Leno

အမ္းမရိတ္မွာ ကစားသြားခဲ႔ဲ႔တဲ႕ ပရီးမီးယားလိဂ္ ပြဲစဥ္မွာ အာဆင္နယ္ အသင္းနဲ႕ စပါး အသင္းတို႔ ၂ဂိုးစီ သေရ က်ခဲ႕ပါတယ္။ဒီပြဲ မွာ ဧည့္သည္ စပါး အသင္းက ပြဲခ်ိန္ မိနစ္ ၄၀ အတြင္း ဦးေဆာင္ဂိုး ၂ဂိုး ရခဲ႔ေပမယ့္ အာဆင္နယ္ အသင္းက ေနာက္ကလိုက္ေခ်ပခဲ႔လို႕ အမွတ္ ခြဲေပးခဲ႔ရတာျဖစ္ပါတယ္။

အဲရစ္ဆင္ နဲ႔ ဟယ္ရီကိန္း တို႔ရဲ႕ သြင္းဂိုးေတြကို လာကာဇက္၊ အူဘာမီယန္ တို႔ရဲ႕ ဂိုးေတြ နဲ႔ ျပန္လည္ေခ်ပႏိုင္ခဲ႔တာေျကာင့္ လည္း အာဆင္နယ္ အသင္းဟာ ဒီရာသီမွာ ပြဲတိုင္းဂိုးသြင္းထားႏိုင္ ခဲ႔တဲ႕ မွတ္တမ္းေကာင္းကို ဆက္ထိန္း ႏိုင္ ခဲ႔ပါတယ္။

အာဆင္နယ္ အသင္းဟာ ရာသီ သစ္ ပရီးမီးယားလိဂ္ မွာ နယူးကာဆယ္၊ဘန္ေလ၊ လီဗာပူး၊ စပါးတို႔ နဲ႔ ေတြ႔ဆံုထားခဲ႔တာျဖစ္ျပီး ပြဲတိုင္းဂိုးသြင္းထားႏိုင္ခဲ႔တာျဖစ္ပါတယ္။ဒါ့အျပင္ ရာသီျကိုပြဲေတြမွာလည္း ဘိုင္ယန္၊ရီးရဲလ္၊ ဘာစီလိုနာ အစရွိတဲ႔ အသင္းေကာင္းေတြနဲ႔ ဆံုေတြ႔ရတဲ႕ ပြဲေတြအပါအဝင္ပြဲတိုင္း ဂိုးရရွိထားခဲ႔ျကတာလည္းျဖစ္ပါတယ္။

ဒါေျကာင့္ လည္းအာဆင္နယ္အသင္းရဲ႕ ပထမဦးစားေပး ဂိုးသ မား လီႏို ကသူတို႔ အသင္းဟာ ျပိဳင္ဘက္တိုင္းကို ဂိုးသြင္းႏိုင္တဲ့ အရည္အေသြးမ်ိဳးပိုင္ဆိုင္ထားတယ္လို႕ ျကုံးဝါးခဲ႔တာျဖစ္ပါတယ္။ဒါေပမယ့္ က်စ္လစ္တဲ႔ ခံစစ္မွတ္တမ္းေကာင္းကို တည္ေဆာက္ႏိုင္ဖို႔ကပိုျပီးအေရးျကီးတယ္လို႕ သူက သတိေပးလိုက္ပါတယ္။

အင္တာဗ်ဴးတခုမွာ လီႏိုက -“က်ြန္ေတာ္တို႔ဟာ ကုိယ္႔ရဲ႕ ကိုယ္ရည္ကိုယ္ေသြးနဲ႔ အရည္အေသြး အေျကာင္းကိုသိနားလည္းပါတယ္။ပီပီ နဲ႔ အတူတိုက္စစ္မွာ ရွိေနတဲ႔ ကစား သမား ေတြဟာ မယံုႏိုင္စရာေကာင္းတဲ႕ အရည္အေသြးေတြ ရွွိထားျကပါတယ္။

သူတို႔ဟာ အပိုင္အခြင့္ အေရးေတြကေန ဂိုးသြင္းႏိုင္သလို ဘာမွ မဟုတ္တဲ႔ အေျခအေနေတြကေန လည္း ဂိုးသြင္းႏိုင္စြမ္းရွိျကပါတယ္။ဒါေျကာင့္ လည္းက်ြန္ေတာ္တို႔ အသင္းမွာ အႏၲရာယ္ေပးႏိုင္တဲ႔ ကစားသမားေတြ ရွိတယ္ဆိုတာကိုအျမဲတမ္း နားလည္ျကပါတယ္။ဒီကစားစမားေတြရဲ႕ အရည္အေသြးေျကာင့္လည္းက်ြန္ေတာ္တို႔ရဲ႕ ယံုုျကည္မွဳကို တိုးေစပါတယ္။

လီဗာပူး နဲ႕ ပြဲမွာဆိုရင္ ဂိုးမရွိသေရက်ေနခ်ိန္မွာ ဂိုးရႏိုင္ေလာက္တဲ႔ အခြင့္အေရး ၂ျကိမ္ေလာက္ရခဲ႔ျပီး တိုက္စစ္မွဴး ၃ဦးေပါင္းရဲ႕ အရည္အေသြးနဲ႔သာဆိုရင္ဂိုးရႏိူင္မွာျဖစ္ပါတယ္။က်ြန္ေတာ္တို႔ဟာ ျပိဳင္ဘက္တိုင္းကို ဂိုးသြင္းႏိုင္ပါတယ္။

ဒါေပမယ့္ လည္း တိုက္စစ္နဲ႔ခံစစ္ပိုင္းကိုမ်ွေျချဖစ္ေအာင္ လုပ္ႏိုင္ဖို႔က အေရးပါတဲ႔ ေသာ့ခ်က္ျဖစ္ပါတယ္။ဘာေျကာင့္လည္းဆိုေတာ့ ပြဲတပြဲရဲ႕ အဆံုးသတ္မွာ ခံစစ္စြမ္းေဆာင္ရည္က အေရးအျကီးဆံုးျဖစ္လို႕ ပါပဲ ” လို႔ေျပာခဲ႔တာျဖစ္ပါတယ္။

စပါးနဲ႔၂ဂိုးစီသေရက်ခဲ႔တဲ႔ လန္ဒန္ပြဲစဥ္ အေပၚ လီႏိုက – ” ပထမေပးဂိုးကေတာ့ ကံနည္းနည္းဆိုးသြားတာျဖစ္ပါတယ္။က်ြန္ေတာ္ေဘာလံုးကို အမိအရ မဖမ္းႏိူင္သလိုျဖစ္ခဲ႔ျပီး ျပန္ရေအာင္ျကိုးစားခဲ႔ေသးေပမယ့္ အဲရစ္ဆင္က သြင္းယူသြားခဲ႔တာျဖစ္ပါတယ္။ကံမေကာင္းခဲ႔ဖူးဆိုေပမယ့္ လည္း ဒါဟာ ဂိုးသမားေတြရဲ႕ ဘဝလည္းျဖစ္ပါတယ္။

အဲ႔ဒီေနာက္မွာ လည္း တသင္းလံုးနဲ႔ အတူက်ြန္ေတာ္ မားမားမတ္မတ္နဲ႔ ျပန္ျကိုးစားခဲ႕ပါတယ္။ဂိုးေပးလိုက္ရတာဟာျပသနာအျကီးျကီးေတာ့ မဟုတိပါဘူး။အေကာင္းျမင္စိတ္နဲ႔ပဲဆက္ျကိုးစားျပီးေကာင္းေကာင္းလုပ္ေဆာင္ႏိုင္ခဲ႔တယ္လို႔ ထင္မိပါတယ္ ” လို႔ေျပာခဲ႔ပါတယ္။

အာဆင္နယ္ အသင္းဟာ ေနာက္ဆံုး ၃ရာသီဆက္ စပါး အသင္းရဲ႕ ေအာက္မွာသာရပ္တည္ႏိုင္ခဲ႔ေပမယ့္ ဒီႏွစ္မွာေတာ့ အလွည့္အေျပာင္းလုပ္ေပးႏိုင္မယ္လို႔ လီႏိုက ယံုျကည္ေနပါတယ္။ဒီီအေျကာင္းနဲ႕ ပတ္သက္ျပီး လီႏိုက –

” က်ြန္ေတာ္တို႕က သူတို႔ (စပါး ) အသင္းထက္ ပိုေကာင္းေအာင္ကစားႏိုင္တယ္ဆိုတာကို ဒီေန႔ ပြဲမွာသက္ေသျပႏိုင္ခဲ႔ပါတယ္။အရိုးသားဆံုးဝန္ခံရရင္ေတာ့ ပထမပိုင္းမွာ သူတို႔ အသင္းရဲ႕အရည္အေသြးကို ျမင္ေတြ႔ခဲ႔ရပါတယ္။ဒါေျကာင့္လည္း က်ြန္ေတာ္တို႔အေနနဲ႔ ရာသၤကုန္အထိ ခက္ခဲတဲ႔ တုိက္ပြဲဆင္ႏႊဲသြားရဦးမွာျဖစ္ပါတယ္။အဲ႔ဒီေနာက္မွာေတာ့ ဘယ္သူက ပိုေကာင္းတယ္ဆိုတာ ျမင္ရမွာျဖစ္ပါတယ္ ” လို႔ေျပာခဲ႔ပါတယ္။

SPORTS MYANMAR

Unicode

လက်ရှိချန်ပီယံမန်စီးတီး အသင်းအပါအဝင်ပြိုင်ဘက်အသင်းတိုင်းကို သတိပေးစကားဆိုလိုက်တဲ့အာဆင်နယ်ဂိုးသမား#လီနို
===================================

အမ်းမရိတ်မှာ ကစားသွားခဲဲ့့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အာဆင်နယ် အသင်းနဲ့ စပါး အသင်းတို့ ၂ဂိုးစီ သရေ ကျခဲ့ပါတယ်။ဒီပွဲ မှာ ဧည့်သည် စပါး အသင်းက ပွဲချိန် မိနစ် ၄၀ အတွင်း ဦးဆောင်ဂိုး ၂ဂိုး ရခဲ့ပေမယ့် အာဆင်နယ် အသင်းက နောက်ကလိုက်ချေပခဲ့လို့ အမှတ် ခွဲပေးခဲ့ရတာဖြစ်ပါတယ်။

အဲရစ်ဆင် နဲ့ ဟယ်ရီကိန်း တို့ရဲ့ သွင်းဂိုးတွေကို လာကာဇက်၊ အူဘာမီယန် တို့ရဲ့ ဂိုးတွေ နဲ့ ပြန်လည်ချေပနိုင်ခဲ့တာကြောင့် လည်း အာဆင်နယ် အသင်းဟာ ဒီရာသီမှာ ပွဲတိုင်းဂိုးသွင်းထားနိုင် ခဲ့တဲ့ မှတ်တမ်းကောင်းကို ဆက်ထိန်း နိုင် ခဲ့ပါတယ်။

အာဆင်နယ် အသင်းဟာ ရာသီ သစ် ပရီးမီးယားလိဂ် မှာ နယူးကာဆယ်၊ဘန်လေ၊ လီဗာပူး၊ စပါးတို့ နဲ့ တွေ့ဆုံထားခဲ့တာဖြစ်ပြီး ပွဲတိုင်းဂိုးသွင်းထားနိုင်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် ရာသီကြိုပွဲတွေမှာလည်း ဘိုင်ယန်၊ရီးရဲလ်၊ ဘာစီလိုနာ အစရှိတဲ့ အသင်းကောင်းတွေနဲ့ ဆုံတွေ့ရတဲ့ ပွဲတွေအပါအဝင်ပွဲတိုင်း ဂိုးရရှိထားခဲ့ကြတာလည်းဖြစ်ပါတယ်။

ဒါကြောင့် လည်းအာဆင်နယ်အသင်းရဲ့ ပထမဦးစားပေး ဂိုးသ မား လီနို ကသူတို့ အသင်းဟာ ပြိုင်ဘက်တိုင်းကို ဂိုးသွင်းနိုင်တဲ့ အရည်အသွေးမျိုးပိုင်ဆိုင်ထားတယ်လို့ ကြုံးဝါးခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ကျစ်လစ်တဲ့ ခံစစ်မှတ်တမ်းကောင်းကို တည်ဆောက်နိုင်ဖို့ကပိုပြီးအရေးကြီးတယ်လို့ သူက သတိပေးလိုက်ပါတယ်။

အင်တာဗျူးတခုမှာ လီနိုက -“ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အရည်အသွေး အကြောင်းကိုသိနားလည်းပါတယ်။ပီပီ နဲ့ အတူတိုက်စစ်မှာ ရှိနေတဲ့ ကစား သမား တွေဟာ မယုံနိုင်စရာကောင်းတဲ့ အရည်အသွေးတွေ ရှှိထားကြပါတယ်။

သူတို့ဟာ အပိုင်အခွင့် အရေးတွေကနေ ဂိုးသွင်းနိုင်သလို ဘာမှ မဟုတ်တဲ့ အခြေအနေတွေကနေ လည်း ဂိုးသွင်းနိုင်စွမ်းရှိကြပါတယ်။ဒါကြောင့် လည်းကျွန်တော်တို့ အသင်းမှာ အန္တရာယ်ပေးနိုင်တဲ့ ကစားသမားတွေ ရှိတယ်ဆိုတာကိုအမြဲတမ်း နားလည်ကြပါတယ်။ဒီကစားစမားတွေရဲ့ အရည်အသွေးကြောင့်လည်းကျွန်တော်တို့ရဲ့ ယုုံကြည်မှုကို တိုးစေပါတယ်။

လီဗာပူး နဲ့ ပွဲမှာဆိုရင် ဂိုးမရှိသရေကျနေချိန်မှာ ဂိုးရနိုင်လောက်တဲ့ အခွင့်အရေး ၂ကြိမ်လောက်ရခဲ့ပြီး တိုက်စစ်မှူး ၃ဦးပေါင်းရဲ့ အရည်အသွေးနဲ့သာဆိုရင်ဂိုးရနိူင်မှာဖြစ်ပါတယ်။ကျွန်တော်တို့ဟာ ပြိုင်ဘက်တိုင်းကို ဂိုးသွင်းနိုင်ပါတယ်။

ဒါပေမယ့် လည်း တိုက်စစ်နဲ့ခံစစ်ပိုင်းကိုမျှခြေဖြစ်အောင် လုပ်နိုင်ဖို့က အရေးပါတဲ့ သော့ချက်ဖြစ်ပါတယ်။ဘာကြောင့်လည်းဆိုတော့ ပွဲတပွဲရဲ့ အဆုံးသတ်မှာ ခံစစ်စွမ်းဆောင်ရည်က အရေးအကြီးဆုံးဖြစ်လို့ ပါပဲ ” လို့ပြောခဲ့တာဖြစ်ပါတယ်။

စပါးနဲ့၂ဂိုးစီသရေကျခဲ့တဲ့ လန်ဒန်ပွဲစဉ် အပေါ် လီနိုက – ” ပထမပေးဂိုးကတော့ ကံနည်းနည်းဆိုးသွားတာဖြစ်ပါတယ်။ကျွန်တော်ဘောလုံးကို အမိအရ မဖမ်းနိူင်သလိုဖြစ်ခဲ့ပြီး ပြန်ရအောင်ကြိုးစားခဲ့သေးပေမယ့် အဲရစ်ဆင်က သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ကံမကောင်းခဲ့ဖူးဆိုပေမယ့် လည်း ဒါဟာ ဂိုးသမားတွေရဲ့ ဘဝလည်းဖြစ်ပါတယ်။

အဲ့ဒီနောက်မှာ လည်း တသင်းလုံးနဲ့ အတူကျွန်တော် မားမားမတ်မတ်နဲ့ ပြန်ကြိုးစားခဲ့ပါတယ်။ဂိုးပေးလိုက်ရတာဟာပြသနာအကြီးကြီးတော့ မဟုတိပါဘူး။အကောင်းမြင်စိတ်နဲ့ပဲဆက်ကြိုးစားပြီးကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့တယ်လို့ ထင်မိပါတယ် ” လို့ပြောခဲ့ပါတယ်။

အာဆင်နယ် အသင်းဟာ နောက်ဆုံး ၃ရာသီဆက် စပါး အသင်းရဲ့ အောက်မှာသာရပ်တည်နိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ အလှည့်အပြောင်းလုပ်ပေးနိုင်မယ်လို့ လီနိုက ယုံကြည်နေပါတယ်။ဒီီအကြောင်းနဲ့ ပတ်သက်ပြီး လီနိုက –

” ကျွန်တော်တို့က သူတို့ (စပါး ) အသင်းထက် ပိုကောင်းအောင်ကစားနိုင်တယ်ဆိုတာကို ဒီနေ့ ပွဲမှာသက်သေပြနိုင်ခဲ့ပါတယ်။အရိုးသားဆုံးဝန်ခံရရင်တော့ ပထမပိုင်းမှာ သူတို့ အသင်းရဲ့အရည်အသွေးကို မြင်တွေ့ခဲ့ရပါတယ်။ဒါကြောင့်လည်း ကျွန်တော်တို့အနေနဲ့ ရာင်္သကုန်အထိ ခက်ခဲတဲ့ တိုက်ပွဲဆင်နွှဲသွားရဦးမှာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ ဘယ်သူက ပိုကောင်းတယ်ဆိုတာ မြင်ရမှာဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

SPORTS MYANMAR