အာဆင်​နယ်​ ​နောက်​ခံလူ​ဟောင်း မာတင်​ပီအွန်​က ယာဂန်​က​လော့ ရဲ့ လီ​ဗာပူး အသင်းဟာ ကာလရှည်​ ​စောင့်​ဆိုင်း​နေရတဲ့ ပရီးမီးယားလိဂ် အမှတ်​​ပေးဖလားကို ရာသီကုန်​မှာ သိမ်းပိုက်​ နိုင်​လိမ့်​မယ်​လို့ ​ထောက်​ခံ သွားခဲ့ပါတယ်​။ ယာဂန်​က​လော့ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ဆုဖလား အတွက်​ ပွဲစဉ်​ ၃၈ အထိ မန်​ချက်​စတာစီးတီး နဲ့ အပြိုင်​ ချန်​ပီယံအတွက်​ ကြိုးစား နိုင်​ခဲ့တာ​ ဖြစ်​ပြီး ​နောက်​ဆုံးမှာ​တော့ ပက်​ဂွာဒီယိုလာရဲ့ အသင်းဟာ ရမှတ်​ ၁ မှတ်​အသာ နဲ့ ချန်​ပီယံ ဖြစ်​ခဲ့တာ ဖြစ်​ပါတယ်​။

သို့​ပေမယ့်​လည်း ဂန်းနား ကြယ်​ပွင့်​​ဟောင်း ကီအွန်​က လက်​ရှိ ဥ​ရောပချန်​ပီယံ လီ​ဗာပူး အသင်းဟာ လွန်​ခဲ့တဲ့ ၁၉၉၀ ခုနှစ်​​နောက်​ပိုင်း ပထမဦးဆုံး အကြိမ်​ အမှတ်​ပေးဖလားကို သိမ်းပိုက်​ နိုင်​လိမ့်​မယ်​လို့ ​ယုံကြည်​ ​နေပါတယ်​။ ဒါ့အပြင်​ ကီအွန်​က သူ့ရဲ့ အသင်း​ဟောင်း အာဆင်​နယ်​ အသင်းဟာ ဒီရာသီ မှာ​တော့ Top ထဲကို ပြန်​ဝင်​ကာ ချန်​ပီယံလိဂ်​ ပြိုင်​ပွဲ ကစားခွင့်​ ရလိမ့်​မယ်​လို့ ​ထောက်​ခံ လိုက်​ပါတယ်​။

ကီအွန်​က “ကျွန်​​တော်​ဟာ လီ​ဗာပူး အသင်းကို ရာသီကြို ခန့်​မှန်းမှုမှာ ကတည်းက ချန်​ပီယံ ဖြစ်​ဖို့ ​ထောက်​ခံ ခဲ့တဲ့ သူပါ။ အဲဒီ​နောက်​ မန်​စီးတီး ၊ ​​တော့တင်​ဟမ်​ နဲ့ အာဆင်​နယ်​ တို့ Top 4 ထဲ ပါကြမှာပါ။ ကျွန်​​တော်​ ဒီခန့်​မှန်းမှုကို ဆုပ်​ကိုင်​ ထားဆဲပါ။ ဒါ​ပေမယ့်​ နံပါတ်​ 4 ​နေရာ အတွက်​ က​တော့ လမ်း​ကြောင်း​တွေ ပွင့်​​နေပါတယ်​။ ဘယ်​အသင်းမဆို ဒီ​နေရာကို ရယူ နိုင်​စွမ်း ရှိပါတယ်​။ ယူနိုက်​တက်​ ဟာ ရယ်​စရာ ​ကောင်း​လောက်​​အောင်​ကို ရမှတ်​​တွေ ဆုံးရှူံး ​နေပါတယ်​။

ဝုဖ်​နဲ့ အ​ဝေးကွင်းမှာ သွား​ရောက်​ ကစားရတဲ့ ပွဲစဉ်​မှာ သူတို့ အနိုင်​ ရခဲ့သင့်​ပြီး ခရစ်​စတယ်​ပဲ​လေ့စ်​ ကို အိမ်​ကွင်းမှာ ၂ဂိုး ၁ဂိုးနဲ့ ရှုံးနိမ့်​ ခဲ့တဲ့ ပွဲစဉ်​ ၊ ​ဆောင်​သမ်​တန်​ နဲ့ ​အ​ဝေးကွင်းမှာ သ​ရေကျ ခဲ့တဲ့ ပွဲစဉ်​​တွေမှာ ရမှတ်​​တွေ လုံးဝ မဆုံးရှုံး သင့်​ပါဘူး။” လို့ ဆိုလိုက်​ပါတယ်​။

မန်​ယူနိုက်​ကလည်း အဖွင့်​ပွဲစဉ်​မှာ ရလဒ်​ အရမ်း​ကောင်းခဲ့​ ​ပေမယ့်​လည်း အဆိုပါ ပွဲ​နောက်​ပိုင်း ရလဒ်​​တွေ မ​ကောင်းခဲ့သလို ဖရန့်​လမ်းပတ်​ ကလည်း ချဲလ်​ဆီး အသင်းကို ဒီရာသီမှာ နိုင်​ပွဲတစ်​ပွဲသာ ရယူ ​ပေးနိုင်​ခဲ့ပါတယ်​။

ကီအွန်​က “ချဲလ်​ဆီးဟာ အကျပ်​အတည်း ကာလတစ်​ခုကို ဖြတ်​​ကျော်​​နေတာ ဖြစ်​ပြီး လမ်းပတ်​ကို အပြည့်​အဝ ​ထောက်​ခံဖို့ လိုအပ်​ပါတယ်​။ လမ်းပတ်​စာ လူငယ်​ကစားသမား​တွေ ဆီက​နေ အ​ကောင်းဆုံး အရည်​အ​သွေး ထုတ်​ယူ နိုင်​စွမ်းရှိတယ်​ ဆိုတာကို သက်​​သေပြထားပါတယ်​။ လမ်းပတ်​ရဲ့ ကိစ္စမှာ​တော့ ချဲလ်​ဆီး အသင်း အ​နေနဲ့ ​နောက်​ထပ်​ နည်းပြ​ကောင်း တစ်​ဦး မ​တွေ့​သေးမီ ဒါမှမဟုတ်​ ကစားသမားသစ်​​တွေ မဝယ်​ယူ နိုင်​မီ သူ့ကို ထိုင်​ခုံ​ပူ​အောင်​ မလုပ်​သင့်​ ပါဘူး။

အိုလီဂန်​နာ ဆိုးရှား က​တော့ ရလဒ်​​ကောင်း​တွေ အမြန်​ဆုံး ရယူ နိုင်​ဖို့်အတွက်​ လိုအပ်​ပါတယ်​။ လက်​ရှိ အ​နေအထားကို ကြည့်​ရ​သ​လောက်​ သူရုန်းကန်​ ​နေရတယ်​လို့ ကျွန်​​တော်​ ခံစားမိပါတယ်​။ ​နောက်​ဆုံး ကစားခဲ့တဲ့ ပွဲစဉ်​ ၁၀ ပွဲမှာ နိုင်​ပွဲ တစ်​ပွဲသာ ရထားတာက​တော့ လုံ​လောက်​တဲ့ ​ကောင်းမွန်​မှု မရှိပါဘူး။ ဆိုးရှားနဲ့ လက်​ရှိမှာ ကစားသမား ​ခေါ်ယူခွင့်​ ပိတ်​ပင်​တားဆီး ခံထားရတဲ့ လမ်းပတ်​..ဒီနှစ်​ဦးဟာ အသင်းမှာ စိတ်​ကြိုက်​ လုပ်​​ဆောင်​ခွင့်​ မရှိဘဲ အလုပ်​လုပ်​ ​နေရတဲ့ လူငယ်​ နည်းပြ​တွေပါ။” လို့ ဆိုလိုက်​ပါတယ်​။

ဒီရာသီ ပရီးမီးယားလိဂ် ဆုဖလား အတွက်​က​တော့ ပြီးခဲ့တဲ့ရာသီကလိုပဲ လီ​ဗာပူး နဲ့ မန်​စီးတီး တို့ အဓိက အားပြိုင်​သွားရမယ့်​ အ​နေအထား ဖြစ်​​နေကာ ယာဂန်​က​လော့ ရဲ့ အသင်းဟာ ရာသီအစ ​လေးပွဲစလုံး အနိုင်​ရထား ခဲ့သလို ပက်​ဂွာဒီယိုလာရဲ့ အသင်းကလည်း စပါးနဲ့သ​ရေ ကျခဲ့တဲ့ ပွဲကလွဲပြီး ကျန်​ပွဲအားလုံးကို ဂိုးပြတ်​ အနိုင်​ရရှိ ထားခဲ့ပါတယ်​။ Top 6 အသင်း​တွေမှာ​တော့ အာဆင်​နယ်​ က ရမှတ်​ ၇မှတ်​နဲ့ အ​ဆင့်​ငါး ၊ ယူနိုက်​တက်​နဲ့ ​တော့တင်​ဟမ်​ တို့က ရမှတ်​ ၅မှတ်​စီနဲ့ အဆင့်​ ၈ ၉ ၊ ချဲလ်​ဆီး ကလည်း ရမှတ်​ ၅မှတ်​နဲ့ အဆင့်​ ၁၁ ​နေရာ​တွေမှာ ရပ်​တည်​ ​နေကြပါတယ်​။

SM