ဂန်းနားတို့ရဲ့ ကွင်းလယ်လူဟောင်း ပေါလ်မာဆင် က ဒီနွေရာသီ အ​ပြောင်းအရွှေ့ ကာလမှာ မန်စီးတီး ကွင်းလယ်လူ ဖေဘီယန်ဒပ်ဖ် ကို ခေါ်ယူဖို့ ငြင်းဆန် ခဲ့တဲ့ နည်းပြ အူနိုင်း အမ်မရီ ကို ပြစ်တင် ဝေဖန် သွားခဲ့ပါတယ်။

ဖေဘီယန်ဒပ်ဖ် ဟာ ပြီးခဲ့တဲ့ ဇူလိုင်တုန်းက မန်ချက်စတာ စီးတီး အသင်းကနေ အဲဗာတန် အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။အာဆင်နယ် အသင်းဟာ ဖေဘီယန်ဒပ်ဖ် ကို ခေါ်ယူဖို့ တစ်ခါမှ ကြိုးပမ်း ခဲ့ဖူးခြင်းတော့ မရှိပါဘူး။

အာဆင်နယ် အသင်းဟာ နွေရာသီ အပြောင်းအရွှေ့ ကာလမှာ ကွင်းလယ်ကို အင်အား ဖြည့်တင်းတဲ့ အနေနဲ့ ရီးရဲလ် မက်ဒရစ် ကွင်းလယ်လူ စီဘယ်လောစ့်ကို တစ်ရာသီ အငှား နဲ့ ခေါ်ယူ ထားပါတယ်။စီဘယ်လောစ့်ဟာ ပရိသတ်တွေရဲ့ စိတ်ကြိုက် ကစားသမားတစ်ဦး ဖြစ်နေပြီ ဖြစ်ပြီး မာဆင် ကတော့ ဒပ်ဖ်ကို ပိုအကြိုက်တွေ့နေတာလည်း ဖြစ်ပါတယ်။

ပေါလ်မာဆင် ကတော့ မန်စီးတီး ကွင်းလယ်လူဟောင်း ဖေဘီယန်ဒပ်ဖ် ဟာ ပြောင်းရွှေ့ကြေးလည်းသက်သာသလို တော့တင်ဟမ် အသင်းနဲ့ ပွဲမှာ ပွဲထွက် ကစားခဲ့တဲ့ အာဆင်နယ် ကွင်းလယ်လူ သုံးဦးထက် ပိုကောင်းတဲ့ ကစားသမား တစ်ဦး ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ်။

ပေါလ်မာဆင် က Sky Sports မှာ ” ဒပ်ဖ် ရဲ့ ခြေစွမ်းကို ကြည့်လိုက်ရတဲ့ အချိန်မှာ အာဆင်နယ် အသင်း သူ့ကို မခေါ်ခဲ့တာကို အတော်လေး အံအားသင့်မိ သွားပါတယ်။ တော့တင်ဟမ် အသင်းနဲ့ ပွဲမှာ ကစားခဲ့တဲ့ အာဆင်နယ် ကွင်းလယ်လူ သုံးဦးစလုံးထက် ဒပ်ဖ် က ပိုကောင်းပါတယ်။”

” ကျနော်က ဒပ်ဖ် ရဲ့ အမာခံ ပရိသတ်ပါ။သူ့ ကစားတဲ့ နေရာမှာ အကောင်းဆုံး ကစားနိုင်သလို အဲဗာတန် အသင်းအတွက်တော့ အရမ်းကောင်းမွန် အကျိုးရှိတဲ့ ကစားသမား ခေါ်ယူမှု ပါပဲ ။ ” လို့ သုံးသပ် ပြောကြား သွားခဲ့ပါတယ်။

အာဆင်နယ် အသင်းဟာ တော့တင်ဟမ် အသင်းနဲ့ ပွဲမှာ ကွင်းလယ်လူ သုံးဦး ဖြစ်တဲ့ တော်ရီးယား၊ဂွမ်ဒူဇီ၊ရှာကာ တို့ကို ပွဲထွက် အသုံးပြု ခဲ့ပြီး စီဘယ်လောစ့်ကိုတော့ လူစားဝင် ကစားသမား အဖြစ်သာ အသုံးပြုခဲ့ပါတယ်။

အာဆင်နယ် အသင်းဟာ လန်ဒန်ဒါဘီမှာ နှစ်ဂိုးပြတ်ရှုံးနိမ့် နေရာကနေ ပြန်လာနိုင်ခဲ့ပြီး သရေရအောင် ကစားနိုင်ခဲ့ပါတယ်။ အာဆင်နယ် အသင်း ပေးလိုက်ရတဲ့ ဦးဆောင်ဂိုးနှစ်ဂိုး စလုံးဟာ ဂိုးသမား လီနို ရဲ့ အမှား နဲ့ အသသင်းခေါင်းဆောင် ရှာကာ ရဲ့မလိုအပ်ဘဲ ဆင်ခြင်တုံမဲ့ ဖျက်ထုတ်မှုကနေ ပင်နယ်တီ သွင်းဂိုး ပေးလိုက် ရတာလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် (၅)ကိုတော့ နိုင်ငံတကာ ပွဲစဉ်တွေအပြီး စက်တင်ဘာလ ၁၄ ရက်နေ့မှ ပြန်လည် စတင်မှာ ဖြစ်ပြီး အာဆင်နယ် အသင်းဟာ ဝက်ဖိုဒ့်အသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

SPORTS MYANMAR