~~~~~

အေဂျက် အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် လေး ဒီဂျောင်ဟာလာမယ့် နွေမှာ စပိန်ကလပ် ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့လာတော့မှာ ဖြစ်ပါတယ်။နူးကမ့် မြေကို ရောက်လာပါက မဟာပြိုင် ဘက်အဖြစ် ရင်ဆိုင်သွားရဖို့ ရှိနေတဲ့ ရီးရဲလ်အသင်းကို အခု ချိန်မှာ စောစောစီးစီးပဲ ဒုက္ခပေးသွားခဲ့ပြီလည်းဖြစ်ပါတယ်။အကြောင်း ကတော့ ယနေ့ နံနက်အစောပိုင်း မှာ ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ဒုတိယအကျော့မှာ ရီးရဲလ် အသင်းကို ၄-၁ ဂိုးနဲ့ ချေမှုန်းပြီး ပြိုင်ပွဲကနေထွက်ခွာစေခဲ့လို့ပဲ ဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌ ဖြစ်သူ ဘာတိုမြူ က သူတို့ အသင်းချန်ပီယံလိဂ်မှာအခြေအနေကောင်းစေဖို့ ရီးရဲလ် အသင်းကို ဖြုတ်စေချင် ခဲ့တာဖြစ်တယ် လို့ ဒီဂျောင်က ဖွင့်ဟသွားခဲ့ပါတယ်။De Telegraaf နဲ့အင်တာဗျူးမှာဒီဂျောင်က – – – ” ဘာစီလိုနာအသင်းနဲ့ စာချုပ် ချုပ်ဆို စဉ်မှာ တာဝန်ရှိသူတွေက ရီးရဲလ် အသင်းကိုဒီပြိုင်ပွဲကနေ ပြုတ်အောင်ကြိုးစားသွားဖို့ မှာကြားပါတယ်။ဒီလိုသာဖြစ်လာရင် ဘာစီလိုနာ အသင်း အတွက် လည်း ကြီးကျယ်ခန်းနားတဲ့ကိစ္စ တခုဖြစ်လာလိမ့်မယ်လို့သူတို့ကပြောပါတယ် ” လို့ဘာနေဗျူးနိုင်ပွဲမတိုင်မီမှာဖွင့် ဟထားခဲ့တာဖြစ်ပါတယ်။

သူဟာ တကယ်တမ်း အနိုင်ရခဲ့အပြီး မှာ လည်း ရွှင်မြူးနေတဲ့ဘာစီလိုနာ ဥက္ကဌ ဘာတိုမြူ နဲ့ တွေ့ဆုံစကား ပြောခဲ့သေးတယ်လို့ လည်းသတင်း တွေက ဖော်ပြပါတယ်။ဒီနိုင်ပွဲနဲ့ ပတ်သက်ပြီး လည်း ဒီဂျောင်က – – – ” အေဂျက် အသင်းနဲ့ ပရိသတ်တွေ အတွက် ကျွန်တော်အတော်လေး ပျော်ရွှင်နေမိပါတယ်။ရီးရဲလ် အသင်းကို ဒီလို ဂိုးအရေးအတွက် နဲ့ အနိုင်ရရှိခဲ့တာဟာ တကယ့်ကို အံ့မခန်းပါပဲ။အထူးသဖြင့် ဘာနေဗျူးမှာ ပေါ့။ လူတွေက ဒီပွဲမှာ ကျွန်တော်တို့ ဆီကနေ တစုံတခု ကို မျှော်လင့် ခဲ့ကြပြီး ဒီလို ရလဒ်မျိုးလောက်အထိတော့ မမျှော်လင့် ခဲ့ကြပါဘူး။ပထမပွဲတုန်းကလည်း အခုထက်အများကြီး မဆိုးတဲ့ ပုံစံမျိုးနဲ့ ကျွန်တော်တို့ ကစားနိုင်ခဲ့တာဖြစ်ပါတည်။

ဒါပေမယ့် ကံဆိုးခဲ့ လို့ ရလဒ်ကောင်းတော့ မရခဲ့ပါဘူး။ဒါပေမယ့် အခုပွဲမှာတော့ လုံးဝပြီးပြည့်စုံတဲ့ ပုံစံမျိုး နဲ့ ကစားသွားနိုင်ခဲ့ပါတယ်” လို့ပြောသွားခဲ့ပါတယ်။အေဂျက် အသင်းဟာလက်ရှိချန်ပီယံ အသင်းကို အိမ်ပြန်စေနိုင်ခဲ့ပြီဖြစ်ပေမယ့် နောက်တဆင့်မှာ ဥရောပရဲ့ ထိပ်တန်း အသင်းတသင်းနဲ့ ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။ဒီဂျောင်ကတော့ ဘယ် အသင်းနဲ့တွေ့ရတွေ့ရ ဂရုမစိုက်ဘူး လို့ဆိုပါတယ်။

ဒီဂျောင်က ဆက်လက်ပြီး – – – ” ပြိုင်ဘက်တိုင်းက တော့ ခက်ခဲ မှာ ဖြစ်ပြီး ကျွန်တော်တို့က အောက်အသင်း ပဲဖြစ်နေဦးမှာပါပဲ။ဒါပေမယ့် ကျွန်တော်တို့ အတွက် အသစ် အဆန်း မဟုတ်တော့ လို့ ပျော်ပျော်ကြီး ရင်ဆိုင်သွားမှာ ဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။အသက် ၂၁ နှစ်အရွယ် ဒီဟော်လန်သားဟာ ယမန်နေ့ ပွဲပြီးခါနီးမှာအန္တရာယ်များတဲ့ ဘောလုံးဆုံးရှုံးမှု တကြိမ်ဖြစ်ခဲ့ပေမယ့် ရီးရဲလ် အသင်းက အခွင့်အရေး မယူနိုင်ခဲ့ လို့ ကံကောင်းခဲ့ရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီးသူက- – – ” ကျွန်တော် ဒီဘောလုံးကို မဆုံး ရှုံးခဲ့သင့်ဘူးဆိုတာသိပါတယ်။ဒါပေမယ့် ကျွန်တော့် ရဲ့ ခြေထောက် ၂ဖက်လုံးက ကြွက်တက်နေခဲ့တာဖြစ်ပါတယ်။ကံကောင်းလို့သာဒီအမှားကနေ ဘာမှ မပေးဆပ်လိုက်ရတာဖြစ်ပါတယ် ” လို့ပြန်ပြောင်းပြောပြသွားခဲ့ပါတယ်။ ဒီဂျောင်ဟာ အခုရာသီကုန် အထိသာ ဟော်လန်မြေမှာ ရှိနေမှာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ ဘာစီလိုနာအသင်းကို ပေါင် ၆၅သန်းနဲ့ ပြောင်း ရွှေ့လာဖို့ တရားဝင် စာချုပ် ချုပ် ဆိုထားပြီးပြီ ဖြစ်ပါတယ်။

SM