ယူအီးအက္ဖ္ေအ ရဲ႕ တစ္ႏွစ္တာ အေကာင္းဆံုး ဆုရွင္ ျဖစ္တဲ့ ဗာဂ်ယ္ဗန္ဒို္က္က အသင္းေဖာ္ ေရာ္ဘတ္တုိဖာမီႏုိဟာ သူတြဲဖက္ ကစား ခဲ့ဖူးတဲ့ သူေတြ ထဲမွာ အေကာင္းဆံုးလို႕ ထြက္ဆုိ ခဲ့ျပီး မန္ခ်က္စတာ ယူႏုိက္တက္ တုိက္စစ္မွဳးေဟာင္း ျဖစ္တဲ့ လူး၀စ္ဆာဟာ ကေတာ့ ဒါကို ျပန္လည္ ေခ်ပလိုက္ ပါတယ္။

ဗန္ဒိုက္ ကေတာ့ ဖာမီႏုိ ရဲ႕ အရည္အေသြးကို အထူး ခ်ီးက်ဴး ခဲ့ေပမယ့္လည္း ယူႏုိက္တက္ အတြက္ သြင္းဂုိး ၄၂ ဂိုး သြင္းယူ ခဲ့တဲ့ ဆာဟာ ကေတာ့ ဖာမီႏုိ ဟာ လီဗာပူးရဲ႕ အေကာင္းဆံုး ကစားသမား ဆုိတဲ့ စကားကို လက္မခံ ခဲ့ဘဲ အျခား လီဗာပူး စတား တစ္ဦးဟာ ေက်ာ္ၾကည့္ျခင္း ခံရတယ္လို႕ ယံုၾကည္ ေနပါတယ္။

Stadium Astro နဲ႕ အင္တာဗ်ဴး မွာ အဲဗာတန္ နဲ႕ ဖူဟမ္ တုိက္စစ္မွဳးေဟာင္း က “ကၽြန္ေတာ့္ အတြက္ ကေတာ့ ဆာဒီယုိ မာေနး ဟာ လီဗာပူး ရဲ႕ ေျခစြမ္း အတည္ျငိမ္ဆံုး ကစားသမား ျဖစ္ပါတယ္။ သူဟာ ပြဲတုိင္း ပြဲတုိ္င္း အေတာ္ အႏၱရာယ္ ရွိတဲ့ သူပါ။ ဆာလား ရဲ႕ ေျခစြမ္း တစ္ခါတစ္ရံ မေကာင္းတာတုိ႕ ေျခစြမ္း မျပႏုိင္တာတုိ႕ကုိ ကၽြန္ေတာ္တုိ႕ တစ္ခါတစ္ရံ ျမင္ခဲ့ ရပါတယ္။ ဒါေပမယ့္ မာေနး ကေတာ့ အရမ္းကို ေျခစြမ္း တည္ျငိမ္ ေကာင္းမြန္ လွပါတယ္။

ဘလြန္းဒီေအာဆု နဲ႕ ပက္သက္ျပီးေတာ့လည္း မာေနးဟာ သူလုပ္ျပ ခဲ့သေလာက္ အသိအမွတ္ ျပဳျခင္း မခံရ ပါဘူး။ ေနာက္ခံလူ တစ္ဦးက (ဗန္ဒုိက္ကို ရည္ညႊန္း) ဘာေၾကာင့္ ဖာမီႏုိ ကုိ ေရြးခ်ယ္ သလဲ ဆိုတာ ကၽြန္ေတာ္ ေကာင္းေကာင္း နားလည္ ပါတယ္။ ခံစစ္ပိုင္းက ဖိအား မ်ားေန ခ်ိန္မွာ ေနာက္ထိ ေဘာလံုး ဆင္းယူတဲ့ ဖာမီႏို ကို ေဘာလံုး ေပးႏုိင္ပါတယ္။ သူဟာ ဒီဖိအားကို ေက်ာ္ျဖတ္ျပီး ေနာက္ခံလူ ေတြကို အသက္ရွဳေခ်ာင္ ေစပါတယ္။” လို႕ ဆုိလိုက္ ပါတယ္။

Mane

မာေနး ဟာ ျပီးခဲ့တဲ့ စေနေန႕က ဘန္ေလကို အေ၀းကြင္းမွာ ၃ ဂုိးျပတ္နဲ႕ အႏုိင္ရရွိ ခဲ့တဲ့ ပြဲမွာ ဂိုးသြင္း ႏုိင္ခဲ့ျပီး ဒီရာသီမွာ လီဗာပူး အသင္း အတြက္ ပရီးမီးယားလိဂ္ သြင္းဂုိး ၂ ဂိုး ရထား ခဲ့ပါတယ္။ ဒါ့အျပင္ ဆီနီေဂါ စတားဟာ ခ်ဲလ္ဆီးကို အစၥတန္ဘူမွာ ပင္နယ္တီ အဆံုးအျဖတ္ နဲ႕ အႏုိင္ ရရွိ ခဲ့တဲ့ စူပါဖလား မွာလည္း အသင္း အတြက္ အေရးပါတဲ့ ဂိုး ၂ ဂုိးစလံုး သြင္းယူ ေပးခဲ့သူ ျဖစ္ပါတယ္။

မာေနးဟာ ဘာေၾကာင့္ ထင္သေလာက္ အသိအမွတ္ ျပဳျခင္း မခံ ရသလဲလို႕ ဆာဟာ ကို ေမးျမန္း ခဲ့ပါတယ္။

ဆာဟာ က “ဥပမာ အားျဖင့္ မၾကာမီက ထုတ္ျပန္ ခဲ့တဲ့ ဘလြန္းဒီေအာ ဆုအတြက္ Rankings မွာ သူဟာ Top 10 ထဲေတာင္ မ၀င္ ခဲ့ပါဘူး။ ဒါဟာ ကၽြန္ေတာ့္ကို အေတာ္ အံ့အားသင့္ ေစခဲ့ ပါတယ္။ ကၽြန္ေတာ့္ အတြက္ ကေတာ့ ဒါဟာ အံ့ၾသ တုန္လွဳပ္ စရာပါ။

သူဟာ လီဗာပူး အသင္း မွာ ဆာလား ထက္ေတာင္ ေျခစြမ္း ပိုမို တည္ျငိမ္တဲ့ ကစားသမား ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ႏွစ္က ဆာလား ၇ ပြဲ ၈ ပြဲေလာက္ ဂိုးေပါက္ ေပ်ာက္ေနခ်ိန္မွာ မာေနးဟာ လီဗာပူး ရဲ႕ ဂုိးသြင္း တာ၀န္ကို ပခံုးထမ္း ေပးခ့ဲ ပါတယ္။ ဒါ့ေၾကာင့္လည္း ျပီးခဲ့တဲ့ ဘန္ေလ နဲ႕ ပြဲမွာ လူစားလဲခံ ခဲ့ရျပီးေနာက္ သူ စိတ္ပ်က္လက္ပ်က္ ျဖစ္ခဲ့တာ ျဖစ္ႏိုင္ပါတယ္။” လို႕ ဆိုလိုက္ ပါတယ္။

လီဗာပူး အသင္း ဒီရာသီ ပရီးမီးယားလိဂ္ မွာေတာ့ ရာႏွဳန္းျပည့္ ႏုိင္ပြဲနဲ႕ အတူ ခရီးဆက္ ေနျပီး ဒုတိယေနရာက မန္စီးတီး ကို ၂ မွတ္ ျဖတ္ကာ ထိပ္ဆံုး ကေန ဦးေဆာင္ ေနပါတယ္။ ႏိုင္ငံတကာ ပြဲစဥ္ေတြ ျပီးေနာက္ လီဗာပူးဟာ နယူးကာဆယ္ ကို အိမ္ကြင္းမွာ လက္ခံ ကစား သြားရမွာ ျဖစ္ျပီး ကလပ္ရဲ႕ ႏုိင္ပြဲဆက္ စံခ်ိန္ (၁၃ ပြဲ) ကို ထပ္မံ တုိးျမွင့္ဖို႕ ရည္မွန္း ေနပါတယ္။

SM

Unicode

တွဲကစားဖူးတဲ့သူတွေ ထဲမှာ ဖာမီနိုက အကောင်းဆုံး ဆိုတဲ့ ဗန်ဒိုက်ရဲ့ မှတ်ချက်ကို ချေပလိုက်တဲ့ မန်ယူနိုက်တက် တိုက်စစ်မှုးဟောင်း ဆာဟာ

ယူအီးအက်ဖ်အေ ရဲ့ တစ်နှစ်တာ အကောင်းဆုံး ဆုရှင် ဖြစ်တဲ့ ဗာဂျယ်ဗန်ဒို်က်က အသင်းဖော် ရော်ဘတ်တိုဖာမီနိုဟာ သူတွဲဖက် ကစား ခဲ့ဖူးတဲ့ သူတွေ ထဲမှာ အကောင်းဆုံးလို့ ထွက်ဆို ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုးဟောင်း ဖြစ်တဲ့ လူးဝစ်ဆာဟာ ကတော့ ဒါကို ပြန်လည် ချေပလိုက် ပါတယ်။

ဗန်ဒိုက် ကတော့ ဖာမီနို ရဲ့ အရည်အသွေးကို အထူး ချီးကျူး ခဲ့ပေမယ့်လည်း ယူနိုက်တက် အတွက် သွင်းဂိုး ၄၂ ဂိုး သွင်းယူ ခဲ့တဲ့ ဆာဟာ ကတော့ ဖာမီနို ဟာ လီဗာပူးရဲ့ အကောင်းဆုံး ကစားသမား ဆိုတဲ့ စကားကို လက်မခံ ခဲ့ဘဲ အခြား လီဗာပူး စတား တစ်ဦးဟာ ကျော်ကြည့်ခြင်း ခံရတယ်လို့ ယုံကြည် နေပါတယ်။

Stadium Astro နဲ့ အင်တာဗျူး မှာ အဲဗာတန် နဲ့ ဖူဟမ် တိုက်စစ်မှုးဟောင်း က “ကျွန်တော့် အတွက် ကတော့ ဆာဒီယို မာနေး ဟာ လီဗာပူး ရဲ့ ခြေစွမ်း အတည်ငြိမ်ဆုံး ကစားသမား ဖြစ်ပါတယ်။ သူဟာ ပွဲတိုင်း ပွဲတို်င်း အတော် အန္တရာယ် ရှိတဲ့ သူပါ။ ဆာလား ရဲ့ ခြေစွမ်း တစ်ခါတစ်ရံ မကောင်းတာတို့ ခြေစွမ်း မပြနိုင်တာတို့ကို ကျွန်တော်တို့ တစ်ခါတစ်ရံ မြင်ခဲ့ ရပါတယ်။ ဒါပေမယ့် မာနေး ကတော့ အရမ်းကို ခြေစွမ်း တည်ငြိမ် ကောင်းမွန် လှပါတယ်။

ဘလွန်းဒီအောဆု နဲ့ ပက်သက်ပြီးတော့လည်း မာနေးဟာ သူလုပ်ပြ ခဲ့သလောက် အသိအမှတ် ပြုခြင်း မခံရ ပါဘူး။ နောက်ခံလူ တစ်ဦးက (ဗန်ဒိုက်ကို ရည်ညွှန်း) ဘာကြောင့် ဖာမီနို ကို ရွေးချယ် သလဲ ဆိုတာ ကျွန်တော် ကောင်းကောင်း နားလည် ပါတယ်။ ခံစစ်ပိုင်းက ဖိအား များနေ ချိန်မှာ နောက်ထိ ဘောလုံး ဆင်းယူတဲ့ ဖာမီနို ကို ဘောလုံး ပေးနိုင်ပါတယ်။ သူဟာ ဒီဖိအားကို ကျော်ဖြတ်ပြီး နောက်ခံလူ တွေကို အသက်ရှုချောင် စေပါတယ်။” လို့ ဆိုလိုက် ပါတယ်။

မာနေး ဟာ ပြီးခဲ့တဲ့ စနေနေ့က ဘန်လေကို အဝေးကွင်းမှာ ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိ ခဲ့တဲ့ ပွဲမှာ ဂိုးသွင်း နိုင်ခဲ့ပြီး ဒီရာသီမှာ လီဗာပူး အသင်း အတွက် ပရီးမီးယားလိဂ် သွင်းဂိုး ၂ ဂိုး ရထား ခဲ့ပါတယ်။ ဒါ့အပြင် ဆီနီဂေါ စတားဟာ ချဲလ်ဆီးကို အစ္စတန်ဘူမှာ ပင်နယ်တီ အဆုံးအဖြတ် နဲ့ အနိုင် ရရှိ ခဲ့တဲ့ စူပါဖလား မှာလည်း အသင်း အတွက် အရေးပါတဲ့ ဂိုး ၂ ဂိုးစလုံး သွင်းယူ ပေးခဲ့သူ ဖြစ်ပါတယ်။

မာနေးဟာ ဘာကြောင့် ထင်သလောက် အသိအမှတ် ပြုခြင်း မခံ ရသလဲလို့ ဆာဟာ ကို မေးမြန်း ခဲ့ပါတယ်။

ဆာဟာ က “ဥပမာ အားဖြင့် မကြာမီက ထုတ်ပြန် ခဲ့တဲ့ ဘလွန်းဒီအော ဆုအတွက် Rankings မှာ သူဟာ Top 10 ထဲတောင် မဝင် ခဲ့ပါဘူး။ ဒါဟာ ကျွန်တော့်ကို အတော် အံ့အားသင့် စေခဲ့ ပါတယ်။ ကျွန်တော့် အတွက် ကတော့ ဒါဟာ အံ့သြ တုန်လှုပ် စရာပါ။

သူဟာ လီဗာပူး အသင်း မှာ ဆာလား ထက်တောင် ခြေစွမ်း ပိုမို တည်ငြိမ်တဲ့ ကစားသမား ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်က ဆာလား ရ ပွဲ ၈ ပွဲလောက် ဂိုးပေါက် ပျောက်နေချိန်မှာ မာနေးဟာ လီဗာပူး ရဲ့ ဂိုးသွင်း တာဝန်ကို ပခုံးထမ်း ပေးခဲ့ ပါတယ်။ ဒါ့ကြောင့်လည်း ပြီးခဲ့တဲ့ ဘန်လေ နဲ့ ပွဲမှာ လူစားလဲခံ ခဲ့ရပြီးနောက် သူ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့တာ ဖြစ်နိုင်ပါတယ်။” လို့ ဆိုလိုက် ပါတယ်။

လီဗာပူး အသင်း ဒီရာသီ ပရီးမီးယားလိဂ် မှာတော့ ရာနှုန်းပြည့် နိုင်ပွဲနဲ့ အတူ ခရီးဆက် နေပြီး ဒုတိယနေရာက မန်စီးတီး ကို ၂ မှတ် ဖြတ်ကာ ထိပ်ဆုံး ကနေ ဦးဆောင် နေပါတယ်။ နိုင်ငံတကာ ပွဲစဉ်တွေ ပြီးနောက် လီဗာပူးဟာ နယူးကာဆယ် ကို အိမ်ကွင်းမှာ လက်ခံ ကစား သွားရမှာ ဖြစ်ပြီး ကလပ်ရဲ့ နိုင်ပွဲဆက် စံချိန် (၁၃ ပွဲ) ကို ထပ်မံ တိုးမြှင့်ဖို့ ရည်မှန်း နေပါတယ်။

SM