မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီနေ့ နံနက် PSG အသင်း နဲ့ ကစား ခဲ့ ရတဲ့ ချန်ပီယံ လိဂ် 16 သင်း ရှုံးထွက် အဆင့် ရဲ့ ဒု အကျော့ မှာ 1 – 3 ဆိုတဲ့ နိုင်ပွဲ ရယူ ခဲ့ပြီး နောက် နှစ်ကျော့ ပေါင်း 3 – 3 ဆိုတဲ့ သရေ ရလဒ် ၊ အဝေး ဂိုး စည်းမျဉ်း နဲ့ အတူ ကွာတား ဖိုင်နယ် ကို တက်ရောက် သွားနိုင် ခဲ့ ပါပြီ ။

နောက် တစ်ဆင့် ကို တက်ရောက် ဖို့ အတော် လေး ခက်ခဲ သွား ခဲ့တဲ့ အချိန် ရှိတဲ့ လူ အင်အား နဲ့ အနိုင် တိုက်ပြီး ဒီလို ရလဒ် ယူဆောင် ပေးနိုင် ခဲ့တဲ့ ဆိုးလ်ရှား ဟာ ဂုဏ်ထူး မှတ် နဲ့ ထိုက်တန် သူ ဖြစ်ခဲ့ သလို အမြဲတမ်း နည်းပြ ရာထူး အတွက် လုံးဝ ထိုက်တန် သူ ဖြစ်ကြောင်း ထောက်ခံချက် တွေ နေရာ အနှံ့ မှ ရရှိ နေ ပါပြီ ။

အဆိုပါ ပွဲစဉ် အပြီး ယူနိုက်တက် နည်းပြ ဆိုးလ်ရှား နဲ့ BT Sport မှ သတင်း တင်ဆက် သူ ဒက်စ် ကယ်လီ တို့ရဲ့ အမေး အဖြေ ကဏ္ဍ ၊ ဆွေးနွေး မှု တွေကို တင်ပြ ပေးလိုက် ပါတယ် ။

DK : အိုလီ ရေ ၊ ဂုဏ်ယူ ပါတယ် ကွား ၊ ခင်ဗျား က ချန်ပီယံ လိဂ် ပြိုင်ပွဲ မှာ နောက်ကျ နိုင်ပွဲ တွေ ယူရတာ သိပ် နှစ်သက် တာပဲ နော် ။ ဒီည ကတော့ မယုံကြည် နိုင်ဖွယ် ပါပဲ ။

OGS : ဟုတ်တယ်ဗျာ ။ တစ်ကယ့် ကို ထူးခြား လှ ပါတယ် ။ ကောင်လေး တွေ ကျွန်တော် တို့ မျှော်လင့် ထားခဲ့ ကြတဲ့ ယုံကြည် မှုတွေ ပြသ နိုင်ခဲ့ ကြတယ် ။ ဒါဟာ တစ်ကယ့် ကို ခမ်းနား လှ ပါတယ် ။ ကျွန်တော် တို့ အဖွင့်ဂိုး ရယူ နိုင်ဖို့ ပြောပြီး လာခဲ့ ကြ တာပါ ။ ဒါပေမဲ့ 2 မိနစ် အတွင်း ရ လိမ့်မယ် လို့ မမျှော်လင့် ခဲ့တာ အမှန် ပါပဲ ။ ဒါပေမဲ့ အဲ့တာ က ကျွန်တော် တို့ အတွက် ပို ပြီး ကစား ရ ကောင်းမွန် သွား စေခဲ့ ပါတယ် ။ ကျွန်တော် တို့ ဒီ နေ့ ပွဲစဉ် မှာ ဂိုးတွေ အများကြီး ရယူ လိုခဲ့ ကြ ပါတယ် ။

DK : မားကပ်စ် ပင်နယ်တီ ကန်မဲ့ အခိုက်အတန့် တုန်းက ပေါ့ ။ သူ မှန်ကန် တဲ့ ဆုံးဖြတ်ချက် ချမှတ် နိုင် လိမ့်မယ် လို့ ခင်ဗျား ထင်နေ ခဲ့လား ? သံသယ ဖြစ်မိ ခဲ့ သလား ?

OGS : ဟုတ်တာပေါ့ ၊ သိပ် သေချာ လှ ပါတယ် ။ သံသယ ဆိုတာ အမြဲ ရှိနေ တဲ့ အရာ တစ်ခု ပါ ။ ကျွန်တော် မိုလ်ဒီ ကို ကိုင်တွယ် ပြီး ချန်ပီယံ လိဂ် ကစား ခဲ့ တုန်းက ဘေဆယ် အသင်း ဖက်ကို နောက်ဆုံး မိနစ် ပင်နယ်တီ ကန်သွင်း ခွင့် ရရှိ ခဲ့ဖူး ပါတယ် ။ ကျွန်တော့် ကောင်လေး ပင်နယ်တီ လွဲခဲ့ ပြီး ကျွန်တော် တို့ ပြိုင်ပွဲ က ထွက်ခဲ့ ရ ဖူးတယ် လေ ။

ဒါ့ကြောင့် ကျွန်တော် တစ်ကယ် ပဲ သံသယ ဖြစ်ခဲ့ ပါတယ် ။ ကျွန်တော် တို့ အသင်း မှာ ပင်နယ်တီ ပုံမှန် ကန်တဲ့ သူဟာ ပေါ့ဂ်ဘာ လေ ။ ရပ်ရှ်ဖို့ က အခု မှ 21 နှစ်ပဲ ရှိနေ ပါ သေးတယ် ။ ဖိအားတွေ အများ ကြီး ခံစား ခဲ့ ရမှာ ပေါ့ ။ ဒါပေမဲ့ သူဟာ စိတ် လှုပ်ရှား မနေ ခဲ့ ပါဘူး ။ သူဟာ အကြောက်အရွံ့ မဲ့ခဲ့ ပါတယ် ။ ဒီည တော့ သူနဲ့ ရွမ် တို့ဟာ ထူးခြား ခဲ့ကြ ပါတယ် ။

DK : ခင်ဗျား ကို ဘယ်သူ မှ ဒီ နေရာ အထိ ရောက်ရှိ လာနိုင် လိမ့်မယ် ဆိုပြီး ထင်ကြေး မပေးခဲ့ ကြဘူး ။ ခင်ဗျား ဟာ ကစား သမား 10 ယောက် ဒဏ်ရာ ရရှိ နေခဲ့ ပေမဲ့ ဒါကို လုပ်ပြ နိုင်ခဲ့ တယ်နော် ။

OGS : ချန်ပီယံ လိဂ် မှာတော့ ဒါတွေ ထည့်ပြော နေလို့ မဖြစ် ပါဘူး ။ မနေ့ ညက ရီးယဲ မက်ဒရစ် နဲ့ အေဂျက် ပွဲ အကြောင်း သိခဲ့ ရမှာ ပေါ့ ။ ကျွန်တော် တို့ အသင်း မှာ လည်း အဲ့ဒီ အကြောင်း ကိုပဲ ပြောကြား နေခဲ့ ကြတာ ပါ ။ သူတို့ အသင်း ဟာ လည်း ပြိုင်ပွဲ မတိုင်မီ ဒီလို အကြောင်း အရာ တွေ ပြောခဲ့ ကြမှာ သေချာ တာ ပေါ့ဗျာ ။

ပြီးခဲ့တဲ့ နှစ် တုန်းက တော့ ရီးယဲ မက်ဒရစ် နဲ့ ဂျူဗင်တပ် တို့ ဖြစ်ခဲ့ ကြ သလို ပေါ့ဗျာ ။ အဲ့ဒီ မတိုင်ခင် PSG နဲ့ ဘာစီလိုနာ ပွဲမှာ လည်း အလားတူ ဖြစ်ခဲ့ ပါ သေးတယ် ။ ဒါ့ကြောင့် ဖြစ်နိုင် ခြေ ရှိတယ် ဆိုတာ ကျွန်တော် တို့ အားလုံး သိရှိ နေခဲ့ ကြ ပါတယ် ။ ဒီ အသင်း မှာတော့ အဲ့တာ ဟာ ကျွန်တော် တို့ အမြဲ လို လုပ် ဆောင် ပြခဲ့ ကြတဲ့ အရာ တွေပါ ။ ဒါဟာ မန်ချက်စတာ ယူနိုက်တက် ပဲလေ ။

DK : PSG ဟာ အရင် တုန်းက အခုလို ခံစား ခဲ့ဖူး ပါတယ် ။ သူတို့ ကို ဒါက ခြောက်လှန့် နေ လိမ့်မယ် ၊ သူတို့ အတွက် ခက်ခဲ စေ လိမ့်မယ် ဆိုတဲ့ အတွေး မျိုး ခင်ဗျား ခံစား မိ ၊ တွေးမိ ခဲ့ သေးလား ?

OGS : စိတ်ပိုင်း ဆိုင်ရာ နဲ့ ပတ်သက် လို့ သံသယ ဖြစ် စရာ တွေ အများကြီး ရှိ ပါတယ် ။ ဒါပေမဲ့ သူတို့ အသင်း မှာ အတွေ့ အကြုံ ရှိတဲ့ ကစားသမား တွေ ရှိနေ ခဲ့ ပါပြီ ။ ကျွန်တော် တို့ ဖက်မှာ တော့ အခြား နည်းလမ်း ရှိခဲ့ ပါတယ် ။ ကျွန်တော် တို့ နောက်ဆုံး မိနစ် မှာ အနိုင် ရရှိ ခဲ့ ကြတယ် လေ ။ ကျွန်တော် တို့ အသင်း မှာ ငယ်ရွယ် ပြီး ခွန်အား ရှိသူ တွေ ပါဝင် ကြ ပါတယ် ။ ဒီနေ့ ပွဲမှာ တစ်ယောက် ဆိုရင် ဝင်လာ ပြီး ကျွန်တော် တို့ လိုအပ် တဲ့ အချိန် မှာ တစ်ကယ့် ကို ကောင်းမွန် အောင် ကစား ရင်း အသင်း ကို အင်အား ဖြည့်ပေး နိုင်ခဲ့ ပါ သေးတယ် ။

DK : VAR ကြည့်တဲ့ အချိန် မှာရော ၊ ခင်ဗျား စိတ်ထဲ ဘယ်လို ဖြစ်ခဲ့ သလဲ ဆိုတာ ပုံဖော် ကြည့်နေ ခဲ့သေး သလား ?

OGS : နိုး ၊ ကျွန်တော် ဘယ်သူ့ ကိုမှ တည်ငြိမ် မှု မပျက်ပြား စေချင် ခဲ့ ပါဘူး ။ ဒိုင်လူ ကြီး ဆီမှာ ကြီးမား တဲ့ ဆုံးဖြတ် ချက် ချမှတ် ခွင့် ရှိနေ တာလေ ။ ဒါပေမဲ့ ကျွန်တော့် ရဲ့ ဝန်ထမ်း တစ်ယောက် က သူ့ဟာ သူ ကြည့်ခဲ့ ပြီး ဒါ ပင်နယ်တီ သေချာ ပါတယ် လို့ ကျွန်တော့် ကို ပြောခဲ့ ပါ သေးတယ် ။

DK : အဝတ်လဲခန်း ထဲမှာ ဆာ အဲလပ်စ် ရှိနေ ခဲ့တယ် နော် ။ သူနဲ့ ရော ဒါတွေ ပြီးတော့ စကား ပြောတာ လေးတွေ ရှိခဲ့ သေးလား ?

OGS : ကျွန်တော် တို့ အခု အချိန် စကား ပြောလို့ မရနိုင် သေးဘူး လေ ။ ဒီမှာ အရမ်း ကို ဆူငြံ နေလို့ ပါတယ် ။ နေရာ တိုင်း မှာ ပရိသတ် တွေရဲ့ အသံချည်း ပါပဲ ။ ကျွန်တော့် အတွက်တော့ ဘော့စ် ( ဆာ အဲလပ်စ် ) ကို ဒီမှာ မြင်တွေ့ ရတာ ဟာ တစ်ကယ့် ကို ခမ်းနား လှ ပါတယ် ။

DK : သူတို့ ခင်ဗျား ကို အလုပ် အခု ပေးလိမ့် မလား ? ခင်ဗျား အခု ပဲ စာချုပ် ပေါ် လက်မှတ် ရေးထိုး ရ နိုင်လား ?

OGS : No, no, no, no, နွေ ရာသီ မတိုင်ခင် အထိ no ပါပဲ ။ ဘာဖြစ် မလဲ ကျွန်တော် တို့ စောင့်ကြည့် ကြ ရတာ ပေါ့ဗျာ ။

ပရိသတ် တွေ ကတော့ နွေ အထိ စောင့်ဖို့ မလိုတော့ဘူး လို့ တွေးနေ ကြပြီ ဆိုးလ်ရှားရေ …

Unicode

Amazing Comeback အပြီး အမေးအဖြေ ကဏ္ဍမှ ဆိုးလ်ရှားရဲ့ ပြောစကားများ

=================