မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ်မှူး ဟောင်း ဖြစ်သူ လူးဝစ် ဆာဟာ က အသင်း ဟောင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ အလက်ဆစ် ဆန်းချက် ဟာ အငှား ထွက်ခွာ သွားတဲ့ အကြောင်း ကို လက်ခံ နားလည် ပေမယ့် ဒီ အပြောင်း အရွှေ့ သဘော တူညီမှု အနေအထား အပေါ် မေးခွန်း ထုတ်သွား ခဲ့လိုက် ပါတယ် ။

ထို့အတူ ယူနိုက်တက်မှ အင်တာ မီလန် အသင်း ဆီ ပြောင်းရွှေ့ ရေးမှာ အသင်းဟောင်း ဖက်က ကစားသမာ အတွက် လစာ ပါ ပေးနေ ရတဲ့ ကိစ္စ ဟာ ဆိုးရွား တဲ့ သဘော တူညီ မှု တစ်ရပ် သာ ဖြစ်ကြောင်း လူးဝစ် ဆာဟာ က မှတ်ချက် ပေး စကား ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ဒါဟာ ထူးဆန်း တဲ့ အရာ တစ်ခု ပါပဲ ။ အလက်ဆစ် ဟာ ယုံကြည် မှုတွေ ကျဆင်း ခဲ့တဲ့ အချိန် အခိုက် အတန့် တစ်ခု ပိုင်ဆိုင် ခဲ့တယ် လို့ ကျွန်တော် ထင် ပါတယ် ။ သူ သဘော တူညီ မှု ရရှိ ခဲ့တဲ့ အနေ အထား တစ်ရပ် က သူ ထွက်ခွာ ဖို့ လိုအပ် နေပြီ ဆိုတာ ကို ဖော်ပြ နေခဲ့ ပါတယ် ”

” သူ ( ဆန်းချက် ) ဟာ စကေး တွေ ပြည့်ဝ ကောင်းမွန် လှပြီး စိတ်ဓါတ် ပြင်းထန် လှတဲ့ ကစားသမား တစ်ဦး ပါ ။ ဒါပေမယ့် သူဟာ ယူနိုက်တက် အတွက် ထူးကဲ တဲ့ အရာ တွေကို မလုပ် နိုင်ခဲ့ ပါဘူး ။ ဒီ အတွက် အပြောင်း အရွှေ့ လုပ်ဖို့ သာ အကောင်းဆုံး အရာ ဖြစ်ခဲ့ ပြီး ယူနိုက်တက် တို့ စိုက်ပေး ခဲ့ရ ခြင်းက ဆိုးရွား တဲ့ သဘော တူညီ မှု တစ်ရပ် ဖြစ်သွား စေခဲ့ ပါတယ် ”

” ခင်ဗျား ကတော့ သူဟာ အသင်း မှာ ဆက်လက် ရှိသင့်တယ် လို့ပဲ တွေးတော ကောင်း တွေးတော နေမှာ ပါ ။ ပြီးရင် အသင်း ကို ကူညီ ပေးမယ် ဆိုပြီး ပေါ့ ။ ဒါပေမယ့် စိတ်ဓါတ် ပိုင်း အရ ကြည့်လိုက် မယ် ဆိုရင် တော့ ဒါဟာ တစ်ကယ့် ကို ပင်ပန်း ခက်ခဲ လှတဲ့ ကိစ္စ တစ်ခု ပါပဲ ”

” ဒါ့ကြောင့် လည်း သူက အသင်း ပြောင်းဖို့ ကို ရွေးချယ် သွားခဲ့ တာပါ ။ သူ ဒီ အနေအထား ကို မခံစား နိုင်တော့ ဘူးလေ ။ ဒါဟာ သူ့ အတွက် တစ်ကယ့် ကို ခက်ခဲ လှတဲ့ အချိန် ဖြစ်နေ ပါ လိမ့်မယ် ။ သူ့ အနေအထား က တစ်ကယ် ပဲ ဆက်ထိန်းထား နိုင်ဖို့ မလွယ်ကူ ခဲ့ ပါဘူး ” လို့ လူးဝစ် ဆာဟာ က ဆန်းချက် အသင်း ပြောင်း ခဲ့တဲ့ အပေါ် သူ့ရဲ့ အမြင် ကို ချပြ သွားခဲ့ လိုက် ပါတယ် ။

ယူနိုက်တက် အတွက် စုစုပေါင်း 45 ပွဲ အထိ ကစား ပေးထား ခဲ့ပြီး 5 ဂိုး မျှသာ သွင်းယူ ပေးနိုင် ခဲ့တဲ့ အလက်ဆစ် ဆန်းချက် ကတော့ အင်တာ မီလန် ကို အငှားပြောင်း သွားတဲ့ နောက် သူ့ရဲ့ အနာဂတ် ဟာ အင်္ဂလန် မှာ ဆက်လက် ရှိနိုင် ဦးမယ် လို့ တွေးနေ ကြောင်း ပြောကြား ခဲ့ပါ သေးတယ် ။

ဒါ့အပြင် အာဆင်နယ် အသင်း မှ မန်ချက်စတာ ယူနိုက်တက် အသင်း ဆီ ပြောင်းရွှေ့ ခဲ့တဲ့ အတွက် ပူဆွေး ဝမ်းနည်း နေမှာ မဟုတ် ကြောင်း ၊ နောင်တ ရ နေမှာ မဟုတ် ကြောင်း ဆန်းချက် က ပြောခဲ့ တာပဲ ဖြစ် ပါတယ် ။

” ကျွန်တော် ယူနိုက်တက် ကို ပြောင်းရွှေ့ ခဲ့တဲ့ အတွက် အရမ်း ပဲ ပျော်ရွှင် ခဲ့ရ ပါတယ် ။ ကျွန်တော် အဲ့တာ ကို အမြဲလို ပြောခဲ့ ဖူး ပါတယ် ။ ဒါဟာ အင်္ဂလန် မှာ အောင်မြင် မှု အများဆုံး ရရှိ ထားနိုင် ခဲ့တဲ့ အသင်း တစ်သင်း ပဲလေ ”

” ကျွန်တော် အာဆင်နယ် ကို ပြောင်းရွှေ့ ခဲ့ တုန်းက လည်း ပျော်ရွှင် ခဲ့ရ ပါတယ် ။ အဲ့တာ က တစ်ကယ့် ကို အံ့ဖွယ် ကောင်းခဲ့ ပါတယ် ။ အဲ့ဒီ တုန်းက ယူနိုက်တက် ဟာ တစ်စ ထက် တစ်စ ခမ်းနား အောင်မြင် နေ ခဲ့တဲ့ အချိန် ပေါ့ ။ သူတို့ တွေဟာ အောင်မြင် နိုင်ဖို့ အတွက် ကစားသမား တွေကို ခေါ်ယူ ခဲ့ကြ တယ်လေ ”

” ကျွန်တော် သူတို့ နဲ့ ပူးပေါင်း လိုခဲ့ ပြီး အရာရာ တိုင်းကို ဆွတ်ခူး ချင်ခဲ့ ပါတယ် ။ ကျွန်တော် ဒီကို ပြောင်းလာ ခဲ့ ရတဲ့ အတွက် ဝမ်းနည်း ပူးဆွေး မှု မဖြစ်ခဲ့ ပါဘူး ” လို့ အလက်ဆစ် ဆန်းချက် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar