Chelsea

ခ်ယ္လ္ဆီး အသင္း ဟာ ေနာက္ဆံုး ကစား ခဲ့တဲ့ တန္းတက္ ရွက္ဖီးလ္ ယူႏိုက္တက္ အသင္း နဲ႕ ပရီးမီးယားလိဂ္ ပြဲစဥ္ မွာ ပထမပိုင္း အတြင္း ဦးေဆာင္ဂိုး ၂ဂိုး ရရွိ ခဲ့ျပီးမွ ဒုတိယပိုင္း မွာ ဆိုးရြားတဲ့ ခံစစ္ ကစားပံု နဲ႕ အတူ ရွက္ဖီးလ္ ယူႏိုက္တက္ ကို ေခ်ပဂိုး ၂ဂိုး လြယ္လြယ္နဲ႕ ခြင့္ျပဳ ခဲ့ရပါတယ္ ။

အထူးသျဖင့္ ညာေနာက္ခံ ေနရာ မွာ ကစား ေနတဲ့ ခ်ယ္လ္ဆီး အသင္း ေခါင္းေဆာင္ အက္ဇ္ပီလီကြီတာ ဟာ ထို ပြဲစဥ္ မွာ ရွက္ဖီးလ္ ယူႏိုက္တက္ အသင္းသား ေတြရဲ႕ ထိုးေဖာက္မႈ ကို လြယ္လြယ္ နဲ႕ ေက်ာ္ျဖတ္ခြင့္ ေပးခဲ့သလို ၊ ေခ်ပဂိုး ၂ဂိုးလံုး ဟာလည္း ၄င္းရဲ႕ အမွား နဲ႕ လံုးဝ မကင္း ခဲ့တာကို ေတြ႕ခဲ့ ရပါတယ္ ။

အက္ဇ္ပီလီကြီတာ ဟာ ခ်ယ္လ္ဆီး အသင္း ကို စေရာက္လာတဲ့ ကာလ အေစာပိုင္း မွာ ေျခစြမ္းေကာင္း ေတြနဲ႕ တည္ျငိမ္မႈ ေတြေၾကာင့္ အက္ရွ္ေလကိုးလ္ ၊ အိုင္ဗန္ႏိုဗစ္ အစ ရွိတဲ့ ထိပ္တန္း အစြန္ ေနာက္ခံလူ ေတြကိုပါ ေနာက္ေကာက္ခ် ႏိုင္စြမ္း ရွိခဲ့ပါတယ္ ။ ထို႕အျပင္ ေဘာလံုး ရာသီ ၄ခုေလာက္ ခ်ယ္လ္ဆီး အသင္း ရဲ႕ အစြန္ ေနာက္ခံလူ တေနရာ ကို အက္ဇ္ပီလီကြီတာ တေယာက္ ရယူ လာႏိုင္ခဲ့ပါတယ္ ။

လက္ရွိ မွာ သူ႕ရဲ႕ ေျခစြမ္း က သာမန္သာ ျဖစ္ေပမယ့္ ခ်ယ္လ္ဆီး အသင္း နည္းျပ ဖရန္႕ လမ္းပတ္ ဟာ အေတြ႕အၾကံဳ ေၾကာင့္ ၄င္းကို ယံုၾကည္မႈ ရွိရွိ အသံုးျပဳ ခဲ့သလို ၊ အရန္ ေနာက္ခံလူ ဇာပါေကာ္စတာ ကိုလည္း ရိုးမား သို႕ အငွား နဲ႕ ထြက္ခြာခြင့္ ေပးခဲ့ပါတယ္ ။ ဒါ့အျပင္ လူငယ္ ေျခတက္ ညာေနာက္ခံလူ ရိစ္ဂ်ိ္မ္းစ္ ကလည္း ကာလရွည္ ဒဏ္ရာေၾကာင့္ ခ်ယ္လ္ဆီး အတြက္ ကစား ေပးႏိုင္ျခင္း မရွိေသးပါဘူူး ။

ခ်ယ္လ္ဆီး အသင္း တိုက္စစ္မွဴးေဟာင္း တိုနီ ကတ္စ္ကာရီႏို က လမ္းပတ္ အေနနဲ႕ ႏိုင္ငံ လက္ေရြးစင္ အသင္း ပြဲစဥ္ ေတြ ျပီးတာနဲ႔ အက္ဇ္ပီလီကြီတာ ကို အရန္ခံု ပို႕ပစ္သင့္ျပီ ျဖစ္ေၾကာင္း ၊ လက္ရွိ အက္ဇ္ပီလီကြီတာ ရဲ႕ အေနအထား ဟာ ယခင္ အိုင္ဗန္ႏိုဗစ္ ရဲ႕ ေျခစြမ္း ဆုတ္ယုတ္ ခဲ့တဲ့ ကာလ နဲ႕ သြားေရာက္ ဆင္တူ ေနေၾကာင္း The Times သတင္း ရဲ႕ ေဆာင္းပါး တခု မွာ ေရးသား ခဲ့ပါတယ္ ။

ကတ္စ္ကာရီႏို က ” အက္ဇ္ပီလီကြီတာ ရဲ႕ ကစားပံု ကို ကြ်န္ေတာ္ ၾကည့္မိတဲ့ အခါ အရင္ ခ်ယ္လ္ဆီး အသင္း မွာ အိုင္ဗန္ႏိုဗစ္ ရဲ႕ ေျခစြမ္း က်ဆင္း ခဲ့ဖူးတဲ့ ကာလ ကို သြားျပီး သတိရမိပါတယ္ ။ ဘရန္နီဆလပ္ဗ္ အိုင္ဗန္ႏိုဗစ္ ဟာ အဲ့ဒီ အခ်ိန္တုန္း က ခ်ယ္လ္ဆီး အသင္း ရဲ႕ အဓိက ညာေနာက္ခံလူ ျဖစ္ခဲ့ပါတယ္ ။ ဒါေပမယ့္ ကစားပံု က်ဆင္းလာတာနဲ႕ အတူ သူလည္း ခ်ယ္လ္ဆီး မွာ ေနရာေပ်ာက္ျပီး ထြက္ခြာ ခဲ့ရပါတယ္ ။ ”

” အခု ကြ်န္ေတာ္ ေတြးမိတာက အက္ဇ္ပီလီကြီတာ လည္း တခ်ိန္ က အိုင္ဗန္ႏိုဗစ္ လို ျဖစ္လာဖို႕ အခ်ိန္တန္ ေနျပီလား ဆိုတာပါ ။ ရွက္ဖီးလ္ ယူႏိုက္တက္ အသင္းသား ေတြ အားလံုး ဟာ တပြဲလံုး အက္ဇ္ပီလီကြီတာ ရွိေနတဲ့ ညာျခမ္း ခံစစ္ ကိုပဲ ျပံဳျပီး ထိုးေဖာက္ တိုက္စစ္ဆင္ ခဲ့တာကို ကြ်န္ေတာ္ ေတြ႕ခဲ့ ရပါတယ္ ။ အက္ဇ္ပီလီကြီတာ ကို ၾကည့္ရတာ သူဟာ လြန္ခဲ့တဲ့ ၂ရာသီ အတြင္းက ပြဲတိုင္း မနားတမ္း ကစားခဲ့တဲ့ ဒဏ္ေၾကာင့္ အေတာ္ေလး ေမာေနတဲ့ ပံုပါ ။ ”

” အက္ဇ္ပီလီကြီတာ လို အေတြ႕အၾကံဳ ရင့္ ကစားသမား တေယာက္ ကြင္းထဲမွာ ရွိဖို႕ လိုတယ္ ဆိုတဲ့ ဖရန္႕ လမ္းပတ္ ရဲ႕ အေတြးကို ကြ်န္ေတာ္ နားလည္ ေပမယ့္ အခု အခ်ိန္ ဟာ အက္ဇ္ပီလီကြီတာ အေနနဲ႕ အနားယူဖို႕ အခ်ိန္ တန္ပါျပီ ။ ” လို႕ သံုးသပ္ ခဲ့ပါတယ္ ။ ခ်ယ္လ္ဆီး အသင္း ဟာ ႏိုင္ငံ လက္ေရြးစင္ အသင္း ပြဲစဥ္ ေတြ ျပီးတာနဲ႕ အသင္းၾကီး ေတြကို ဒုကၡ ေပးေနၾက ဝုလ္ဗ္ အသင္း နဲ႕ ကစားရမွာ ျဖစ္ပါတယ္ ။

SPORTS MYANMAR

Unicode

အက်ဇ်ပီလီကွီတာ ကို လမ်းပတ် အနေနဲ့ ဘာကြောင့် မသုံးသင့်တော့လဲ ဆိုတာ ထောက်ပြ လိုက်တဲ့ #ကတ်စ်ကာရီနို

ချယ်လ်ဆီး အသင်း ဟာ နောက်ဆုံး ကစား ခဲ့တဲ့ တန်းတက် ရှက်ဖီးလ် ယူနိုက်တက် အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ ပထမပိုင်း အတွင်း ဦးဆောင်ဂိုး ၂ဂိုး ရရှိ ခဲ့ပြီးမှ ဒုတိယပိုင်း မှာ ဆိုးရွားတဲ့ ခံစစ် ကစားပုံ နဲ့ အတူ ရှက်ဖီးလ် ယူနိုက်တက် ကို ချေပဂိုး ၂ဂိုး လွယ်လွယ်နဲ့ ခွင့်ပြု ခဲ့ရပါတယ် ။

အထူးသဖြင့် ညာနောက်ခံ နေရာ မှာ ကစား နေတဲ့ ချယ်လ်ဆီး အသင်း ခေါင်းဆောင် အက်ဇ်ပီလီကွီတာ ဟာ ထို ပွဲစဉ် မှာ ရှက်ဖီးလ် ယူနိုက်တက် အသင်းသား တွေရဲ့ ထိုးဖောက်မှု ကို လွယ်လွယ် နဲ့ ကျော်ဖြတ်ခွင့် ပေးခဲ့သလို ၊ ချေပဂိုး ၂ဂိုးလုံး ဟာလည်း ၄င်းရဲ့ အမှား နဲ့ လုံးဝ မကင်း ခဲ့တာကို တွေ့ခဲ့ ရပါတယ် ။

အက်ဇ်ပီလီကွီတာ ဟာ ချယ်လ်ဆီး အသင်း ကို စရောက်လာတဲ့ ကာလ အစောပိုင်း မှာ ခြေစွမ်းကောင်း တွေနဲ့ တည်ငြိမ်မှု တွေကြောင့် အက်ရှ်လေကိုးလ် ၊ အိုင်ဗန်နိုဗစ် အစ ရှိတဲ့ ထိပ်တန်း အစွန် နောက်ခံလူ တွေကိုပါ နောက်ကောက်ချ နိုင်စွမ်း ရှိခဲ့ပါတယ် ။ ထို့အပြင် ဘောလုံး ရာသီ ၄ခုလောက် ချယ်လ်ဆီး အသင်း ရဲ့ အစွန် နောက်ခံလူ တနေရာ ကို အက်ဇ်ပီလီကွီတာ တယောက် ရယူ လာနိုင်ခဲ့ပါတယ် ။

လက်ရှိ မှာ သူ့ရဲ့ ခြေစွမ်း က သာမန်သာ ဖြစ်ပေမယ့် ချယ်လ်ဆီး အသင်း နည်းပြ ဖရန့် လမ်းပတ် ဟာ အတွေ့အကြုံ ကြောင့် ၄င်းကို ယုံကြည်မှု ရှိရှိ အသုံးပြု ခဲ့သလို ၊ အရန် နောက်ခံလူ ဇာပါကော်စတာ ကိုလည်း ရိုးမား သို့ အငှား နဲ့ ထွက်ခွာခွင့် ပေးခဲ့ပါတယ် ။ ဒါ့အပြင် လူငယ် ခြေတက် ညာနောက်ခံလူ ရိစ်ဂျိ်မ်းစ် ကလည်း ကာလရှည် ဒဏ်ရာကြောင့် ချယ်လ်ဆီး အတွက် ကစား ပေးနိုင်ခြင်း မရှိသေးပါဘူူး ။

ချယ်လ်ဆီး အသင်း တိုက်စစ်မှူးဟောင်း တိုနီ ကတ်စ်ကာရီနို က လမ်းပတ် အနေနဲ့ နိုင်ငံ လက်ရွေးစင် အသင်း ပွဲစဉ် တွေ ပြီးတာနဲ့ အက်ဇ်ပီလီကွီတာ ကို အရန်ခုံ ပို့ပစ်သင့်ပြီ ဖြစ်ကြောင်း ၊ လက်ရှိ အက်ဇ်ပီလီကွီတာ ရဲ့ အနေအထား ဟာ ယခင် အိုင်ဗန်နိုဗစ် ရဲ့ ခြေစွမ်း ဆုတ်ယုတ် ခဲ့တဲ့ ကာလ နဲ့ သွားရောက် ဆင်တူ နေကြောင်း The Times သတင်း ရဲ့ ဆောင်းပါး တခု မှာ ရေးသား ခဲ့ပါတယ် ။

ကတ်စ်ကာရီနို က ” အက်ဇ်ပီလီကွီတာ ရဲ့ ကစားပုံ ကို ကျွန်တော် ကြည့်မိတဲ့ အခါ အရင် ချယ်လ်ဆီး အသင်း မှာ အိုင်ဗန်နိုဗစ် ရဲ့ ခြေစွမ်း ကျဆင်း ခဲ့ဖူးတဲ့ ကာလ ကို သွားပြီး သတိရမိပါတယ် ။ ဘရန်နီဆလပ်ဗ် အိုင်ဗန်နိုဗစ် ဟာ အဲ့ဒီ အချိန်တုန်း က ချယ်လ်ဆီး အသင်း ရဲ့ အဓိက ညာနောက်ခံလူ ဖြစ်ခဲ့ပါတယ် ။ ဒါပေမယ့် ကစားပုံ ကျဆင်းလာတာနဲ့ အတူ သူလည်း ချယ်လ်ဆီး မှာ နေရာပျောက်ပြီး ထွက်ခွာ ခဲ့ရပါတယ် ။ ”

” အခု ကျွန်တော် တွေးမိတာက အက်ဇ်ပီလီကွီတာ လည်း တချိန် က အိုင်ဗန်နိုဗစ် လို ဖြစ်လာဖို့ အချိန်တန် နေပြီလား ဆိုတာပါ ။ ရှက်ဖီးလ် ယူနိုက်တက် အသင်းသား တွေ အားလုံး ဟာ တပွဲလုံး အက်ဇ်ပီလီကွီတာ ရှိနေတဲ့ ညာခြမ်း ခံစစ် ကိုပဲ ပြံုပြီး ထိုးဖောက် တိုက်စစ်ဆင် ခဲ့တာကို ကျွန်တော် တွေ့ခဲ့ ရပါတယ် ။ အက်ဇ်ပီလီကွီတာ ကို ကြည့်ရတာ သူဟာ လွန်ခဲ့တဲ့ ၂ရာသီ အတွင်းက ပွဲတိုင်း မနားတမ်း ကစားခဲ့တဲ့ ဒဏ်ကြောင့် အတော်လေး မောနေတဲ့ ပုံပါ ။ ”

” အက်ဇ်ပီလီကွီတာ လို အတွေ့အကြံု ရင့် ကစားသမား တယောက် ကွင်းထဲမှာ ရှိဖို့ လိုတယ် ဆိုတဲ့ ဖရန့် လမ်းပတ် ရဲ့ အတွေးကို ကျွန်တော် နားလည် ပေမယ့် အခု အချိန် ဟာ အက်ဇ်ပီလီကွီတာ အနေနဲ့ အနားယူဖို့ အချိန် တန်ပါပြီ ။ ” လို့ သုံးသပ် ခဲ့ပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ နိုင်ငံ လက်ရွေးစင် အသင်း ပွဲစဉ် တွေ ပြီးတာနဲ့ အသင်းကြီး တွေကို ဒုက္ခ ပေးနေကြ ဝုလ်ဗ် အသင်း နဲ့ ကစားရမှာ ဖြစ်ပါတယ် ။

SPORTS MYANMAR