ပထမဆုံး အကြိမ် အဖြစ် ရယူ ကိုင်မြှောက် နိုင် ခဲ့ ပါတယ် ။

SPORTS MYANMAR