ခ်ယ္လ္ဆီး အသင္း ရဲ႕ လူငယ္ တိုက္စစ္မွဴး တမ္မီ ေအဘရာဟမ္ ဟာ ေနာက္ဆံုး ကစား ခဲ့တဲ့ ပရီးမီးယားလိဂ္ ၂ပြဲ အတြင္းမွာ သြင္းဂိုး ၄ဂိုး အထိ ရရွိကာ ေျခစြမ္း ျပႏိုင္ ခဲ့ပါတယ္ ။လူငယ္ အမ်ားစု နဲ႕ အသင္း ကို တည္ေဆာက္ ေနတဲ့ နည္းျပ ျဖစ္သူ ဖရန္႔ လမ္းပတ္ လက္ေအာက္ မွာ ေအဘရာဟမ္ ဟာ အသင္းေဖာ္ တိုက္စစ္မွဴး အိုလီဗီယာ ဂ်ရူး ၊ မစ္ခ်ီ ဘတ္ရွဴဝါရီ တို႕ကို ေက်ာ္ျဖတ္ျပီး ပြဲထြက္ခြင့္ ေတြ ရရွိေနပါတယ္ ။

အေရွ႕ ပြဲစဥ္ ၂ပြဲ မွာ ေအဘရာဟမ္ ဟာ အသင္း အတြက္ လိုအပ္ ေနတဲ့ သြင္းဂိုး ေတြကို အဆံုးသတ္ ေကာင္းေကာင္း နဲ႕ သြင္းျပ ထားႏိုင္ခဲ့ေပမယ့္ တခ်ိဳ႕ ေနရာ ေတြမွာ လိုအပ္ခ်က္ ရွိေနဆဲ ျဖစ္ပါတယ္ ။ လီဗာပူး နဲ႕ ဥေရာပ စူပါဖလား ဗိုလ္လုပြဲ မွာ ပင္နယ္တီ လြဲေခ်ာ္ ခဲ့ျပီးတဲ့ေနာက္ ပိုျပီး ၾကိဳးစား လာတ့ဲ ေအဘရာဟမ္ ဟာ အခု အခ်ိန္ မွာေတာ့ အဲ့ဒီ ၾကိဳးစားမႈ ရဲ႕ အသီးအပြင့္ ကို ခံစား ေနရတာ ျဖစ္ပါတယ္ ။

ေအဘရာဟမ္ ရဲ႕ အသင္းေဖာ္ ျဖစ္သူ ကြင္းလယ္လူ ေမဆင္ေမာင့္ ကေတာ့ ျပီးခဲ့တဲ့ ရက္ပိုင္း ကပဲ အဂၤလန္ လက္ေရြးစင္ အသင္း မွာ ပထမဆံုး ပါဝင္ ေရြးခ်ယ္ ခံခဲ့ ရပါတယ္ ။ ယခု လာမယ့္ အပတ္ အတြင္း မွာ ယူရို ၂၀၂၀ ေျခစစ္ ပြဲစဥ္ ေတြ ရွိေနလို႕ အဂၤလန္ လက္ေရြးစင္ အသင္း ဟာ ေမဆင္ေမာင့္ ကို ေရြးခ်ယ္ ခဲ့ေပမယ့္ လည္း ေျခစြမ္းျပ ဂိုးေတြ သြင္းေနတဲ့ ေအဘရာဟမ္ ကိုေတာ့ မေခၚေဆာင္ခဲ့ပါဘူး ။

အထူးသျဖင့္ စီနီယာ တိုက္စစ္မွဴး ၂ဦး ျဖစ္တဲ့ ေတာ့တင္ဟမ္ တိုက္စစ္မွဴး ဟယ္ရီကိန္း ၊ မန္ခ်က္စတာ ယူႏိုက္တက္ တိုက္စစ္မွဴး မားကပ္စ္ ရက္ရွ္ဖို႕ဒ္ တို႕ကိုသာ အဂၤလန္ လက္ေရြးစင္ နည္းျပ ေဆာက္ဂိတ္ က ဆင့္ေခၚ ခဲ့တဲ့ အတြက္ အခု အခ်ိန္ မွာ လက္ေရြးစင္ မျဖစ္လာ ေပမယ့္ မၾကာခင္ မွာ ေအဘရာဟမ္ ဟာ အဂၤလန္ လက္ေရြးစင္ ကစားသမား ေသခ်ာေပါက္ ျဖစ္မယ္ လို႕ ခ်ယ္လ္ဆီး နည္းျပ လမ္းပတ္ က ယံုၾကည္ ေနပါတယ္ ။

လမ္းပတ္ က ” လက္ရွိ အေနအထား ေတြ အရ တမ္မီ နဲ႕ ပတ္သက္ျပီး ကြ်န္ေတာ္ ေက်နပ္ အားရမႈ ရွိပါတယ္ ။ သူ႕ရဲ႕ ခံယူခ်က္ ကလည္း အေတာ္ေလး ေကာင္းပါတယ္ ။ ေလ့က်င့္ေရး အစီအစဥ္ ေတြမွာေတာင္ တမ္မီ ဟာ ဂိုးေတြ သြင္းႏိုင္ဖို႕ အတြက္ အျမဲတမ္း ဆာေလာင္ ေနတာပါ ။ အခု အခ်ိန္ အထိ သူ ကစား လာသမွ် ပြဲစဥ္ ေတြ အားလံုး က သူ႕ရဲ႕ ပ်မ္းမွ် စြမ္းေဆာင္ရည္ ေကာင္းခဲ့တယ္ လို႕ ကြ်န္ေတာ္ ယူဆ မိပါတယ္ ။ ”

” ကြ်န္ေတာ္ တို႕ဟာ တမ္မီ အေပၚ ပြဲစဥ္ တပြဲ မွာ သူ စြမ္းေဆာင္ ႏိုင္မယ့္ ေနရာ ၊ အခ်က္အလက္ ေတြက အစ အေသးစိတ္ ျပင္ဆင္ ေပးၾကပါတယ္ ။ သူ ကိုယ္တိုင္ လည္း ကြ်န္ေတာ္ တို႕ ခ်ျပ ေပးတဲ့ အေၾကာင္းအရာ ေတြကို တခုမက်န္ လိုက္နာပါတယ္ ။ သူ႕ရဲ႕ စြမ္းေဆာင္ရည္ ေတြ အရည္အေသြး ျမင့္မား ေနပါတယ္ ။ ဒါဟာ ကြ်န္ေတာ္ သူ႕ဆီကေန လိုအပ္ေနတဲ့ ပံုစံ ျဖစ္ပါတယ္ ။ ”

” အဂၤလန္ လက္ေရြးစင္ တိုက္စစ္မွဴး ၃ ေနရာ မွာ တမ္မီ တေယာက္ အေရြးမခံ ရတာေတာ့ အနည္းငယ္ ကံမေကာင္း ခဲ့တာေၾကာင့္ လို႕ ကြ်န္ေတာ္ ယူဆ မိပါတယ္ ။ သူ႕ကို အဂၤလန္ လက္ေရြးစင္ အသင္း ဖက္က ေရြးခ်ယ္ ခဲ့မယ္ ဆိုရင္ ကြ်န္ေတာ့ အေနနဲ႕ ေက်ေက်နပ္နပ္ ၾကီးနဲ႕ကို လက္ခံ ေပးမွာပါ ။ ဒါေပမယ့္ အခုလို အေရြးမခံ ရေတာ့လည္း သူ႕ အေနနဲ႕ ကိုယ့္ကိုယ္ကို စိတ္ေလွ်ာ့လို႕ ရမွာပါ ။ ”

” ဘာပဲျဖစ္ျဖစ္ သူ အေရြးမခံ ရတဲ့ အတြက္ ၾကားထဲက ရတဲ့ အခ်ိန္ အတြင္းမွာ ကြ်န္ေတာ္ တို႕ သူ႕ကို ပိုျပီး ေလ့က်င့္ ေပးလို႕ ရပါတယ္ ။ ဘာေၾကာင့္လဲ ဆိုေတာ့ လူငယ္ ကစားသမား ေတြ အတြက္ တည္ျငိမ္တဲ့ စြမ္းေဆာင္ရည္ လိုအပ္တာေၾကာင့္ပါ ။ ဒါေပမယ့္လည္း အဂၤလန္ လက္ေရြးစင္ အသင္း ဟာ တမ္မီ ကို မၾကာခင္ မွာ ေခၚေဆာင္ဖို႕ ဆက္သြယ္ပါလိမ့္မယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

မကြာခင် မှာ အေဘရာဟမ် ဟာ အင်္ဂလန် လက်ရွေးစင် ဖြစ်လာလိမ့်မယ် လို့ ထောက်ခံ ပြောဆို လိုက်တဲ့ #လမ်းပတ်

ချယ်လ်ဆီး အသင်း ရဲ့ လူငယ် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ဟာ နောက်ဆုံး ကစား ခဲ့တဲ့ ပရီးမီးယားလိဂ် ၂ပွဲ အတွင်းမှာ သွင်းဂိုး ၄ဂိုး အထိ ရရှိကာ ခြေစွမ်း ပြနိုင် ခဲ့ပါတယ် ။လူငယ် အများစု နဲ့ အသင်း ကို တည်ဆောက် နေတဲ့ နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် လက်အောက် မှာ အေဘရာဟမ် ဟာ အသင်းဖော် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ၊ မစ်ချီ ဘတ်ရှူဝါရီ တို့ကို ကျော်ဖြတ်ပြီး ပွဲထွက်ခွင့် တွေ ရရှိနေပါတယ် ။

အရှေ့ ပွဲစဉ် ၂ပွဲ မှာ အေဘရာဟမ် ဟာ အသင်း အတွက် လိုအပ် နေတဲ့ သွင်းဂိုး တွေကို အဆုံးသတ် ကောင်းကောင်း နဲ့ သွင်းပြ ထားနိုင်ခဲ့ပေမယ့် တချို့ နေရာ တွေမှာ လိုအပ်ချက် ရှိနေဆဲ ဖြစ်ပါတယ် ။ လီဗာပူး နဲ့ ဥရောပ စူပါဖလား ဗိုလ်လုပွဲ မှာ ပင်နယ်တီ လွဲချော် ခဲ့ပြီးတဲ့နောက် ပိုပြီး ကြိုးစား လာတဲ့ အေဘရာဟမ် ဟာ အခု အချိန် မှာတော့ အဲ့ဒီ ကြိုးစားမှု ရဲ့ အသီးအပွင့် ကို ခံစား နေရတာ ဖြစ်ပါတယ် ။

အေဘရာဟမ် ရဲ့ အသင်းဖော် ဖြစ်သူ ကွင်းလယ်လူ မေဆင်မောင့် ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ အင်္ဂလန် လက်ရွေးစင် အသင်း မှာ ပထမဆုံး ပါဝင် ရွေးချယ် ခံခဲ့ ရပါတယ် ။ ယခု လာမယ့် အပတ် အတွင်း မှာ ယူရို ၂၀၂၀ ခြေစစ် ပွဲစဉ် တွေ ရှိနေလို့ အင်္ဂလန် လက်ရွေးစင် အသင်း ဟာ မေဆင်မောင့် ကို ရွေးချယ် ခဲ့ပေမယ့် လည်း ခြေစွမ်းပြ ဂိုးတွေ သွင်းနေတဲ့ အေဘရာဟမ် ကိုတော့ မခေါ်ဆောင်ခဲ့ပါဘူး ။

အထူးသဖြင့် စီနီယာ တိုက်စစ်မှူး ၂ဦး ဖြစ်တဲ့ တော့တင်ဟမ် တိုက်စစ်မှူး ဟယ်ရီကိန်း ၊ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ် တို့ကိုသာ အင်္ဂလန် လက်ရွေးစင် နည်းပြ ဆောက်ဂိတ် က ဆင့်ခေါ် ခဲ့တဲ့ အတွက် အခု အချိန် မှာ လက်ရွေးစင် မဖြစ်လာ ပေမယ့် မကြာခင် မှာ အေဘရာဟမ် ဟာ အင်္ဂလန် လက်ရွေးစင် ကစားသမား သေချာပေါက် ဖြစ်မယ် လို့ ချယ်လ်ဆီး နည်းပြ လမ်းပတ် က ယုံကြည် နေပါတယ် ။

လမ်းပတ် က ” လက်ရှိ အနေအထား တွေ အရ တမ်မီ နဲ့ ပတ်သက်ပြီး ကျွန်တော် ကျေနပ် အားရမှု ရှိပါတယ် ။ သူ့ရဲ့ ခံယူချက် ကလည်း အတော်လေး ကောင်းပါတယ် ။ လေ့ကျင့်ရေး အစီအစဉ် တွေမှာတောင် တမ်မီ ဟာ ဂိုးတွေ သွင်းနိုင်ဖို့ အတွက် အမြဲတမ်း ဆာလောင် နေတာပါ ။ အခု အချိန် အထိ သူ ကစား လာသမျှ ပွဲစဉ် တွေ အားလုံး က သူ့ရဲ့ ပျမ်းမျှ စွမ်းဆောင်ရည် ကောင်းခဲ့တယ် လို့ ကျွန်တော် ယူဆ မိပါတယ် ။ ”

” ကျွန်တော် တို့ဟာ တမ်မီ အပေါ် ပွဲစဉ် တပွဲ မှာ သူ စွမ်းဆောင် နိုင်မယ့် နေရာ ၊ အချက်အလက် တွေက အစ အသေးစိတ် ပြင်ဆင် ပေးကြပါတယ် ။ သူ ကိုယ်တိုင် လည်း ကျွန်တော် တို့ ချပြ ပေးတဲ့ အကြောင်းအရာ တွေကို တခုမကျန် လိုက်နာပါတယ် ။ သူ့ရဲ့ စွမ်းဆောင်ရည် တွေ အရည်အသွေး မြင့်မား နေပါတယ် ။ ဒါဟာ ကျွန်တော် သူ့ဆီကနေ လိုအပ်နေတဲ့ ပုံစံ ဖြစ်ပါတယ် ။ ”

” အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ၃ နေရာ မှာ တမ်မီ တယောက် အရွေးမခံ ရတာတော့ အနည်းငယ် ကံမကောင်း ခဲ့တာကြောင့် လို့ ကျွန်တော် ယူဆ မိပါတယ် ။ သူ့ကို အင်္ဂလန် လက်ရွေးစင် အသင်း ဖက်က ရွေးချယ် ခဲ့မယ် ဆိုရင် ကျွန်တော့ အနေနဲ့ ကျေကျေနပ်နပ် ကြီးနဲ့ကို လက်ခံ ပေးမှာပါ ။ ဒါပေမယ့် အခုလို အရွေးမခံ ရတော့လည်း သူ့ အနေနဲ့ ကိုယ့်ကိုယ်ကို စိတ်လျှော့လို့ ရမှာပါ ။ ”

” ဘာပဲဖြစ်ဖြစ် သူ အရွေးမခံ ရတဲ့ အတွက် ကြားထဲက ရတဲ့ အချိန် အတွင်းမှာ ကျွန်တော် တို့ သူ့ကို ပိုပြီး လေ့ကျင့် ပေးလို့ ရပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ လူငယ် ကစားသမား တွေ အတွက် တည်ငြိမ်တဲ့ စွမ်းဆောင်ရည် လိုအပ်တာကြောင့်ပါ ။ ဒါပေမယ့်လည်း အင်္ဂလန် လက်ရွေးစင် အသင်း ဟာ တမ်မီ ကို မကြာခင် မှာ ခေါ်ဆောင်ဖို့ ဆက်သွယ်ပါလိမ့်မယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR