Chelsea

* ခ်ယ္လ္ဆီး ယူ ၂၃ အသင္း ရဲ႕ အသင္း ေခါင္းေဆာင္ ခံစစ္မွဴး မာ့ခ္ ဂီြဟီ ဟာ မေန႕ကပဲ ခ်ယ္လ္ဆီး အသင္း နဲ႕ ၂၀၂၂ အထိ သက္တမ္း ရွိေစမယ့္ ၃ႏွစ္ စာခ်ဳပ္သစ္ ကို ခ်ဳပ္ဆို ႏိုင္ခဲ့ပါတယ္ ။ ခ်ယ္လ္ဆီး တီဗြီ နဲ႕ အင္တာဗ်ဴး မွာလည္း ဂီြဟီ က သူ႕ အေနနဲ႕ အခုလို စာခ်ဳပ္သစ္ ခ်ဳပ္ဆို ႏိုင္လိုက္တဲ့ အတြက္ ေနာက္ပိုင္း ခ်ယ္လ္ဆီး အသင္း ရဲ႕ ပြဲစဥ္ ေတြကို စိတ္ေျဖာင့္ေျဖာင့္ နဲ႕ ကစားေပး ႏိုင္ေတာ့မွာ ျဖစ္ေၾကာင္း ၊ ဒီႏွစ္ ေဘာလံုး ရာသီ မွာ ခ်ယ္လ္ဆီး လူငယ္ အသင္း ရဲ႕ အသင္း ေခါင္းေဆာင္ ျဖစ္လာရလို႕ ဂုဏ္ယူမိေၾကာင္း ၊ ဆက္လက္ျပီး အသင္း အတြက္ ေပးဆပ္ သြားမွာ ျဖစ္ေၾကာင္း ဖြင့္ဟ ခဲ့ပါတယ္ ။

* ခ်ယ္လ္ဆီး အသင္း ရဲ႕ အသက္ ၂၅ ႏွစ္ အရြယ္ ဘရာဇီး ေတာင္ပံ ကစားသမား လူးကပ္စ္ ပီယာဇြန္ ဟာ မေန႕က ဥေရာပ အေျပာင္းအေရႊ႕ ေနာက္ဆံုးရက္ မွာ ခ်ယ္လ္ဆီး အသင္း ကေန ေပၚတူဂီ ကလပ္ ရီယို အေဗး သို႕ တႏွစ္ အငွား နဲ႕ ေျပာင္းေရႊ႕ သြားခဲ့ျပီ ျဖစ္ပါတယ္ ။ ဒါ့အျပင္ ၄င္းဟာ အငွား နဲ႕ မေျပာင္းေရႊ႕မီ ခ်ယ္လ္ဆီး အသင္း နဲ႕ အတူ ေနာက္ထပ္ စာခ်ဳပ္ သက္တမ္း တႏွစ္ တိုးခဲ့တယ္ လို႕ သိရပါတယ္ ။ အခုလို အငွား ထြက္ခြာ သြားျပန္တဲ့ ပီယာဇြန္ ဟာ ခ်ယ္လ္ဆီး အသင္း မွာ ေရာက္ရွိ ေနတာ ၁၀စုႏွစ္ တစု ေလာက္ ရွိေနျပီ ျဖစ္ေပမယ့္ အငွား ထြက္ခြာလာတာေတာ့ ၆ သင္း အထိ ရွိလာျပီ ျဖစ္ပါတယ္ ။

* ျပီးခဲ့တဲ့ စေနေန႕ က ကစား သြားခဲ့တဲ့ ခ်ယ္လ္ဆီး အသင္း နဲ႕ တဖက္ ၂ဂိုးစီ သေရ က်ခဲ့တဲ့ ပြဲစဥ္ မွာ ရွက္ဖီးလ္ ယူႏိုက္တက္ အသင္း ရဲ႕ တိုက္စစ္မွဴး ေရာ္ဘင္ဆင္ ဟာ ပထမ ေခ်ပဂိုး ကို သြင္းယူ ေပးခဲ့ပါတယ္ ။ ပြဲျပီး အင္တာဗ်ဴး မွာေတာ့ ၄င္းက ခ်ယ္လ္ဆီး လို အသင္း ဖက္ကို ဂိုးသြင္းယူ ႏိုင္ခဲ့တဲ့ အျပင္ ပထမဆံုး ပရီးမီးယားလိဂ္ သြင္းဂိုး ကို ရရွိ ခဲ့တာေၾကာင့္ အေတာ္ေလး ေပ်ာ္ရႊင္ ခဲ့မိေၾကာင္း ၊ အမွတ္တရလည္း ျဖစ္ရေၾကာင္း ဖြင့္ဟ ေျပာၾကား ခဲ့ပါတယ္ ။

* ခ်ယ္လ္ဆီး နည္းျပ ဖရန္႕ လမ္းပတ္ ရဲ႕ အနာဂတ္ အစီအစဥ္ မွာ မပါဝင္ေသးတဲ့ ကေနဒီ ဟာလည္း မေန႕ကပဲ လာလီဂါ ကလပ္ ဂီတာေဖး အသင္း သို႕ တရာသီ အငွား နဲ႕ ေျပာင္းေရႊ႕ သြားခဲ့ျပီ ျဖစ္ပါတယ္ ။

* ခ်ယ္လ္ဆီး အသင္း နည္းျပ ဖရန္႕ လမ္းပတ္ ဟာ လက္ရွိ ညာေနာက္ခံ ေနရာ မွာ အမွား အရမ္း မ်ားေနတဲ့ အသင္း ေခါင္းေဆာင္ ဆီဆာ အက္ဇ္ပီလီကြီတာ ကို ႏိုင္ငံ လက္ေရြးစင္ ပြဲစဥ္ ေတြ ျပီးတာနဲ႕ အရန္ခံု ထိုင္ခိုင္းဖို႕ မ်ားေနျပီ လို႕ Daily Star က ေဖာ္ျပ ခဲ့ပါတယ္ ။ အက္ဇ္ပီလီကြီတာ ရဲ႕ ေနရာ မွာ ရိစ္ဂ်ိမ္းစ္ ကို လမ္းပတ္ က အစားထိုး ကစား ေစမယ္ လို႕လည္း ယင္း သတင္း က ေဖာ္ျပ ခဲ့ပါတယ္ ။

* ခ်ယ္လ္ဆီး အသင္း ရဲ႕ ဂါနာ လက္ေရြးစင္ ဘယ္ေနာက္ခံလူ ဘာဘာရာမန္ ဟာလည္း မေန႕ကပဲ လာလီဂါ ကလပ္ မာေယာ့ကာ အသင္း သို႕ တရာသီ အငွား နဲ႕ ေျပာင္းေရႊ႕ သြားခဲ့ျပီ ျဖစ္ေၾကာင္း သိရပါတယ္ ။ ဘာဘာရာမန္ ဟာ ျပီးခဲ့တဲ့ ရာသီ က ေရွာ္လ္ေကး မွာ ဒဏ္ရာေၾကာင့္ ရုန္းကန္ ခဲ့ရျပီး ကစားခြင့္ ေတြ ေပ်ာက္ဆံုး ခဲ့ကာ အခုအခါ မွာေတာ့ ခ်ယ္လ္ဆီး အသင္း နဲ႕ စာခ်ဳပ္ သက္တမ္း တႏွစ္ ထပ္တိုးျပီး အငွား ထြက္ခဲ့တာ ျဖစ္ပါတယ္ ။

* ခ်ယ္လ္ဆီး အသင္း ကေန မိုနာကို အသင္း သို႕ တရာသီ အငွား နဲ႕ ေျပာင္းေရႊ႕ သြားခဲ့တဲ့ ဘာကာယုိကို က အခုလို သူ႕ရဲ႕ အသင္းေဟာင္း သို႕ အငွား နဲ႕ ျပန္လာ ကစားခြင့္ ရတဲ့ အတြက္ အရမ္း ဝမ္းေျမာက္ မိေၾကာင္း ၊ တရာသီလံုး မွာ မိုနာကို အသင္း ျပန္လည္ ေတာင့္တင္း လာေစဖို႕ ကူညီ ေပးဖို႕ အသင့္ ျဖစ္ေနေၾကာင္း မိုနာကို အသင္း ရဲ႕ တရားဝင္ ဝက္ဘ္ဆိုက္ နဲ႕ အင္တာဗ်ဴး မွာ ဆိုခဲ့ပါတယ္ ။

* ခ်ယ္လ္ဆီး အသင္း ရဲ႕ ဆားဘီးယား လူငယ္ ကြင္းလယ္ တိုက္စစ္ ကစားသမား ဒန္နီလို ပန္တစ္ ဟာ ျပီးခဲ့တဲ့ တနဂၤေႏြ ေန႕ကပဲ ဟန္ေဂရီ ကလပ္ မိုလ္ဖီဟီဗာ အသင္း သို႕ တရာသီ အငွား နဲ႕ ေျပာင္းေရႊ႕ သြားခဲ့ပါတယ္ ။ ပန္တစ္ ဟာ ျပီးခဲ့တဲ့ ရာသီ က ပါတီဇန္ ဘဲလ္ဂရိတ္ အသင္း နဲ႕ ေျခစြမ္း ျပႏိုင္ခဲ့ေပမယ့္ လမ္းပတ္ ရဲ႕ အၾကိဳက္ ကစားသမား စာရင္း ထဲမွာေတာ့ မပါဝင္ ခဲ့ပါဘူး ။

* ခ်ယ္လ္ဆီး အသင္း ရဲ႕ ကြင္းလယ္လူ မတ္တီယုိ ကိုဗာဆစ္ ဟာ မေန႕က ခရိုေအးရွား လက္ေရြးစင္ အသင္း နဲ႕ အတူ ယူရို ၂၀၂၀ ေျခစစ္ ပြဲစဥ္ ေတြ အတြက္ ေလ့က်င့္ ျပင္ဆင္ ေနရင္း ဒဏ္ရာ ရရွိ ခဲ့တာေၾကာင့္ လက္ေရြးစင္ အသင္း ကေန ႏႈတ္ထြက္ကာ ခ်ယ္လ္ဆီး အသင္း ရဲ႕ ေကာ့ဘ္ဟမ္း ေလ့က်င့္ေရးကြင္း သို႕ ျပန္လာ ေနျပီ ျဖစ္ေၾကာင္း သိရပါတယ္ ။ ၄င္းရဲ႕ ဒဏ္ရာ အေျခအေန ကေတာ့ ဘယ္ေလာက္ ျပင္းထန္လဲ ဆိုတာေတာ့ မသိရေသးပါဘူး ။

* ျပီးခဲ့တဲ့ စေနေန႕ က ကစား သြားခဲ့တဲ့ ယူ ၁၈ ပရီးမီးယားလိဂ္ ပြဲစဥ္ တပြဲ မွာ ခ်ယ္လ္ဆီး ယူ ၁၈ အသင္း ဟာ အက္စတြန္ ဗီလာ ယူ ၁၈ အသင္း ကို တဂိုး ဂိုးမရွိနဲ႕ အႏိုင္ ရရွိ ခဲ့ပါတယ္ ။ ခ်ယ္လ္ဆီး လူငယ္ အသင္း အတြက္ တလံုးတည္းေသာ အႏိုင္ဂိုး ကို အာမန္ဒို ဘိုဂ်ာ က ပြဲခ်ိန္ ၁၈ မိနစ္ မွာ သြင္းယူ ေပးခဲ့ပါတယ္ ။

* ျပီးခဲ့တဲ့ ၂ရက္ အတြင္း ခ်ယ္လ္ဆီး အငွား ကစားသမားမ်ားရဲ႕ ေျခစြမ္းမ်ား
အိုင္ကီ အဂ္ဘို ( ရိုဒါေဂ်စီ ) ( ပြဲခ်ိန္ျပည့္ )
မာရီယို ပါဆယ္လစ္ ( အတၱလန္တာ ) ( ၆၃ မိနစ္ အထိ ပါဝင္ ) ( ဂိုးဖန္တီးမႈ တၾကိမ္ )
ေနသန္ ( အက္သလက္တီကို မင္နဲရိုး ) ( ၈၄ မိနစ္ မွာ လူစားဝင္ )
လူးဝစ္ ေဘကာ ( ဒူဆယ္ေဒါ့ဖ္ ) ( ပါဝင္ခြင့္မရ )

SPORTS MYANMAR

Unicode

အငှား ထွက်ခွာ သွားတဲ့ ကစားသမား တချို့ ၊ ခရိုအေးရှား လက်ရွေးစင် အသင်း လူစာရင်း ကနေ နုတ်ထွက်ခဲ့တဲ့ ကိုဗာဆစ် နဲ့ အခြား ချယ်လ်ဆီး သတင်းတိုများ

* ချယ်လ်ဆီး ယူ ၂၃ အသင်း ရဲ့ အသင်း ခေါင်းဆောင် ခံစစ်မှူး မာ့ခ် ဂွီဟီ ဟာ မနေ့ကပဲ ချယ်လ်ဆီး အသင်း နဲ့ ၂၀၂၂ အထိ သက်တမ်း ရှိစေမယ့် ၃နှစ် စာချုပ်သစ် ကို ချုပ်ဆို နိုင်ခဲ့ပါတယ် ။ ချယ်လ်ဆီး တီဗွီ နဲ့ အင်တာဗျူး မှာလည်း ဂွီဟီ က သူ့ အနေနဲ့ အခုလို စာချုပ်သစ် ချုပ်ဆို နိုင်လိုက်တဲ့ အတွက် နောက်ပိုင်း ချယ်လ်ဆီး အသင်း ရဲ့ ပွဲစဉ် တွေကို စိတ်ဖြောင့်ဖြောင့် နဲ့ ကစားပေး နိုင်တော့မှာ ဖြစ်ကြောင်း ၊ ဒီနှစ် ဘောလုံး ရာသီ မှာ ချယ်လ်ဆီး လူငယ် အသင်း ရဲ့ အသင်း ခေါင်းဆောင် ဖြစ်လာရလို့ ဂုဏ်ယူမိကြောင်း ၊ ဆက်လက်ပြီး အသင်း အတွက် ပေးဆပ် သွားမှာ ဖြစ်ကြောင်း ဖွင့်ဟ ခဲ့ပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ အသက် ၂၅ နှစ် အရွယ် ဘရာဇီး တောင်ပံ ကစားသမား လူးကပ်စ် ပီယာဇွန် ဟာ မနေ့က ဥရောပ အပြောင်းအရွှေ့ နောက်ဆုံးရက် မှာ ချယ်လ်ဆီး အသင်း ကနေ ပေါ်တူဂီ ကလပ် ရီယို အဗေး သို့ တနှစ် အငှား နဲ့ ပြောင်းရွှေ့ သွားခဲ့ပြီ ဖြစ်ပါတယ် ။ ဒါ့အပြင် ၄င်းဟာ အငှား နဲ့ မပြောင်းရွှေ့မီ ချယ်လ်ဆီး အသင်း နဲ့ အတူ နောက်ထပ် စာချုပ် သက်တမ်း တနှစ် တိုးခဲ့တယ် လို့ သိရပါတယ် ။ အခုလို အငှား ထွက်ခွာ သွားပြန်တဲ့ ပီယာဇွန် ဟာ ချယ်လ်ဆီး အသင်း မှာ ရောက်ရှိ နေတာ ၁၀စုနှစ် တစု လောက် ရှိနေပြီ ဖြစ်ပေမယ့် အငှား ထွက်ခွာလာတာတော့ ၆ သင်း အထိ ရှိလာပြီ ဖြစ်ပါတယ် ။

* ပြီးခဲ့တဲ့ စနေနေ့ က ကစား သွားခဲ့တဲ့ ချယ်လ်ဆီး အသင်း နဲ့ တဖက် ၂ဂိုးစီ သရေ ကျခဲ့တဲ့ ပွဲစဉ် မှာ ရှက်ဖီးလ် ယူနိုက်တက် အသင်း ရဲ့ တိုက်စစ်မှူး ရော်ဘင်ဆင် ဟာ ပထမ ချေပဂိုး ကို သွင်းယူ ပေးခဲ့ပါတယ် ။ ပွဲပြီး အင်တာဗျူး မှာတော့ ၄င်းက ချယ်လ်ဆီး လို အသင်း ဖက်ကို ဂိုးသွင်းယူ နိုင်ခဲ့တဲ့ အပြင် ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုး ကို ရရှိ ခဲ့တာကြောင့် အတော်လေး ပျော်ရွှင် ခဲ့မိကြောင်း ၊ အမှတ်တရလည်း ဖြစ်ရကြောင်း ဖွင့်ဟ ပြောကြား ခဲ့ပါတယ် ။

* ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် ရဲ့ အနာဂတ် အစီအစဉ် မှာ မပါဝင်သေးတဲ့ ကနေဒီ ဟာလည်း မနေ့ကပဲ လာလီဂါ ကလပ် ဂီတာဖေး အသင်း သို့ တရာသီ အငှား နဲ့ ပြောင်းရွှေ့ သွားခဲ့ပြီ ဖြစ်ပါတယ် ။

* ချယ်လ်ဆီး အသင်း နည်းပြ ဖရန့် လမ်းပတ် ဟာ လက်ရှိ ညာနောက်ခံ နေရာ မှာ အမှား အရမ်း များနေတဲ့ အသင်း ခေါင်းဆောင် ဆီဆာ အက်ဇ်ပီလီကွီတာ ကို နိုင်ငံ လက်ရွေးစင် ပွဲစဉ် တွေ ပြီးတာနဲ့ အရန်ခုံ ထိုင်ခိုင်းဖို့ များနေပြီ လို့ Daily Star က ဖော်ပြ ခဲ့ပါတယ် ။ အက်ဇ်ပီလီကွီတာ ရဲ့ နေရာ မှာ ရိစ်ဂျိမ်းစ် ကို လမ်းပတ် က အစားထိုး ကစား စေမယ် လို့လည်း ယင်း သတင်း က ဖော်ပြ ခဲ့ပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ ဂါနာ လက်ရွေးစင် ဘယ်နောက်ခံလူ ဘာဘာရာမန် ဟာလည်း မနေ့ကပဲ လာလီဂါ ကလပ် မာယော့ကာ အသင်း သို့ တရာသီ အငှား နဲ့ ပြောင်းရွှေ့ သွားခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ် ။ ဘာဘာရာမန် ဟာ ပြီးခဲ့တဲ့ ရာသီ က ရှော်လ်ကေး မှာ ဒဏ်ရာကြောင့် ရုန်းကန် ခဲ့ရပြီး ကစားခွင့် တွေ ပျောက်ဆုံး ခဲ့ကာ အခုအခါ မှာတော့ ချယ်လ်ဆီး အသင်း နဲ့ စာချုပ် သက်တမ်း တနှစ် ထပ်တိုးပြီး အငှား ထွက်ခဲ့တာ ဖြစ်ပါတယ် ။

* ချယ်လ်ဆီး အသင်း ကနေ မိုနာကို အသင်း သို့ တရာသီ အငှား နဲ့ ပြောင်းရွှေ့ သွားခဲ့တဲ့ ဘာကာယိုကို က အခုလို သူ့ရဲ့ အသင်းဟောင်း သို့ အငှား နဲ့ ပြန်လာ ကစားခွင့် ရတဲ့ အတွက် အရမ်း ဝမ်းမြောက် မိကြောင်း ၊ တရာသီလုံး မှာ မိုနာကို အသင်း ပြန်လည် တောင့်တင်း လာစေဖို့ ကူညီ ပေးဖို့ အသင့် ဖြစ်နေကြောင်း မိုနာကို အသင်း ရဲ့ တရားဝင် ဝက်ဘ်ဆိုက် နဲ့ အင်တာဗျူး မှာ ဆိုခဲ့ပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ ဆားဘီးယား လူငယ် ကွင်းလယ် တိုက်စစ် ကစားသမား ဒန်နီလို ပန်တစ် ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့ကပဲ ဟန်ဂေရီ ကလပ် မိုလ်ဖီဟီဗာ အသင်း သို့ တရာသီ အငှား နဲ့ ပြောင်းရွှေ့ သွားခဲ့ပါတယ် ။ ပန်တစ် ဟာ ပြီးခဲ့တဲ့ ရာသီ က ပါတီဇန် ဘဲလ်ဂရိတ် အသင်း နဲ့ ခြေစွမ်း ပြနိုင်ခဲ့ပေမယ့် လမ်းပတ် ရဲ့ အကြိုက် ကစားသမား စာရင်း ထဲမှာတော့ မပါဝင် ခဲ့ပါဘူး ။

* ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ်လူ မတ်တီယို ကိုဗာဆစ် ဟာ မနေ့က ခရိုအေးရှား လက်ရွေးစင် အသင်း နဲ့ အတူ ယူရို ၂၀၂၀ ခြေစစ် ပွဲစဉ် တွေ အတွက် လေ့ကျင့် ပြင်ဆင် နေရင်း ဒဏ်ရာ ရရှိ ခဲ့တာကြောင့် လက်ရွေးစင် အသင်း ကနေ နှုတ်ထွက်ကာ ချယ်လ်ဆီး အသင်း ရဲ့ ကော့ဘ်ဟမ်း လေ့ကျင့်ရေးကွင်း သို့ ပြန်လာ နေပြီ ဖြစ်ကြောင်း သိရပါတယ် ။ ၄င်းရဲ့ ဒဏ်ရာ အခြေအနေ ကတော့ ဘယ်လောက် ပြင်းထန်လဲ ဆိုတာတော့ မသိရသေးပါဘူး ။

* ပြီးခဲ့တဲ့ စနေနေ့ က ကစား သွားခဲ့တဲ့ ယူ ၁၈ ပရီးမီးယားလိဂ် ပွဲစဉ် တပွဲ မှာ ချယ်လ်ဆီး ယူ ၁၈ အသင်း ဟာ အက်စတွန် ဗီလာ ယူ ၁၈ အသင်း ကို တဂိုး ဂိုးမရှိနဲ့ အနိုင် ရရှိ ခဲ့ပါတယ် ။ ချယ်လ်ဆီး လူငယ် အသင်း အတွက် တလုံးတည်းသော အနိုင်ဂိုး ကို အာမန်ဒို ဘိုဂျာ က ပွဲချိန် ၁၈ မိနစ် မှာ သွင်းယူ ပေးခဲ့ပါတယ် ။

* ပြီးခဲ့တဲ့ ၂ရက် အတွင်း ချယ်လ်ဆီး အငှား ကစားသမားများရဲ့ ခြေစွမ်းများ
အိုင်ကီ အဂ်ဘို ( ရိုဒါဂျေစီ ) ( ပွဲချိန်ပြည့် )
မာရီယို ပါဆယ်လစ် ( အတ္တလန်တာ ) ( ၆၃ မိနစ် အထိ ပါဝင် ) ( ဂိုးဖန်တီးမှု တကြိမ် )
နေသန် ( အက်သလက်တီကို မင်နဲရိုး ) ( ၈၄ မိနစ် မှာ လူစားဝင် )
လူးဝစ် ဘေကာ ( ဒူဆယ်ဒေါ့ဖ် ) ( ပါဝင်ခွင့်မရ )

SPORTS MYANMAR