လီဗာပူး ေနာက္ခံလူေဟာင္း စကယ္တယ္ဟာ အတၱလန္တာ အသင္းနဲ႕ ႏွစ္ဦး သေဘာတူ စာခ်ဳပ္ ဖ်က္သိမ္း ခဲ့ျပီးေနာက္ တူရကီ ကလပ္ အစၥတန္ဘူ ဘာဆက္ရွိဟာ အသင္းကို နဲ႕ စာခ်ဳပ္ ခ်ဳပ္ဆုိ ခဲ့ပါတယ္။ စကာတယ္ဟာ နည္းျပ ဂ်ီအန္ပီယာရုိ ဂတ္ပါရီနီ နဲ႕ ဆက္ဆံေရး အဆင္မေျပတာေၾကာင့္ စီးရီးေအ ကလပ္ကို ေရာက္ျပီး ၂၄ ရက္ အၾကာမွာပဲ ျပန္လည္ ထြက္ခြာ လာခဲ့တာ ျဖစ္ပါတယ္။
႐ိုင္ယန္ကန္႔ဟာ ၿပီးခဲ့တဲ့ ရာသီက အငွါး ထြက္ကစား ခဲ့တဲ့ ရိန္းဂ်ားအသင္းကို ၄ႏွစ္စာခ်ဳပ္ နဲ႔ ေျပာင္းသြားခဲ့ၿပီ ျဖစ္ပါတယ္။ ကန္႔အတြက္ ကနဦး ေျပာင္းေရြ႔ေၾကး က ေပါင္ ၆.၅ သန္း ျဖစ္ၿပီး ၊ add-ons အရ ေနာက္ထပ္ ေပါင္ ၁သန္း ထပ္ရမွာ ျဖစ္ၿပီး ၂၀% sell-on clause လည္း ပါဝင္ေနပါတယ္။
ရုိင္ယန္ကန္႕ က “ကၽြန္ေတာ္ ဘယ္ေတာ့မွ ေမွ်ာ္လင့္ခ်က္ကို လက္မေလ်ာ့ ခဲ့ပါဘူး။ ဒီအေျပာင္းအေရြ႔ မျဖစ္ႏုိင္ေတာ့ဘူးလို႔ ကြၽန္ေတာ္ ေတြးမိခဲ့တဲ့ အခိုက္အတန္ ့ေတြ ႐ွိခဲ့ပါတယ္။ ဒါေပမယ့္ ေစာင့္ႏုိင္သူ အတြက္ကေတာ့ ေကာင္းမြန္တဲ့ အရာေတြ ေရာက္လာမယ္လို႔ ကြၽန္ေတာ္ ယူဆခဲ့ပါတယ္။ အခု ကြၽန္ေတာ့္ရဲ႕ အိမ္ဟာ ဒီမွာပဲ ျဖစ္ပါတယ္။” လို႔ ဆိုသြားပါတယ္။
ေဘာ္ဘီဒန္ကန္ဟာ ဖီအုိရင္တီးနား အသင္းကို ၃ ႏွစ္ စာခ်ဳပ္နဲ႕ ေျပာင္းေရြ႕ သြားခဲ့ျပီ ျဖစ္ပါတယ္။ အသက္ ၁၈ ႏွစ္ အရြယ္ ကစားသမား ရဲ႕ ေျပာင္းေရြ႕ေၾကး ဟာ ယူရုိ ၂ သန္း ျဖစ္ျပီး လီဗာပူးဟာ ၂၀% sell-on clause လည္း ရရွိမွာ ျဖစ္ပါတယ္။
ျပီးခဲ့တဲ့ အေျပာင္းအေရြ႕မွာ ရိုးမား ၊ ေအစီမီလန္ ၊ ယူဗင္တပ္ တုိ႕နဲ႕ သတင္းေတြ ထြက္ေပၚ ခဲ့တဲ့ ေနာက္ခံလူ ဒီဂ်န္ ေလာ့ဗရန္ဟာ လီဗာပူး အသင္းမွာ ဆက္ရွိ ေနခဲ့ပါတယ္။ ယာဂန္ကေလာ့ ကိုယ္တုိင္ ကလည္း ဗဟုိ ေနာက္ခံလူ ေနရာ အတြက္ စီနီယာ ကစားသမား နည္းပါး ေနတာေၾကာင့္ ၎ကုိ လက္လႊတ္ သြားရန္ ဆႏၵ မရွိ ခဲ့ပါဘူး။
ၿပီးခဲ့တဲ့ရာသီက ထရန္မီးယားမွာ အငွါးသြားကစား ခဲ့တဲ့ လီဗာပူးရဲ႕ အသက္ ၂၁ ႏွစ္အရြယ္ ဂိုးသမား ႐ွမယ္ေဂ်ာ့ဟာ လာမည့္ ဇန္န၀ါရီ အထိ မရင္းမွာ အငွါးထြက္ ကစားမွာ ျဖစ္ပါတယ္။
လီဗာပူး ရဲ႕ fan site တစ္ခု ျဖစ္တဲ့ Rousing the Kop ကေတာ့ ယာဂန္ကေလာ့ အေနနဲ႕ ျပီးခဲ့တဲ့ ၂ ရာသီ ရဲ႕ ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆုရွင္ မုိဟာမက္ဆာလား ကို ေကာ္တင္ညိဳ တုန္းကလိုပဲ ေငြေၾကးမ်ားစြာနဲ႕ ေရာင္းခ်ကာ ဒီေငြေၾကးေတြကို ကီလီယန္အမ္ဘက္္ေပ ၊ ေဂ်ဒြန္ဆန္ခ်ိဳ ဒါမွမဟုတ္ ကိုင္ဟားဗက္ တုိ႕အတြက္ ျပန္လည္ သံုးစြဲ သင့္တယ္လို႕ အၾကံျပဳ ထားပါတယ္။
ေတာ့တင္ဟမ္ နဲ႔ နယူးကာဆယ္ ကြင္းလယ္လူေဟာင္း ဂ်မိန္းဂ်ီးနက္က မန္စီးတီး ေနာက္ခံလူ ေအမရစ္လာေပါ့ဒ္ ဒဏ္ရာ ရ႐ွိ သြားခဲ့ျခင္းဟာ ပရီးမီးယားလိဂ္ title race အတြက္ လီဗာပူး ကို အသာရသြားေစမယ္လို႔ ဆိုလိုက္ပါတယ္ ။
လီဗာပူး နဲ႔ မန္ယူႏုိက္တက္ တို႔ဟာ လာမည့္လမွာ ျပဳလုပ္မယ့္ ပရီးမီးယားလိဂ္ meeting မွာ အဂၤလန္ ရဲ႕ ေႏြရာသီ အေျပာင္းအေရြ႔ကို အျခားလိဂ္ေတြနဲ႔ မတူ ေစာစီးစြာ ပိတ္သိမ္းမႈကို အဆံုးသတ္ရန္ ဦးစီးဦးေဆာင္ ေတာင္းဆိုမႈ လုပ္သြားမယ္လို႔ သိရပါတယ္။ ပရီးမီးယားလိဂ္ ကလပ္ေတြဟာ ၾသဂုတ္လ ၈ရက္ ေနာက္ပိုင္း ကစားသမား ေခၚယူခြင့္ မ႐ွိေတာ့ေပမယ့္ က်န္တဲ့ ထိပ္တန္းလိဂ္ေတြကေတာ့ မေန႔ကထိ ကစားသမား ေခၚယူခြင့္ ႐ွိေနခဲ့တာ ျဖစ္ပါတယ္။
ယာဂန္ကေလာ့ ၊ ဗာဂ်ယ္ဗန္ဒိုက္ နဲ႔ အလီဆြန္ တို႔ဟာ မေန႔ညက ဖီဖာက ထုတ္ျပန္တဲ့ တစ္ႏွစ္တာအေကာင္းဆံုး ဆုေတြ အတြက္ ဆန္ကာတင္ စာရင္းမွာ ပါဝင္ ခဲ့ပါတယ္။
SM
SPORTS MYANMAR
Unicode
လီဗာပူး သတင်းတိုများ
လီဗာပူး နောက်ခံလူဟောင်း စကယ်တယ်ဟာ အတ္တလန်တာ အသင်းနဲ့ နှစ်ဦး သဘောတူ စာချုပ် ဖျက်သိမ်း ခဲ့ပြီးနောက် တူရကီ ကလပ် အစ္စတန်ဘူ ဘာဆက်ရှိဟာ အသင်းကို နဲ့ စာချုပ် ချုပ်ဆို ခဲ့ပါတယ်။ စကာတယ်ဟာ နည်းပြ ဂျီအန်ပီယာရို ဂတ်ပါရီနီ နဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် စီးရီးအေ ကလပ်ကို ရောက်ပြီး ၂၄ ရက် အကြာမှာပဲ ပြန်လည် ထွက်ခွာ လာခဲ့တာ ဖြစ်ပါတယ်။
ရိုင်ယန်ကန့်ဟာ ပြီးခဲ့တဲ့ ရာသီက အငှါး ထွက်ကစား ခဲ့တဲ့ ရိန်းဂျားအသင်းကို ၄နှစ်စာချုပ် နဲ့ ပြောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ကန့်အတွက် ကနဦး ပြောင်းရွေ့ကြေး က ပေါင် ၆.၅ သန်း ဖြစ်ပြီး ၊ add-ons အရ နောက်ထပ် ပေါင် ၁သန်း ထပ်ရမှာ ဖြစ်ပြီး ၂၀% sell-on clause လည်း ပါဝင်နေပါတယ်။
ရိုင်ယန်ကန့် က “ကျွန်တော် ဘယ်တော့မှ မျှော်လင့်ချက်ကို လက်မလျော့ ခဲ့ပါဘူး။ ဒီအပြောင်းအရွေ့ မဖြစ်နိုင်တော့ဘူးလို့ ကျွန်တော် တွေးမိခဲ့တဲ့ အခိုက်အတန် ့တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် စောင့်နိုင်သူ အတွက်ကတော့ ကောင်းမွန်တဲ့ အရာတွေ ရောက်လာမယ်လို့ ကျွန်တော် ယူဆခဲ့ပါတယ်။ အခု ကျွန်တော့်ရဲ့ အိမ်ဟာ ဒီမှာပဲ ဖြစ်ပါတယ်။” လို့ ဆိုသွားပါတယ်။
ဘော်ဘီဒန်ကန်ဟာ ဖီအိုရင်တီးနား အသင်းကို ၃ နှစ် စာချုပ်နဲ့ ပြောင်းရွေ့ သွားခဲ့ပြီ ဖြစ်ပါတယ်။ အသက် ၁၈ နှစ် အရွယ် ကစားသမား ရဲ့ ပြောင်းရွေ့ကြေး ဟာ ယူရို ၂ သန်း ဖြစ်ပြီး လီဗာပူးဟာ ၂၀% sell-on clause လည်း ရရှိမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အပြောင်းအရွေ့မှာ ရိုးမား ၊ အေစီမီလန် ၊ ယူဗင်တပ် တို့နဲ့ သတင်းတွေ ထွက်ပေါ် ခဲ့တဲ့ နောက်ခံလူ ဒီဂျန် လော့ဗရန်ဟာ လီဗာပူး အသင်းမှာ ဆက်ရှိ နေခဲ့ပါတယ်။ ယာဂန်ကလော့ ကိုယ်တိုင် ကလည်း ဗဟို နောက်ခံလူ နေရာ အတွက် စီနီယာ ကစားသမား နည်းပါး နေတာကြောင့် ၎င်းကို လက်လွှတ် သွားရန် ဆန္ဒ မရှိ ခဲ့ပါဘူး။
ပြီးခဲ့တဲ့ရာသီက ထရန်မီးယားမှာ အငှါးသွားကစား ခဲ့တဲ့ လီဗာပူးရဲ့ အသက် ၂၁ နှစ်အရွယ် ဂိုးသမား ရှမယ်ဂျော့ဟာ လာမည့် ဇန်နဝါရီ အထိ မရင်းမှာ အငှါးထွက် ကစားမှာ ဖြစ်ပါတယ်။
လီဗာပူး ရဲ့ fan site တစ်ခု ဖြစ်တဲ့ Rousing the Kop ကတော့ ယာဂန်ကလော့ အနေနဲ့ ပြီးခဲ့တဲ့ ၂ ရာသီ ရဲ့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုရှင် မိုဟာမက်ဆာလား ကို ကော်တင်ညို တုန်းကလိုပဲ ငွေကြေးများစွာနဲ့ ရောင်းချကာ ဒီငွေကြေးတွေကို ကီလီယန်အမ်ဘက််ပေ ၊ ဂျေဒွန်ဆန်ချို ဒါမှမဟုတ် ကိုင်ဟားဗက် တို့အတွက် ပြန်လည် သုံးစွဲ သင့်တယ်လို့ အကြံပြု ထားပါတယ်။
တော့တင်ဟမ် နဲ့ နယူးကာဆယ် ကွင်းလယ်လူဟောင်း ဂျမိန်းဂျီးနက်က မန်စီးတီး နောက်ခံလူ အေမရစ်လာပေါ့ဒ် ဒဏ်ရာ ရရှိ သွားခဲ့ခြင်းဟာ ပရီးမီးယားလိဂ် title race အတွက် လီဗာပူး ကို အသာရသွားစေမယ်လို့ ဆိုလိုက်ပါတယ် ။
လီဗာပူး နဲ့ မန်ယူနိုက်တက် တို့ဟာ လာမည့်လမှာ ပြုလုပ်မယ့် ပရီးမီးယားလိဂ် meeting မှာ အင်္ဂလန် ရဲ့ နွေရာသီ အပြောင်းအရွေ့ကို အခြားလိဂ်တွေနဲ့ မတူ စောစီးစွာ ပိတ်သိမ်းမှုကို အဆုံးသတ်ရန် ဦးစီးဦးဆောင် တောင်းဆိုမှု လုပ်သွားမယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ် ကလပ်တွေဟာ သြဂုတ်လ ၈ရက် နောက်ပိုင်း ကစားသမား ခေါ်ယူခွင့် မရှိတော့ပေမယ့် ကျန်တဲ့ ထိပ်တန်းလိဂ်တွေကတော့ မနေ့ကထိ ကစားသမား ခေါ်ယူခွင့် ရှိနေခဲ့တာ ဖြစ်ပါတယ်။
ယာဂန်ကလော့ ၊ ဗာဂျယ်ဗန်ဒိုက် နဲ့ အလီဆွန် တို့ဟာ မနေ့ညက ဖီဖာက ထုတ်ပြန်တဲ့ တစ်နှစ်တာအကောင်းဆုံး ဆုတွေ အတွက် ဆန်ကာတင် စာရင်းမှာ ပါဝင် ခဲ့ပါတယ်။
SM