Sanchez

ချီလီ လက်ရွေးစင် အလက်ဆစ် ဆန်းချက် က မန်ချက်စတာ ယူနိုက်တက် အသင်း ဆီ ပြောင်းရွှေ့ ခဲ့ ရတဲ့ အတွက် ဝမ်နည်း ပူဆွေး မှု မရှိ ကြောင်း ၊ ဒါပေမယ့် အောင်မြင် မှု ရရှိ နိုင်ဖို့ အတွက် လုံလောက် တဲ့ ပွဲ ကစား ခွင့် မရရှိ ခဲ့တဲ့ အကြောင်း ဖုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ယူနိုက်တက် တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဟာ အိုးလ် ထရပ်ဖို့ဒ် မှာ 19 လကြာ ကစား ပေး ခဲ့တဲ့ နောက် ဒီနွေ အပြောင်း အရွှေ့ မှာ အီတလီ ထိပ်သီး အင်တာ မီလန် အသင်း ဆီ တစ် ရာသီ အငှား စာချုပ် နဲ့ ပြောင်းရွှေ့ သွားခဲ့ သူပဲ ဖြစ်ပါတယ် ။

” ကျွန်တော် မန်ချက်စတာ ယူနိုက်တက် ဆီ စတင် ရောက်ရှိ ခဲ့ တုန်းက အရမ်း ပဲ ပျော်ရွှင် ခဲ့ရ ပါတယ် ။ ကျွန်တော် အဲ့တာ ကို အမြဲတမ်း ပြောလေ့ ရှိခဲ့ ပါတယ် ။ ဒီ အသင်း က အင်္ဂလန် မှာ အောင်မြင် မှုတွေ အများဆုံး ရရှိ ထား ခဲ့တဲ့ ကလပ် အသင်း တစ်ခု လေ ”

” ကျွန်တော် အာဆင်နယ် ကို ရောက်ရှိ ခဲ့စဉ် တုန်းက အံ့ချီးဖွယ် တွေ ဖြစ်ခဲ့ ပါတယ် ။ ကျွန်တော် အဲ့ဒီ မှာ ပျော်ရွှင် ခဲ့ရ ပါတယ် ။ ဒါပေမယ့် အဲ့ဒီ အချိန် တုန်းက ယူနိုက်တက် ဟာ တစ်စ ထက် တစ်စ တိုးတက် ကောင်းမွန် နေခဲ့ တယ်လေ ။ သူတို့ တွေက တစ်စုံ တရာ ကို ဆွတ်ခူး နိုင်ဖို့ အတွက် ကစားသမား တွေကို ခေါ်ယူ နေခဲ့ ကြ ပါတယ် ”

” ကျွန်တော် လည်း ဒီ အတွက် ကြောင့် သူတို့ နဲ့ ပူးပေါင်း လိုခဲ့ပြီး အရာရာ တိုင်းကို ရယူ ဆွတ်ခူး ချင်ခဲ့ ပါတယ် ။ ကျွန်တော် ဒီကို ပြောင်းရွှေ့ခဲ့ ရတာနဲ့ ပတ်သက် ပြီး လုံးဝ ဝမ်းနည်း ပူဆွေး မှု မရှိ ပါဘူး ” လို့ ဆန်းချက် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဆန်းချက် ဟာ 2014 တုန်းက ဘာစီလိုနာ မှ အာဆင်နယ် အသင်း ဆီ ပေါင် သန်း 30 နဲ့ ပြောင်းရွှေ့ ခဲ့တဲ့ နောက် အသင်း အတွက် ကစား ပေး ခဲ့တဲ့ ပွဲစဉ် 166 ပွဲမှာ သွင်းဂိုး 80 အထိ ရယူ ထားပေး နိုင်ခဲ့ ပါတယ် ။ ဒါ့အပြင် သူဟာ 2017 ခုနှစ် မှာ PFA ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား လည်း ဖြစ်ခဲ့ ပါ သေးတယ် ။

ဒါပေမယ့် ယူနိုက်တက် အသင်း ဆီ ပြောင်းရွေှ့ လာခဲ့တဲ့ နောက် သူ့ရဲ့ မှတ်တမ်း ကောင်းတွေ ဟာ ထိုးကျ သွားခဲ့ ပါတယ် ။ သူဟာ ပြီးခဲ့တဲ့ ရာသီ တုန်းက အသင်း အတွက် ပရီးမီးယားလိဂ် 27 ပွဲ ကစား ပေး ထားခဲ့ ပြီး 2 ဂိုးသာ သွင်းယူ ပေးထား နိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် သူဟာ ဒီနွေ အတွင်း ချီလီ လက်ရွေးစင် အသင်း အတွက် ကိုပါ အမေရိက ဖလား ပြိုင်ပွဲ ပါဝင် ကစား ပေးခဲ့ ရာမှာ ကောင်းမွန် တဲ့ ခြေစွမ်း တွေနဲ့ အတူ ဂိုးတွေ ပါ သွင်းယူ ပေးနိုင် ခဲ့ပါ တယ် ။ သူဟာ ယူနိုက်တက် အတွက် လိဂ် ပွဲ အများဆုံး 77 ပွဲ ကစား ပေး နိုင်ခွင့် ရှိတဲ့ အထဲ မှ 31 ကြိမ်သာ ပွဲထွက် ကစားသမား အဖြစ် ပါဝင် ခွင့် ရရှိ ထားခဲ့ ပါတယ် ။

” ကျွန်တော် နိုင်ငံ့ အသင်း အတွက် ကစားပေး ခဲ့တဲ့ အချိန် တုန်းက ကျွန်တော် ပျော်ရွှင် ခဲ့တယ် လို့ ထင် ပါတယ် ။ ကျွန်တော် မန်ချက်စတာ ယူနိုက်တက် အသင်း မှာလည်း ပျော်ခဲ့ ပါတယ် ။ ဒါပေမယ့် ကျွန်တော့် သူငယ်ချင်း တွေကို ကျွန်တော် အမြဲတမ်း ပြောလေ့ ရှိတဲ့ စကား တစ်ခု ရှိခဲ့ ပါတယ် ၊ ကျွန်တော် ပွဲထွက် ကစား ချင်တယ် ဆိုတဲ့ အကြောင်း ပေါ့ ”

” အကယ်လို့ သူတို့ တွေသာ ကျွန်တော့် ကို ပွဲ ကစား ခွင့်တွေ များစွာ ပေးကြ မယ် ဆိုရင် ကျွန်တော် အကောင်းဆုံး လုပ်နိုင် ခဲ့မှာ ပါ ။ ဒီမှာ တော့ တစ်ခါတလေ ကျွန်တော် က မိနစ် 60 မျှသာ ကစား ရပြီး နောက် တစ်ပွဲ ကစား ခွင့် ရချင် မှ ရတာ လေ ။ ဘာဖြစ်လို့လဲ ဆိုတာ တော့ ကျွန်တော် မသိခဲ့ ပါဘူး ”

” ကျွန်တော့် ဟာ ကျွန်တော် ကိုပါ အမေရိက ပြိုင်ပွဲ မှာ ကောင်မွန်စွာ ကစားနိုင် ခဲ့တယ်လို့ ထင်မိ ပါတယ် ။ ဒါပေမယ့် ရာသီ ကြို ပွဲတွေ မှာ မပါဝင် ခဲ့တဲ့ နောက် ပွဲထွက် ကစား ခွင့် ရရှိ နိုင်ဖို့ ဆိုတာ နည်းပြ အပေါ် မှာ မူတည် သွားခဲ့ ပါတယ် ။ ဒါ့ကြောင့် ကစား ခွင့် ပေး ၊ မပေး ဆိုတဲ့ မေးခွန်း ကို သူ့ကို သာ မေးကြည့် သင့် ပါတယ် ၊ ကျွန်တော့် ကို မဟုတ် ပါဘူး ” လို့ ဆန်းချက် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar