ဥရောပ ဘောလုံး လိဂ်တွေ အစုံ အလင် ပြန်စလာ ခဲ့တာ ဒုတိယ အပတ် ရှိခဲ့ ပါပြီ ။ အင်္ဂလန် ကတော့ ၄ ပတ် မြောက် ဖြစ်ခဲ့ပြီး လီဗာပူးက ရာနှုန်းပြည့် နိုင်ပွဲ နဲ့ ထိပ်ဆုံး ကနေ ဦးဆောင် လျက် ရှိခဲ့ ပါတယ် ။ ဒီ အပတ် မှာတော့ အသင်းကြီး တွေ သရေ ပွဲ များခဲ့ ပြီး ဒီအထဲ မှာ မှ ၂ – ၂ ရလဒ် ဟာ တိုက်တိုက် ဆိုင်ဆိုင် ဖြစ်အောင် များ ခဲ့ ပါတယ် ။

အင်္ဂလန် ပရီးမီး ယားလိဂ် မှာတော့ မန်ချက် စတာ ယူနိုက်တက် နဲ့ ချဲလ်ဆီး တို့ ဟာ ပြိုင်ဘက် မဖြစ်သင့်တဲ့ ပြိုင်ဘက် တွေ ကို သရေ ကျအောင် ကစားခဲ့ ပြီး ကိုယ် စီ အမှတ်တွေ လျော့ခဲ့ ကြပါတယ် ။ အာဆင်နယ် နဲ့ စပါး ရဲ့ လန်ဒန် ဒါဘီ ကတော့ အကျိတ် အနယ် ၊ အပြန် အလှန် သွင်းဂိုးတွေ နဲ့ သရေ ကျခဲ့ကြ ပါတယ် ။ စပိန် မှာလည်း ဘာစီလိုနာ နဲ့ ရီးရဲ မက်ဒရစ် တို့ အားကျ မခံ ၂ – ၂ ရလဒ် တွေ နဲ့ သရေ ကျခဲ့ကြ ပါတယ် ။ ဒီ အခွင့် အရေး ကို အကောင်းဆုံး အသုံးချခဲ့ သူကတော့ အသက်လက်တီကို မက်ဒရစ် ပါပဲ ။

လီဗာပူး နဲ့ မန်စီးတီး တို့ရဲ့ ပွဲစဉ် တွေ ကနေ စလိုက် ကြရ အောင် မနှစ် တုန်းက ချန်ပီယံလိဂ် ရခဲ့တာ ဟာ ကံ ကောင်းလို့ မဟုတ်ဘူး ဆိုတာကို လီဗာပူး ရဲ့ ဒီရာသီ ခြေစွမ်းက သက်သေ ပြနေခဲ့ ပါတယ် ။ ဂိုးပေးရတဲ့ ပွဲတွေ ရှိခဲ့ ပေမယ့် တိုက်စစ်က ပေးဂိုးတွေထက် သာလွန်အောင် စွမ်းဆောင်ပေးနိုင် ခဲ့ ပါတယ် ။ ဘန်လေ နဲ့ ပွဲ မှာတော့ ပွဲချိန် ကြာလာလေလေ ၊ လီဗာပူး ရဲ့ တိုက်စစ် ကို ဘန်လေတို့ တောင့်ခံ မနိုင်လေလေ ဖြစ်ခဲ့ရ ပါတယ်

ပွဲရလဒ် ထက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းခဲ့တာ ကတော့ ဆာလာ ရဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့် အသင်းဖော် မာနေး ဒေါသထွက် ပေါက်ကွဲခဲ့တဲ့ ဖြစ်ရပ် ပါပဲ ။ ဒါက ကစား သမားတွေ အကြားမှာ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ ကိစ္စမျိုးပါ ။ မီဒီယာတွေ ဘက်က ဘယ်လောက်ပဲ ဇာချဲ့နေ ပါစေ ၊ သူတို့ ၂ ယောက် နောက်တစ်ပွဲ မှာ ပြန်အဆင်ပြေပြီး အပြန် အလှန် ဖန်တီးပေး ကြလိမ့်မယ် ဆိုတာ ယုံမှားသံသယ ဖြစ်စရာ မရှိ ပါဘူး ။

မန်ချက်စတာ စီးတီး ကလည်း လီဗာပူး နဲ့ အပြိုင် အမှားမခံ တဲ့ ခရီးတွေ ကို လျောက်လှမ်း နေပါတယ် ။ သူတို့ ၂ သင်းရဲ့ ကစားပုံ အရ ဒီရာသီမှာ လည်း ပရီးမီးယားလိဂ် ဟာ မြင်း ၂ ကောင်တည်း ပြေးတဲ့ လိဂ် ဖြစ်နေ ဦးမှာ သေချာ ပါတယ် ။ ဆာဂျီယို အဂွေရို ကတော့ အသက် အရွယ် နဲ့ သွင်းဂိုးတွေ ပြောင်းပြန် အချိုးကျ မနေ သေးပါဘူး ။ အခုထိ သွင်းလို့ ကောင်းဆဲ ၊ သွင်းနိုင် ဆဲ ပါ ။

မန်ချက် စတာ ယူနိုက်တက် ကတော့ နောက်ထပ် စိတ်ပျက်စရာ သရေ ပွဲ တစ်ပွဲ ကို ပရိသတ်တွေဆီ မိတ်ဆက်ပေး ခဲ့ပြန် ပါတယ် ။ အသင်းမှာ နည်းပြ က အစ လိုအပ်ချက်တွေ များနေပြီး လူသစ် ဒန်နီရယ် ဂျိမ်းစ် ကတော့ စောင့်ကြည့်ချင်စရာ ကောင်းတဲ့ သူ ဖြစ်လာ ခဲ့ ပါတယ် ။ ဒီပုံစံ အတိုင်းသာ ဆို ယူနိုက်တက် တို့ ယူရိုပါလိဂ် ၀င်ခွင့် ကိုတောင် အသည်းအသန် လုရမယ့် အနေ အထားပါ ။

ချဲလ်ဆီး ကတော့ လမ်းပတ် ရဲ့ တိုက်စစ် အသားပေး ကစားပုံ အောက်မှာ ရဲရဲ ၀ံ့ဝံ့ လှုပ်ရှား နေပါတယ် ။ ဒါပေမယ့် သူတို့ရဲ့ နောက်တန်း က အားနည်းချက်က အရမ်းကို ကြီးမားနေ ခဲ့ ပါတယ် ။ အိတ်ပေါက် နဲ့ ဖားကောက် နေသလို ပါပဲ ။ ချဲလ်ဆီး အတွက် အားရ စရာ ကတော့ တမ်မီ အေဘရာဟမ် ၊ မေဆွန်မောင့် တို့ရဲ့ ခြေစွမ်းတွေ ဖြစ်ပြီး ဒီလူငယ် ၂ ယောက် ဟာ ချဲလ်ဆီး မှာ နှစ်တွေ အများကြီး ကစားသွားရဖို့ အလား အလာ ကောင်းနေပါတယ် ။

တကယ်လို့ ဟတ်ဆန် အိုဒွိုင်း သာ ဒဏ်ရာ ကနေ ပြန်သက်သာလာမယ် ဆိုရင် ချဲလ်ဆီး တိုက်စစ် ဟာ တော်တော်လေး ထက်မြက် လာမှာပါ ။ ဒါပေမယ့် နောက်တန်း ကို မပြင်နိုင်သရွေ့ ကတော့ အမှတ်တွေ ဆုံးရှုံး နေဦး မှာပါပဲ ။

အီးမရိတ် ကွင်းက လန်ဒန် ဒါဘီ ပွဲကတော့ ဒီ တစ်ပတ် ပွဲတွေ ထဲ မှာ ကြည့်လို့ အကောင်းဆုံး နဲ့ အမြိုင် အဆိုင် ဆုံး ဖြစ်ခဲ့ ပါတယ် ။ ဒုတိယ ပိုင်းမှာ ခြေပို ကောင်းလာတဲ့ အာဆင်နယ် တို့ နိုင်ခဲ့သင့်တဲ့ ပွဲ ဖြစ်ပြီး စပါး ဂိုး သမားကြီး လိုရစ် သာ လက်စွမ်းမပြ ခဲ့ရင် ပွဲရလဒ် က ၄ – ၂ လောက် အထိ ဖြစ်သွားနိုင် ပါတယ် ။

အာဆင်နယ် ဘက်မှာတော့ ဂရန်းနစ် ချာကာ က တကယ့်ကို မိုက်မဲ တဲ့ ကစား သမား ဖြစ်ခဲ့ ပါတယ် ။ ဒီ ဆွစ်ဇာလန် ကွင်းလယ်လူ ဟာ အာဆင်နယ် ကို ၂၀၁၆ သြဂုတ် မှာ ရောက်လာခဲ့တာ ဖြစ်ပြီး အဲ့ဒီ အချိန်က စလို့ အခုအချိန် အကြား မှာ ပရီးမီးယားလိဂ် ရဲ့ ပင်နယ်တီ ပြစ်ဒဏ် အကျုးလွန်ဆုံး ကစား သမား ဖြစ်နေခဲ့ ပါတယ် ။ အာဆင်နယ်တို့ ပေးဂိုးတွေ ကို လျော့ချချင်တယ် ဆိုရင်တော့ ချာကာ ကို ဧရိယာ နဲ့ ဝေးဝေး နေဖို့ မှာကြားထားတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ် ။

မြောက်လန်ဒန် ဒါဘီ ရဲ့ နောက်ထပ် စိတ်ပျက်ဖွယ် ကစား သမား ကတော့ ဒေဗီ ဆင်ဆန်းချက် ပါပဲ ။ အိုင်ယက်စ် ကနေ ဈေးကြီးပေး ၀ယ်ထားရတဲ့ ဒီ ခံစစ်မှုးလေး ဟာ ချန်ပီယံ ဆု ရှင် အသင်း သား တစ်ဥိးရဲ့ ခြေစွမ်းမျိုး ကို ရောက်မလာနိုင် သေးပါဘူး ။ တနင်္ဂနွေနေ့က ပွဲ ရဲ့ဒုတိယပိုင်း မှာ ဆန်းချက် တစ်ယောက် ယုံကြည်မှုပါ ပျောက်ခဲ့ပြီး အာဆင်နယ် ဘက်ကို အခွင့်အရေး များစွာ ပေးပစ် ခဲ့ ပါတယ် ။

အာဆင်နယ် ခံစစ် ကတော့ ဆွန်ယောင်မင် တစ်ယောက် ကို မနည်းထိမ်းနေရပြီး ကိုရီးယားသား ထွက်သွားပြီး ချိန် မှာတော့ တော်တော်လေး အသက်ရှု ချောင်သွားခဲ့ ပါတယ် ။ မြန်နှုန်း မြင့်တဲ့ ပြိုင်ဘက်တွေ ကို ထိန်းချုပ် ဖို့ အတွက် တိုင်ယာနီ ၊ ဘယ်လာရင် တို့ အမြန်ဆုံး ပြန်ကောင်း လာဖို့ လိုအပ် နေပါပြီ ။

လတ်တလော မှာတော့ ရောဘတ်ဆန် နဲ့ အာနိုးတို့ ဟာ ပြိးခဲ့တဲ့ ရာသီ က စတင်ရေတွက် မယ်ဆိုရင် ဖန်တီးမှု အများဆုံး ပြုလုပ် ထားတဲ့ နောက်ခံလူ တွေ အဖြစ် ရှိနေခဲ့ ကြပါတယ် ။ ဒါပေမယ့် သူတို့ ၂ ဦး ပြီးရင်တော့ လူးကပ်ဒင်းဂ် က အခြား နောက်တန်းတွေ ထက် သာလွန်တဲ့ တိုက်စစ် အရည် အသွေး ကို ပြသထားနိုင် ခဲ့ ပါတယ် ။ ၀ုဗ် ကို အနိုင် ကစားခဲ့တဲ့ ပွဲမှာ ရစ်ချလီဆင် ရဲ့ အနိုင်ဂိုး ကို ဖန်တီးပေး ခဲ့တဲ့ ဒင်းဂ် ဟာ အဲဗာတန် အတွက် အလွန်မှန်ကန်တဲ့ ခေါ်ယူမှု ဖြစ်စေ မှာ အသေအချာပါပဲ ။

ဗီလာ အတွက် ကတော့ တကယ်ကို စိတ်မကောင်း စရာ ဖြစ်ခဲ့ရ ပါတယ် ။ VAR စနစ် ဟာ ဗီလာ ဆီကနေ တရားမျှတမှု ကို လုယူ ခဲ့သလို ပါပဲ ။ ဒီ ဖြစ်ရပ် ဟာ ဗီလာ မှာ သာ မဟုတ်ခဲ့ဘဲ ထိပ်သီး ၆ သင်း ထဲမှာ သာ ဖြစ်ခဲ့မယ် ဆိုရင် အခု အချိန် အထိ ပြောလို့ ပြီးဦးမှာ မဟုတ်သေးတာ သေချာပါတယ် ။

အီတလီ မှာတော့ အင်တာ က ဆက်လက် ဦးဆောင် နေဆဲပါ ။ တူရင် မှာ ကစား ခဲ့တဲ့ ယူဗင်တပ် – နာပိုလီ ပွဲ ကတော့ အိမ်ရှင် က ၃ – ၀ နဲ့ နိုင်ခဲ့ပြီး နောက်ပိုင်းမှာ အရမ်းကို အကျိတ် အနယ် ရှိ လာခဲ့ ပါတယ် ။ နာပိုလီ တိုက်စစ် က ဟာဗေး လိုဇာနို ဟာ စီးရီးအေ မှာ တောက်ပမယ့် ကြယ်ပွင့် ဖြစ်လာ ဖို့ အလားအလာ ကောင်း နေခဲ့ပြီး အန်ဆယ်လော့တီ ဘယ်လောက် မြေတောင် မြှောက်ပေးနိုင် မလဲ ဆိုတာ စောင့်ကြည့် ရမှာပါ ။

ဂျာမန် နဲ့ ပြင်သစ် ကတော့ စိတ်ဝင်စားဖို့ မကောင်းသေး ပါဘူး ။ လာမယ့် အပတ် ကစပြီး နိုင်ငံ ပွဲတွေ ကစား မှာ ဖြစ်တာကြောင့် ကလပ် ပွဲတွေ ကို ၁၄ ရက်လောက် နှုတ်ဆက် ရဦးမှာပါ ။ ၀သန် နှုတ်ဆက်မိုးတွေ နဲ့ အတူ ဒီ ၁၄ ရက်ကို အကြာကြီးလို ခံစားပြီး ကျော်ဖြတ် ရဦးမှာပါ ။

ဒါပေမယ့် ဒီနိုင်ငံပွဲတွေ ပြီးသွားရင်တော့ ကလပ် အသင်းပွဲကောင်းတွေရော ချန်ပီယံလိဂ် ပွဲစဉ်တွေ ပါ ရောက်လာ တော့မှာ ဖြစ်လို့ အားမွေးဖို့ အချိန်ပေး လိုက်တာ လို့ပဲ အကောင်းဘက်ကတွေးကြည့် ရတော့မှာပါ ။

Brace yourself . . . . . National Matches are coming!!!

SPORTS MYANMAR